HomeCelebs Update NewsInternationalLeonardo ငြင်းခဲ့တဲ့ ဇာတ်ကောင်အများစုကို သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ Christian Bale

Leonardo ငြင်းခဲ့တဲ့ ဇာတ်ကောင်အများစုကို သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ Christian Bale

နာမည်ကြီး သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ Christian Bale ကတော့ သူ့ရဲ့ဇာတ်ကောင်အများစုဟာ Leonardo DiCaprio ငြင်းပယ်ခဲ့တဲ့ ဇာတ်ကောင်တွေပါလို့ ပြောပြလိုက်ပါတယ်။ Christian Bale ကတော့ ဟောလိဝုဒ်ရဲ့ အအောင်မြင်ဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်ပြီး American Psycho ၊ Dark Knight Trilogy နဲ့ American Hustle တို့လို နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Christian Bale နဲ့ Leonardo DiCaprio တို့နှစ်ယောက်လုံးဟာ ၁၉၈၀ နဲ့ ၁၉၉၀ ကျော်လောက်ကတည်းက အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေ ဖြစ်ပြီး အချိန်တူတူလောက်မှာပဲ စတင်အောင်မြင်လာကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကလည်း ၁၉၇၄ ခုနှစ်မှာ မွေးဖွားခဲ့ကြပြီး အခြားတူညီတဲ့ အချက်တွေများစွာလည်း ရှိနေကြပါတယ်။ Christian Bale ရဲ့ အထင်ကရဇာတ်ရုပ်တစ်ခု ဖြစ်တဲ့ American Psycho ထဲမှာလည်း Leonardo DiCaprio ဟာ သရုပ်ဆောင်လုနီးပါး ဖြစ်ခဲ့ပါသေးတယ်။

photo via screenrant

မကြာသေးခင်က GQ သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Christian Bale ဟာ သူ့ရဲ့ဇာတ်ကောင်အများစုဟာ Leonardo က ငြင်းပယ်ခဲ့တဲ့ ဇာတ်ကောင်တွေပါလို့ ပြောပြသွားပါတယ်။

“ဒီနေ့ဒီအချိန်မှာ ဘယ်သူကပဲ ဘယ်ဇာတ်ကောင်ကိုရရ၊ Leonardo က အဲဒီဇာတ်ကောင်တွေကို အရင်ငြင်းခဲ့လို့ပဲဗျ။ ဘယ်သူတွေ ဘာပြောပြော အရေးမပါပါဘူး။ ခင်ဗျားဘာသာ ဒါရိုက်တာနဲ့ ဘယ်လောက်ပဲ ရင်းနှီးနေဦးပါစေပေါ့။ ကျွန်တော်နဲ့ အကြိမ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့တဲ့သူတွေဟာ ဇာတ်ကောင်တစ်ခုချင်းစီတိုင်းကို သူ့ကို အရင်ဆုံး ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော့်ကို အဲဒီအတိုင်း ပြောပြခဲ့တဲ့သူတွေတောင် ရှိပါတယ်။ Leo ကတော့ သူလုပ်သမျှ အရာအားလုံးကို ရွေးချယ်ခွင့် ရှိတယ်လေ …”

photo via screenrant

Christian Bale ကတော့ ဟောလိဝုဒ်မှာ ကျင်လည်နေတာ နှစ်ပေါင်းလေးဆယ်ခန့် ရှိပြီဖြစ်ပြီး အဲဒီအချိန်အတွင်းမှာလည်း နာမည်ကြီး ရုပ်ရှင်တွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Christian Bale နဲ့ Leonardo DiCaprio တို့ရဲ့ မတူကြတဲ့ အချက်ကတော့ Christian Bale ဟာ Batman နဲ့ Gorr the God Butcher တို့လို ကောမစ်ဇာတ်ကောင်တွေမှာ သရုပ်ဆောင်ခဲ့ဖူးပေမယ့် Leonardo ကတော့ စူပါဟီးရိုးဇာတ်ကောင်တွေမှာ လုံးဝသရုပ်မဆောင်ဘူးလို့ ဆုံးဖြတ်ထားတာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular