HomeCelebs Update NewsInternationalသမီးလေးကို အောင်မြင်စွာမွေးဖွားလိုက်တဲ့ Chris Pratt နဲ့ Katherine Schwarzenegger တို့မောင်နှံ

သမီးလေးကို အောင်မြင်စွာမွေးဖွားလိုက်တဲ့ Chris Pratt နဲ့ Katherine Schwarzenegger တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Chris Pratt နဲ့ စာရေးဆရာမ Katherine Schwarzenegger တို့ဟာ သူတို့ရဲ့ပထမဆုံးရင်သွေးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ပြီ ဖြစ်ပါတယ်။ သမီးလေးကို အောင်မြင်စွာ မွေးဖွားပြီးတဲ့အကြောင်းကိုတော့ ဩဂုတ်လ(၉)ရက်နေ့မှာ Katherine ရဲ့မောင်လေးဖြစ်တဲ့ Patrick က Entertainment Tonight သတင်းဌာနကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မင်းသား Chris Pratt ကိုတော့ မြန်မာပရိသတ်တွေကြားမှာ Guardians of the Galaxy ဇာတ်ကားတွေထဲက Star-Lord အဖြစ်နဲ့ လူသိများကြပါတယ်။ သူ့ရဲ့လက်တွဲဖော် Katherine ကတော့ မင်းသားကြီး Arnold နဲ့ ရုပ်မြင်သံကြားသတင်းထောက် Maria Shriver တို့ရဲ့ အကြီးဆုံးသမီးဖြစ်ပြီး စာရေးဆရာမတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo: katherineshcwarzenegger/ Instagram

အသက်(၄၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Chris ဟာ အသက်(၃၀)နှစ်ရှိပြီဖြစ်တဲ့ Katherine နဲ့ ပထမဆုံးသားဦးကလေးကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ကိုယ်ဝန်ဆောင်ထားရတဲ့အကြောင်းကိုတော့ တရားဝင် အသိပေးခဲ့တာမျိုး မရှိပါဘူး။ Katherine မှာ ကိုယ်ဝန်ဆောင်ထားရတဲ့ သတင်းကို မီဒီယာတွေမှာသာ ခန့်မှန်းနဲ့ ဖော်ပြခဲ့ကြတာဖြစ်ပြီး အဲ့ဒီ့သတင်း ပါလာတဲ့နေ့မှာပဲ Katherine ကလည်း သူမရဲ့ကိုယ်ဝန်ကို လူမြင်အောင် ပြသခဲ့ပါတယ်။

သူတို့နှစ်ဦး တွဲနေတယ်ဆိုတဲ့ သတင်းတွေကတော့ ၂၀၁၈ခုနှစ် ဇွန်လလောက်မှာ စတင်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ နှစ်ယောက်သားက ဘယ်လိုနီးစပ်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိကြရပေမယ့် Katherine ရဲ့မိခင်ဖြစ်သူ Maria Shriver က မိတ်ဆက်ပေးခဲ့လို့ သိကျွမ်းရာက ချစ်မိသွားကြတာလို့လည်း ဆိုကြပါတယ်။

Photo: katherineshcwarzenegger/ Instagram

Chris Pratt နဲ့ Katherine တို့ဟာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ စေ့စပ်ခဲ့ကြပြီး အဲ့ဒီ့နောက် ငါးလအကြာမှာ လက်ထပ် ထိမ်းမြားခဲ့ကြတာ ဖြစ်ပါတယ်။ Katherine ကတော့ ယခင်က အိမ်ထောင်မရှိခဲ့ဖူးတဲ့ အပျိုဖြစ်ပေမယ့် Chris Pratt ကတော့ အရှေ့မှာ အိမ်ထောင်တစ်ဆက် ရှိခဲ့ပါတယ်။ Chris Pratt ဟာ အမေရိကန်သရုပ်ဆောင် Anna Faris နဲ့ ကိုးနှစ်ကြာ လက်ထပ်ပေါင်းသင်းခဲ့ပြီး သားလေးတစ်ယောက်လည်း ထွန်းကားထားပါသေးတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသား Chris Pratt နဲ႔ စာေရးဆရာမ Katherine Schwarzenegger တို႔ဟာ သူတို႔ရဲ႕ပထမဆုံးရင္ေသြးေလးကို ေအာင္ျမင္စြာ ေမြးဖြားလိုက္ၿပီ ျဖစ္ပါတယ္။ သမီးေလးကို ေအာင္ျမင္စြာ ေမြးဖြားၿပီးတဲ့အေၾကာင္းကိုေတာ့ ဩဂုတ္လ(၉)ရက္ေန႔မွာ Katherine ရဲ႕ေမာင္ေလးျဖစ္တဲ့ Patrick က Entertainment Tonight သတင္းဌာနကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

မင္းသား Chris Pratt ကိုေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ Guardians of the Galaxy ဇာတ္ကားေတြထဲက Star-Lord အျဖစ္နဲ႔ လူသိမ်ားၾကပါတယ္။ သူ႔ရဲ႕လက္တြဲေဖာ္ Katherine ကေတာ့ မင္းသားႀကီး Arnold နဲ႔ ႐ုပ္ျမင္သံၾကားသတင္းေထာက္ Maria Shriver တို႔ရဲ႕ အႀကီးဆုံးသမီးျဖစ္ၿပီး စာေရးဆရာမတစ္ေယာက္လည္း ျဖစ္ပါတယ္။

Photo: katherineshcwarzenegger/ Instagram

အသက္(၄၁)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Chris ဟာ အသက္(၃၀)ႏွစ္ရွိၿပီျဖစ္တဲ့ Katherine နဲ႔ ပထမဆုံးသားဦးကေလးကို ရရွိထားတာလည္း ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ကိုယ္ဝန္ေဆာင္ထားရတဲ့အေၾကာင္းကိုေတာ့ တရားဝင္ အသိေပးခဲ့တာမ်ိဳး မရွိပါဘူး။ Katherine မွာ ကိုယ္ဝန္ေဆာင္ထားရတဲ့ သတင္းကို မီဒီယာေတြမွာသာ ခန႔္မွန္းနဲ႔ ေဖာ္ျပခဲ့ၾကတာျဖစ္ၿပီး အဲ့ဒီ့သတင္း ပါလာတဲ့ေန႔မွာပဲ Katherine ကလည္း သူမရဲ႕ကိုယ္ဝန္ကို လူျမင္ေအာင္ ျပသခဲ့ပါတယ္။

သူတို႔ႏွစ္ဦး တြဲေနတယ္ဆိုတဲ့ သတင္းေတြကေတာ့ ၂၀၁၈ခုႏွစ္ ဇြန္လေလာက္မွာ စတင္ပ်ံ႕ႏွံ႔ခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ေယာက္သားက ဘယ္လိုနီးစပ္သြားတယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိၾကရေပမယ့္ Katherine ရဲ႕မိခင္ျဖစ္သူ Maria Shriver က မိတ္ဆက္ေပးခဲ့လို႔ သိကြၽမ္းရာက ခ်စ္မိသြားၾကတာလို႔လည္း ဆိုၾကပါတယ္။

Photo: katherineshcwarzenegger/ Instagram

Chris Pratt နဲ႔ Katherine တို႔ဟာ ၂၀၁၉ခုႏွစ္ ဇန္နဝါရီလမွာ ေစ့စပ္ခဲ့ၾကၿပီး အဲ့ဒီ့ေနာက္ ငါးလအၾကာမွာ လက္ထပ္ ထိမ္းျမားခဲ့ၾကတာ ျဖစ္ပါတယ္။ Katherine ကေတာ့ ယခင္က အိမ္ေထာင္မရွိခဲ့ဖူးတဲ့ အပ်ိဳျဖစ္ေပမယ့္ Chris Pratt ကေတာ့ အေရွ႕မွာ အိမ္ေထာင္တစ္ဆက္ ရွိခဲ့ပါတယ္။ Chris Pratt ဟာ အေမရိကန္သ႐ုပ္ေဆာင္ Anna Faris နဲ႔ ကိုးႏွစ္ၾကာ လက္ထပ္ေပါင္းသင္းခဲ့ၿပီး သားေလးတစ္ေယာက္လည္း ထြန္းကားထားပါေသးတယ္။

Glasgow

Source: hollywood life

 

 

RELATED ARTICLES

Most Popular