HomeCelebs Update NewsKoreaစစ္မႈထမ္းသြားေတာ့မယ့္ D.O. ကို လာအားေပးတဲ့ Yixing ေၾကာင့္ EXOဖန္မ်ား မ်က္ရည္၀ဲခဲ့ရ

စစ္မႈထမ္းသြားေတာ့မယ့္ D.O. ကို လာအားေပးတဲ့ Yixing ေၾကာင့္ EXOဖန္မ်ား မ်က္ရည္၀ဲခဲ့ရ

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

စစ္မႈထမ္းသြားရေတာ့မယ့္ D.O. ကို တရုတ္ကေန တကူးတကလာၿပီး အားေပးခဲ့တဲ့ Yixing ေၾကာင့္ ပရိသတ္ေတြ အ့ံၾသ၀မ္းသာၿပီး မ်က္ရည္၀ဲခဲ့ၾကရပါတယ္။

EXO အဖြဲ႕၀င္ေတြဟာ တစ္ဖြဲ႕တည္းသားဆိုတာထက္ပိုတဲ့ ညီအစ္ကိုေတြပါ။ ဇူလိုင္လ (၁)ရက္ေန႔မွာ စစ္မႈထမ္းသြားရမယ့္ D.O. ေခၚ Doh Kyung-Soo ကို အဖြဲ႕သားညီအစ္ကိုေတြက အားေပးခဲ့ၾကသလိုပဲ အဖြဲ႕နဲ႔ အတန္ငယ္ ေ၀းကြာေနတဲ့ Yixing ကလည္း ကိုယ္တိုင္လာေရာက္ၿပီး အားေပးခဲ့ပါတယ္။ အဖြဲ႕သားေတြဟာ စစ္မႈထမ္းသြားဖို႔ ကတုံးဆံပင္ေပါက္ရိတ္ထားတဲ့ D.O. နဲ႔ အတူတြဲရိုက္ထားတဲ့ ဓာတ္ပုံကို “We are one EXO” လို႔ caption တပ္ၿပီး ဇြန္လ(၃၀)ရက္ေန႔က EXO ရဲ႕ IG မွာ တင္ၿပီး D.O. အတြက္ ဂရုစိုက္မႈကို ျပသလိုက္တာပါ။

https://www.instagram.com/p/BzXcwE4p7MJ/?utm_source=ig_embed

အဆိုပါဓာတ္ပုံဟာ ၂၀၁၆မွာ ထြက္သြားကတည္းက မေတြ႕ရတာ သုံးႏွစ္ၾကာၿပီျဖစ္တဲ့ Yixing ေခၚ Lay Zhang ကို အဖြဲ႕နဲ႔အတူ ပထမဆုံးျပန္ေတြ႕ရတာ ျဖစ္တဲ့အတြက္ ပရိသတ္ေတြက ေပ်ာ္ရႊင္ေနၾကတာလည္း ျဖစ္ပါတယ္။ တရုတ္မွာ solo artist အျဖစ္ ေဖာ်္ေျဖေနတဲ့ Yixing ဟာ ဘ၀ရဲ႕အခ်ိဳးအေကြ႕ျဖစ္ၿပီး သတၱိရိွတဲ့လုပ္ရပ္ကို လုပ္ေတာ့မယ့္ D.O. ကို မေတြ႕လိုက္ရမွာစိုးလို႔ မ်ားျပားလွတဲ့ အခ်ိန္ဇယားေတြၾကားက တရုတ္ကေန အေျပးလာေတြ႕တာ ျဖစ္ပါတယ္။


D.O. စစ္မႈထမ္းမသြားခင္ အမီေတြ႕ႏိုင္ဖို႔အတြက္ ေတာင္ကိုရီးယားကို (၂၄)နာရီတည္း လာေရာက္ခဲ့တဲ့ Yixing တစ္ေယာက္ အဲ့ဒီ့ကအျပန္လမ္းမွာ ေလယာဥ္မီေအာင္ အေျပးသြားေနရတဲ့ ေလဆိပ္က ဗီြဒီယိုတစ္ခုလည္း ထြက္ေပၚလာခဲ့ပါေသးတယ္။ ေဖ်ာ္ေျဖပြဲအတြက္ ျပင္ဆင္မႈေတြနဲ႔ အလုပ္ရႈပ္ေနရေပမယ့္ မိသားစု၀င္တစ္ေယာက္ စစ္မႈထမ္းသြားမယ့္အေရးကို လ်စ္လ်ဴရႈမထားဘဲ အေျပးေလး လာေတြ႕ေပးတဲ့ Yixing ရဲ႕လုပ္ရပ္ကို ပရိသတ္ေတြက ၀ိုင္း၀န္းခ်ီးမြမ္းေနၾကတာလည္း ျဖစ္ပါတယ္။ “Yixing ဟာ EXO ကို ဂရုမစိုက္ဘူးလို႔ ေနာက္ကို မေျပာၾကပါနဲ႔။ သူဟာ မိသားစုအတြက္ အခ်ိန္ေပးသူပါ”လို႔ ပရိသတ္အခ်ိဳ႕ကလည္း မွတ္ခ်က္ေတြ ေပးေနၾကတာပါ။

Photo: wikimedia commons

Yixing တစ္ေယာက္ အဖြဲ႕ကေန ေ၀းကြာေနရတဲ့ျဖစ္စဥ္ကေတာ့ ရႈပ္ေထြးပါတယ္။ တရုတ္လူမ်ိဳးျဖစ္တဲ့ Yixing ဟာ solo လႈပ္ရွားမႈအတြက္ ၂၀၁၆ခုႏွစ္မွာ တရုတ္ျပည္ကို ျပန္သြားခဲ့ၿပီး အဲ့ဒီ့အခ်ိန္မွာပဲ တိုက္ဆိုင္စြာနဲ႔ တရုတ္နဲ႔ ေတာင္ကိုရီးယားရဲ႕ ႏိုင္ငံေရးဆိုင္ရာ တင္းမာမႈေတြကလည္း ျမင့္တက္လာခဲ့ပါတယ္။ ျပႆနာကေတာ့ ေျမာက္ကိုရီးယားရဲ႕ ရန္ကေန ကာကြယ္ဖို႔အတြက္ ေတာင္ကိုရီးယားက အေမရိကန္ရဲ႕ အကူအညီနဲ႔ ဒုံးက်ည္ကာစနစ္ကို တည္ေဆာက္မယ္လို႔ ေၾကညာလိုက္တဲ့အခ်ိန္က စပါတယ္။ ဒုံးက်ည္ေတြရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ပဲ တရုတ္ကလည္း K-pop နဲ႔ ကိုရီးယားေဖ်ာ္ေျဖေရးအားလုံးကို ျပည္တြင္းမွာ ပိတ္ပင္လိုက္ပါတယ္။ အဆိုပါ ပိတ္ပင္မႈဟာ ၂၀၁၈ခုႏွစ္မွာ တရုတ္ျပည္ရဲ႕ တစ္စိတ္တစ္ပိုင္းေနရာေတြမွာ ျမင့္တက္လာခဲ့ၿပီး အဲ့ဒီ့ကိစၥေတြအားလုံး ျဖစ္ပ်က္ကတည္းက Yixing ဟာ ကိုရီးယားကို ျပန္မလာႏိုင္ခဲ့ေတာ့တာလည္း ျဖစ္ပါတယ္။

Photo: flickr

D.O. ရဲ႕ စစ္မႈထမ္းကာလကေတာ့ ဇူလိုင္လ(၁)ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး အေျခခံေလ့က်င့္မႈေတြကို ငါးပတ္ၾကာ ျပဳလုပ္ရမွာပါ။ သူ႔ရဲ႕ စစ္မႈထမ္းကာလကေတာ့ ၂၀၂၀ခုႏွစ္ ဇြန္လ (၂၅)ရက္ေန႔မွာ ၿပီးဆုံးမွာ ျဖစ္ပါတယ္။ D.O. ဟာ စစ္မႈထမ္းသြားတဲ့ ဒုတိယေျမာက္ အဖြဲ႕၀င္ပါ။ ပထမဆုံး စစ္မႈထမ္းသြားသူကေတာ့ Xiumin ျဖစ္ၿပီး ေမလ(၇)ရက္ေန႔က သြားခဲ့တာ ျဖစ္ပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံဟာ အသက္(၁၈)ႏွစ္ကေန (၂၈)ႏွစ္အတြင္းရိွတဲ့ အမ်ိဳးသားအားလုံး စစ္မႈထမ္းသြားရတဲ့ ဥပေဒကို ျပဌာန္းထားတာ ျဖစ္ၿပီး အျခားေသာ EXO အဖြဲ႕၀င္ေတြကေတာ့ စစ္မႈထမ္းဖို႔ က်န္ရိွေနပါေသးတယ္။

Xei

Source: hollywoodlife

(Unicode Version)

စစ်မှုထမ်းသွားရတော့မယ့် D.O. ကို တရုတ်ကနေ တကူးတကလာပြီး အားပေးခဲ့တဲ့ Yixing ကြောင့် ပရိသတ်တွေ အံ့သြဝမ်းသာပြီး မျက်ရည်ဝဲခဲ့ကြရပါတယ်။

EXO အဖွဲ့ဝင်တွေဟာ တစ်ဖွဲ့တည်းသားဆိုတာထက်ပိုတဲ့ ညီအစ်ကိုတွေပါ။ ဇူလိုင်လ (၁)ရက်နေ့မှာ စစ်မှုထမ်းသွားရမယ့် D.O. ခေါ် Doh Kyung-Soo ကို အဖွဲ့သားညီအစ်ကိုတွေက အားပေးခဲ့ကြသလိုပဲ အဖွဲ့နဲ့ အတန်ငယ် ဝေးကွာနေတဲ့ Yixing ကလည်း ကိုယ်တိုင်လာရောက်ပြီး အားပေးခဲ့ပါတယ်။ အဖွဲ့သားတွေဟာ စစ်မှုထမ်းသွားဖို့ ကတုံးဆံပင်ပေါက်ရိတ်ထားတဲ့ D.O. နဲ့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို “We are one EXO” လို့ caption တပ်ပြီး ဇွန်လ(၃၀)ရက်နေ့က EXO ရဲ့ IG မှာ တင်ပြီး D.O. အတွက် ဂရုစိုက်မှုကို ပြသလိုက်တာပါ။

https://www.instagram.com/p/BzXcwE4p7MJ/?utm_source=ig_embed

အဆိုပါဓာတ်ပုံဟာ ၂၀၁၆မှာ ထွက်သွားကတည်းက မတွေ့ရတာ သုံးနှစ်ကြာပြီဖြစ်တဲ့ Yixing ခေါ် Lay Zhang ကို အဖွဲ့နဲ့အတူ ပထမဆုံးပြန်တွေ့ရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေက ပျော်ရွှင်နေကြတာလည်း ဖြစ်ပါတယ်။ တရုတ်မှာ solo artist အဖြစ် ဖောျ်ဖြေနေတဲ့ Yixing ဟာ ဘဝရဲ့အချိုးအကွေ့ဖြစ်ပြီး သတ္တိရှိတဲ့လုပ်ရပ်ကို လုပ်တော့မယ့် D.O. ကို မတွေ့လိုက်ရမှာစိုးလို့ များပြားလှတဲ့ အချိန်ဇယားတွေကြားက တရုတ်ကနေ အပြေးလာတွေ့တာ ဖြစ်ပါတယ်။


D.O. စစ်မှုထမ်းမသွားခင် အမီတွေ့နိုင်ဖို့အတွက် တောင်ကိုရီးယားကို (၂၄)နာရီတည်း လာရောက်ခဲ့တဲ့ Yixing တစ်ယောက် အဲ့ဒီ့ကအပြန်လမ်းမှာ လေယာဉ်မီအောင် အပြေးသွားနေရတဲ့ လေဆိပ်က ဗွီဒီယိုတစ်ခုလည်း ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဖျော်ဖြေပွဲအတွက် ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေရပေမယ့် မိသားစုဝင်တစ်ယောက် စစ်မှုထမ်းသွားမယ့်အရေးကို လျစ်လျူရှုမထားဘဲ အပြေးလေး လာတွေ့ပေးတဲ့ Yixing ရဲ့လုပ်ရပ်ကို ပရိသတ်တွေက ဝိုင်းဝန်းချီးမွမ်းနေကြတာလည်း ဖြစ်ပါတယ်။ “Yixing ဟာ EXO ကို ဂရုမစိုက်ဘူးလို့ နောက်ကို မပြောကြပါနဲ့။ သူဟာ မိသားစုအတွက် အချိန်ပေးသူပါ”လို့ ပရိသတ်အချို့ကလည်း မှတ်ချက်တွေ ပေးနေကြတာပါ။

Photo: wikimedia commons

Yixing တစ်ယောက် အဖွဲ့ကနေ ဝေးကွာနေရတဲ့ဖြစ်စဉ်ကတော့ ရှုပ်ထွေးပါတယ်။ တရုတ်လူမျိုးဖြစ်တဲ့ Yixing ဟာ solo လှုပ်ရှားမှုအတွက် ၂၀၁၆ခုနှစ်မှာ တရုတ်ပြည်ကို ပြန်သွားခဲ့ပြီး အဲ့ဒီ့အချိန်မှာပဲ တိုက်ဆိုင်စွာနဲ့ တရုတ်နဲ့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေကလည်း မြင့်တက်လာခဲ့ပါတယ်။ ပြဿနာကတော့ မြောက်ကိုရီးယားရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် တောင်ကိုရီးယားက အမေရိကန်ရဲ့ အကူအညီနဲ့ ဒုံးကျည်ကာစနစ်ကို တည်ဆောက်မယ်လို့ ကြေညာလိုက်တဲ့အချိန်က စပါတယ်။ ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုကြောင့်ပဲ တရုတ်ကလည်း K-pop နဲ့ ကိုရီးယားဖျော်ဖြေရေးအားလုံးကို ပြည်တွင်းမှာ ပိတ်ပင်လိုက်ပါတယ်။ အဆိုပါ ပိတ်ပင်မှုဟာ ၂၀၁၈ခုနှစ်မှာ တရုတ်ပြည်ရဲ့ တစ်စိတ်တစ်ပိုင်းနေရာတွေမှာ မြင့်တက်လာခဲ့ပြီး အဲ့ဒီ့ကိစ္စတွေအားလုံး ဖြစ်ပျက်ကတည်းက Yixing ဟာ ကိုရီးယားကို ပြန်မလာနိုင်ခဲ့တော့တာလည်း ဖြစ်ပါတယ်။

Photo: flickr

D.O. ရဲ့ စစ်မှုထမ်းကာလကတော့ ဇူလိုင်လ(၁)ရက်နေ့မှာ စတင်မှာဖြစ်ပြီး အခြေခံလေ့ကျင့်မှုတွေကို ငါးပတ်ကြာ ပြုလုပ်ရမှာပါ။ သူ့ရဲ့ စစ်မှုထမ်းကာလကတော့ ၂၀၂၀ခုနှစ် ဇွန်လ (၂၅)ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ D.O. ဟာ စစ်မှုထမ်းသွားတဲ့ ဒုတိယမြောက် အဖွဲ့ဝင်ပါ။ ပထမဆုံး စစ်မှုထမ်းသွားသူကတော့ Xiumin ဖြစ်ပြီး မေလ(၇)ရက်နေ့က သွားခဲ့တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အသက်(၁၈)နှစ်ကနေ (၂၈)နှစ်အတွင်းရှိတဲ့ အမျိုးသားအားလုံး စစ်မှုထမ်းသွားရတဲ့ ဥပဒေကို ပြဌာန်းထားတာ ဖြစ်ပြီး အခြားသော EXO အဖွဲ့ဝင်တွေကတော့ စစ်မှုထမ်းဖို့ ကျန်ရှိနေပါသေးတယ်။

Xei

Source: hollywoodlife

 

RELATED ARTICLES

Most Popular