HomeCharacterBlack Knight ဖြစ်လာမယ့် Dane Whitman နဲ့ သူကိုင်ဆောင်မယ့် Ebony Blade ရဲ့ စိတ်ဝင်စားစရာများ 

Black Knight ဖြစ်လာမယ့် Dane Whitman နဲ့ သူကိုင်ဆောင်မယ့် Ebony Blade ရဲ့ စိတ်ဝင်စားစရာများ 

***Spoiler Alert***

Eternals ရုပ်ရှင်ထဲမှာတော့ Kit Harrington ဟာ Dane Whitman အဖြစ် ပါဝင်ထားပြီး ဒီရုပ်ရှင်ထဲမှာ သူဟာ Screen Time သိပ်မရသလို ဇာတ်ဝင်ခန်း အနည်းငယ်မှာသာ ပါဝင်ခဲ့ရပါတယ်။

Credit Scene ထဲမှာတော့ Dane ဟာ ဓားတစ်ချောင်းကို ရှာတွေ့ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီဓားကတော့ Ebony Blade ဖြစ်ပြီး ကောမစ်ထဲမှာ‌တော့ Dane ဟာ Black Knight ဆိုတဲ့ အမည်နဲ့ Ebony Blade ကို ကိုင်စွဲကာ စူပါဟီးရိုးလုပ်ခဲ့ပြီး Avengers အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ခဲ့ပါသေးတယ်။

photo via screenrant

ကောမစ်ထဲမှာတော့ Black Knight နာမည်နဲ့ Ebony Blade ကို ကိုင်စွဲခဲ့သူ သုံးယောက် ရှိပါတယ်။ ပထမဆုံးတစ်ယောက်ကတော့ အလယ်ခေတ်မှာ သူရဲကောင်းဖြစ်ခဲ့တဲ့ Sir Percy of Scandia ပဲ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ Sir Percy of Scandia ရဲ့ မျိူးဆက် ဖြစ်ပြီး မျက်မှောက်ခေတ်မှာ Ebony Blade နဲ့ ဗီလိန်လုပ်ခဲ့ပါတယ်။ သူ့ရဲ့အမည်ကတော့ Nathan Garrett ပဲ ဖြစ်ပြီး Masters of Evil အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ Nathan Garrett ရဲ့ တူဖြစ်သူ Dane Whitman ဖြစ်ပြီး သူကတော့ စူပါဟီးရိုးတစ်ယောက် ဖြစ်လာပါတယ်။ ကောမစ်ထဲကအတိုင်းသာ ဆိုရင်တော့ Ebony Blade ဟာ MCU ထဲက အလွန်စွမ်းအားကြီးတဲ့ လက်နက်တစ်ခု ဖြစ်လာမှာပါ။

Image Credit: Marvel Comics

ကောမစ်ထဲမှာတော့ ဒီဓားကို Merlin နဲ့ Sir Percy တို့က Starstone Meteorite ကနေ ဖန်တီးခဲ့တာ ဖြစ်ပြီး ကျိန်စာသင့်နေတဲ့ ဓားတစ်လက်လည်း ဖြစ်ပါတယ်။ ဒီဓားကို ဆက်တိုက်အသုံးပြုနေမယ် ဆိုရင်တော့ အသုံးပြုသူကို အကြမ်းဖက်မှုတွေနဲ့ ရက်စက်မှုတွေ ဖြစ်ပေါ်လာစေပြီး အဲ့ဒီအကြမ်းဖက်မှုတွေကို ဒီဓားက စားသုံးတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီဓားဟာ နောက်ထပ် နာမည်ကျော်ဓားတစ်လက် ဖြစ်တဲ့ Excalibur ဓားရဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်ပါတယ်။ Excalibur ဓားကို ဖန်တီးနေတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ မသန့်စင်မှုတွေနဲ့ မကောင်းမှုတွေအားလုံးကို ဒီ Ebony Blade ထဲကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

photo via screenrant

ဒီဓားဟာ အခုလို ကျိန်စာသင့်နေပေမယ့်လည်း ကိုင်ဆောင်သူကိုတော့ အလွန်စွမ်းအားကြီးသွားစေပါတယ်။ ဒီဓားဟာ အရာဝတ္ထုတွေ အားလုံးနီးပါးကို အားတောင် စိုက်စရာမလိုဘဲ ခုတ်ဖြတ်နိုင်ပြီး သူ မခုတ်နိုင်တဲ့ ခြွင်းချက်အနည်းငယ်သာ ရှိပါတယ်။ ဒါ့အပြင် မှော်ပညာ အသုံးပြုထားတဲ့ တိုက်ခိုက်မှုတွေ အားလုံးကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

ဒါကတော့ Black Knight နဲ့ Ebony Blade ရဲ့ စိတ်ဝင်စားစရာ အချို့ပဲ ဖြစ်ပြီး MCU ထဲမှာတော့ Black Knight ကို ဘယ်လို ဖန်တီးသွားမလည်းဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular