HomeCharacterHawkeye က Avenger အဖွဲ့ဝင် မဟုတ်တော့ကြောင်း အတည်ပြုလိုက်တဲ့ Disney

Hawkeye က Avenger အဖွဲ့ဝင် မဟုတ်တော့ကြောင်း အတည်ပြုလိုက်တဲ့ Disney

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Avengers: Endgame အပြီးမှာတော့ Clint ဟာ စူပါဟီးရိုးဘဝကို အနားယူပြီး မိသားစုနဲ့ပဲ အေးအေးချမ်းချမ်း နေထိုင်ဖို့ လုပ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ Clint ဟာ Avenger အဖွဲ့ဝင် တစ်ယောက် မဟုတ်တော့ဘူး ဆိုတာကို သိခဲ့ရပေမယ့် အခုချိန်မှာတော့ Disney က အတည်ပြုလိုက်ပါပြီ။ Clint ဇာတ်ကောင်နေရာမှာတော့ Jeremy Renner က ပါဝင်သရုပ်ဆောင်ထားပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ Thor ရုပ်ရှင်ထဲမှာ Cameo အနေနဲ့ စတင်ပါဝင်ခဲ့ပါတယ်။

photo via screenrant

Clint ဟာ Infinity War ကာလအတွင်းနဲ့ Endgame ကာလအတွင်းတို့မှာ အခက်အခဲတွေများစွာတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပထမဆုံးမှာတော့ သူဟာ နေအိမ်အကျယ်ချုပ်ကျနေပြီး Thanos ရဲ့ လက်ဖျောက်ကြောင့် သူ့ရဲ့တစ်မိသားစုလုံး ပျောက်ဆုံးသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ဒုစရိုက်သမားတွေကို အကြမ်းဖက်တဲ့ Ronin ဖြစ်လာခဲ့ပါတယ်။ Endgame ကာလအတွင်းမှာလည်း Soul Stone ရယူဖို့အတွက် သူ့ရဲ့မျက်စိရှေ့မှာတင် Natasha သေဆုံးသွားတာကို ကြည့်နေခဲ့ရပါတယ်။ အခုချိန်မှ သူဟာ မိသားစုနဲ့အတူ နေခွင့်ရတာ ဖြစ်ပေမယ့်လည်း Kate Bishop ကြောင့် ဒီတိုက်ပွဲတွေထဲကို ထပ်မံဝင်ပါခဲ့ပါတယ်။

Hawkeye ဇာတ်လမ်းတွဲထဲမှာတော့ Clint ဟာ တိုက်ပွဲထဲမှာ ဝင်ပါနေပေမယ့် Avenger တစ်ယောက်တော့ မဟုတ်တော့ပါဘူး။ Disney က ရေးသားထားတဲ့ Hawkeye ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်းအကျဉ်းမှာတော့ Clint ကို Avenger အဖွဲ့ဝင်ဟောင်းလို့ သုံးနှုန်းထားပါတယ်။ ဒါကြောင့်ပဲ Clint ဟာ Avenger တစ်ယောက် မဟုတ်တော့ဘူး ဆိုတာကို Disney က အတည်ပြုပေးခဲ့တယ်လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းအကျဉ်းထဲမှာတော့ Kate Bishop ကို “စူပါဟီးရိုးဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ (၂၂) နှစ်အရွယ် လေးသမား”လို့ သုံးနှုန်းထားပါတယ်။ Kate Bishop နေရာမှာတော့ Hailee Steinfeld က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကောမစ်ထဲမှာတော့ Kate Bishop ဟာ Clint Barton ပြီးရင် Hawkeye နာမည်ကို ခံယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Kate Bishop ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်အထိတော့ Clint ရဲ့ MCU အနာဂတ်နဲ့ ပတ်သက်ပြီး သေချာမသိရသေးပေမယ့်လည်း ဒီဇာတ်လမ်းတွဲဟာ Clint ကို နောက်ဆုံးမြင်တွေ့ရမယ့် ဇာတ်လမ်းတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Avengers: Endgame အၿပီးမွာေတာ့ Clint ဟာ စူပါဟီး႐ိုးဘဝကို အနားယူၿပီး မိသားစုနဲ႔ပဲ ေအးေအးခ်မ္းခ်မ္း ေနထိုင္ဖို႔ လုပ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Clint ဟာ Avenger အဖြဲ႕ဝင္ တစ္ေယာက္ မဟုတ္ေတာ့ဘူး ဆိုတာကို သိခဲ့ရေပမယ့္ အခုခ်ိန္မွာေတာ့ Disney က အတည္ျပဳလိုက္ပါၿပီ။ Clint ဇာတ္ေကာင္ေနရာမွာေတာ့ Jeremy Renner က ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ၂၀၁၁ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Thor ႐ုပ္ရွင္ထဲမွာ Cameo အေနနဲ႔ စတင္ပါဝင္ခဲ့ပါတယ္။

photo via screenrant

Clint ဟာ Infinity War ကာလအတြင္းနဲ႔ Endgame ကာလအတြင္းတို႔မွာ အခက္အခဲေတြမ်ားစြာေတြ ႀကဳံေတြ႕ခဲ့ရပါတယ္။ ပထမဆုံးမွာေတာ့ သူဟာ ေနအိမ္အက်ယ္ခ်ဳပ္က်ေနၿပီး Thanos ရဲ႕ လက္ေဖ်ာက္ေၾကာင့္ သူ႔ရဲ႕တစ္မိသားစုလုံး ေပ်ာက္ဆုံးသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ဒုစ႐ိုက္သမားေတြကို အၾကမ္းဖက္တဲ့ Ronin ျဖစ္လာခဲ့ပါတယ္။ Endgame ကာလအတြင္းမွာလည္း Soul Stone ရယူဖို႔အတြက္ သူ႔ရဲ႕မ်က္စိေရွ႕မွာတင္ Natasha ေသဆုံးသြားတာကို ၾကည့္ေနခဲ့ရပါတယ္။ အခုခ်ိန္မွ သူဟာ မိသားစုနဲ႔အတူ ေနခြင့္ရတာ ျဖစ္ေပမယ့္လည္း Kate Bishop ေၾကာင့္ ဒီတိုက္ပြဲေတြထဲကို ထပ္မံဝင္ပါခဲ့ပါတယ္။

Hawkeye ဇာတ္လမ္းတြဲထဲမွာေတာ့ Clint ဟာ တိုက္ပြဲထဲမွာ ဝင္ပါေနေပမယ့္ Avenger တစ္ေယာက္ေတာ့ မဟုတ္ေတာ့ပါဘူး။ Disney က ေရးသားထားတဲ့ Hawkeye ဇာတ္လမ္းတြဲရဲ႕ ဇာတ္လမ္းအက်ဥ္းမွာေတာ့ Clint ကို Avenger အဖြဲ႕ဝင္ေဟာင္းလို႔ သုံးႏႈန္းထားပါတယ္။ ဒါေၾကာင့္ပဲ Clint ဟာ Avenger တစ္ေယာက္ မဟုတ္ေတာ့ဘူး ဆိုတာကို Disney က အတည္ျပဳေပးခဲ့တယ္လို႔ ေျပာႏိုင္တာပဲ ျဖစ္ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းအက်ဥ္းထဲမွာေတာ့ Kate Bishop ကို “စူပါဟီး႐ိုးျဖစ္လာဖို႔ အိပ္မက္မက္ေနတဲ့ (၂၂) ႏွစ္အ႐ြယ္ ေလးသမား”လို႔ သုံးႏႈန္းထားပါတယ္။ Kate Bishop ေနရာမွာေတာ့ Hailee Steinfeld က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေကာမစ္ထဲမွာေတာ့ Kate Bishop ဟာ Clint Barton ၿပီးရင္ Hawkeye နာမည္ကို ခံယူခဲ့သူလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ Kate Bishop ကို ပရိသတ္ေတြနဲ႔ မိတ္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္အထိေတာ့ Clint ရဲ႕ MCU အနာဂတ္နဲ႔ ပတ္သက္ၿပီး ေသခ်ာမသိရေသးေပမယ့္လည္း ဒီဇာတ္လမ္းတြဲဟာ Clint ကို ေနာက္ဆုံးျမင္ေတြ႕ရမယ့္ ဇာတ္လမ္းတစ္ခုလည္း ျဖစ္ေနႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular