HomeEntertainmentFilmKnives Out 2 မှာ Daniel Craig နဲ့အတူ ပါဝင်လာမယ့် Dave Bautista

Knives Out 2 မှာ Daniel Craig နဲ့အတူ ပါဝင်လာမယ့် Dave Bautista

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒါရိုက်တာ Rian Johnson ရိုက်ကူးသွားမယ့် Knives Out 2 ထဲမှာတော့ Dave Bautista ဟာ မင်းသား Daniel Craig နဲ့အတူ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ Knives Out ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ ရေပန်းအစားဆုံး ရုပ်ရှင်ကားတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

Photo via IMDb

မူလတုန်းက Knives Out ရုပ်ရှင်ကို Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ခဲ့တာ ဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာတော့ Netflix ဟာ Knives Out ရုပ်ရှင်နှစ်ကားစာအတွက် မူပိုင်ခွင့်ကို ဒေါ်လာသန်း (၄၅၀)နဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

Knives Out 2 အတွက် ရိုက်ကူးရေးကိုတော့ ယခုနှစ်နွေရာသီမှာပဲ စတင်သွားမယ်လို့လည်း သိရပါတယ်။ ပထမကားထဲက ပြန်လည်ပါဝင်လာမယ့် သရုပ်ဆောင်ကတော့ Daniel Craig တစ်ယောက်တည်းပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ Daniel Craig ရဲ့ ဇာတ်ကောင်ဖြစ်သူ စုံထောက် Benoit Blanc ဟာ တစ်ခြားအမှုတစ်ခုကို စုံစမ်းရမှာကြောင့်ပဲ ဖြစ်ပါတယ်။

photo via screenrant

Deadline သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ Dave Bautista ဟာ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာဖို့အတွက် လက်မှတ်ရေးထိုးပြီးသွားပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း သူ သရုပ်ဆောင်သွားမယ့် ဇာတ်ကောင်က ဘယ်သူဆိုတာ မသိရသေးသလို တစ်ခြားအသေးစိတ် အချက်အလက်တွေကိုလည်း မသိရသေးပါဘူး။

photo via screenrant

Dave Bautista ဟာ WWE ကနေ အနားယူပြီး ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့သူ ဖြစ်ကာ Guardians of the Galaxy မှာ Drax အဖြစ် ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။ Drax ဇာတ်ကောင်ဟာ Dave အတွက် ရုပ်ရှင်လောကမှာ ပိုပြီးတော့ နာမည်ကြီးလာစေခဲ့တယ်လို့ ပြောရင်လည်း မမှားပါဘူး။ အခုချိန်မှာတော့ သူဟာ အသစ်ထွက်ရှိလာမယ့် Blade Runner 2049 ၊ Dune တို့လို sci-fi ရုပ်ရှင်တွေမှာ ပါဝင်လာဦးမှာ ဖြစ်သလို Zack Snyder ရဲ့ Army of the Dead ထဲမှာလည်း ပါဝင်ထားပါသေးတယ်။

Legos

Source : Screenrant

(Zawgyi Version)

ဒါ႐ိုက္တာ Rian Johnson ႐ိုက္ကူးသြားမယ့္ Knives Out 2 ထဲမွာေတာ့ Dave Bautista ဟာ မင္းသား Daniel Craig နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ Knives Out ကေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ရဲ႕ ေရပန္းအစားဆုံး ႐ုပ္ရွင္ကားေတြထဲမွာ ပါဝင္ခဲ့ပါတယ္။

Photo via IMDb

မူလတုန္းက Knives Out ႐ုပ္ရွင္ကို Lionsgate ႐ုပ္ရွင္ထုတ္လုပ္ေရးက စီစဥ္ခဲ့တာ ျဖစ္ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Netflix ဟာ Knives Out ႐ုပ္ရွင္ႏွစ္ကားစာအတြက္ မူပိုင္ခြင့္ကို ေဒၚလာသန္း (၄၅၀)နဲ႔ ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

Knives Out 2 အတြက္ ႐ိုက္ကူးေရးကိုေတာ့ ယခုႏွစ္ေႏြရာသီမွာပဲ စတင္သြားမယ္လို႔လည္း သိရပါတယ္။ ပထမကားထဲက ျပန္လည္ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ကေတာ့ Daniel Craig တစ္ေယာက္တည္းပဲ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Daniel Craig ရဲ႕ ဇာတ္ေကာင္ျဖစ္သူ စုံေထာက္ Benoit Blanc ဟာ တစ္ျခားအမႈတစ္ခုကို စုံစမ္းရမွာေၾကာင့္ပဲ ျဖစ္ပါတယ္။

photo via screenrant

Deadline သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ Dave Bautista ဟာ ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္လာဖို႔အတြက္ လက္မွတ္ေရးထိုးၿပီးသြားၿပီလို႔ သိရပါတယ္။ ဒါေပမယ့္လည္း သူ သ႐ုပ္ေဆာင္သြားမယ့္ ဇာတ္ေကာင္က ဘယ္သူဆိုတာ မသိရေသးသလို တစ္ျခားအေသးစိတ္ အခ်က္အလက္ေတြကိုလည္း မသိရေသးပါဘူး။

photo via screenrant

Dave Bautista ဟာ WWE ကေန အနားယူၿပီး ႐ုပ္ရွင္ေလာကထဲကို ဝင္ေရာက္လာခဲ့သူ ျဖစ္ကာ Guardians of the Galaxy မွာ Drax အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားသူ ျဖစ္ပါတယ္။ Drax ဇာတ္ေကာင္ဟာ Dave အတြက္ ႐ုပ္ရွင္ေလာကမွာ ပိုၿပီးေတာ့ နာမည္ႀကီးလာေစခဲ့တယ္လို႔ ေျပာရင္လည္း မမွားပါဘူး။ အခုခ်ိန္မွာေတာ့ သူဟာ အသစ္ထြက္ရွိလာမယ့္ Blade Runner 2049 ၊ Dune တို႔လို sci-fi ႐ုပ္ရွင္ေတြမွာ ပါဝင္လာဦးမွာ ျဖစ္သလို Zack Snyder ရဲ႕ Army of the Dead ထဲမွာလည္း ပါဝင္ထားပါေသးတယ္။

Legos

Source : screenrant

RELATED ARTICLES

Most Popular