HomeCelebs Update NewsInternationalသာမန်လူတွေကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ကြတဲ့ ဟောလိဝုဒ်ဆယ်လီများ

သာမန်လူတွေကိုပဲ လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့ကြတဲ့ ဟောလိဝုဒ်ဆယ်လီများ

အောင်မြင်ကျော်ကြားလာတဲ့ ဆယ်လီတစ်ယောက် ဖြစ်လာပြီဆိုရင် အများစုက ကိုယ့်ရဲ့အလုပ်ကို အပြန်အလှန် နားလည်ပေးနိုင်တဲ့ ဆယ်လီအချင်းချင်းကိုသာ လက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြပါတယ်။ သို့ပေမယ့် ကိုယ့်လိုအောင်မြင်ကျော်ကြားတဲ့သူ မဟုတ်ဘဲ သာမန်လူတွေနဲ့ပဲ လက်ထပ်ပြီး ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေကြတဲ့ ဟောလိဝုဒ်ဆယ်လီတွေလည်း အများအပြား ရှိပါတယ်။ ဒီထဲကမှ သာမန်လူတွေကို လက်တွဲဖော်အဖြစ် ရွေးချယ်ထားတဲ့လူတွေကတော့ …

(1) MATT DAMON
photo via inspiredot

Matt Damon ဟာ သူရဲ့အမျိုးသမီးဖြစ်လာမယ့်  Luciana Barraso ကို ၂၀၀၃ခုနှစ် မီယာမီမှာ ရုပ်ရှင်သွားရိုက်ရင်း တွေ့ခဲ့တာပါ။ Luciana ဟာ မီယာမီက ဘားတစ်ခုမှာ အလုပ်လုပ်နေရာက Matt နဲ့ ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ခုနှစ်အရောက်မှာ လက်ထပ်လိုက်ကြပါတယ်။ သာမန်လူတစ်ယောက်ကို လက်ထပ်ရတာ သူ့နောက်ကိုလိုက်နေတဲ့ ပါပါရာဇီတွေ ထပ်မများလာတာကြောင့်လည်း အရမ်းကံကောင်းတယ်ဆိုပြီး Matt က အမြဲပြောလေ့ရှိပါတယ်။

(2) BILLIE JOE
Photo: billiejoearmstrong/ Instagram

နာမည်ကျော် Green Day အဖွဲ့က အဆိုတော်နဲ့ ဂစ်တာသမားဖြစ်တဲ့ Billie Joe ကတော့ သူ့ရဲ့လက်တွဲဖော်ကို သူတို့အဖွဲ့ရဲ့ ရှိုးပွဲတစ်ခုမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ Billie က လူအုပ်ကြီးကြားထဲမှာ Adrienne Nesser ကို မြင်လိုက်ပြီး ရှိုးပွဲပြီးရင် စတိတ်စင်အနောက်ဖက်ကို လာခဲ့ဖို့ ခေါ်ခဲ့ရာကနေ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးက စတင်တာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ထူးခြားတာကတော့ တစ်ဖက်က အမျိုးသမီးဟာ Billie ရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူ့ကိုကြိတ်ပြီးချစ်နေခဲ့တာ နှစ်တွေကြာနေခဲ့ပြီ ဆိုတာပါပဲ။ ဒီလိုနဲ့ ၁၉၉၄ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး သားနှစ်ယောက် မွေးဖွားခဲ့ပါတယ်။

(3) VINCE VAUGHN
photo via inspiredot

Vince Vaughn ဟာ တစ်ကမ္ဘာလုံးက သူနဲ့ Jennifer Aniston ကို လက်ထပ်တော့မှာလားလို့ စောင့်ကြည့်နေတဲ့အချိန်မှာပဲ The Break Up ဇာတ်ကားကို အတူတူရိုက်ကူးပြီး လမ်းခွဲလိုက်ကြပါတယ်။ ဒီလိုနဲ့ အားလုံးကို အံ့အားသင့်အောင် လုပ်ပြီး ၂၀၁၀ခုနှစ်မှာတော့ နာမည်ကြီး မင်းသားလည်းဖြစ်၊ ပရိုဂျူဆာလည်းဖြစ်၊ ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Vince ဟာ သာမန်အိမ်ခြံမြေပွဲစား တစ်ယောက်နဲ့ လက်ထပ်သွားခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံမှာ ကလေးနှစ်ယောက် ရထားပြီး သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။

(4) JEFF BRIDGES
photo via inspiredot

နာမည်ကျော်မင်းသားကြီး Jeff Bridges ကတော့ သူ့ရဲ့အနာဂတ်လက်တွဲဖော်ကို ကဖေးတစ်ခုမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။ တွေ့ခဲ့တဲ့အချိန်ကတော့ ၁၉၇၇ခုနှစ်မှာဖြစ်ပြီး သူ့ရဲ့အမျိုးသမီးဖြစ်လာမယ့် Susan Geston ဟာ အဲ့ဒီ့ကဖေးမှာ စားပွဲထိုးမလေးအဖြစ် အလုပ်လုပ်နေတာပါ။ ဒီလိုနဲ့ Jeff ဟာ အဲ့ဒီ့ကဖေးမှာ ရုပ်ရှင်သွားရိုက်ရင်း စားပွဲထိုးမလေးနဲ့ အမှတ်မထင် ဆုံမိပါတော့တယ်။

စားပွဲထိုးမလေးကို မင်းသားကြီးက သတိထားမိသွားတာကတော့ ကောင်မလေးရဲ့နှာခေါင်းက ကျိုးနေပြီး မျက်ကွင်းတွေကလည်း ညိုမည်းနေတာကြောင့်ပါ။ Jeff က ကောင်မလေး အနိုင်ကျင့်ခံထားရတယ်လို့ ထင်သွားပေမယ့် တကယ်တမ်းမှာတော့ ကားအက်ဆီးဒင့် ဖြစ်ခဲ့တာကြောင့်ပါ။ ဒီလိုနဲ့သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးတွေ တိုးတက်လာပြီး နောက်ဆုံး တွဲဖြစ်ခဲ့ကြပါတယ်။ အစပိုင်းမှာတုန်းကတော့ မိန်းကလေးဘက်က အတည်လို့ မသတ်မှတ်ခဲ့ပေမယ့် အချိန်တွေကြာလာတဲ့အခါမှာတော့ အတည်လို့ မှတ်ယူပြီး လက်ထပ်ခဲ့ကြပါတယ်။ အခုချိန်အထိ သာယာတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြဆဲ ဖြစ်ပါတယ်။

(5) PATRICK DEMPSEY
Photo: patrickdempsey/ Instagram

နာမည်ကျော်စီးရီး Grey’s Anatomy ထဲက သရုပ်ဆောင်မင်းသားချော Patrick Dempsey ဟာ ဟောလိဝုဒ်မှာ သူ့ကို သည်းသည်းလှုပ်နေတဲ့ အမျိုးသမီးတွေ များစွာရှိပေမယ့် သာမန် ဆံပင်အလှဆင်ပေးတဲ့မိန်းကလေးနဲ့ လက်ထပ်ထားသူ ဖြစ်ပါတယ်။ သူတို့နှစ်ဦး ဆုံခဲ့ကြတာကတော့ ၁၉၉၄ခုနှစ်က ဗြူးတီးဆလွန်းတစ်ခုမှာပါ။ Jillian Fink လို့ခေါ်တဲ့ ဒီမိန်းကလေးကို မတွေ့ခင်မှာ Patrick မှာက အိမ်ထောင်ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့လည်း Jillian ကို လက်ထပ်ဖို့အတွက် ၂၀၀၁ခုနှစ်မှာ အရင်အိမ်ထောင်နဲ့ ကွာရှင်းခဲ့ပါတယ်။ Jillian ဟာ Patrick နဲ့ တွေ့ကာစက သာမန်ဆံပင်လှဆင်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Lego Les
RELATED ARTICLES

Most Popular