HomeCharacterCoco ဇာတ်ကားထဲက Hector နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

Coco ဇာတ်ကားထဲက Hector နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Coco ဟာ Pixar က ထုတ်လုပ်ထားတဲ့ animated ရုပ်ရှင်တစ်ခု ဖြစ်ပြီး အတော်လေးလည်း အောင်မြင်ခဲ့သလို အော်စကာ (၂)ဆုတောင် ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Miguel ဆိုတဲ့ ဂီတပညာရှင် ဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ဟာ ဂီတကို မုန်းတီးတဲ့ မိသားစုမှာ မွေးဖွားလာပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် ဝိဉာဉ်လောကကို ရောက်သွားပြီး သူ့ရဲ့အဘေးဖြစ်သူကို ရှာဖွေပါတော့တယ်။ အစတုန်းကတော့ သူဟာ Ernesto ကို သူ့ရဲ့အဘေးလို့ ထင်နေပေမယ့်လည်း နောက်ပိုင်းမှာတော့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ Hector ဟာ သူ့ရဲ့အဘေးမှန်း သိသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Hector နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

Hector ဟာ Imelda နဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
photo via screenrant

Imelda သေဆုံးသွားပြီး ဝိဉာဉ်တွေရဲ့ နယ်မြေကို ရောက်လာတဲ့အချိန်မှာတော့ Hector ဟာ အရာအားလုံးကို ရှင်းပြပြီး သူ့ရဲ့အမှားတွေကို ပြင်ဆင်ဖို့အတွက် အဆင်သင့်ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း Imelda ကတော့ Hector ရှင်းပြမှာတွေကို နားထောင်ပေးဖို့အတွက်တောင် စိတ်မဝင်စားခဲ့ပါဘူး။

ကံမကောင်းစွာနဲ့ပဲ Imelda ဟာ အလွန်မာနကြီးပြီးတော့ Hector ကို မုန်းတီးခဲ့တာကြောင့် Hector ရဲ့ပြောစကားတွေ တစ်ခုကိုမှ နားမထောင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ Miguel သာ မကယ်တင်ခဲ့ဘူးဆိုရင် Hector ဟာ သေချာပေါက် အမေ့ပျောက်ခံခဲ့ရမှာ ဖြစ်ပါတယ်။

Hector ဟာ သေဆုံးသွားခဲ့တာ နှစ်တစ်ရာနီးပါးလောက် ရှိနေပါပြီ။
photo via screenrant

Coco ဇာတ်လမ်းဟာ ကြည်နူးဖို့ကောင်းတဲ့ မိသားစုဇာတ်လမ်းလေး ဖြစ်ပေမယ့်လည်း Hector ရဲ့ ဇာတ်လမ်းကတော့ အတော်လေးကို ဝမ်းနည်းဖို့ကောင်းပါတယ်။ Hector သေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ဇနီး Imelda ၊ သမီးဖြစ်သူ Coco နဲ့အတူ မိသားစုဘဝကို စတင်ခါစပဲ ရှိသေးပါတယ်။ ဒါ့အပြင် သူဟာ ဂီတပညာရပ်မှာ ပါရမီပါလာတဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ အားလုံးသိကြတဲ့အတိုင်း သူ့ရဲ့ပါတနာဖြစ်သူ Ernesto အကောက်ကြံတာကို ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူ့ရဲ့အသက်ဟာ (၂၁)နှစ်ပဲ ရှိသေးပြီး ၁၉၂၁ခုနှစ်ဝန်းကျင်လောက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ၂၀၁၇ခုနှစ်မှာ Miguel နဲ့ တွေ့ဆုံတဲ့အချိန်မှာတော့ Hector ဟာ သေဆုံးသွားတာ နှစ်တစ်ရာနီးပါးလောက် ရှိနေပြီ ဖြစ်ပါတယ်။

Hector နဲ့ Imelda တို့ဟာ အသက်(၁၈)နှစ်လောက်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
photo via screenrant

Hector နဲ့ Imelda တို့ဟာ အသက်(၁၈)နှစ်အရွယ်လောက်မှာပဲ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Mama Coco ကို မွေးဖွားတဲ့အချိန်မှာတော့ Hector ဟာ ဂရုစိုက်တတ်တဲ့ ခင်ပွန်းတစ်ယောက်၊ ဖခင်တစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် သူ့ရဲ့မိသားစုကို ထားခဲ့ပါတယ်။ Hector ဟာ သူ့ရဲ့အိပ်မက်နောက်ကို လိုက်နေရင်း တစ်နှစ်လောက် ကြာသွားတဲ့အချိန်မှာတော့ အိမ်ကို ပြန်လာချင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာပဲ Ernesto ကြောင့် အိမ်ပြန်လမ်းမှာပဲ သေဆုံးသွားခဲ့ရပါတယ်။

သူ့ရဲ့မိသားစုတစ်ခုလုံးဟာ Hector ကို အသိအမှတ်မပြုကြပါဘူး။
photo via screenrant

Imelda ဘက်က မိသားစုတစ်ခုလုံးဟာ Hector ကို လုံးဝအသိအမှတ် မပြုခဲ့ကြပါဘူး။ အဲ့ဒါကြောင့်ပဲ သူတို့ဟာ မျိူးဆက်တိုင်းမှာ ဂီတကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါတင်မကသေးဘဲ ဝိဉာဉ်လောကမှာ ရောက်နေတဲ့ Imelda ရဲ့ မိသားစုတွေကလည်း Hector ကို လုံးဝအသိအမှတ် မပြုခဲ့ပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ Hector ရဲ့ မိသားစုတွေအကြောင်းကို မဖော်ပြခဲ့သလို သူ့ရဲ့မိသားစုဓာတ်ပုံထဲမှာလည်း သူ မပါဝင်တာကြောင့် တစ်ခြားမိသားစုတွေ ရှိနေရင်တောင် သူ့ကို မှတ်မိမှာ မဟုတ်ပါဘူး။

Ernesto နဲ့ Hector တို့ဟာ ငယ်သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။
photo via screenrant

ဒီဇာတ်လမ်းထဲမှာတော့ Ernesto နဲ့ Hector တို့ဟာ ဂီတပညာနဲ့ ပတ်သက်ပြီး အောင်မြင်လာဖို့ ကြိုးစားနေကြတဲ့ ပါတနာနှစ်ယောက်ပုံစံမျိူး ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့တွေဟာ အသက်ကြီးမှ တွေ့ကြတာ မဟုတ်ဘဲ ငယ်ငယ်ကတည်းက ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတေွ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း Hector ဟာ Ernesto ကို ယုံကြည်ခဲ့ပြီး အခုလိုမျိူး သစ္စာဖောက်ခံရမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့တာ ဖြစ်ပါတယ်။

Hector ဟာ Ernesto က သူ့ရဲ့သီချင်းတွေခိုးပြီး နာမည်ကောင်းဝင်ယူခဲ့တာကို မသိပါဘူး။
photo via screenrant

ကြည့်ရှုသူတွေ အားလုံးကို အံ့ဩသွားစေတဲ့ လှည့်ကွက်ဖြစ်တဲ့ ဇာတ်ဝင်ခန်းတစ်ခုကတော့ Ernesto က Hector ကို သတ်ပစ်ခဲ့တဲ့အခန်းပဲ ဖြစ်ပါတယ်။ Hector ဟာ ဂီတလောက,ကနေ နှုတ်ထွက်ပြီး အိမ်ပြန်တော့မယ်လို့ ပြောတဲ့အချိန်မှာ Ernesto က သူ့ရဲ့သီချင်းတွေကို ခိုးယူဖို့အတွက် သတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

Hector ဟာ Ernesto က သူ့ရဲ့သီချင်းတွေကို ယူသုံးလိမ့်မယ်ဆိုတာကိုတော့ သိပေမယ့်လည်း အခုလိုမျိူး လုံးဝကို ခိုးယူပြီး နာမည်ကောင်းဝင်ယူခဲ့တယ် ဆိုတာကိုတော့ မသိပါဘူး။ Ernesto ကလည်း တကယ့်ဂီတပညာရှင် မဟုတ်ဘဲ တစ်ခြားလူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ခိုးယူဖို့အတွက် လူသတ်ခဲ့တဲ့ လူသတ်သမားတစ်ယောက် ဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ ပရိသတ်တွေအားလုံးအတွက် လှည့်ကွက်အကြီးကြီး ဖြစ်သွားခဲ့ပါတယ်။

သူ့ကို မှတ်မိသွားတဲ့အချိန်မှာတော့ Hector ရဲ့ပုံစံဟာ ပြောင်းလဲသွားပါတယ်။
photo via screenrant

ဒီဇာတ်လမ်းတစ်လျှောက်မှာတော့ Hector ကို မှုန်ကုပ်ကုပ်ပုံစံမျိူးနဲ့ပဲ တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ လူတွေမှတ်မိနေသေးတဲ့ တစ်ခြားဝိဉာဉ်တွေကတော့ တောက်တောက်ပြောင်ပြောင်ပုံစံတွေ ဖြစ်နေတာကို မြင်ရပါတယ်။ Hector ကို မှတ်မိနေသေးတဲ့ တစ်ယောက်တည်းသောသူဟာ Coco ဖြစ်ပေမယ့်လည်း Coco ဟာလည်း အသက်ကြီးပြီ ဖြစ်တာကြောင့် တဖြည်းဖြည်း မေ့လျော့လာပြီ ဖြစ်ပါတယ်။ Hector ရဲ့ ဓာတ်ပုံကလည်း မရှိတာကြောင့် တစ်ခြားဘယ်သူကမှ သူ့ကို မမှတ်မိကြပါဘူး။

အဲ့ဒါကြောင့်ပဲ သူရဲ့ပုံစံဟာ မှုန်ကုပ်ကုပ် ဖြစ်နေတာပါ။ ဒါပေမယ့်လည်း Miguel ဟာ Coco ကို Hector ရဲ့ သီချင်းဆိုပြခဲ့ပြီး Hector ရဲ့ ဓာတ်ပုံကိုလည်း သူတို့ရဲ့မိသားစုဓာတ်ပုံတွေထဲကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ အသက်ရှင်နေသေးတဲ့ မိသားစုတွေအားလုံးဟာ Hector ကို ပြန်မှတ်မိသွားကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Hector ရဲ့ ပုံစံဟာ အရင်လို မဟုတ်တော့ဘဲ တစ်ခြားသူတွေလို တောက်တောက်ပြောင်ပြောင် ဖြစ်သွားပါတယ်။

Hector အသက်ရှင်နေတုန်းက ရွှေသွား မရှိပါဘူး။
photo via screenrant

Hector ကိုတော့ များသောအားဖြင့် ဝိဉာဉ်တွေရဲ့ နယ်မြေမှာပဲ ဝိဉာဉ်အနေနဲ့ မြင်ခဲ့ရပြီး အတိတ်ကိုပြန်ပြတဲ့ အချိန်ကျမှသာ လူပုံစံကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ လူအများစု သတိမထားမိလိုက်တဲ့ အချက်ကတော့ Hector ဟာ အသက်ရှင်နေတုန်းက ရွှေသွားမရှိဘဲ သေဆုံးသွားမှသာ ရွှေသွား ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ဝိဉာဉ်လောကကို ရောက်တဲ့အချိန်ကျမှ Hector ဟာ တစ်ခုခု ဖြစ်သွားခဲ့တယ်လို့ ယူဆလို့ရပါတယ်။

ဒါကတော့ Coco ဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Hector နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်တချို့ပဲ ဖြစ်ပါတယ်။ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်နိုင်အောင် ရှဲပေးသွားလိုက်ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Coco ဟာ Pixar က ထုတ္လုပ္ထားတဲ့ animated ႐ုပ္ရွင္တစ္ခု ျဖစ္ၿပီး အေတာ္ေလးလည္း ေအာင္ျမင္ခဲ့သလို ေအာ္စကာ (၂)ဆုေတာင္ ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Miguel ဆိုတဲ့ ဂီတပညာရွင္ ျဖစ္ခ်င္တဲ့ ေကာင္ေလးတစ္ေယာက္ဟာ ဂီတကို မုန္းတီးတဲ့ မိသားစုမွာ ေမြးဖြားလာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ မေတာ္တဆ ျဖစ္ရပ္တစ္ခုေၾကာင့္ ဝိဉာဥ္ေလာကကို ေရာက္သြားၿပီး သူ႔ရဲ႕အေဘးျဖစ္သူကို ရွာေဖြပါေတာ့တယ္။ အစတုန္းကေတာ့ သူဟာ Ernesto ကို သူ႔ရဲ႕အေဘးလို႔ ထင္ေနေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ဇာတ္လမ္းလွည့္ကြက္ေတြနဲ႔ Hector ဟာ သူ႔ရဲ႕အေဘးမွန္း သိသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Hector နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာအေၾကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Hector ဟာ Imelda နဲ႔ ျပန္လည္ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။
photo via screenrant

Imelda ေသဆုံးသြားၿပီး ဝိဉာဥ္ေတြရဲ႕ နယ္ေျမကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ Hector ဟာ အရာအားလုံးကို ရွင္းျပၿပီး သူ႔ရဲ႕အမွားေတြကို ျပင္ဆင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါတယ္။ ဒါေပမယ့္လည္း Imelda ကေတာ့ Hector ရွင္းျပမွာေတြကို နားေထာင္ေပးဖို႔အတြက္ေတာင္ စိတ္မဝင္စားခဲ့ပါဘူး။

ကံမေကာင္းစြာနဲ႔ပဲ Imelda ဟာ အလြန္မာနႀကီးၿပီးေတာ့ Hector ကို မုန္းတီးခဲ့တာေၾကာင့္ Hector ရဲ႕ေျပာစကားေတြ တစ္ခုကိုမွ နားမေထာင္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ပဲ Miguel သာ မကယ္တင္ခဲ့ဘူးဆိုရင္ Hector ဟာ ေသခ်ာေပါက္ အေမ့ေပ်ာက္ခံခဲ့ရမွာ ျဖစ္ပါတယ္။

Hector ဟာ ေသဆုံးသြားခဲ့တာ ႏွစ္တစ္ရာနီးပါးေလာက္ ရွိေနပါၿပီ။
photo via screenrant

Coco ဇာတ္လမ္းဟာ ၾကည္ႏူးဖို႔ေကာင္းတဲ့ မိသားစုဇာတ္လမ္းေလး ျဖစ္ေပမယ့္လည္း Hector ရဲ႕ ဇာတ္လမ္းကေတာ့ အေတာ္ေလးကို ဝမ္းနည္းဖို႔ေကာင္းပါတယ္။ Hector ေသဆုံးသြားတဲ့အခ်ိန္မွာ သူ႔ရဲ႕ဇနီး Imelda ၊ သမီးျဖစ္သူ Coco နဲ႔အတူ မိသားစုဘဝကို စတင္ခါစပဲ ရွိေသးပါတယ္။ ဒါ့အျပင္ သူဟာ ဂီတပညာရပ္မွာ ပါရမီပါလာတဲ့ လူငယ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။

အဲ့ဒီေနာက္မွာေတာ့ အားလုံးသိၾကတဲ့အတိုင္း သူ႔ရဲ႕ပါတနာျဖစ္သူ Ernesto အေကာက္ႀကံတာကို ခံခဲ့ရၿပီး အသက္ဆုံးရႈံးခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူ႔ရဲ႕အသက္ဟာ (၂၁)ႏွစ္ပဲ ရွိေသးၿပီး ၁၉၂၁ခုႏွစ္ဝန္းက်င္ေလာက္မွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ၂၀၁၇ခုႏွစ္မွာ Miguel နဲ႔ ေတြ႕ဆုံတဲ့အခ်ိန္မွာေတာ့ Hector ဟာ ေသဆုံးသြားတာ ႏွစ္တစ္ရာနီးပါးေလာက္ ရွိေနၿပီ ျဖစ္ပါတယ္။

Hector နဲ႔ Imelda တို႔ဟာ အသက္(၁၈)ႏွစ္ေလာက္မွာ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။
photo via screenrant

Hector နဲ႔ Imelda တို႔ဟာ အသက္(၁၈)ႏွစ္အ႐ြယ္ေလာက္မွာပဲ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ Mama Coco ကို ေမြးဖြားတဲ့အခ်ိန္မွာေတာ့ Hector ဟာ ဂ႐ုစိုက္တတ္တဲ့ ခင္ပြန္းတစ္ေယာက္၊ ဖခင္တစ္ေယာက္ ျဖစ္ခဲ့ေပမယ့္လည္း သူ႔ရဲ႕အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ဖို႔အတြက္ သူ႔ရဲ႕မိသားစုကို ထားခဲ့ပါတယ္။ Hector ဟာ သူ႔ရဲ႕အိပ္မက္ေနာက္ကို လိုက္ေနရင္း တစ္ႏွစ္ေလာက္ ၾကာသြားတဲ့အခ်ိန္မွာေတာ့ အိမ္ကို ျပန္လာခ်င္ခဲ့ပါတယ္။ ဒါေပမယ့္လည္း စိတ္မေကာင္းစရာပဲ Ernesto ေၾကာင့္ အိမ္ျပန္လမ္းမွာပဲ ေသဆုံးသြားခဲ့ရပါတယ္။

သူ႔ရဲ႕မိသားစုတစ္ခုလုံးဟာ Hector ကို အသိအမွတ္မျပဳၾကပါဘူး။
photo via screenrant

Imelda ဘက္က မိသားစုတစ္ခုလုံးဟာ Hector ကို လုံးဝအသိအမွတ္ မျပဳခဲ့ၾကပါဘူး။ အဲ့ဒါေၾကာင့္ပဲ သူတို႔ဟာ မ်ိဴးဆက္တိုင္းမွာ ဂီတကို ပိတ္ပင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါတင္မကေသးဘဲ ဝိဉာဥ္ေလာကမွာ ေရာက္ေနတဲ့ Imelda ရဲ႕ မိသားစုေတြကလည္း Hector ကို လုံးဝအသိအမွတ္ မျပဳခဲ့ပါဘူး။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Hector ရဲ႕ မိသားစုေတြအေၾကာင္းကို မေဖာ္ျပခဲ့သလို သူ႔ရဲ႕မိသားစုဓာတ္ပုံထဲမွာလည္း သူ မပါဝင္တာေၾကာင့္ တစ္ျခားမိသားစုေတြ ရွိေနရင္ေတာင္ သူ႔ကို မွတ္မိမွာ မဟုတ္ပါဘူး။

Ernesto နဲ႔ Hector တို႔ဟာ ငယ္သူငယ္ခ်င္းေတြ ျဖစ္ၾကပါတယ္။
photo via screenrant

ဒီဇာတ္လမ္းထဲမွာေတာ့ Ernesto နဲ႔ Hector တို႔ဟာ ဂီတပညာနဲ႔ ပတ္သက္ၿပီး ေအာင္ျမင္လာဖို႔ ႀကိဳးစားေနၾကတဲ့ ပါတနာႏွစ္ေယာက္ပုံစံမ်ိဴး ျပသခဲ့ပါတယ္။ ဒါေပမယ့္လည္း သူတို႔ေတြဟာ အသက္ႀကီးမွ ေတြ႕ၾကတာ မဟုတ္ဘဲ ငယ္ငယ္ကတည္းက ခင္မင္ခဲ့ၾကတဲ့ သူငယ္ခ်င္းေတြ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း Hector ဟာ Ernesto ကို ယုံၾကည္ခဲ့ၿပီး အခုလိုမ်ိဴး သစၥာေဖာက္ခံရမယ္လို႔ ဘယ္တုန္းကမွ မထင္ခဲ့တာ ျဖစ္ပါတယ္။

Hector ဟာ Ernesto က သူ႔ရဲ႕သီခ်င္းေတြခိုးၿပီး နာမည္ေကာင္းဝင္ယူခဲ့တာကို မသိပါဘူး။
photo via screenrant

ၾကည့္ရႈသူေတြ အားလုံးကို အံ့ဩသြားေစတဲ့ လွည့္ကြက္ျဖစ္တဲ့ ဇာတ္ဝင္ခန္းတစ္ခုကေတာ့ Ernesto က Hector ကို သတ္ပစ္ခဲ့တဲ့အခန္းပဲ ျဖစ္ပါတယ္။ Hector ဟာ ဂီတေလာက,ကေန ႏႈတ္ထြက္ၿပီး အိမ္ျပန္ေတာ့မယ္လို႔ ေျပာတဲ့အခ်ိန္မွာ Ernesto က သူ႔ရဲ႕သီခ်င္းေတြကို ခိုးယူဖို႔အတြက္ သတ္ပစ္ခဲ့တာ ျဖစ္ပါတယ္။

Hector ဟာ Ernesto က သူ႔ရဲ႕သီခ်င္းေတြကို ယူသုံးလိမ့္မယ္ဆိုတာကိုေတာ့ သိေပမယ့္လည္း အခုလိုမ်ိဴး လုံးဝကို ခိုးယူၿပီး နာမည္ေကာင္းဝင္ယူခဲ့တယ္ ဆိုတာကိုေတာ့ မသိပါဘူး။ Ernesto ကလည္း တကယ့္ဂီတပညာရွင္ မဟုတ္ဘဲ တစ္ျခားလူတစ္ေယာက္ရဲ႕ ႀကိဳးစားအားထုတ္မႈေတြကို ခိုးယူဖို႔အတြက္ လူသတ္ခဲ့တဲ့ လူသတ္သမားတစ္ေယာက္ ဆိုတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ ပရိသတ္ေတြအားလုံးအတြက္ လွည့္ကြက္အႀကီးႀကီး ျဖစ္သြားခဲ့ပါတယ္။

သူ႔ကို မွတ္မိသြားတဲ့အခ်ိန္မွာေတာ့ Hector ရဲ႕ ပုံစံဟာ ေျပာင္းလဲသြားပါတယ္။
photo via screenrant

ဒီဇာတ္လမ္းတစ္ေလွ်ာက္မွာေတာ့ Hector ကို မႈန္ကုပ္ကုပ္ပုံစံမ်ိဴးနဲ႔ပဲ ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာ လူေတြမွတ္မိေနေသးတဲ့ တစ္ျခားဝိဉာဥ္ေတြကေတာ့ ေတာက္ေတာက္ေျပာင္ေျပာင္ပုံစံေတြ ျဖစ္ေနတာကို ျမင္ရပါတယ္။ Hector ကို မွတ္မိေနေသးတဲ့ တစ္ေယာက္တည္းေသာသူဟာ Coco ျဖစ္ေပမယ့္လည္း Coco ဟာလည္း အသက္ႀကီးၿပီ ျဖစ္တာေၾကာင့္ တျဖည္းျဖည္း ေမ့ေလ်ာ့လာၿပီ ျဖစ္ပါတယ္။ Hector ရဲ႕ ဓာတ္ပုံကလည္း မရွိတာေၾကာင့္ တစ္ျခားဘယ္သူကမွ သူ႔ကို မမွတ္မိၾကပါဘူး။

အဲ့ဒါေၾကာင့္ပဲ သူရဲ႕ပုံစံဟာ မႈန္ကုပ္ကုပ္ ျဖစ္ေနတာပါ။ ဒါေပမယ့္လည္း Miguel ဟာ Coco ကို Hector ရဲ႕ သီခ်င္းဆိုျပခဲ့ၿပီး Hector ရဲ႕ ဓာတ္ပုံကိုလည္း သူတို႔ရဲ႕မိသားစုဓာတ္ပုံေတြထဲကို ထည့္သြင္းခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အသက္ရွင္ေနေသးတဲ့ မိသားစုေတြအားလုံးဟာ Hector ကို ျပန္မွတ္မိသြားၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Hector ရဲ႕ ပုံစံဟာ အရင္လို မဟုတ္ေတာ့ဘဲ တစ္ျခားသူေတြလို ေတာက္ေတာက္ေျပာင္ေျပာင္ ျဖစ္သြားပါတယ္။

Hector ဟာ အသက္ရွင္ေနတုန္းက ေ႐ႊသြား မရွိပါဘူး။
photo via screenrant

Hector ကိုေတာ့ မ်ားေသာအားျဖင့္ ဝိဉာဥ္ေတြရဲ႕ နယ္ေျမမွာပဲ ဝိဉာဥ္အေနနဲ႔ ျမင္ခဲ့ရၿပီး အတိတ္ကိုျပန္ျပတဲ့ အခ်ိန္က်မွသာ လူပုံစံကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ လူအမ်ားစု သတိမထားမိလိုက္တဲ့ အခ်က္ကေတာ့ Hector ဟာ အသက္ရွင္ေနတုန္းက ေ႐ႊသြားမရွိဘဲ ေသဆုံးသြားမွသာ ေ႐ႊသြား ရွိေနတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဝိဉာဥ္ေလာကကို ေရာက္တဲ့အခ်ိန္က်မွ Hector ဟာ တစ္ခုခု ျဖစ္သြားခဲ့တယ္လို႔ ယူဆလို႔ရပါတယ္။

ဒါကေတာ့ Coco ဇာတ္ကားထဲက ဇာတ္ေကာင္တစ္ေယာက္ျဖစ္တဲ့ Hector နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာ အခ်က္တခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ႏိုင္ေအာင္ ရွဲေပးသြားလိုက္ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular