HomeCelebs Update NewsInternational၂၀၂၃ ခုနှစ် အော်စကာပွဲမှာ Host လုပ်ဖို့ ငြင်းပယ်လိုက်တဲ့ Chris Rock

၂၀၂၃ ခုနှစ် အော်စကာပွဲမှာ Host လုပ်ဖို့ ငြင်းပယ်လိုက်တဲ့ Chris Rock

The Academy အဖွဲ့အစည်းဟာ ၂၀၂၃ ခုနှစ်ရဲ့ အော်စကာဆုပေးပွဲအတွက် Host ထပ်မံပြုလုပ်ပေးဖို့ Chris Rock ကို ကမ်းလှမ်းခဲ့ပေမယ့် Chris Rock ကတော့ အဲဒီအခွင့်အရေးကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ Chris Rock ဟာ ၂၀၀၅ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ် အော်စကာပွဲရဲ့ Host ပြုလုပ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့နှစ်ကလည်း Host အဖြစ် ပြုလုပ်ခဲ့ရာမှာ မထင်မှတ်ထားတာတွေ ဖြစ်ပျက်သွားခဲ့ပါတယ်။

photo via screenrant

ပြီးခဲ့တဲ့နှစ်တုန်းကတော့ Chris Rock ဟာ Will Smith ရဲ့ ဇနီးဖြစ်သူကို ဟာသလုပ်မိခဲ့တာကြောင့် Will Smith ဟာ Chris Rock ကို စတိတ်စင်ပေါ်အထိ ပါးတက်ရိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ပရိသတ်တွေကြားမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပြီး Will Smith ကတော့ အော်စကာဆုပေးပွဲကနေ (၁၀)နှစ်ကြာအောင် Ban ခံခဲ့ရပါတယ်။ ကာယကံရှင်ဖြစ်တဲ့ Chris Rock ဟာလည်း ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှသိပ်မပြောဘဲ နှုတ်ဆိတ်နေခဲ့ပါတယ်။

မကြာသေးခင်ကပဲ The Academy ဟာ ၂၀၂၃ ခုနှစ် အော်စကာဆုပေးပွဲမှာ Chris Rock ကို Host လုပ်ဖို့ ထပ်မံကမ်းလှမ်းခဲ့တယ်လို့ Arizona Sunday Night မှာ ပြောသွားပါတယ်။ Chris Rock ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး နောက်နှစ်အနည်းငယ် အတွင်းမှာလည်း အော်စကာပွဲဆီ ပြန်လာဖို့ ဆန္ဒမရှိပါဘူးလို့ တုံ့ပြန်ထားပါတယ်။ ဒါ့အပြင် Super Bowl ပွဲရဲ့ ကြော်ငြာထဲမှာ ပါဝင်ဖို့ ကုမ္ပဏီကြီးတစ်ခုကလည်း ကမ်းလှမ်းခဲ့ပေမယ့် Chris Rock ကတော့ အဲဒီကမ်းလှမ်းချက်ကိုလည်း ထပ်မံငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

photo via screenrant

Chris Rock က အော်စကာဆုပေးပွဲကို ပြန်မလာတော့ဘူးဆိုတဲ့ အချက်ကတော့ သိပ်ပြီး အံ့ဩစရာမကောင်းလှပါဘူး။ ဘယ်သူမဆို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့အချိန်မှာ ဒီလိုအဖြစ်အပျက်မျိူး ကြုံတွေ့ခဲ့ရရင် အနည်းနဲ့အများတော့ စိတ်ထိခိုက်ကြရမှာပါပဲ။ သို့သော်လည်း ကျူးလွန်ခဲ့တဲ့ Will Smith ကလည်း မကြာခင်ကပဲ Chris Rock ကို လူသိရှင်ကြား ပြန်လည် တောင်းပန်ထားပါသေးတယ်။ သို့တိုင်အောင် ဒီအဖြစ်အပျက်ဟာ Will နဲ့ Chris တို့နှစ်ယောက်လုံးအတွက် ထိခိုက်စေခဲ့တယ် ဆိုတာတော့ ငြင်းလို့မရတဲ့ အချက်တစ်ခုပါပဲ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular