HomeEntertainmentFilmJohanna Constantine ကို Spin-Off ဖန်တီးချင်တဲ့ Neil Gaiman

Johanna Constantine ကို Spin-Off ဖန်တီးချင်တဲ့ Neil Gaiman

The Sandman ဇာတ်လမ်းတွဲကို ဖန်တီးခဲ့တဲ့ Neil Gaiman ဟာ Johanna Constantine ရဲ့ Spin-Off ဇာတ်လမ်းတွဲကို ဖန်တီးချင်နေတယ်လို့ သရုပ်ဆောင် Jenna Coleman က ပြောပြလာပါတယ်။ Jenna Coleman ကတော့ The Sandman ဇာတ်လမ်းတွဲထဲမှာ Johanna Constantine အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Johanna Constantine ကတော့ John Constantine ရဲ့ အမျိူးသမီးဗားရှင်းလည်း ဖြစ်ပါတယ်။

The Sandman ဇာတ်လမ်းတွဲထဲမှာတော့ Johanna Constantine ဟာ Supporting အနေနဲ့သာ ပါဝင်ခဲ့ပေမယ့်လည်း ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေဟာ The Sandman Season 2 ထဲမှာ Johanna Constantine ကို ပြန်လည် မြင်တွေ့ချင်ကြပါသေးတယ်။ ဒါပေမယ့်လည်း လောလောဆယ်အထိတော့ Netflix ဟာ The Sandman Season 2 ကို ထပ်မံဖန်တီးသွားမယ်လို့ မကြေညာသေးပါဘူး။

photo via screenrant

The Hollywood Reporter သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Jenna Coleman ဟာ Johanna Constantine အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

“Constantine ကို သရုပ်ဆောင်ချင်ခဲ့တဲ့ အဓိကအကြောင်းရင်းက ဒီဇာတ်ကောင်က ကျွန်မကို လွှမ်းမိုးနိုင်တယ်လို့ ခံစားရလို့ပါ။ Neil နဲ့ Allan တို့က ကျွန်မကို ဇာတ်ညွှန်းပို့ပေးခဲ့ပေမယ့် ဇာတ်ကောင်က ဘယ်သူဆိုတာကိုတော့ မပြောခဲ့ပါဘူး။

ဒီတော့ ဇာတ်ညွှန်းကို ဖတ်ခဲ့ရပေမယ့် ဒီဇာတ်ကောင်က Constantine ဆိုတာ မသိခဲ့ပါဘူး။ အဲဒါနဲ့ ကျွန်မလည်း ကိုယ်ပိုင်အတွေးနဲ့ ဒီဇာတ်ကောင်ကို ပုံဖော်ခဲ့ပါတယ်။ constantine ဆိုတာ မသိဘဲနဲ့ပေါ့။ ပြီးတော့ Neil က Spin-off ဇာတ်လမ်းတွဲအတွက် ပြောခဲ့ပါသေးတယ်။ neil နဲ့ allan တို့က အဲဒါကို တကယ့်အကြံကောင်းလို့ ထင်ကြတယ်လေ …”

photo via screenrant

Johanna Constantine ကတော့ ဒီဇာတ်လမ်းတွဲအတွက် သီးသန့်ဖန်တီးထားတာ ဖြစ်တာကြောင့် Neil Gaiman ဟာ ဒီဇာတ်ကောင်အတွက် ကောမစ်ထဲမှာ မပါဝင်သေးတဲ့ ဇာတ်လမ်းတွေ ထပ်မံဖန်တီးပေးသွားနိုင်ပါတယ်။ အကယ်၍ ဒီ Spin-Off ကသာ The Sandman ဇာတ်လမ်းတွဲနဲ့ ဆက်စပ်နေဦးမယ် ဆိုရင်တော့ (၁၈)ရာစုက Johanna Constantine ရဲ့အကြောင်းကို မြင်တွေ့ရနိုင်သလို Morpheus ရဲ့သားကို ကယ်တင်ခဲ့တဲ့ အကြောင်းကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ နောက်ထပ်တစ်မျိူးကတော့ ဒီဇာတ်ကောင်ရဲ့ ငယ်ဘဝကို ပြသသွားမှာလည်း ဖြစ်နိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular