HomeCelebs Update NewsInternationalRobert Pattinson ရဲ့ Batman ကို မကြည့်ရသေးဘူးဆိုတဲ့ Christian Bale

Robert Pattinson ရဲ့ Batman ကို မကြည့်ရသေးဘူးဆိုတဲ့ Christian Bale

ဒါရိုက်တာ Christopher Nolan ရိုက်ကူးထားတဲ့ Dark Knight Trilogy မှာ Batman အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ကတော့ Robert Pattinson သရုပ်ဆောင်ထားတဲ့ The Batman ရုပ်ရှင်ကို မကြည့်ရသေးကြောင်းနဲ့ ဘာကြောင့် မကြည့်ဖြစ်သေးတဲ့အကြောင်းကို ရှင်းပြထားပါတယ်။

DC Comics ရဲ့ ဟီးရိုးတွေထဲမှာတော့ ရုပ်ရှင်အဖြစ်နဲ့ရော၊ animation အဖြစ်နဲ့ပါ ပုံဖော်ခံရဆုံး ဇာတ်ကောင်ဟာ Batman ပဲ ဖြစ်ပါတယ်။ ယခု ၂၀၂၂ ခုနှစ်မှာလည်း Warner Bros. ဟာ Batman ကို reboot ပြန်ရိုက်ခဲ့ပြီး ဒါရိုက်တာ Matt Reeves ရဲ့ စိတ်ကူးပုံဖော်မှုနဲ့ Dark Knight ကို ရုပ်ရှင်ပိတ်ကားပေါ် ပြန်လည် ခေါ်ဆောင်လာခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ယခင်တွေ့နေကျ Bruce Wayne ထက် ပိုမိုငယ်ရွယ်တဲ့ ဗားရှင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်ကောင်နေရာမှာတော့ Robert Pattinson က သရုပ်ဆောင်ထားပါတယ်။

Photo Credit: Warner Bros. Studios

Christian Bale ကတော့ The Dark Knight trilogy ကို ၂၀၁၂ ခုနှစ်မှာ နောက်ဆုံးအဖြစ် သရုပ်ဆောင်ထားပြီး နောက်ထပ် စူပါဟီးရိုး universe တစ်ခုဖြစ်တဲ့ Marvel Cinematic Universe ထဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Bale ကတော့ မကြာခင် ရုံတင်ပြသတော့မယ့် Thor: Love and Thunder ရုပ်ရှင်ထဲမှာ Gorr the God Butcher အဖြစ် သရုပ်ဆောင်ထားပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ Variety နဲ့ အင်တာဗျူးမှာတော့ Bale ဟာ Robert Pattinson ရဲ့ The Batman ရုပ်ရှင်ကို ကြည့်ပြီးပြီလားလို့ မေးမြန်းခံခဲ့ရပါတယ်။ Bale ကတော့ ဒီဇာတ်ကားကို အခုထိမကြည့်ရသေးပေမယ့် သူသေချာပေါက် ကြည့်မယ့် ဇာတ်ကားစာရင်းထဲမှာတော့ ပါဝင်တယ်လို့ ဖြေဆိုသွားပါတယ်။

Photo Credit: Warner Bros. Studios

“မကြည့်ရသေးပါဘူး။ ဒါပေမယ့် ကြည့်တော့ကြည့်မှာပါ။ ဒီမှာ ကိုယ့်လူရေ … ကျွန်တော် ကြည့်ပြီးတဲ့ တချို့ဇာတ်ကားတွေက တကယ်မိုက်တယ်ဗျ။ ကျွန်တော်နဲ့ တွဲလုပ်ဖူးတဲ့ ဒါရိုက်တာတွေရဲ့ တချို့ကားတွေ ကြည့်ဖူးတယ်။ အဲဒီမှာ ဟာ … ငါ့ကို လာနောက်နေတာလားလို့ ပြောရတဲ့ဟာမျိုး‌တွေ ပါတယ်။ ကျွန်တော်က ရုပ်ရှင်ဆို အရသာခံ ကြည့်ရတာပဲ ကြိုက်တယ်။ သိပ်အများကြီး မကြည့်ချင်ဘူး …”

“ဒါပေမယ့် ဒီကားကတော့ ကြည့်မှာပါ။ သေချာပေါက်ကို ကြည့်မှာ။ Robert က တကယ် အံ့ဩဖို့ကောင်းတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ ကျွန်တော်တို့နှစ်ယောက် ဆုံဖူးတယ်။ ပြီးတော့ နည်းနည်းပါးပါးလည်း စကားပြောဖြစ်တယ်။ ကျွန်တော်ကြားရတာတွေကတော့ တကယ် မိုက်ပါတယ်ဗျ …” လို့ Bale က ပြောထားပါတယ်။

Photo Credit: Warner Bros. Studios

Robert Pattinson ရဲ့ The Batman ရုပ်ရှင်ကတော့ ပရိသတ်တွေရဲ့အကြိုက်လည်း ဖြစ်ခဲ့သလို ရုပ်ရှင်ဝေဖန်ရေးတွေရဲ့ ချီးကျူးမှုကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ဝင်ငွေအရလည်း အောင်မြင်ခဲ့ပြီး ဒေါ်လာ(၇၇၀.၃)သန်း ရရှိထားပါတယ်။ ဒါကြောင့်လည်း Warner Bros. ဟာ The Batman 2 အတွက် မီးစိမ်းပြထားပြီး ဒါရိုက်တာ Matt Reeves ကပဲ ဆက်လက် ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ကာ Robert Pattinson ကလည်း Bruce Wayne အဖြစ် ပြန်လည် ပါဝင်လာမယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

Vancouver

Source: screenrant/variety

RELATED ARTICLES

Most Popular