HomeCelebs Update NewsInternationalဟောလိဝုဒ်ရဲ့ Best Chris စကားရည်လုပွဲမှာ အရေးနိမ့်နေရတယ်ဆိုတဲ့ Chris Pine 

ဟောလိဝုဒ်ရဲ့ Best Chris စကားရည်လုပွဲမှာ အရေးနိမ့်နေရတယ်ဆိုတဲ့ Chris Pine 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Chris Pine ဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အကောင်းဆုံး Chris ရွေးချယ်တဲ့ စကားရည်လုပွဲမှာ သူကတော့ အရေးနိမ့်နေရတဲ့ အနှိမ်ခံ Chris ပါလို့ ပြောလိုက်ပါတယ်။

Chris Pine ဟာ ပရိသတ်တွေကြားမှာ အကြီးအကျယ် ခေတ်စားနေတဲ့ ဟောလိဝုဒ်ရဲ့ အကောင်းဆုံး Chris က ဘယ်သူလည်းဆိုတဲ့ စကားရည်လုပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးတစ်စကို ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီစကားရည်လုပွဲကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စတင်ပြီး ပရိသတ်တွေကြားမှာ ပေါက်ပွားလာခဲ့တာပါ။

အကြောင်းကတော့ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ နာမည်ကြီး ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပြီး တစ်ပြိုင်တည်းလိုလို အောင်မြင်လာကာ ရှေ့နာမည် Chris နဲ့ စတင်တဲ့ မင်းသားတွေကို ပရိသတ်တွေက အပြိုင်အဆိုင် အမွှန်းတင်ရာက စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo: chrispineofficialfanpage/ Instagram

အဆိုပါ Chris နဲ့ စတင်တဲ့ မင်းသားတွေကတော့ Chris Pratt ၊ Chris Hemsworth ၊ Chris Evans နဲ့ Chris Pine တို့ဖြစ်ပြီး Hollywood Chris လို့လည်း ပရိသတ်တွေက တင်စားကြပါတယ်။ ဒီမှာတင် ဘယ် Chris က အကောင်းဆုံးလည်းဆိုတဲ့ ယှဉ်ပြိုင်မှုတွေ ပရိသတ်တွေကြားမှာ ဖြစ်ပေါ်လာပြီး Best Chris ဆိုတဲ့ ဘွဲ့အမည်ကို နှင်းအပ်ဖို့ သူတင်ကိုယ်တင် စကားရည်လုပွဲတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် ဒီစကားရည်လုပွဲဟာ ပြီးခဲ့တဲ့ လအနည်းငယ်က စတင်ပြီး ဆတ်ဆတ်ထိမခံတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးမှုတွေနဲ့ ပြည်သူတွေကြား အငြင်းပွားမှုတွေ ဖြစ်ပေါ်နေချိန် မင်းသား Chris Pratt ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ဘာသာရေးဆိုင်ရာ ခံယူချက်တွေကြောင့် ပရိသတ်အချို့ဟာ သူ့ကို ဟောလိဝုဒ်ရဲ့ အဆိုးဆုံး Chris လို့ ဝိုင်းဝန်းသမုတ်ခဲ့ကြပါတယ်။

Photo: prattprattpratt/ Instagram

အဲ့ဒီ့အချိန်တုန်းကလည်း MCU က လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ အခြားနာမည်ကြီး သရုပ်ဆောင်များစွာဟာ Chris Pratt ဘက်က ရပ်တည်ပေးခဲ့ကြပါတယ်။ အဆိုပါ အဆင့်သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး Chris Pratt ဘက်ကတော့ ဟာသအနေနဲ့ ရယ်မောလှောင်ပြောင်ခဲ့ပြီး fantasy football ဂိမ်းမှာ Chris Evans နဲ့ Chris Hemsworth နှစ်ယောက်လုံးကို အနိုင်ယူပြီး သူဟာ ဟောလိဝုဒ်ရဲ့ အကောင်းဆုံး Chris ဖြစ်လာခဲ့ပြီလို့ လှောင်ပြောင်ခဲ့ပါသေးတယ်။

အခုလည်း ဒီစကားရည်လုပွဲနဲ့ ပတ်သက်ပြီး Chris Pine က ပြောလာပြန်ပါပြီ။ ဒီအကြောင်းကိုတော့ Comedy Central ရုပ်သံလိုင်းရဲ့ Stir Crazy အစီအစဉ်ကို ဧည့်သည်အဖြစ် လာရောက်တုန်းက ပြောသွားတာ ဖြစ်ပါတယ်။ Chris Pine ဟာ ဟာသဉာဏ်ရွှင်သူဖြစ်ပြီး ယခုဖြစ်ပွားနေတဲ့ အင်တာနက်ပေါ်က စကားရည်လုပွဲနဲ့ ပတ်သက်ပြီးတော့ အရွှန်းထပ်ဖောက်သွားပါတယ်။

Photo: chrispineofficialfanpage/ Instagram

Chris Pine ဟာ ဒီ Best Chris စကားရည်လုပွဲအတွက် ဟောလိဝုဒ်က Chris လေးယောက်လုံး စုပေါင်းပြီး ကွန်ဗင်းရှင်းတစ်ခု ပြုလုပ်သင့်တယ်လို့ အရွှန်းဖောက်သွားပါတယ်။ ဒါ့အပြင် ဒီပွဲမှာ သူဟာ အရေးနိမ့်နေရတယ်လို့လည်း ထပ်ပြီး နောက်ပြောင်သွားပါသေးတယ်။

“ကျွန်တော်ကတော့ အရေးနိမ့်နေရတဲ့ Chris တစ်ယောက်ပါဗျာ။ အဲ့ဒါကြောင့် အခုအချိန်မှာ ရသမျှ ထောက်ခံမှုတွေအကုန်လုံး ယူရတော့မှာပဲ။ ဒီလခွမ်း Chris တွေကတော့ဗျာ … ကျွန်တော်လည်း နာမည်ပြောင်းရင်ပြောင်း၊ မဟုတ်ရင်လည်း တကယ်ကြီး အရှေ့ထွက်ပြီး တိုက်ပွဲဝင်ရတော့မှာပဲ … ” လို့ Chris Pine က ဟာသပြောသွားတာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေမှာတော့ Chris Pine ဟာ ဟောလိဝုဒ်ရဲ့ active အဖြစ်ဆုံး Chris ဖြစ်နေတာပါ။ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Wonder Woman 1984 ရုပ်ရှင်ဟာ မကြာသေးခင်ကမှ ရုံတင်ပြသနေတာကြောင့် ဒီဇာတ်ကားအတွက် ပရိုမိုးရှင်းတွေနဲ့ အလုပ်ရှုပ်နေရတာ ဖြစ်ပါတယ်။ Chris Pine ဟာ Wonder Woman 1984 ထဲမှာ Steve Trevor နေရာကနေ ပြန်လည်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Photo via screenrant

ကျန်တဲ့ Chris သုံးယောက်ဖြစ်တဲ့ Chris Hemsworth ၊ Chris Evans နဲ့ Chris Pratt တို့ကတော့ MCU ထဲက ဇာတ်ရုပ်တွေကြောင့် ကြောက်ခမန်းလိလိ နာမည်ကြီး အောင်မြင်နေကြသူတွေ ဖြစ်ပါတယ်။ Chris Evans ကတော့ Captain America ဇာတ်ရုပ်ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပြီး Chris Hemsworth နဲ့ Chris Pratt တို့ကတော့ MCU ရဲ့ အနာဂတ်ရုပ်ရှင်တွေမှာ ဆက်လက် ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီစကားရည်လုပွဲဟာ ပေါ့ပ်ရေစီးကြောင်းမှာ မျောဝင်လိုက်ပါနေတဲ့ ပရိသတ်တွေအနေနဲ့ သူတို့နှစ်သက်တဲ့ နာမည်ကြီး မင်းသားတွေအကြောင်း ငြင်းခုန်ကြခြင်းသာ ဖြစ်ပါတယ်။ သို့ပေမယ့် ယနေ့ခေတ်မှာတော့ ကိစ္စတစ်ခုက အွန်လိုင်းပေါ်မှာ ကြီးထွားလာတဲ့အခါ ကိုယ်အကြိုက်ဆုံး အနုပညာရှင်တွေရဲ့ နားထဲအထိ ပေါက်ရောက်သွားနိုင်တဲ့ နည်းပညာအကူအညီတွေ ရှိနေပြီ ဖြစ်ပါတယ်။

Photo: chrishemsworth/ Instagram

ဒါကြောင့်လည်း Big 4 Chrises လို့ တင်စားကြတဲ့ ဒီမင်းသားလေးယောက်အနေနဲ့ ဒီငြင်းခုန်မှုကို ဟာသအနေနဲ့ သဘောထားပြီး ကြည်နူးပီတိဖြစ်ရုံသာ ခံစားကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အကျေအလည် ငြင်းခုန်ကြပေမယ့် မင်းသားတွေအားလုံးဟာ အတူတူ လက်တွဲအလုပ်လုပ်နေကြသူတွေဖြစ်လို့ လက်တွေ့ဘဝအထိ ဒီကိစ္စက လိုက်လာမှာ မဟုတ်တာတော့ အသေအချာပါပဲ။

Linda December

Source: screenrant

(Zawgyi Version)

မင္းသား Chris Pine ဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ အေကာင္းဆုံး Chris ေ႐ြးခ်ယ္တဲ့ စကားရည္လုပြဲမွာ သူကေတာ့ အေရးနိမ့္ေနရတဲ့ အႏွိမ္ခံ Chris ပါလို႔ ေျပာလိုက္ပါတယ္။

Chris Pine ဟာ ပရိသတ္ေတြၾကားမွာ အႀကီးအက်ယ္ ေခတ္စားေနတဲ့ ေဟာလိဝုဒ္ရဲ႕ အေကာင္းဆုံး Chris က ဘယ္သူလည္းဆိုတဲ့ စကားရည္လုပြဲနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕အေတြးတစ္စကို ေျပာလိုက္တာ ျဖစ္ပါတယ္။ ဒီစကားရည္လုပြဲကေတာ့ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က စတင္ၿပီး ပရိသတ္ေတြၾကားမွာ ေပါက္ပြားလာခဲ့တာပါ။

အေၾကာင္းကေတာ့ ေဟာလိဝုဒ္ ႐ုပ္ရွင္ေလာကရဲ႕ နာမည္ႀကီး ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ပါဝင္ခဲ့ၿပီး တစ္ၿပိဳင္တည္းလိုလို ေအာင္ျမင္လာကာ ေရွ႕နာမည္ Chris နဲ႔ စတင္တဲ့ မင္းသားေတြကို ပရိသတ္ေတြက အၿပိဳင္အဆိုင္ အမႊန္းတင္ရာက စတင္ခဲ့တာ ျဖစ္ပါတယ္။

Photo: chrispineofficialfanpage/ Instagram

အဆိုပါ Chris နဲ႔ စတင္တဲ့ မင္းသားေတြကေတာ့ Chris Pratt ၊ Chris Hemsworth ၊ Chris Evans နဲ႔ Chris Pine တို႔ျဖစ္ၿပီး Hollywood Chris လို႔လည္း ပရိသတ္ေတြက တင္စားၾကပါတယ္။ ဒီမွာတင္ ဘယ္ Chris က အေကာင္းဆုံးလည္းဆိုတဲ့ ယွဥ္ၿပိဳင္မႈေတြ ပရိသတ္ေတြၾကားမွာ ျဖစ္ေပၚလာၿပီး Best Chris ဆိုတဲ့ ဘြဲ႕အမည္ကို ႏွင္းအပ္ဖို႔ သူတင္ကိုယ္တင္ စကားရည္လုပြဲေတြ ျဖစ္ေပၚလာခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ဒီစကားရည္လုပြဲဟာ ၿပီးခဲ့တဲ့ လအနည္းငယ္က စတင္ၿပီး ဆတ္ဆတ္ထိမခံတဲ့ အေၾကာင္းအရာတစ္ခု ျဖစ္လာခဲ့ပါတယ္။ အေၾကာင္းကေတာ့ အေမရိကန္ႏိုင္ငံမွာ ႏိုင္ငံေရးအေျခအေန ရႈပ္ေထြးမႈေတြနဲ႔ ျပည္သူေတြၾကား အျငင္းပြားမႈေတြ ျဖစ္ေပၚေနခ်ိန္ မင္းသား Chris Pratt ရဲ႕ ႏိုင္ငံေရးရပ္တည္ခ်က္နဲ႔ ဘာသာေရးဆိုင္ရာ ခံယူခ်က္ေတြေၾကာင့္ ပရိသတ္အခ်ိဳ႕ဟာ သူ႔ကို ေဟာလိဝုဒ္ရဲ႕ အဆိုးဆုံး Chris လို႔ ဝိုင္းဝန္းသမုတ္ခဲ့ၾကပါတယ္။

Photo: prattprattpratt/ Instagram

အဲ့ဒီ့အခ်ိန္တုန္းကလည္း MCU က လုပ္ေဖာ္ကိုင္ဖက္ေတြျဖစ္တဲ့ အျခားနာမည္ႀကီး သ႐ုပ္ေဆာင္မ်ားစြာဟာ Chris Pratt ဘက္က ရပ္တည္ေပးခဲ့ၾကပါတယ္။ အဆိုပါ အဆင့္သတ္မွတ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး Chris Pratt ဘက္ကေတာ့ ဟာသအေနနဲ႔ ရယ္ေမာေလွာင္ေျပာင္ခဲ့ၿပီး fantasy football ဂိမ္းမွာ Chris Evans နဲ႔ Chris Hemsworth ႏွစ္ေယာက္လုံးကို အႏိုင္ယူၿပီး သူဟာ ေဟာလိဝုဒ္ရဲ႕ အေကာင္းဆုံး Chris ျဖစ္လာခဲ့ၿပီလို႔ ေလွာင္ေျပာင္ခဲ့ပါေသးတယ္။

အခုလည္း ဒီစကားရည္လုပြဲနဲ႔ ပတ္သက္ၿပီး Chris Pine က ေျပာလာျပန္ပါၿပီ။ ဒီအေၾကာင္းကိုေတာ့ Comedy Central ႐ုပ္သံလိုင္းရဲ႕ Stir Crazy အစီအစဥ္ကို ဧည့္သည္အျဖစ္ လာေရာက္တုန္းက ေျပာသြားတာ ျဖစ္ပါတယ္။ Chris Pine ဟာ ဟာသဉာဏ္႐ႊင္သူျဖစ္ၿပီး ယခုျဖစ္ပြားေနတဲ့ အင္တာနက္ေပၚက စကားရည္လုပြဲနဲ႔ ပတ္သက္ၿပီးေတာ့ အ႐ႊန္းထပ္ေဖာက္သြားပါတယ္။

Photo: chrispineofficialfanpage/ Instagram

Chris Pine ဟာ ဒီ Best Chris စကားရည္လုပြဲအတြက္ ေဟာလိဝုဒ္က Chris ေလးေယာက္လုံး စုေပါင္းၿပီး ကြန္ဗင္းရွင္းတစ္ခု ျပဳလုပ္သင့္တယ္လို႔ အ႐ႊန္းေဖာက္သြားပါတယ္။ ဒါ့အျပင္ ဒီပြဲမွာ သူဟာ အေရးနိမ့္ေနရတယ္လို႔လည္း ထပ္ၿပီး ေနာက္ေျပာင္သြားပါေသးတယ္။

“ကြၽန္ေတာ္ကေတာ့ အေရးနိမ့္ေနရတဲ့ Chris တစ္ေယာက္ပါဗ်ာ။ အဲ့ဒါေၾကာင့္ အခုအခ်ိန္မွာ ရသမွ် ေထာက္ခံမႈေတြအကုန္လုံး ယူရေတာ့မွာပဲ။ ဒီလခြမ္း Chris ေတြကေတာ့ဗ်ာ … ကြၽန္ေတာ္လည္း နာမည္ေျပာင္းရင္ေျပာင္း၊ မဟုတ္ရင္လည္း တကယ္ႀကီး အေရွ႕ထြက္ၿပီး တိုက္ပြဲဝင္ရေတာ့မွာပဲ … ” လို႔ Chris Pine က ဟာသေျပာသြားတာ ျဖစ္ပါတယ္။

မည္သို႔ပင္ဆိုေစ လက္ရွိအေျခအေနမွာေတာ့ Chris Pine ဟာ ေဟာလိဝုဒ္ရဲ႕ active အျဖစ္ဆုံး Chris ျဖစ္ေနတာပါ။ သူ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Wonder Woman 1984 ႐ုပ္ရွင္ဟာ မၾကာေသးခင္ကမွ ႐ုံတင္ျပသေနတာေၾကာင့္ ဒီဇာတ္ကားအတြက္ ပ႐ိုမိုးရွင္းေတြနဲ႔ အလုပ္ရႈပ္ေနရတာ ျဖစ္ပါတယ္။ Chris Pine ဟာ Wonder Woman 1984 ထဲမွာ Steve Trevor ေနရာကေန ျပန္လည္သ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

Photo via screenrant

က်န္တဲ့ Chris သုံးေယာက္ျဖစ္တဲ့ Chris Hemsworth ၊ Chris Evans နဲ႔ Chris Pratt တို႔ကေတာ့ MCU ထဲက ဇာတ္႐ုပ္ေတြေၾကာင့္ ေၾကာက္ခမန္းလိလိ နာမည္ႀကီး ေအာင္ျမင္ေနၾကသူေတြ ျဖစ္ပါတယ္။ Chris Evans ကေတာ့ Captain America ဇာတ္႐ုပ္ကေန အနားယူသြားခဲ့ၿပီ ျဖစ္ၿပီး Chris Hemsworth နဲ႔ Chris Pratt တို႔ကေတာ့ MCU ရဲ႕ အနာဂတ္႐ုပ္ရွင္ေတြမွာ ဆက္လက္ ပါဝင္သြားဦးမွာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီစကားရည္လုပြဲဟာ ေပါ့ပ္ေရစီးေၾကာင္းမွာ ေမ်ာဝင္လိုက္ပါေနတဲ့ ပရိသတ္ေတြအေနနဲ႔ သူတို႔ႏွစ္သက္တဲ့ နာမည္ႀကီး မင္းသားေတြအေၾကာင္း ျငင္းခုန္ၾကျခင္းသာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ယေန႔ေခတ္မွာေတာ့ ကိစၥတစ္ခုက အြန္လိုင္းေပၚမွာ ႀကီးထြားလာတဲ့အခါ ကိုယ္အႀကိဳက္ဆုံး အႏုပညာရွင္ေတြရဲ႕ နားထဲအထိ ေပါက္ေရာက္သြားႏိုင္တဲ့ နည္းပညာအကူအညီေတြ ရွိေနၿပီ ျဖစ္ပါတယ္။

Photo: chrishemsworth/ Instagram

ဒါေၾကာင့္လည္း Big 4 Chrises လို႔ တင္စားၾကတဲ့ ဒီမင္းသားေလးေယာက္အေနနဲ႔ ဒီျငင္းခုန္မႈကို ဟာသအေနနဲ႔ သေဘာထားၿပီး ၾကည္ႏူးပီတိျဖစ္႐ုံသာ ခံစားၾကတာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အေက်အလည္ ျငင္းခုန္ၾကေပမယ့္ မင္းသားေတြအားလုံးဟာ အတူတူ လက္တြဲအလုပ္လုပ္ေနၾကသူေတြျဖစ္လို႔ လက္ေတြ႕ဘဝအထိ ဒီကိစၥက လိုက္လာမွာ မဟုတ္တာေတာ့ အေသအခ်ာပါပဲ။

Linda December

Source: screenrant

 

RELATED ARTICLES

Most Popular