HomeCharacterတရုတ်သရဲတွေပါ ပါဝင်လာတဲ့ Shang-Chi ရဲ့ ကောမစ်

တရုတ်သရဲတွေပါ ပါဝင်လာတဲ့ Shang-Chi ရဲ့ ကောမစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Shang-Chi ကောမစ်ရဲ့ နောက်ဆုံးထွက်ထားတဲ့ အတွဲထဲမှာတော့ Marvel ဟာ စာဖတ်သူတွေအတွက် အံ့ဩစရာတွေအများကြီးကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒါကတော့ တရုတ်ဒဏ္ဍာရီထဲက တရုတ်သရဲ သို့မဟုတ် ဇွန်ဘီတွေပါ ပါဝင်လာခဲ့လို့ပဲ ဖြစ်ပါတယ်။ Shang-Chi #2 ရဲ့ အစမှာတော့ Shang-Chi နဲ့ သူ့ရဲ့ညီမဖြစ်သူ Shi-Hua တို့ဟာ ကလေးအရွယ်ပဲ ရှိသေးပြီးတော့ သူတို့အဖေဖြစ်သူ Zheng Zu ရဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းထဲကို ခိုးဝင်ခဲ့ပါတယ်။

photo via readcomicsonline

အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်ဟာ ဓာတ်ခွဲခန်းထဲမှာ အသက်ပြန်သွင်းဖို့အတွက် စမ်းသပ်နေတဲ့ ကြောက်စရာ အလောင်းတွေနဲ့ ပြည့်နေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ရဲ့အဖေ ရောက်လာပြီးတော့ တားမြစ်ထားတဲ့ နေရာကို လာတဲ့အတွက် Shang-Chi ကို လည်ပင်းညှစ်ပြီး သတ်လုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ညီမကတော့ ပျောက်ကွယ်သွားပြီး နောက်ထပ် ၁၅ နှစ်ကြာတဲ့အချိန်ကျမှ သူတို့မောင်နှမဟာ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ Shang-Chi တို့ မောင်နှမနှစ်ယောက်ရဲ့ အတိတ်ကို ဖော်ပြခဲ့တာ ဖြစ်ပြီး Shang-Chi #1 ထဲမှာတော့ Shang-Chi ရဲ့ညီမဖြစ်သူ Shi-Hua ဟာ ဗီလိန်ဖြစ်နေပြီး သူတို့နှစ်ယောက်ဟာ တိုက်ခိုက်ကြပုံကို ဖော်ပြခဲ့ပါတယ်။

photo via screenrant

သူတို့မောင်နှမနှစ်ယောက် ပြန်လည်စုံစည်းပြီးတဲ့အချိန်မှာတော့ Shi-Hua ဟာ မြန်မြန်ဆန်ဆန်ပဲ သစ္စာဖောက်ခဲ့ပြီးတော့ Shang-Chi ကို သေစေနိုင်တဲ့ အဆိပ်ခတ်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကံကောင်းစွာနဲ့ပဲ Shang-Chi ဟာ အဲ့ဒီနေ့မှာ သေဖို့အတွက် ကံမပါလာပါဘူး။ အဲ့ဒီနောက်မှာတော့ သူဟာ နည်းပညာမြင့်ဓာတ်ခွဲခန်းတစ်ခုထဲမှာ ပြန်ပြီးတော့ သတိရလာခဲ့ပါတယ်။ ဒါ့အပြင် သူ့ကိုတစ်ခုခု လုပ်ဖို့အတွက် ကာကွယ်ရေးဝတ်စုံတွေ ဝတ်ထားတဲ့ လူနှစ်ယောက်ဟာ ပြင်ဆင်နေခဲ့ပါတယ်။ Shang-Chi က ထထိုင်လိုက်တဲ့အချိန်မှာတော့ အဲ့ဒီလူနှစ်ယောက်ဟာ လန့်သွားပြီး ချက်ချင်းပဲ အခန်းထဲကနေ ထွက်ပြေးသွားခဲ့ပါတယ်။

photo via screenrant

အဲ့ဒီအချိန်မှာပဲ စာဖတ်သူတွေဟာ Jiangshi လို့ခေါ်တဲ့ တရုတ်ဒဏ္ဍာရီထဲက အလောင်းတွေကို အသက်ပြန်သွင်းထားတဲ့ တရုတ်သရဲတွေ သို့မဟုတ် ဇွန်ဘီတွေကို စတင်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ Shang-Chi ကလည်း အဲ့ဒီဇွန်ဘီတွေနဲ့ တိုက်ခိုက်ရင်းနဲ့ ဇွန်ဘီတစ်ကောင်က သူ့ရဲ့ဒဏ်ရာရနေတဲ့ လက်ကို ဖြုတ်ပြီးတော့ Shang-Chi ဆီကို ပစ်လိုက်ပါတယ်။ အဲ့ဒါကြောင့်ပဲ Shang-Chi လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ပါတယ်။ အကြောင်းကတော့ အဲ့ဒီလက်ကြီးဟာ Shang-Chi ရဲ့ဗိုက်ကို လှံတစ်ချောင်းကို ထိုးဖောက်သွားတာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Brother Sabre နဲ့ Sister Dagger တို့က Shang-Chi ကို ဝင်ရောက်ကယ်တင်ခဲ့ပြီး ဆေးကုသပေးဖို့အတွက် ခေါ်သွားခဲ့ပါတယ်။

ကွန်ဖူးကို ကျွမ်းကျင်ပြီးတော့ House of the Deadly Hand ရဲ့ ချန်ပီယံတောင်မှ အဲ့လိုမျိူး ဇွန်ဘီတွေအုပ်လိုက်ကြီးနဲ့ တိုက်ခိုက်ရတဲ့အချိန်မှာတော့ အင်အားချင်းမယှဉ်နိုင်ဘဲ အဲ့ဒီဇွန်ဘီတွေ သတ်တာကို ခံရလုနီးပါးတောင် ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကတော့ Shang-Chi #2 ထဲမှာ ပါဝင်ခဲ့ပြီးတော့ အဲ့ဒီဇွန်ဘီတွေဟာ ဇာတ်လမ်းအစမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ညီမကလည်း (၁၅) နှစ်လောက် ပျောက်သွားပြီး ပြန်တွေ့တဲ့အချိန်မှာ ဗီလိန်ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့အဖေပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေကို သူ့ရဲ့ညီမဖြစ်သူ Shi-Hua က ဆက်ပြီးပြုလုပ်နေတာလား ဆိုတာကိုတော့ နောက်ထပ်အသစ်ထွက်လာတဲ့ အတွဲတွေထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Shang-Chi ေကာမစ္ရဲ႕ ေနာက္ဆုံးထြက္ထားတဲ့ အတြဲထဲမွာေတာ့ Marvel ဟာ စာဖတ္သူေတြအတြက္ အံ့ဩစရာေတြအမ်ားႀကီးကို ထည့္သြင္းေပးခဲ့ပါတယ္။ အဲ့ဒါကေတာ့ တ႐ုတ္ဒ႑ာရီထဲက တ႐ုတ္သရဲ သို႔မဟုတ္ ဇြန္ဘီေတြပါ ပါဝင္လာခဲ့လို႔ပဲ ျဖစ္ပါတယ္။ Shang-Chi #2 ရဲ႕ အစမွာေတာ့ Shang-Chi နဲ႔ သူ႔ရဲ႕ညီမျဖစ္သူ Shi-Hua တို႔ဟာ ကေလးအ႐ြယ္ပဲ ရွိေသးၿပီးေတာ့ သူတို႔အေဖျဖစ္သူ Zheng Zu ရဲ႕ လွ်ိဳ႕ဝွက္ဓာတ္ခြဲခန္းထဲကို ခိုးဝင္ခဲ့ပါတယ္။

photo via readcomicsonline

အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဓာတ္ခြဲခန္းထဲမွာ အသက္ျပန္သြင္းဖို႔အတြက္ စမ္းသပ္ေနတဲ့ ေၾကာက္စရာ အေလာင္းေတြနဲ႔ ျပည့္ေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ရဲ႕အေဖ ေရာက္လာၿပီးေတာ့ တားျမစ္ထားတဲ့ ေနရာကို လာတဲ့အတြက္ Shang-Chi ကို လည္ပင္းညႇစ္ၿပီး သတ္လုနီးပါးေတာင္ ျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕ညီမကေတာ့ ေပ်ာက္ကြယ္သြားၿပီး ေနာက္ထပ္ ၁၅ ႏွစ္ၾကာတဲ့အခ်ိန္က်မွ သူတို႔ေမာင္ႏွမဟာ ျပန္လည္ဆုံေတြ႕ခဲ့ပါတယ္။ အဲ့ဒီအျဖစ္အပ်က္ကေတာ့ Shang-Chi တို႔ ေမာင္ႏွမႏွစ္ေယာက္ရဲ႕ အတိတ္ကို ေဖာ္ျပခဲ့တာ ျဖစ္ၿပီး Shang-Chi #1 ထဲမွာေတာ့ Shang-Chi ရဲ႕ညီမျဖစ္သူ Shi-Hua ဟာ ဗီလိန္ျဖစ္ေနၿပီး သူတို႔ႏွစ္ေယာက္ဟာ တိုက္ခိုက္ၾကပုံကို ေဖာ္ျပခဲ့ပါတယ္။

photo via screenrant

သူတို႔ေမာင္ႏွမႏွစ္ေယာက္ ျပန္လည္စုံစည္းၿပီးတဲ့အခ်ိန္မွာေတာ့ Shi-Hua ဟာ ျမန္ျမန္ဆန္ဆန္ပဲ သစၥာေဖာက္ခဲ့ၿပီးေတာ့ Shang-Chi ကို ေသေစႏိုင္တဲ့ အဆိပ္ခတ္ခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ကံေကာင္းစြာနဲ႔ပဲ Shang-Chi ဟာ အဲ့ဒီေန႔မွာ ေသဖို႔အတြက္ ကံမပါလာပါဘူး။ အဲ့ဒီေနာက္မွာေတာ့ သူဟာ နည္းပညာျမင့္ဓာတ္ခြဲခန္းတစ္ခုထဲမွာ ျပန္ၿပီးေတာ့ သတိရလာခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ကိုတစ္ခုခု လုပ္ဖို႔အတြက္ ကာကြယ္ေရးဝတ္စုံေတြ ဝတ္ထားတဲ့ လူႏွစ္ေယာက္ဟာ ျပင္ဆင္ေနခဲ့ပါတယ္။ Shang-Chi က ထထိုင္လိုက္တဲ့အခ်ိန္မွာေတာ့ အဲ့ဒီလူႏွစ္ေယာက္ဟာ လန႔္သြားၿပီး ခ်က္ခ်င္းပဲ အခန္းထဲကေန ထြက္ေျပးသြားခဲ့ပါတယ္။

photo via screenrant

အဲ့ဒီအခ်ိန္မွာပဲ စာဖတ္သူေတြဟာ Jiangshi လို႔ေခၚတဲ့ တ႐ုတ္ဒ႑ာရီထဲက အေလာင္းေတြကို အသက္ျပန္သြင္းထားတဲ့ တ႐ုတ္သရဲေတြ သို႔မဟုတ္ ဇြန္ဘီေတြကို စတင္ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Shang-Chi ကလည္း အဲ့ဒီဇြန္ဘီေတြနဲ႔ တိုက္ခိုက္ရင္းနဲ႔ ဇြန္ဘီတစ္ေကာင္က သူ႔ရဲ႕ဒဏ္ရာရေနတဲ့ လက္ကို ျဖဳတ္ၿပီးေတာ့ Shang-Chi ဆီကို ပစ္လိုက္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Shang-Chi လည္း ဒဏ္ရာအျပင္းအထန္ ရသြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီလက္ႀကီးဟာ Shang-Chi ရဲ႕ဗိုက္ကို လွံတစ္ေခ်ာင္းကို ထိုးေဖာက္သြားတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Brother Sabre နဲ႔ Sister Dagger တို႔က Shang-Chi ကို ဝင္ေရာက္ကယ္တင္ခဲ့ၿပီး ေဆးကုသေပးဖို႔အတြက္ ေခၚသြားခဲ့ပါတယ္။

ကြန္ဖူးကို ကြၽမ္းက်င္ၿပီးေတာ့ House of the Deadly Hand ရဲ႕ ခ်န္ပီယံေတာင္မွ အဲ့လိုမ်ိဴး ဇြန္ဘီေတြအုပ္လိုက္ႀကီးနဲ႔ တိုက္ခိုက္ရတဲ့အခ်ိန္မွာေတာ့ အင္အားခ်င္းမယွဥ္ႏိုင္ဘဲ အဲ့ဒီဇြန္ဘီေတြ သတ္တာကို ခံရလုနီးပါးေတာင္ ျဖစ္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေတြကေတာ့ Shang-Chi #2 ထဲမွာ ပါဝင္ခဲ့ၿပီးေတာ့ အဲ့ဒီဇြန္ဘီေတြဟာ ဇာတ္လမ္းအစမွာလည္း ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ညီမကလည္း (၁၅) ႏွစ္ေလာက္ ေပ်ာက္သြားၿပီး ျပန္ေတြ႕တဲ့အခ်ိန္မွာ ဗီလိန္ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕အေဖျပဳလုပ္ခဲ့တဲ့ စမ္းသပ္မႈေတြကို သူ႔ရဲ႕ညီမျဖစ္သူ Shi-Hua က ဆက္ၿပီးျပဳလုပ္ေနတာလား ဆိုတာကိုေတာ့ ေနာက္ထပ္အသစ္ထြက္လာတဲ့ အတြဲေတြထဲမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular