HomeEntertainmentFilmMadame Web နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ သေချာသွားပြီ ဖြစ်တဲ့ Dakota Johnson

Madame Web နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ သေချာသွားပြီ ဖြစ်တဲ့ Dakota Johnson

နာမည်ကျော်မင်းသမီးချော Dakota Johnson ဟာ Sony ရဲ့ Spider-Man Spin-Off ရုပ်ရှင်ထဲမှာ Madame Web အဖြစ် ပါဝင်ဖို့ သေချာသွားပြီလို့ အတည်ပြုလိုက်ပါတယ်။

Sony စတူဒီယိုကတော့ သူ့ရဲ့ကိုယ်ပိုင် Marvel ဇာတ်ကောင်တွေနဲ့ Universe တစ်ခု တည်ဆောက်လာတာ ကြာမြင့်နေပြီ ဖြစ်ပြီး No Way Home ထဲမှာတော့ Marvel နဲ့ Sony တို့ သဘောတူညီမှုနဲ့ Crossover ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် အနာဂတ်မှာလည်း Sony ရဲ့ Universe နဲ့ MCU တို့ Crossover တွေ ထပ်မံပြုလုပ်သွားနိုင်ချေ ရှိပါတယ်။

photo via screenrant

Madame Web ရုပ်ရှင်ကိုတော့ ၂၀၁၉ ခုနှစ်မှာ စတင်ဖန်တီးနေတာ ဖြစ်ပြီး Morbius ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းရေးဆရာတွေ ဖြစ်တဲ့ Matt Sazama နဲ့ Burk Sharpless တို့က ဇာတ်ညွှန်း ရေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဒီရုပ်ရှင်ကို Jessica Jones ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်တဲ့ S.J. Clarkson က ဒါရိုက်တာအဖြစ် ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်ကပဲ ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ မင်းသမီး Dakota Johnson နဲ့  ဆွေးနွေးနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

မကြာသေးခင်ကပဲ Dakota Johnson ဟာ Deadline သတင်းဌာနရဲ့ သတင်းစာမျက်နှာကို သူမရဲ့ အင်စတာဂရမ်အကောင့်မှာ ပြန်လည်မျှဝေထားပြီး Caption နေရာမှာတော့ ပင့်ကူအိမ် အီမိုဂျီကို အသုံးပြုကာ Madame Web ဇာတ်ကောင်မှာ ပါဝင်လာဖို့ အတည်ပြုထားပါတယ်။ ဒီအချက်ကြောင့်ပဲ Sony နဲ့ Dakota Johnson တို့ရဲ့ ဆွေးနွေးမှုဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာ ပါဝင်ဖို့အတွက် သေချာသွားပြီဆိုတာ သိလိုက်ရပါတယ်။

 

View this post on Instagram

 

A post shared by Dakota Johnson (@dakotajohnson)

ဒီရုပ်ရှင်ကတော့ Sony ရဲ့ ပထမဦးဆုံး အမျိူးသမီးဇာတ်ဆောင်နဲ့ Marvel ရုပ်ရှင် ဖြစ်ပြီး လောလောဆယ်မှာတော့ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ တခြားအချက်အလက်တွေကို မသိရသေးပါဘူး။ Sony ဟာ Spider-Man နဲ့ ပတ်သက်တဲ့ တခြားရုပ်ရှင်တွေကိုလည်း ဖန်တီးဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး Aaron Taylor-Johnson သရုပ်ဆောင်သွားမယ့် Kraven the Hunter ရုပ်ရှင်လည်း ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular