HomeCelebs Update NewsInternationalရုပ်ရှင်ထဲမှာ အတူတွဲသရုပ်ဆောင်ရင်း အပြင်မှာ တကယ်ချစ်ကြိုက်ခဲ့ကြသူများ

ရုပ်ရှင်ထဲမှာ အတူတွဲသရုပ်ဆောင်ရင်း အပြင်မှာ တကယ်ချစ်ကြိုက်ခဲ့ကြသူများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လူတိုင်းဟာ အပန်းဖြေကြတဲ့အနေနဲ့ အနည်းနဲ့အများတော့ ရုပ်ရှင်တွေ ကြည့်တတ်ကြပါတယ်။ ကိုယ်ကြည့်နေတဲ့ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ သရုပ်ဆောင်တာ ပီပြင်တာနဲ့အမျှ ကြည့်နေတဲ့သူကပါ သူတို့နဲ့လိုက်ပြီး ခံစားနေရတာကို ကြုံဖူးကြမယ် ထင်ပါတယ်။ သရုပ်ဆောင်တွေကတော့ အဲ့လိုမျိူး ပီပြင်အောင် သရုပ်ဆောင်နေရင်းနဲ့ သူတို့အချင်းချင်း ချစ်ကြိုက်သွားကြတာတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ ရုပ်ရှင်ထဲမှာ အတူတွဲသရုပ်‌ဆောင်ရင်းနဲ့ ချစ်ကြိုက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Jennifer Aniston နဲ့ Justin Theroux
photo via therichest

Jennifer Aniston ဟာ Brad Pitt နဲ့ ပြတ်သွားပြီးကတည်းက ပရိသတ်တွေဟာ သူမကို တစ်ခြားဘယ်သူနဲ့မှ တွဲသွားတွဲလာ သဘောနဲ့တောင် မတွေ့ခဲ့ရပါဘူး။ ဒါပေမယ့်လည်း ၂၀၁၂ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Wanderlust ဇာတ်ကားထဲမှာ Justin Theroux နဲ့အတူ သရုပ်ဆောင်ခဲ့ပြီးနောက် ချစ်ကြိုက်ခဲ့ကြပါတယ်။ နောက်တော့ သူတို့နှစ်ယောက် စေ့စပ်ခဲ့ကြပြီး ၂၀၁၅ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ သူတို့နှစ်ယောက်ဟာ အခုလို ချစ်ကြိုက်ခဲ့ကြပေမယ့်လည်း ၂၀၁၈ခုနှစ်မှာတော့ ကွာရှင်းခဲ့ကြပါတယ်။

Robert Pattinson နဲ့ Kristen Stewart
photo via therichest

ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ရင်းနဲ့ ချစ်ကြိုက်ခဲ့သူတွေဆိုရင် Robert Pattinson နဲ့ Kristen Stewart တို့နှစ်ယောက်ကိုတော့ မထည့်လို့ မဖြစ်ပါဘူး။ ပရိသတ်တွေဟာ သူတို့နှစ်ယောက်ရဲ့ Twilight ဇာတ်လမ်းထဲက ဆက်ဆံရေးကို အင်မတန် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့နှစ်‌ယောက်လုံးဟာ အပြင်မှာပါ တကယ်တွဲနေကြပြီဆိုတဲ့ သတင်းထွက်လာတဲ့အချိန်မှာတော့ ပရိသတ်တွေဟာ သိပ်ကိုဝမ်းသာခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ Kristen Stewart ဟာ Snow White and the Huntsman ဇာတ်လမ်းကို ရိုက်ကူးနေတဲ့အချိန်မှာ သူနဲ့ အဲ့ဒီဇာတ်လမ်းကို ရိုက်ကူးနေတဲ့ ဒါရိုက်တာတို့ရဲ့ ကိုယ်ရေးကိုယ်တာဆန်တဲ့ ဓာတ်ပုံတွေကို သတင်းထောက်တွေက ရသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ Kristen Stewart နဲ့ Robert Pattinson တို့ဟာ ပြတ်စဲသွားကြတဲ့အပြင် အဲ့ဒီဒါရိုက်တာဟာလည်း သူ့ရဲ့မိန်းမနဲ့ပါ လမ်းခွဲခဲ့ရပါတယ်။

Ben Affleck နဲ့ Jennifer Lopez
photo via therichest

Ben Affleck နဲ့ Jennifer Lopez တို့ဟာ Jersey Girl ဆိုတဲ့ ရိုမန့်စ်ဒရာမာဇာတ်လမ်းကို အတူတူ သရုပ်ဆောင်ခဲ့ပြီး  ချစ်သူတွေအဖြစ် နှစ်အတော်ကြာအောင် တွဲခဲ့ကြပါတယ်။ ဒါ့အပြင် Ben ဟာ Jennifer ကို လက်ထပ်ခွင့်တောင် တောင်းခဲ့ပြီး Jennifer ကလည်း လက်ထပ်ခွင့်ကို ဝမ်းမြောက်စွာ လက်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း စေ့စပ်ပွဲလုပ်ခါနီးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် အစီအစဉ်ပျက်သွားပြီး သူတို့နှစ်ယောက်လည်း ပြတ်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Ben ဟာ နောက်ထပ် Jennifer တစ်ယောက် ဖြစ်တဲ့ Jennifer Garner နဲ့ လက်ထပ်ခဲ့ပါတယ်။

Ryan Reynolds နဲ့ Blake Lively
photo via therichest

သူတို့နှစ်ယောက်ကတော့ Green Lantern ဇာတ်လမ်းကို သရုပ်ဆောင်ပြီးသွားတဲ့အချိန်မှာ တွဲခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်မှာ နှစ်ယောက်လုံးက လူလွတ်တွေ မဟုတ်ကြတာကြောင့် သူတို့နှစ်ယောက်တွဲဖို့အတွက် သူတို့ရဲ့ သက်ဆိုင်သူတွေနဲ့ ပြတ်စဲခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာ ကယ်ရိုလိုင်းနားတောင်ဘက်ပိုင်းမှာ တိတ်တဆိတ်ပဲ လက်ထပ်ခဲ့ကြပါတယ်။

Brad Pitt နဲ့ Angelina Jolie
photo via therichest

Brad Pitt နဲ့ Angelina Jolie တို့ဟာ နှစ်နဲ့ချီပြီးတော့ ကမ္ဘာပေါ်မှာ လူစိတ်ဝင်စားတဲ့ အတွဲတစ်တွဲ ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၀၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Mr. and Mrs. Smith ဇာတ်လမ်းကို ရိုက်ကူးပြီးတဲ့အချိန်မှာ စတင်ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်တုန်းက Brad Pitt ဟာ လူလွတ်တစ်ယောက် မဟုတ်ဘဲ Jennifer Aniston နဲ့ လက်ထပ်ထားခဲ့ပါတယ်။ ဒါကြောင့်ပဲ Brad Pitt ဟာ Jennifer Aniston နဲ့ ကွာရှင်းခဲ့ပြီး Jolie နဲ့ လက်ထပ်ခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ ၂၀၁၆ခုနှစ်ရောက်တဲ့အချိန်မှာ သူတို့နှစ်ယောက်ဟာ တရားဝင် ကွာရှင်းပြတ်စဲခဲ့ကြရပါတယ်။

Kit Harington နဲ့ Rose Leslie
photo via therichest

သူတို့နှစ်ယောက်လုံးကတော့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Game of Thrones ထဲက သရုပ်ဆောင်တွေ ဖြစ်ကြပါတယ်။ Kit နဲ့ Rose တို့နှစ်ယောက်ဟာ ဒုတိယ season ကို ရိုက်ကူးနေတဲ့အချိန်မှာတောင် အခုလိုမချစ်ကြိုက်ကြသေးပါဘူး။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီးတော့ ၂၀၁၈ခုနှစ်မှာတော့ စကော့တလန်နိုင်ငံမှာ လက်ထပ်ခဲ့ကြပါတယ်။

Natalie Portman နဲ့ Benjamin Millepied
photo via therichest

Black Swan ဇာတ်ကားဟာ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားထဲမှာလည်း တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ Natalie Portman ဟာ ဒီဇာတ်ကားထဲက သူမရဲ့သရုပ်ဆောင်မှုကြောင့် အော်စကာဆုတောင် ရရှိခဲ့ပါတယ်။ သူမဟာ ဒီဇာတ်ကားကို သရုပ်ဆောင်ပြီးနောက်မှာ ဒီဇာတ်ကားရဲ့ အကနည်းပြဆရာ Benjamin Millepied နဲ့ပါ ချစ်ကြိုက်ခဲ့ပြီး ချစ်သူတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ မြန်မြန်ပဲ စေ့စပ်ခဲ့ပြီးတော့ ၂၀၁၂ခုနှစ်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ ကလေးနှစ်ယောက် ထွန်းကားထားပြီး ပျော်ရွှင်စရာမိသားစုလေး ဖြစ်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လူတိုင္းဟာ အပန္းေျဖၾကတဲ့အေနနဲ႔ အနည္းနဲ႔အမ်ားေတာ့ ႐ုပ္ရွင္ေတြ ၾကည့္တတ္ၾကပါတယ္။ ကိုယ္ၾကည့္ေနတဲ့ ႐ုပ္ရွင္ထဲက သ႐ုပ္ေဆာင္ေတြ သ႐ုပ္ေဆာင္တာ ပီျပင္တာနဲ႔အမွ် ၾကည့္ေနတဲ့သူကပါ သူတို႔နဲ႔လိုက္ၿပီး ခံစားေနရတာကို ႀကဳံဖူးၾကမယ္ ထင္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ အဲ့လိုမ်ိဴး ပီျပင္ေအာင္ သ႐ုပ္ေဆာင္ေနရင္းနဲ႔ သူတို႔အခ်င္းခ်င္း ခ်စ္ႀကိဳက္သြားၾကတာေတြလည္း ရွိပါေသးတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ႐ုပ္ရွင္ထဲမွာ အတူတြဲသ႐ုပ္‌ေဆာင္ရင္းနဲ႔ ခ်စ္ႀကိဳက္ခဲ့ၾကတဲ့ သ႐ုပ္ေဆာင္ေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Jennifer Aniston နဲ႔ Justin Theroux
photo via therichest

Jennifer Aniston ဟာ Brad Pitt နဲ႔ ျပတ္သြားၿပီးကတည္းက ပရိသတ္ေတြဟာ သူမကို တစ္ျခားဘယ္သူနဲ႔မွ တြဲသြားတြဲလာ သေဘာနဲ႔ေတာင္ မေတြ႕ခဲ့ရပါဘူး။ ဒါေပမယ့္လည္း ၂၀၁၂ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Wanderlust ဇာတ္ကားထဲမွာ Justin Theroux နဲ႔အတူ သ႐ုပ္ေဆာင္ခဲ့ၿပီးေနာက္ ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ ေနာက္ေတာ့ သူတို႔ႏွစ္ေယာက္ ေစ့စပ္ခဲ့ၾကၿပီး ၂၀၁၅ခုႏွစ္မွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ဟာ အခုလို ခ်စ္ႀကိဳက္ခဲ့ၾကေပမယ့္လည္း ၂၀၁၈ခုႏွစ္မွာေတာ့ ကြာရွင္းခဲ့ၾကပါတယ္။

Robert Pattinson နဲ႔ Kristen Stewart
photo via therichest

႐ုပ္ရွင္ထဲမွာ သ႐ုပ္ေဆာင္ရင္းနဲ႔ ခ်စ္ႀကိဳက္ခဲ့သူေတြဆိုရင္ Robert Pattinson နဲ႔ Kristen Stewart တို႔ႏွစ္ေယာက္ကိုေတာ့ မထည့္လို႔ မျဖစ္ပါဘူး။ ပရိသတ္ေတြဟာ သူတို႔ႏွစ္ေယာက္ရဲ႕ Twilight ဇာတ္လမ္းထဲက ဆက္ဆံေရးကို အင္မတန္ ႀကိဳက္ႏွစ္သက္ခဲ့ၾကပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္‌ေယာက္လုံးဟာ အျပင္မွာပါ တကယ္တြဲေနၾကၿပီဆိုတဲ့ သတင္းထြက္လာတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြဟာ သိပ္ကိုဝမ္းသာခဲ့ၾကပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Kristen Stewart ဟာ Snow White and the Huntsman ဇာတ္လမ္းကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာ သူနဲ႔ အဲ့ဒီဇာတ္လမ္းကို ႐ိုက္ကူးေနတဲ့ ဒါ႐ိုက္တာတို႔ရဲ႕ ကိုယ္ေရးကိုယ္တာဆန္တဲ့ ဓာတ္ပုံေတြကို သတင္းေထာက္ေတြက ရသြားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Kristen Stewart နဲ႔ Robert Pattinson တို႔ဟာ ျပတ္စဲသြားၾကတဲ့အျပင္ အဲ့ဒီဒါ႐ိုက္တာဟာလည္း သူ႔ရဲ႕မိန္းမနဲ႔ပါ လမ္းခြဲခဲ့ရပါတယ္။

Ben Affleck နဲ႔ Jennifer Lopez
photo via therichest

Ben Affleck နဲ႔ Jennifer Lopez တို႔ဟာ Jersey Girl ဆိုတဲ့ ႐ိုမန႔္စ္ဒရာမာဇာတ္လမ္းကို အတူတူ သ႐ုပ္ေဆာင္ခဲ့ၿပီး  ခ်စ္သူေတြအျဖစ္ ႏွစ္အေတာ္ၾကာေအာင္ တြဲခဲ့ၾကပါတယ္။ ဒါ့အျပင္ Ben ဟာ Jennifer ကို လက္ထပ္ခြင့္ေတာင္ ေတာင္းခဲ့ၿပီး Jennifer ကလည္း လက္ထပ္ခြင့္ကို ဝမ္းေျမာက္စြာ လက္ခံခဲ့ပါတယ္။ ဒါေပမယ့္လည္း ေစ့စပ္ပြဲလုပ္ခါနီးမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အစီအစဥ္ပ်က္သြားၿပီး သူတို႔ႏွစ္ေယာက္လည္း ျပတ္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Ben ဟာ ေနာက္ထပ္ Jennifer တစ္ေယာက္ ျဖစ္တဲ့ Jennifer Garner နဲ႔ လက္ထပ္ခဲ့ပါတယ္။

Ryan Reynolds နဲ႔ Blake Lively
photo via therichest

သူတို႔ႏွစ္ေယာက္ကေတာ့ Green Lantern ဇာတ္လမ္းကို သ႐ုပ္ေဆာင္ၿပီးသြားတဲ့အခ်ိန္မွာ တြဲခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္မွာ ႏွစ္ေယာက္လုံးက လူလြတ္ေတြ မဟုတ္ၾကတာေၾကာင့္ သူတို႔ႏွစ္ေယာက္တြဲဖို႔အတြက္ သူတို႔ရဲ႕ သက္ဆိုင္သူေတြနဲ႔ ျပတ္စဲခဲ့ၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာ ကယ္႐ိုလိုင္းနားေတာင္ဘက္ပိုင္းမွာ တိတ္တဆိတ္ပဲ လက္ထပ္ခဲ့ၾကပါတယ္။

Brad Pitt နဲ႔ Angelina Jolie
photo via therichest

Brad Pitt နဲ႔ Angelina Jolie တို႔ဟာ ႏွစ္နဲ႔ခ်ီၿပီးေတာ့ ကမာၻေပၚမွာ လူစိတ္ဝင္စားတဲ့ အတြဲတစ္တြဲ ျဖစ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၀၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Mr. and Mrs. Smith ဇာတ္လမ္းကို ႐ိုက္ကူးၿပီးတဲ့အခ်ိန္မွာ စတင္ခ်စ္ႀကိဳက္ခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္တုန္းက Brad Pitt ဟာ လူလြတ္တစ္ေယာက္ မဟုတ္ဘဲ Jennifer Aniston နဲ႔ လက္ထပ္ထားခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Brad Pitt ဟာ Jennifer Aniston နဲ႔ ကြာရွင္းခဲ့ၿပီး Jolie နဲ႔ လက္ထပ္ခဲ့ပါတယ္။ စိတ္မေကာင္းစရာကေတာ့ ၂၀၁၆ခုႏွစ္ေရာက္တဲ့အခ်ိန္မွာ သူတို႔ႏွစ္ေယာက္ဟာ တရားဝင္ ကြာရွင္းျပတ္စဲခဲ့ၾကရပါတယ္။

Kit Harington နဲ႔ Rose Leslie
photo via therichest

သူတို႔ႏွစ္ေယာက္လုံးကေတာ့ နာမည္ႀကီး ဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ Game of Thrones ထဲက သ႐ုပ္ေဆာင္ေတြ ျဖစ္ၾကပါတယ္။ Kit နဲ႔ Rose တို႔ႏွစ္ေယာက္ဟာ ဒုတိယ season ကို ႐ိုက္ကူးေနတဲ့အခ်ိန္မွာေတာင္ အခုလိုမခ်စ္ႀကိဳက္ၾကေသးပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၇ခုႏွစ္မွာ ေစ့စပ္ခဲ့ၾကၿပီးေတာ့ ၂၀၁၈ခုႏွစ္မွာေတာ့ စေကာ့တလန္ႏိုင္ငံမွာ လက္ထပ္ခဲ့ၾကပါတယ္။

Natalie Portman နဲ႔ Benjamin Millepied
photo via therichest

Black Swan ဇာတ္ကားဟာ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားထဲမွာလည္း ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ Natalie Portman ဟာ ဒီဇာတ္ကားထဲက သူမရဲ႕သ႐ုပ္ေဆာင္မႈေၾကာင့္ ေအာ္စကာဆုေတာင္ ရရွိခဲ့ပါတယ္။ သူမဟာ ဒီဇာတ္ကားကို သ႐ုပ္ေဆာင္ၿပီးေနာက္မွာ ဒီဇာတ္ကားရဲ႕ အကနည္းျပဆရာ Benjamin Millepied နဲ႔ပါ ခ်စ္ႀကိဳက္ခဲ့ၿပီး ခ်စ္သူေတြ ျဖစ္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ ျမန္ျမန္ပဲ ေစ့စပ္ခဲ့ၿပီးေတာ့ ၂၀၁၂ခုႏွစ္မွာေတာ့ လက္ထပ္ခဲ့ၾကပါတယ္။ အခုခ်ိန္မွာေတာ့ ကေလးႏွစ္ေယာက္ ထြန္းကားထားၿပီး ေပ်ာ္႐ႊင္စရာမိသားစုေလး ျဖစ္ေနပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular