HomeCharacterရုပ်ရှင်ထဲမှာ မပြသေးပေမယ့် ကောမစ်ထဲမှာ တွဲခဲ့ကြဖူးတဲ့ စူပါဟီးရိုးများ

ရုပ်ရှင်ထဲမှာ မပြသေးပေမယ့် ကောမစ်ထဲမှာ တွဲခဲ့ကြဖူးတဲ့ စူပါဟီးရိုးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Cinematic Universe ဟာ ခံစားမှုတွေမျိုးစုံကို ပေးခဲ့ကြတဲ့အပြင် ပရိသတ်တွေဟာလည်း ဇာတ်ကောင်တွေထဲမှာ သူတို့မြင်ချင်ကြတဲ့ အတွဲတွေလည်း ရှိပါတယ်။ MCU ကနေ ရိုက်ကူးကြတဲ့ရုပ်ရှင်ကားတွေဟာလည်း ဟိုးအရင်ကတည်းကထွက်ရှိထားတဲ့ ကောမစ်တွေအပေါ်မှာ အခြေခံပြီးတော့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ရုပ်ရှင်တွေထက် ကောမစ်ကရှေ့ရောက်နေပြီးတော့ ရုပ်ရှင်ထဲမှာ မဖြစ်သေးတဲ့အဖြစ်အပျက်တွေ အများကြီးလည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ ရုပ်ရှင်ထဲမှာ မတွဲဖူးသေးပေမယ့် ကောမစ်ထဲမှာ တွဲခဲ့ကြဖူးတဲ့ ဟီးရိုးအတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Black Panther နဲ့ Storm
photo via screenrant

သူတို့နှစ်ယောက်ဟာ ၁၉၈၀ ခုနှစ်မှာ ထွက်ခဲ့တဲ့ Marvel Team-Up #100 ဆိုတဲ့ ကောမစ်ထဲမှာ ပထမဆုံးစတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက သူတို့နှစ်ယောက်လုံးဟာ ကလေးတွေပဲရှိသေးပြီး T’Challa ကိုလူမျိုးရေးခွဲခြားတဲ့လူတစ်စုကနေပြီးတော့ ကယ်တင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာငယ်ငယ်ကတည်းက Storm ကိုကြိတ်ကြိုက်ခဲ့တာဖြစ်ပြီးတော့ ၂၀၀၆ ခုနှစ်မှာတော့ သူဟာ Storm ကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ Avenger တွေရဲ့ Civil War ဖြစ်ခါနီးအချိန်လောက်မှာ သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကို ကျင်းပဖို့အတွက် စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Avenger တွေနဲ့ X-Men တွေဖြစ်ကြတဲ့ တိုက်ပွဲမှာတော့ Storm ဟာ X-Men တွေဘက်ကနေ တိုက်ခိုက်ခဲ့တာကြောင့် သူဟာ သစ္စာဖောက်ခံရသလိုမျိုး ခံစားရတာကြောင့် သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ပါတယ်။

(2) Iron Man နဲ့ Black Widow
photo via screenrant

Natasha ဟာအမေရိကန်နိုင်ငံကို ရောက်ခါစအချိန်တုန်းက Tony နဲ့တွဲခဲ့ဖူးပါသေးတယ်။ အဲ့ဒီအချိန်တုန်းကတော့ Tony ဟာ Pepper Potts နဲ့မချစ်ကြိုက်သေးပါဘူး။ ဒီအဖြစ်အပျက်ကတော့ Ultimate Marvel Universe ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ စေ့စပ်ဖို့အထိတောင်မှ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း Natasha ဟာ ရုရှားစပိုင်တစ်‌ယောက်ဖြစ်ပြီးတော့ သူ့ကိုအသုံးချကာ Avenger အဖွဲ့ကို ကြိုးကိုင်ဖို့အတွက် စီစဉ်နေတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူဟာ Natasha ကိုချက်ချင်းပဲ ဖြတ်လိုက်ပါတယ်။ အဲ့လိုနဲ့ သူတို့နှစ်ယောက်ပြတ်သွားပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့အိပ်ရာပေါ်က အကြောင်းတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ online ပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာလည်း တော်တော်လေးကို စိတ်ဓာတ်ကျသွားခဲ့ပါတယ်။

(3) Gambit နဲ့ Rogue
photo via screenrant

Rogue ဟာ X-Men အဖွဲ့ထဲကို ဝင်ခဲ့ပြီး (၇) နှစ်ကြာတဲ့အချိန် ၁၉၉၀ ခုနှစ်မှာ Gambit ဟာ Marvel ကောမစ်လောကထဲကို စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Storm နဲ့တွေ့ခဲ့ပြီး သူတို့နှစ်ယောက်ဟာ သူခိုးတွေအဖြစ် အတူတူအလုပ်လုပ်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်တုန်းက Storm ဟာအတိတ်မေ့နေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်သတိရလာခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူမဟာ Gambit ကို X-Men အဖွဲ့ထဲကို ဝင်ဖို့အတွက် ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာလက်ခံခဲ့ပြီးတော့ X-Men အဖွဲ့ဝင်ဖြစ်သွားတာကြောင့် Rogue နဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ဆယ်စုနှစ်တစ်ခုလောက် တွဲခဲ့ကြပြီးတော့မှ လက်ထပ်ခဲ့ကြပါတယ်။

(4) Star-Lord နဲ့ Kitty Pride
photo via screenrant

All-New X-Men ဆိုတဲ့ကောမစ်စီးရီးထဲမှာ Jean Grey ဟာ သူပြုလုပ်ခဲ့တဲ့ ပြစ်မှုတွေကိုစစ်ဆေးဖို့အတွက် Shiar အင်ပါယာက သူမကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Kitty ပါတဲ့ X-Men အဖွဲ့ဟာ သူမကို ကယ်တင်ဖို့အတွက် ထွက်လာခဲ့ကြပါတယ်။ အဲ့ဒီမစ်ရှင်အတွင်းမှာပဲ သူမဟာ Peter Quill နဲ့တွေ့ခဲ့ကြပြီးတော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း Kitty ဟာကမ္ဘာပေါ်နေထိုင်ပြီးတော့ Peter ကတော့ အာကာသထဲမှာ လျှောက်သွားနေတာကြောင့် သူတို့နှစ်ယောက်ဟာ LDRS တွေဖြစ်နေကြပါတယ်။ နောက်ပိုင်းမှာတော့ သူမဟာ Peter နဲ့အတူတူ စွန့်စားခန်းတွေထွက်ဖို့အတွက် အာကာသထဲကို ထွက်လာခဲ့ပြီးတော့ Peter ဟာလည်း သူမကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ ဒုတိယမြောက် Civil War အတွင်းမှာတော့ သူတို့နှစ်ယောက်ဟာ ပြတ်သွားခဲ့ပါတယ်။

(5) Cyclops နဲ့ Emma Frost
photo via screenrant

သူတို့နှစ်ယောက်လုံးကို Live Action မှာ မြင်တွေ့ခဲ့ကြဖူးပေမယ့်လည်း ကောမစ်ထဲမှာလိုမျိုး သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ Jean Grey သေဆုံးသွားပြီးတဲ့နောက်မှာတော့ Scott နဲ့ Emma တို့ဟာ သူတို့အချစ်ဇာတ်လမ်းကို စတင်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ စစချင်းတုန်းကတော့ ရန်သူတွေဖြစ်ကြပေမယ့်လည်း နောက်ပိုင်းမှာတော့ ချစ်သူတွေအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် ပျက်စီးသွားတဲ့ Xavier ရဲ့ကျောင်းတော်ကြီးကိုလည်း ပြန်ပြီးတော့ တည်ဆောက်ခဲ့ကြပါတယ်။

(6) Magneto နဲ့ Rogue
photo via screenrant

Magneto ဟာ Rogue ရဲ့အဖေအရွယ်လောက် ရှိတာကြောင့် ဒီအတွဲကတော့ အထူးဆန်းဆုံးအတွဲလို့တောင် ပြောလို့ရပါတယ်။ သူတို့နှစ်ယောက်ဟာ Uncanny X-Men #274 ဆိုတဲ့ကောမစ်ထဲမှာပါတဲ့ အဖြစ်အပျက်လေးတစ်ခုလောက်မှာ တွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခြား X-Men အဖွဲ့ဝင်တွေရဲ့ ပြောဆိုမှုတွေနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုကြောင့်ပဲ သူတို့နှစ်ယောက်ဟာ အခုလိုမျိုး အချိန်တိုလေးပဲ တွဲခဲ့ကြတာ ဖြစ်ပါတယ်။

(7) Captain America နဲ့ Scarlett Witch
photo via screenrant

ဒီတစ်တွဲကတော့ MCU ပရိသတ်တွေအတွက် တော်တော်လေးကို အံ့ဩစရာတစ်ခု ဖြစ်နေမှာပါ။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ကောမစ်ထဲမှာတော့ တကယ်ကို တွဲခဲ့ကြဖူးပါတယ်။ Wanda ဟာ Steve ကို ဟိုးအရင်ကတည်းက တစ်ဖက်သတ်ချစ်ကြိုက်ခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ တွဲဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ တိုတောင်းခဲ့ပေမယ့်လည်း သူတို့နှစ်ယောက်လုံးဟာ ပျော်ရွှင်ခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ Steve ဟာ သူမကို ဖြတ်ခဲ့တာကြောင့် Wanda ဟာ အသည်းကွဲပြီးတော့ စိတ်ဓာတ်ပါကျသွားခဲ့ပါတယ်။

(8) Colossus နဲ့ Kitty Pride
photo via screenrant

သူတို့နှစ်ယောက်ဟာ ၁၉၈၀ ခုနှစ်နှောင်းပိုင်းလောက်ကတည်းက ပရိသတ်တွေ အားပေးမှုတွေကို ရရှိထားတဲ့အတွဲတစ်တွဲပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပြတ်လိုက်ပြန်တွဲလိုက် ဖြစ်နေပေမယ့်လည်း Marvel ဇာတ်ကောင်တွေရဲ့ အတွဲတွေထဲက လူကြိုက်အများဆုံးအတွဲတွေထဲမှာ ပါဝင်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အချိန်တွေကြာလာတာနဲ့အမျှ တစ်ခြားဟီးရိုးတွေနဲ့လည်း တွဲခဲ့ကြဖူးပေမယ့်လည်း နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ဟာ အမြဲတမ်း ပြန်ပြီးတော့ တွဲကြပါတယ်။

(9) Winter Soldier နဲ့ Black Widow
photo via screenrant

Bucky ဟာ Natasha ကို ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံမှာ ပထမဆုံးစတွေ့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ Department X ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ရုရှားနိုင်ငံအတွက် အလုပ်လုပ်ပေးနေတဲ့အချိန်တုန်းက Natasha ဟာလည်း Department X ရဲ့ပရိုဂရမ်တစ်ခုဖြစ်တဲ့ Black Widow ပရိုဂရမ်မှာ လေ့ကျင့်ရေးတွေ လုပ်နေခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက Natasha ဟာ Bucky ရဲ့လက်အောက်မှာတောင် လေ့ကျင့်ရေးတွေလုပ်ခဲ့ရပြီးတော့ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ ဉီးနှောက်ဆေးခံလိုက်ရပြီးတော့ တစ်ယောက်တစ်နေရာဆီ ရောက်သွားခဲ့ပါတယ်။

(10) Hawkeye နဲ့ Mockingbird
photo via screenrant

MCU ထဲမှာတော့ Hawkeye ဟာ သာမန်မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီးတော့ သာမန်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ သူနဲ့ Mockingbird ရဲ့ ဝမ်းနည်းစရာအချစ်ရေးဟာလည်း လူသိများပါတယ်။ သူတို့နှစ်ယောက်ဟာ ချစ်ကြိုက်သွားခဲ့ပြီးတော့ သူတို့နှစ်ယောက်ဟာ အနောက်တိုင်းကို ရွေ့ပြောင်းခဲ့တဲ့အပြင် အဲ့ဒီမှာပဲ Avenger စင်တာကို တည်ဆောက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း သူတို့နှစ်ယောက်ဟာ ဝမ်းနည်းအဖြစ်အပျက်တွေများစွာကို ကြုံတွေ့ခဲ့ရပြီး တစ်ခါတုန်းကဆိုရင် Mockingbird ဟာ Phantom Rider ရဲ့ပြန်ပေးဆွဲတာကို ခံလိုက်ရတဲ့အပြင် အဓမ္မကျင့်တာကို ခံခဲ့ရပါသေးတယ်။ သူတို့နှစ်ယောက်ဟာ အရမ်းချစ်ကြပေမယ့်လည်း အဲ့လိုဝမ်းနည်းစရာအဖြစ်အပျက်တွေကို ကြုံတွေ့ခဲ့ရပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Marvel Cinematic Universe ဟာ ခံစားမႈေတြမ်ိဳးစုံကို ေပးခဲ့ၾကတဲ့အျပင္ ပရိသတ္ေတြဟာလည္း ဇာတ္ေကာင္ေတြထဲမွာ သူတို႔ျမင္ခ်င္ၾကတဲ့ အတြဲေတြလည္း ရွိပါတယ္။ MCU ကေန ႐ိုက္ကူးၾကတဲ့႐ုပ္ရွင္ကားေတြဟာလည္း ဟိုးအရင္ကတည္းကထြက္ရွိထားတဲ့ ေကာမစ္ေတြအေပၚမွာ အေျခခံၿပီးေတာ့ ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ႐ုပ္ရွင္ေတြထက္ ေကာမစ္ကေရွ႕ေရာက္ေနၿပီးေတာ့ ႐ုပ္ရွင္ထဲမွာ မျဖစ္ေသးတဲ့အျဖစ္အပ်က္ေတြ အမ်ားႀကီးလည္း ျဖစ္ခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ ႐ုပ္ရွင္ထဲမွာ မတြဲဖူးေသးေပမယ့္ ေကာမစ္ထဲမွာ တြဲခဲ့ၾကဖူးတဲ့ ဟီး႐ိုးအတြဲေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Black Panther နဲ႔ Storm
photo via screenrant

သူတို႔ႏွစ္ေယာက္ဟာ ၁၉၈၀ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Marvel Team-Up #100 ဆိုတဲ့ ေကာမစ္ထဲမွာ ပထမဆုံးစေတြ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းက သူတို႔ႏွစ္ေယာက္လုံးဟာ ကေလးေတြပဲရွိေသးၿပီး T’Challa ကိုလူမ်ိဳးေရးခြဲျခားတဲ့လူတစ္စုကေနၿပီးေတာ့ ကယ္တင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာငယ္ငယ္ကတည္းက Storm ကိုႀကိတ္ႀကိဳက္ခဲ့တာျဖစ္ၿပီးေတာ့ ၂၀၀၆ ခုႏွစ္မွာေတာ့ သူဟာ Storm ကို လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ Avenger ေတြရဲ႕ Civil War ျဖစ္ခါနီးအခ်ိန္ေလာက္မွာ သူတို႔ႏွစ္ေယာက္ရဲ႕ လက္ထပ္ပြဲကို က်င္းပဖို႔အတြက္ စီစဥ္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Avenger ေတြနဲ႔ X-Men ေတြျဖစ္ၾကတဲ့ တိုက္ပြဲမွာေတာ့ Storm ဟာ X-Men ေတြဘက္ကေန တိုက္ခိုက္ခဲ့တာေၾကာင့္ သူဟာ သစၥာေဖာက္ခံရသလိုမ်ိဳး ခံစားရတာေၾကာင့္ သူတို႔ႏွစ္ေယာက္ရဲ႕ မဂၤလာပြဲကို ဖ်က္သိမ္းခဲ့ပါတယ္။

(2) Iron Man နဲ႔ Black Widow
photo via screenrant

Natasha ဟာအေမရိကန္ႏိုင္ငံကို ေရာက္ခါစအခ်ိန္တုန္းက Tony နဲ႔တြဲခဲ့ဖူးပါေသးတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ Tony ဟာ Pepper Potts နဲ႔မခ်စ္ႀကိဳက္ေသးပါဘူး။ ဒီအျဖစ္အပ်က္ကေတာ့ Ultimate Marvel Universe ထဲမွာ ျဖစ္ခဲ့တာျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ဟာ ေစ့စပ္ဖို႔အထိေတာင္မွ စီစဥ္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း Natasha ဟာ ႐ုရွားစပိုင္တစ္‌ေယာက္ျဖစ္ၿပီးေတာ့ သူ႔ကိုအသုံးခ်ကာ Avenger အဖြဲ႕ကို ႀကိဳးကိုင္ဖို႔အတြက္ စီစဥ္ေနတာကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ သူဟာ Natasha ကိုခ်က္ခ်င္းပဲ ျဖတ္လိုက္ပါတယ္။ အဲ့လိုနဲ႔ သူတို႔ႏွစ္ေယာက္ျပတ္သြားၿပီးတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕အိပ္ရာေပၚက အေၾကာင္းေတြကို ႐ိုက္ကူးထားတဲ့ ဗီဒီယိုဟာ online ေပၚမွာ ျပန႔္ႏွံ႔သြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာလည္း ေတာ္ေတာ္ေလးကို စိတ္ဓာတ္က်သြားခဲ့ပါတယ္။

(3) Gambit နဲ႔ Rogue
photo via screenrant

Rogue ဟာ X-Men အဖြဲ႕ထဲကို ဝင္ခဲ့ၿပီး (၇) ႏွစ္ၾကာတဲ့အခ်ိန္ ၁၉၉၀ ခုႏွစ္မွာ Gambit ဟာ Marvel ေကာမစ္ေလာကထဲကို စတင္ဝင္ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Storm နဲ႔ေတြ႕ခဲ့ၿပီး သူတို႔ႏွစ္ေယာက္ဟာ သူခိုးေတြအျဖစ္ အတူတူအလုပ္လုပ္ခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Storm ဟာအတိတ္ေမ့ေနခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕မွတ္ဉာဏ္ေတြကို ျပန္သတိရလာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူမဟာ Gambit ကို X-Men အဖြဲ႕ထဲကို ဝင္ဖို႔အတြက္ ကမ္းလွမ္းခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာလက္ခံခဲ့ၿပီးေတာ့ X-Men အဖြဲ႕ဝင္ျဖစ္သြားတာေၾကာင့္ Rogue နဲ႔ေတြ႕ဆုံခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ဆယ္စုႏွစ္တစ္ခုေလာက္ တြဲခဲ့ၾကၿပီးေတာ့မွ လက္ထပ္ခဲ့ၾကပါတယ္။

(4) Star-Lord နဲ႔ Kitty Pride
photo via screenrant

All-New X-Men ဆိုတဲ့ေကာမစ္စီးရီးထဲမွာ Jean Grey ဟာ သူျပဳလုပ္ခဲ့တဲ့ ျပစ္မႈေတြကိုစစ္ေဆးဖို႔အတြက္ Shiar အင္ပါယာက သူမကို ျပန္ေပးဆြဲသြားခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Kitty ပါတဲ့ X-Men အဖြဲ႕ဟာ သူမကို ကယ္တင္ဖို႔အတြက္ ထြက္လာခဲ့ၾကပါတယ္။ အဲ့ဒီမစ္ရွင္အတြင္းမွာပဲ သူမဟာ Peter Quill နဲ႔ေတြ႕ခဲ့ၾကၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း Kitty ဟာကမာၻေပၚေနထိုင္ၿပီးေတာ့ Peter ကေတာ့ အာကာသထဲမွာ ေလွ်ာက္သြားေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္ဟာ LDRS ေတြျဖစ္ေနၾကပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူမဟာ Peter နဲ႔အတူတူ စြန႔္စားခန္းေတြထြက္ဖို႔အတြက္ အာကာသထဲကို ထြက္လာခဲ့ၿပီးေတာ့ Peter ဟာလည္း သူမကို လက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ဒုတိယေျမာက္ Civil War အတြင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ျပတ္သြားခဲ့ပါတယ္။

(5) Cyclops နဲ႔ Emma Frost
photo via screenrant

သူတို႔ႏွစ္ေယာက္လုံးကို Live Action မွာ ျမင္ေတြ႕ခဲ့ၾကဖူးေပမယ့္လည္း ေကာမစ္ထဲမွာလိုမ်ိဳး သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ဇာတ္လမ္းကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။ Jean Grey ေသဆုံးသြားၿပီးတဲ့ေနာက္မွာေတာ့ Scott နဲ႔ Emma တို႔ဟာ သူတို႔အခ်စ္ဇာတ္လမ္းကို စတင္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ စစခ်င္းတုန္းကေတာ့ ရန္သူေတြျဖစ္ၾကေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ခ်စ္သူေတြအျဖစ္ ေျပာင္းလဲသြားပါတယ္။ ဒါ့အျပင္ ပ်က္စီးသြားတဲ့ Xavier ရဲ႕ေက်ာင္းေတာ္ႀကီးကိုလည္း ျပန္ၿပီးေတာ့ တည္ေဆာက္ခဲ့ၾကပါတယ္။

(6) Magneto နဲ႔ Rogue
photo via screenrant

Magneto ဟာ Rogue ရဲ႕အေဖအ႐ြယ္ေလာက္ ရွိတာေၾကာင့္ ဒီအတြဲကေတာ့ အထူးဆန္းဆုံးအတြဲလို႔ေတာင္ ေျပာလို႔ရပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ Uncanny X-Men #274 ဆိုတဲ့ေကာမစ္ထဲမွာပါတဲ့ အျဖစ္အပ်က္ေလးတစ္ခုေလာက္မွာ တြဲခဲ့ၾကတာျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ျခား X-Men အဖြဲ႕ဝင္ေတြရဲ႕ ေျပာဆိုမႈေတြနဲ႔ ပရိသတ္ေတြရဲ႕ေဝဖန္မႈေၾကာင့္ပဲ သူတို႔ႏွစ္ေယာက္ဟာ အခုလိုမ်ိဳး အခ်ိန္တိုေလးပဲ တြဲခဲ့ၾကတာ ျဖစ္ပါတယ္။

(7) Captain America နဲ႔ Scarlett Witch
photo via screenrant

ဒီတစ္တြဲကေတာ့ MCU ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလးကို အံ့ဩစရာတစ္ခု ျဖစ္ေနမွာပါ။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ ေကာမစ္ထဲမွာေတာ့ တကယ္ကို တြဲခဲ့ၾကဖူးပါတယ္။ Wanda ဟာ Steve ကို ဟိုးအရင္ကတည္းက တစ္ဖက္သတ္ခ်စ္ႀကိဳက္ခဲ့တာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ တြဲျဖစ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေရးဟာ တိုေတာင္းခဲ့ေပမယ့္လည္း သူတို႔ႏွစ္ေယာက္လုံးဟာ ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ သိပ္မၾကာခင္မွာပဲ Steve ဟာ သူမကို ျဖတ္ခဲ့တာေၾကာင့္ Wanda ဟာ အသည္းကြဲၿပီးေတာ့ စိတ္ဓာတ္ပါက်သြားခဲ့ပါတယ္။

(8) Colossus နဲ႔ Kitty Pride
photo via screenrant

သူတို႔ႏွစ္ေယာက္ဟာ ၁၉၈၀ ခုႏွစ္ေႏွာင္းပိုင္းေလာက္ကတည္းက ပရိသတ္ေတြ အားေပးမႈေတြကို ရရွိထားတဲ့အတြဲတစ္တြဲပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ ျပတ္လိုက္ျပန္တြဲလိုက္ ျဖစ္ေနေပမယ့္လည္း Marvel ဇာတ္ေကာင္ေတြရဲ႕ အတြဲေတြထဲက လူႀကိဳက္အမ်ားဆုံးအတြဲေတြထဲမွာ ပါဝင္ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အခ်ိန္ေတြၾကာလာတာနဲ႔အမွ် တစ္ျခားဟီး႐ိုးေတြနဲ႔လည္း တြဲခဲ့ၾကဖူးေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အၿမဲတမ္း ျပန္ၿပီးေတာ့ တြဲၾကပါတယ္။

(9) Winter Soldier နဲ႔ Black Widow
photo via screenrant

Bucky ဟာ Natasha ကို ဒုတိယကမာၻစစ္အတြင္း ႐ုရွားႏိုင္ငံမွာ ပထမဆုံးစေတြ႕ခဲ့တာ ျဖစ္ပါတယ္။ သူဟာ Department X ရဲ႕အစိတ္အပိုင္းတစ္ခုအျဖစ္ ႐ုရွားႏိုင္ငံအတြက္ အလုပ္လုပ္ေပးေနတဲ့အခ်ိန္တုန္းက Natasha ဟာလည္း Department X ရဲ႕ပ႐ိုဂရမ္တစ္ခုျဖစ္တဲ့ Black Widow ပ႐ိုဂရမ္မွာ ေလ့က်င့္ေရးေတြ လုပ္ေနခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္တုန္းက Natasha ဟာ Bucky ရဲ႕လက္ေအာက္မွာေတာင္ ေလ့က်င့္ေရးေတြလုပ္ခဲ့ရၿပီးေတာ့ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ဉီးေႏွာက္ေဆးခံလိုက္ရၿပီးေတာ့ တစ္ေယာက္တစ္ေနရာဆီ ေရာက္သြားခဲ့ပါတယ္။

(10) Hawkeye နဲ႔ Mockingbird
photo via screenrant

MCU ထဲမွာေတာ့ Hawkeye ဟာ သာမန္မိန္းကေလးတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ၿပီးေတာ့ သာမန္မိသားစုဘဝေလးကို ပိုင္ဆိုင္ထားခဲ့ပါတယ္။ ေကာမစ္ထဲမွာေတာ့ သူနဲ႔ Mockingbird ရဲ႕ ဝမ္းနည္းစရာအခ်စ္ေရးဟာလည္း လူသိမ်ားပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ခ်စ္ႀကိဳက္သြားခဲ့ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ အေနာက္တိုင္းကို ေ႐ြ႕ေျပာင္းခဲ့တဲ့အျပင္ အဲ့ဒီမွာပဲ Avenger စင္တာကို တည္ေဆာက္ခဲ့ပါေသးတယ္။ ဒါေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ ဝမ္းနည္းအျဖစ္အပ်က္ေတြမ်ားစြာကို ႀကဳံေတြ႕ခဲ့ရၿပီး တစ္ခါတုန္းကဆိုရင္ Mockingbird ဟာ Phantom Rider ရဲ႕ျပန္ေပးဆြဲတာကို ခံလိုက္ရတဲ့အျပင္ အဓမၼက်င့္တာကို ခံခဲ့ရပါေသးတယ္။ သူတို႔ႏွစ္ေယာက္ဟာ အရမ္းခ်စ္ၾကေပမယ့္လည္း အဲ့လိုဝမ္းနည္းစရာအျဖစ္အပ်က္ေတြကို ႀကဳံေတြ႕ခဲ့ရပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular