HomeEntertainmentFilmAI နဲ့ လူသားတွေရဲ့စစ်ပွဲကြားက မေတ္တာတရားကို မြင်တွေ့ရမယ့် The Creator ရုပ်ရှင်

AI နဲ့ လူသားတွေရဲ့စစ်ပွဲကြားက မေတ္တာတရားကို မြင်တွေ့ရမယ့် The Creator ရုပ်ရှင်

The Creator ရုပ်ရှင်ထဲမှာတော့ AI နဲ့ လူသားတွေရဲ့စစ်ပွဲကို မတူညီတဲ့ ပုံသဏ္ဍာန်နဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး Rogue One: A Star Wars Story ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Gareth Edward က ရိုက်ကူးပေးထားပါတယ်။ ဒါ့အပြင် Tenet ရုပ်ရှင်ထဲမှာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားတဲ့ John David Washington လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

photo credit 20th Century Studios

ဇာတ်လမ်းအကျဉ်းကတော့ AI နဲ့ လူသားတွေ စစ်ဖြစ်နေတဲ့အချိန်မှာ AI တွေဟာ လူသားမျိူးနွယ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အဆင့်မြင့်လက်နက်တစ်ခုကို တီထွင်လိုက်ပါတယ်။ အဲဒီလက်နက်ကိုတော့ The Creator လို့ခေါ်ပါတယ်။ ဒါကိုအချိန်မီတားနိုင်ဖို့ လူတစ်ယောက်ဟာ ဒီလက်နက်ကို ဖျက်ဆီးပစ်ဖို့ တာဝန်ကျလာပါတယ်။ ဒါပေမယ့်လည်း The Creator ဆိုတဲ့ လက်နက်ဟာ တကယ်တော့ ကလေးလေးပုံစံနဲ့ အဆင့်မြင့် AI ဖြစ်နေတဲ့အချိန်မှာတော့…။

မကြာသေးခင်ကပဲ 20th Century Studios ဟာ ဒီရုပ်ရှင်ရဲ့ ထွေလာအသစ်ကို ထုတ်ပေးလိုက်ပြီ ဖြစ်ပြီး ဒီဇာတ်လမ်းရဲ့ အသေးစိတ်အချက်အချို့ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာထဲမှာ‌တော့ John David Washington ရဲ့ဇာတ်ကောင်ဟာ သူဖျက်ဆီးရမယ့် လက်နက်က ကလေးတစ်ယောက်ဖြစ်နေတာကို သိသွားချိန်မှာတော့ ဒီစစ်ပွဲကြီးတစ်ခုလုံးအပေါ် မေးခွန်းတွေ ထုတ်လာတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် သူဟာ အဲဒီကလေးလေးနဲ့ သံယောဇဉ်ဖြစ်သွားတဲ့ ပုံစံမျိူးကိုလည်း တွေ့ခဲ့ရပြီး Emotional ဖြစ်မယ့် ဇာတ်ဝင်ခန်းတွေလည်း ပါဝင်ပါသေးတယ်။

ဒီကားထဲမှာတော့ အခြားသော နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Gemma Chan နဲ့ Ken Watanabe တို့လည်း ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် စက်တင်ဘာလ (၂၉)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular