HomeCharacterLois Lane မှာ စူပါပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းများ

Lois Lane မှာ စူပါပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC ကောမစ်ထဲမှာတော့ အမှတ်ရစရာ စူပါဟီးရိုးများစွာ ရှိကြပါတယ်။ အဲ့ဒီထဲမှာမှ Superman ကတော့ စွမ်းအားအကြီးဆုံးနဲ့ လူကြိုက်အများဆုံး ဇာတ်ကောင်တစ်ယောက် ဖြစ်ပါတယ်။ Superman ဟာ ကမ္ဘာကြီးကို အချိန်ပြည့် ကာကွယ်ပေးနေပြီး Lois Lane ကတော့ သူ့အတွက် အရေးကြီးဆုံး လူတစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ Lois ကို အမြဲတမ်း ကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တချို့ဇာတ်လမ်းတွေမှာတော့ Superman က ကာကွယ်ပေးစရာမလိုဘဲ Lois Lane ကိုယ်တိုင်က စွမ်းအားတွေ ရရှိထားတာမျိုး ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ Lois Lane မှာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားတဲ့ ကောမစ်ဇာတ်လမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(10) ကမ္ဘာပြင်ပက အပင်တစ်မျိူးကြောင့် စွမ်းအားတွေ ရရှိသွားခြင်း
photo via cbr

The Superman Family ကောမစ်စီးရီးထဲမှာတော့ Superman တင် မဟုတ်ဘဲ တစ်ခြားအရံဇာတ်ကောင်တွေကိုလည်း ပိုပြီးတော့ လုပ်ကွက်ပေးခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းထဲက တစ်နေရာမှာတော့ Lois Lane ဟာ Superman ကိုတောင် ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားတွေနဲ့ စွမ်းအားတွေကို ခဏတာ ရရှိသွားခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ Earth-2 မှာ ဖြစ်ပျက်ခဲ့ပြီး Superman ဟာ အိမ်ကို ကမ္ဘာပြင်ပက အပင်တစ်ပင်ကို ယူဆောင်လာခဲ့ပါတယ်။ အဲ့ဒီအပင်ရှိနေတဲ့ အချိန်မှာတော့ Lois ဟာ စွမ်းအားတွေ ရရှိခဲ့ပြီး အဲ့ဒီအပင် သေဆုံးသွားတဲ့ နောက်မှာတော့ သူမရဲ့ စွမ်းအားတွေဟာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။

(9) သမာဓိ နတ်ဘုရားမတစ်ယောက် ဖြစ်လာခြင်း
photo via cbr

Superman: Man of Steel ရဲ့ The Pantheon ဇာတ်လမ်းထဲမှာတော့ Lois ဟာ နတ်ဘုရားမတစ်ယောက် ဖြစ်ခဲ့ပါတယ်။ Lois ဟာ သမာဓိ နတ်ဘုရားမအသစ် ဖြစ်လာပြီး နတ်ဘုရားတစ်ယောက်ရဲ့ ခွန်အားနဲ့ စွမ်းအားတွေကို ရရှိခဲ့ပါတယ်။ သူမဟာ လေပေါ်ပျံတာနဲ့ တယ်လီပို့ လုပ်နိုင်ရုံတင်မကဘဲ ရာသီဥတုကို ထိန်းချုပ်နိုင်တဲ့အပြင် သူမရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ တစ်ခြားအရာတွေကိုလည်း ထိန်းချုပ်နိုင်ပါသေးတယ်။ ဒါပေမယ့်လည်း သူမ နတ်ဘုရားမ ဖြစ်ခဲ့တဲ့အချိန်ကတော့ ခဏတာပဲ ဖြစ်ပါတယ်။

(8) Hocus နဲ့ Pocus ဟာ သူမကို Superwoman ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။
photo via cbr

Superman ဟာ ဗီလိန်တွေများစွာနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အထူးသဖြင့် သူ့ရဲ့အစောပိုင်းအချိန်မှာတော့ လူအများစု မသိကြတဲ့ ဗီလိန်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ Hocus နဲ့ Pocus ကလည်း အလားတူ ဗီလိန်တွေ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Mr. Mxyptlk က သူတို့နေရာမှာ အစားထိုးသွားပါတယ်။ Superman #45 ထဲမှာတော့ Hocus နဲ့ Pocus ဟာ Superman ကို ရင်ဆိုင်ဖို့အတွက် Lois ကို စွမ်းအားတွေ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ထုံးစံအတိုင်း သူတို့နှစ်ယောက် စီစဉ်ထားသလို ဖြစ်မလာဘဲ Superman ဟာ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့ခဲ့ပါတယ်။

(7) Elastic Girl ဖြစ်လာခြင်း
photo via cbr

Superman’s Girlfriend, Lois Lane #23 ထဲမှာတော့ Lois ဟာ Wrecker လို့ခေါ်တဲ့ ဗုံးခွဲသမားတစ်ယောက်ကို ဖမ်းဆီးဖို့အတွက် စိတ်အားထက်သန်နေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Lois ဟာ Jimmy ရဲ့ Elastic Lad Serum ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Lois ဟာ Elastic Girl ဖြစ်လာပြီး Wrecker ကိုလည်း အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Lois ဟာ အဲ့ဒီစွမ်းအားကိုတော့ အချိန်ခဏတာပဲ ရရှိခဲ့ပါတယ်။

(6) Lois ကို တစ်ရက်တာ စွမ်းအားတွေ ရရှိစေဖို့ Superman က Exo-Gene တွေ ဖန်တီးခဲ့ခြင်း
photo via cbr

All-Star Superman ထဲက တစ်ချို့ဇာတ်လမ်းတွေမှာတော့ Clark နဲ့ Lois တို့ရဲ့ အချစ်ဇာတ်လမ်းတွေကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီထဲက ဇာတ်လမ်းတစ်ခုမှာတော့ Superman ဟာ Lois ကို မွေးနေ့လက်ဆောင် ပေးဖို့အတွက် Exo-Gene တွေ ဖန်တီးခဲ့ပါတယ်။ အဲ့ဒီ Exo-Gene တွေဟာ Superman ရဲ့ DNA တွေနဲ့ ဖန်တီးထားပြီး Lois ကို သူ့ရဲ့စွမ်းအားတွေ တစ်ရက်တာ ရရှိသွားစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့နှစ်ယောက်အတွက် လုံးဝအံ့ဩဖို့ကောင်းတဲ့ date တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက်ဟာ လပေါ်မှာလည်း အနမ်းခြွေခဲ့ကြပါသေးတယ်။

(5) Green Lantern ဖြစ်လာတဲ့ Lois
photo via cbr

DC ကောမစ်တွေထဲမှာတော့ ဇာတ်ကောင်များစွာဟာ Green Lantern ဖြစ်ခဲ့ကြဖူးပါတယ်။ Tangent Comics: Tales of the Green Lantern #1 ထဲမှာတော့ Lois Lane ကလည်း Green Lantern ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းကတော့ Earth-9 မှာ ဖြစ်ပျက်ခဲ့ပြီး Lois ဟာ Florida မှာ အဏ္ဏဝါဗေဒဆိုင်ရာ သုတေသနတစ်ခု ပြုလုပ်ဖို့အတွက် Booster Gold က ငှားရမ်းခဲ့တဲ့ ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အကြောင်းတစ်ခုကြောင့် Booster Gold ဟာ သူမကို သတ်ပစ်ခဲ့ပေမယ့်လည်း Sea Devils လို့ခေါ်တဲ့ သန္ဓေပြောင်း သတ္တဝါမျိူးစိတ်တစ်ခုက သူမကို ကယ်တင်ခဲ့ပါတယ်။ ဒါ့အပြင် Sea Devils ကြောင့်ပဲ Lois ဟာ Green Lantern ဖြစ်လာခဲ့ပါတယ်။

(4) Lex Luthor ရဲ့ တီထွင်မှု
photo via cbr

Lex Luthor ဟာ ဗီလိန်တစ်ယောက် ဖြစ်ပေမယ့်လည်း တချို့အခြေအနေတွေမှာတော့ Superman တို့ကို ကူညီခဲ့တဲ့အချိန်တွေလည်း ရှိပါသေးတယ်။ Action Comics #156 ရဲ့ The Girl of Steel ဆိုတဲ့ ဇာတ်လမ်းထဲမှာတော့ Lex Luthor ရဲ့ တီထွင်မှုတွေကြောင့် Lois ဟာ Superwoman ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Lois ဟာ Clark နဲ့ အတူတူ ရာဇဝတ်မှုတွေကို တိုက်ဖျက်ပါတော့တယ်။

(3) Red Tornado ဖြစ်လာတဲ့ Lois
photo via cbr

၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Earth 2 ကောမစ်စီးရီးထဲမှာတော့ Apokolips နဲ့ Darkseid ဟာ ကမ္ဘာပေါ်မှာရှိတဲ့ စူပါဟီးရိုးတွေနဲ့ သာမန်လူတွေ အများစုကို သတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ Superman နဲ့ Lois လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Lois ရဲ့ အသိစိတ်ကို Red Tornado ရဲ့ စက်ရုပ်ခန္ဓာကိုယ်ထဲကို ထည့်သွင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမဟာ Red Tornado ဖြစ်လာပြီး လေကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားလည်း ရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ Lois ဟာ အရေးကြီးတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

(2) Superman ရဲ့ သေဆုံးမှုကြောင့် စွမ်းအားတွေ ရရှိလာတဲ့ Lois
photo via cbr

DC Rebirth ကောမစ်ထဲမှာတော့ Superman ဟာ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ နေစွမ်းအင်တွေ ပေါက်ကွဲသွားပြီး Lois Lane နဲ့ Lana Lang တို့ဟာ စွမ်းအားတွေ ရရှိသွားပါတယ်။ Lois ကတော့ Superman ရဲ့ ပုံမှန်စွမ်းအားတွေကို ရရှိခဲ့ပြီး Superwoman အသစ် ဖြစ်လာပါတယ်။ Lana ကတော့ solar energy ကို စုပ်ယူတာနဲ့ ထုတ်လွှတ်တာကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေ ဖြစ်လာခဲ့ပြီး Lois ကတော့ Superwoman အနေနဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Lois ဟာလည်း solar energy တွေ အလွန်များပြားလာပြီး ပေါက်ကွဲသွားပါတယ်။

(1) စိတ်စွမ်းအားတွေ ရရှိလာတဲ့ Lois
photo via cbr

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Superman Annual #2 ထဲက The Last Byline ဇာတ်လမ်းထဲမှာတော့ Lois Lane ဟာ စိတ်စွမ်းအားတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒါကတော့ လွှတ်တော်အမတ် Hume ဆီကနေ စိတ်စွမ်းအားတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက် အဲ့ဒီ့စွမ်းအားတွေဟာ ရလာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်ခဲ့ပေမယ့် သူမ ရရှိထားတဲ့ စိတ်စွမ်းအားတွေကတော့ သာမန် တယ်လီပသီ ပြုလုပ်နိုင်တာမျိုးထက် ကျော်လွန်ပြီး ဝိဉာဉ်လွှင့်နိုင်တာမျိုးတွေအထိပါ ပါဝင်ခဲ့ပါတယ်။

ဒါကတော့ Lois Lane မှာ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားတာကို ဖော်ပြထားတဲ့ ကောမစ်ဇာတ်လမ်းအချို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတေွ ဖတ်ရတာ နှစ်သက်တယ်ဆိုရင် ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC ေကာမစ္ထဲမွာေတာ့ အမွတ္ရစရာ စူပါဟီး႐ိုးမ်ားစြာ ရွိၾကပါတယ္။ အဲ့ဒီထဲမွာမွ Superman ကေတာ့ စြမ္းအားအႀကီးဆုံးနဲ႔ လူႀကိဳက္အမ်ားဆုံး ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ပါတယ္။ Superman ဟာ ကမာၻႀကီးကို အခ်ိန္ျပည့္ ကာကြယ္ေပးေနၿပီး Lois Lane ကေတာ့ သူ႔အတြက္ အေရးႀကီးဆုံး လူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သူဟာ Lois ကို အၿမဲတမ္း ကာကြယ္ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း တခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ Superman က ကာကြယ္ေပးစရာမလိုဘဲ Lois Lane ကိုယ္တိုင္က စြမ္းအားေတြ ရရွိထားတာမ်ိဳး ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Lois Lane မွာ စူပါ ပါဝါေတြ ပိုင္ဆိုင္ထားတဲ့ ေကာမစ္ဇာတ္လမ္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) ကမာၻျပင္ပက အပင္တစ္မ်ိဴးေၾကာင့္ စြမ္းအားေတြ ရရွိသြားျခင္း
photo via cbr

The Superman Family ေကာမစ္စီးရီးထဲမွာေတာ့ Superman တင္ မဟုတ္ဘဲ တစ္ျခားအရံဇာတ္ေကာင္ေတြကိုလည္း ပိုၿပီးေတာ့ လုပ္ကြက္ေပးခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းထဲက တစ္ေနရာမွာေတာ့ Lois Lane ဟာ Superman ကိုေတာင္ ယွဥ္ၿပိဳင္ႏိုင္တဲ့ ခြန္အားေတြနဲ႔ စြမ္းအားေတြကို ခဏတာ ရရွိသြားခဲ့ပါတယ္။ ဒီဇာတ္လမ္းကေတာ့ Earth-2 မွာ ျဖစ္ပ်က္ခဲ့ၿပီး Superman ဟာ အိမ္ကို ကမာၻျပင္ပက အပင္တစ္ပင္ကို ယူေဆာင္လာခဲ့ပါတယ္။ အဲ့ဒီအပင္ရွိေနတဲ့ အခ်ိန္မွာေတာ့ Lois ဟာ စြမ္းအားေတြ ရရွိခဲ့ၿပီး အဲ့ဒီအပင္ ေသဆုံးသြားတဲ့ ေနာက္မွာေတာ့ သူမရဲ႕ စြမ္းအားေတြဟာလည္း ေပ်ာက္ဆုံးသြားခဲ့ပါတယ္။

(9) သမာဓိနတ္ဘုရားမ တစ္ေယာက္ ျဖစ္လာျခင္း
photo via cbr

Superman: Man of Steel ရဲ႕ The Pantheon ဇာတ္လမ္းထဲမွာေတာ့ Lois ဟာ နတ္ဘုရားမတစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ Lois ဟာ သမာဓိ နတ္ဘုရားမအသစ္ ျဖစ္လာၿပီး နတ္ဘုရားတစ္ေယာက္ရဲ႕ ခြန္အားနဲ႔ စြမ္းအားေတြကို ရရွိခဲ့ပါတယ္။ သူမဟာ ေလေပၚပ်ံတာနဲ႔ တယ္လီပို႔ လုပ္ႏိုင္႐ုံတင္မကဘဲ ရာသီဥတုကို ထိန္းခ်ဳပ္ႏိုင္တဲ့အျပင္ သူမရဲ႕ပတ္ဝန္းက်င္မွာရွိတဲ့ တစ္ျခားအရာေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း သူမ နတ္ဘုရားမ ျဖစ္ခဲ့တဲ့အခ်ိန္ကေတာ့ ခဏတာပဲ ျဖစ္ပါတယ္။

(8) Hocus နဲ႔ Pocus ဟာ သူမကို Superwoman ျဖစ္ေအာင္ လုပ္ေပးခဲ့ပါတယ္။
photo via cbr

Superman ဟာ ဗီလိန္ေတြမ်ားစြာနဲ႔ ရင္ဆိုင္ခဲ့ဖူးပါတယ္။ အထူးသျဖင့္ သူ႔ရဲ႕အေစာပိုင္းအခ်ိန္မွာေတာ့ လူအမ်ားစု မသိၾကတဲ့ ဗီလိန္ေတြနဲ႔ ရင္ဆိုင္ခဲ့ဖူးပါတယ္။ Hocus နဲ႔ Pocus ကလည္း အလားတူ ဗီလိန္ေတြ ျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ Mr. Mxyptlk က သူတို႔ေနရာမွာ အစားထိုးသြားပါတယ္။ Superman #45 ထဲမွာေတာ့ Hocus နဲ႔ Pocus ဟာ Superman ကို ရင္ဆိုင္ဖို႔အတြက္ Lois ကို စြမ္းအားေတြ ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း ထုံးစံအတိုင္း သူတို႔ႏွစ္ေယာက္ စီစဥ္ထားသလို ျဖစ္မလာဘဲ Superman ဟာ အဲ့ဒီျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္း ရွာေတြ႕ခဲ့ပါတယ္။

(7) Elastic Girl ျဖစ္လာျခင္း
photo via cbr

Superman’s Girlfriend, Lois Lane #23 ထဲမွာေတာ့ Lois ဟာ Wrecker လို႔ေခၚတဲ့ ဗုံးခြဲသမားတစ္ေယာက္ကို ဖမ္းဆီးဖို႔အတြက္ စိတ္အားထက္သန္ေနခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Lois ဟာ Jimmy ရဲ႕ Elastic Lad Serum ကို အသုံးျပဳခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lois ဟာ Elastic Girl ျဖစ္လာၿပီး Wrecker ကိုလည္း ေအာင္ျမင္စြာ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း Lois ဟာ အဲ့ဒီစြမ္းအားကိုေတာ့ အခ်ိန္ခဏတာပဲ ရရွိခဲ့ပါတယ္။

(6) Lois ကို တစ္ရက္တာ စြမ္းအားေတြ ရေစဖို႔ Superman ဟာ Exo-Gene ေတြ ဖန္တီးခဲ့ျခင္း
photo via cbr

All-Star Superman ထဲက တစ္ခ်ိဳ႕ဇာတ္လမ္းေတြမွာေတာ့ Clark နဲ႔ Lois တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေတြကို ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီထဲက ဇာတ္လမ္းတစ္ခုမွာေတာ့ Superman ဟာ Lois ကို ေမြးေန႔လက္ေဆာင္ ေပးဖို႔အတြက္ Exo-Gene ေတြ ဖန္တီးခဲ့ပါတယ္။ အဲ့ဒီ Exo-Gene ေတြဟာ Superman ရဲ႕ DNA ေတြနဲ႔ ဖန္တီးထားၿပီး Lois ကို သူ႔ရဲ႕စြမ္းအားေတြ တစ္ရက္တာ ရရွိသြားေစခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္အတြက္ လုံးဝအံ့ဩဖို႔ေကာင္းတဲ့ date တစ္ခု ျဖစ္သြားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ဟာ လေပၚမွာလည္း အနမ္းေႁခြခဲ့ၾကပါေသးတယ္။

(5) Green Lantern ျဖစ္လာတဲ့ Lois
photo via cbr

DC ေကာမစ္ေတြထဲမွာေတာ့ ဇာတ္ေကာင္မ်ားစြာဟာ Green Lantern ျဖစ္ခဲ့ၾကဖူးပါတယ္။ Tangent Comics: Tales of the Green Lantern #1 ထဲမွာေတာ့ Lois Lane ကလည္း Green Lantern ျဖစ္ခဲ့ပါေသးတယ္။ ဒီဇာတ္လမ္းကေတာ့ Earth-9 မွာ ျဖစ္ပ်က္ခဲ့ၿပီး Lois ဟာ Florida မွာ အဏၰဝါေဗဒဆိုင္ရာ သုေတသနတစ္ခု ျပဳလုပ္ဖို႔အတြက္ Booster Gold က ငွားရမ္းခဲ့တဲ့ ေရွးေဟာင္းသုေတသန ပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ အေၾကာင္းတစ္ခုေၾကာင့္ Booster Gold ဟာ သူမကို သတ္ပစ္ခဲ့ေပမယ့္လည္း Sea Devils လို႔ေခၚတဲ့ သေႏၶေျပာင္း သတၱဝါမ်ိဴးစိတ္တစ္ခုက သူမကို ကယ္တင္ခဲ့ပါတယ္။ ဒါ့အျပင္ Sea Devils ေၾကာင့္ပဲ Lois ဟာ Green Lantern ျဖစ္လာခဲ့ပါတယ္။

(4) Lex Luthor ရဲ႕ တီထြင္မႈ
photo via cbr

Lex Luthor ဟာ ဗီလိန္တစ္ေယာက္ ျဖစ္ေပမယ့္လည္း တခ်ိဳ႕အေျခအေနေတြမွာေတာ့ Superman တို႔ကို ကူညီခဲ့တဲ့အခ်ိန္ေတြလည္း ရွိပါေသးတယ္။ Action Comics #156 ရဲ႕ The Girl of Steel ဆိုတဲ့ ဇာတ္လမ္းထဲမွာေတာ့ Lex Luthor ရဲ႕ တီထြင္မႈေတြေၾကာင့္ Lois ဟာ Superwoman ျဖစ္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lois ဟာ Clark နဲ႔ အတူတူ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ပါေတာ့တယ္။

(3) Red Tornado ျဖစ္လာတဲ့ Lois
photo via cbr

၂၀၁၂ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Earth 2 ေကာမစ္စီးရီးထဲမွာေတာ့ Apokolips နဲ႔ Darkseid ဟာ ကမာၻေပၚမွာရွိတဲ့ စူပါဟီး႐ိုးေတြနဲ႔ သာမန္လူေတြ အမ်ားစုကို သတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီထဲမွာေတာ့ Superman နဲ႔ Lois လည္း အပါအဝင္ပဲ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Lois ရဲ႕ အသိစိတ္ကို Red Tornado ရဲ႕ စက္႐ုပ္ခႏၶာကိုယ္ထဲကို ထည့္သြင္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူမဟာ Red Tornado ျဖစ္လာၿပီး ေလကို ထိန္းခ်ဳပ္ႏိုင္တဲ့ စြမ္းအားလည္း ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ Lois ဟာ အေရးႀကီးတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

(2) Superman ရဲ႕ ေသဆုံးမႈေၾကာင့္ စြမ္းအားေတြ ရရွိလာတဲ့ Lois
photo via cbr

DC Rebirth ေကာမစ္ထဲမွာေတာ့ Superman ဟာ ေသဆုံးသြားခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ေနစြမ္းအင္ေတြ ေပါက္ကြဲသြားၿပီး Lois Lane နဲ႔ Lana Lang တို႔ဟာ စြမ္းအားေတြ ရရွိသြားပါတယ္။ Lois ကေတာ့ Superman ရဲ႕ ပုံမွန္စြမ္းအားေတြကို ရရွိခဲ့ၿပီး Superwoman အသစ္ ျဖစ္လာပါတယ္။ Lana ကေတာ့ solar energy ကို စုပ္ယူတာနဲ႔ ထုတ္လႊတ္တာကို ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစၿပီး သူတို႔ႏွစ္ေယာက္ဟာ ၿပိဳင္ဘက္ေတြ ျဖစ္လာခဲ့ၿပီး Lois ကေတာ့ Superwoman အေနနဲ႔ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ Lois ဟာလည္း solar energy ေတြ အလြန္မ်ားျပားလာၿပီး ေပါက္ကြဲသြားပါတယ္။

(1) စိတ္စြမ္းအားေတြ ရရွိလာတဲ့ Lois
photo via cbr

၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Superman Annual #2 ထဲက The Last Byline ဇာတ္လမ္းထဲမွာေတာ့ Lois Lane ဟာ စိတ္စြမ္းအားေတြကို ရရွိခဲ့ပါတယ္။ အဲ့ဒါကေတာ့ လႊတ္ေတာ္အမတ္ Hume ဆီကေန စိတ္စြမ္းအားေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဇာတ္လမ္းတစ္ေလွ်ာက္ အဲ့ဒီ့စြမ္းအားေတြဟာ ရလာလိုက္၊ ျပန္ေပ်ာက္သြားလိုက္ ျဖစ္ခဲ့ေပမယ့္ သူမ ရရွိထားတဲ့ စိတ္စြမ္းအားေတြကေတာ့ သာမန္ တယ္လီပသီ ျပဳလုပ္ႏိုင္တာမ်ိဳးထက္ ေက်ာ္လြန္ၿပီး ဝိဉာဥ္လႊင့္ႏိုင္တာမ်ိဳးေတြအထိပါ ပါဝင္ခဲ့ပါတယ္။

ဒါကေတာ့ Lois Lane မွာ စူပါ ပါဝါေတြ ပိုင္ဆိုင္ထားတာကို ေဖာ္ျပထားတဲ့ ေကာမစ္ဇာတ္လမ္းအခ်ိဳ႕ပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular