HomeCelebs Update NewsInternationalပေါ်ပြူလာမဖြစ်ချင်ဘဲ တကယ့်သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တာပါဆိုတဲ့ Dave Bautista 

ပေါ်ပြူလာမဖြစ်ချင်ဘဲ တကယ့်သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တာပါဆိုတဲ့ Dave Bautista 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

WWE နပန်းသမားဟောင်းတစ်ယောက်ဖြစ်တဲ့ Dave Bautista ဟာ ရုပ်ရှင်တစ်ကားကြောင့် ပေါ်ပြူလာဖြစ်လာတဲ့ စတားမျိုးထက် တကယ့် ပညာခန်းပါတဲ့ ဇာတ်ကားတွေကို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်အစစ်သာ ဖြစ်ချင်တယ်လို့ ဆိုလာပါတယ်။ ဒါကြောင့်လည်း သူဟာ နပန်းသမားတစ်ယောက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဇာတ်ရုပ်မျိုးတွေကို ငြင်းဆိုခဲ့တာဖြစ်ပြီး တကယ်အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ ဆိုထားတာပါ။

Photo Via IMDb

Dave ဟာ ၂၀၀၆ခုနှစ်က စတင်ပြီး သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ The Man with the Iron Fists ၊ Riddick ၊ Blade Runner 2019 တို့အပြင် James Bond ဇာတ်ကားတစ်ကားဖြစ်တဲ့ Spectre ထဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်အကြီးဆုံး ဇာတ်ရုပ်ကတော့ Marvel Cinematic Universe ရဲ့ Guardians of the Galaxy ထဲက Drax the Destroyer ဇာတ်ရုပ်ပဲ ဖြစ်ပါတယ်။

Dave ဟာ WWE ကြိုးဝိုင်းကို စွန့်ခွာပြီး နပန်းသမားဘဝကို ကျောခိုင်းကာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာသူလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သရုပ်ဆောင်အလုပ်ကို စိတ်အားထက်သန်လွန်းတာကြောင့် ဟောလိဝုဒ်မှာ အခြေချဖို့ ဆုံးဖြတ်လိုက်ပြီး ၂၀၁၉ခုနှစ်မှာတော့ နပန်းလောက,ကနေ တရားဝင်အနားယူခဲ့ပါတယ်။

Photo Via IMDb

“ကျွန်တော်က နာမည်ကြီးချင်လို့ မဟုတ်ဘဲ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်လို့ ကြိုးဝိုင်းကို စွန့်ခွာခဲ့တာပါ။ ခေတ်ပြိုင်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားအားပေးမှုကို ရရှိဖို့ ကျွန်တော် အများကြီး ကြိုးစားရဦးမှာပါ။ ဒါဟာ ကြမ်းတမ်းတဲ့ ခရီးတစ်ခုလည်း ဖြစ်ပါတယ်။ နပန်းသမားဟောင်းတစ်ယောက်နဲ့ သင့်တော်တဲ့ ဇာတ်ရုပ်တော်တော်များများကို ငြင်းဆိုခဲ့ပြီးတော့ သရုပ်ဆောင်ပညာခန်း မြင့်တဲ့ ဇာတ်ရုပ်တွေကို ပိုကြိုက်ပါတယ်…” လို့ အသက်(၅၁)နှစ် ရှိပြီဖြစ်တဲ့ Dave က Sports Illustrated magazine နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

“လူအများက ကျွန်တော့်ကို သရုပ်ဆောင်စေချင်တဲ့ ဇာတ်ရုပ်တွေရှိပေမယ့် ကျွန်တော့်ရဲ့ သရုပ်ဆောင်အရည်အချင်းကို သက်သေပြဖို့ မထင်မှတ်ထားတဲ့ လမ်းကိုပဲ ရွေးပြီး သရုပ်ဆောင်ချင်ပါတယ်။ နပန်းသမားဘဝကလာတဲ့ သရုပ်ဆောင်ဆို လူတွေက သိပ်မျှော်လင့်မထားကြဘူးလို့ ကျွန်တော် ခံစားရတယ်။ ဒါပေမယ့် ကျွန်တော်က အမြဲတမ်းပဲ သိပ်တော်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ချင်တဲ့သူပါ … ” လို့ ဆိုပါတယ်။

Photo Via IMDb

Dave ဟာ ၂၀၁၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Blade Runner 2049 ဇာတ်ကားထဲမှာ Sapper Morton ဆိုတဲ့ဇာတ်ရုပ်နဲ့ သူ့ရဲ့ အနုပညာကို လူတွေက လက်ခံလာအောင် သက်သေပြခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Guardians of the Galaxy  ရဲ့ စတားတစ်ယောက်ဖြစ်နေပါပြီ။

” Blade Runner 2049 မှာ ဇာတ်ဝင်ခန်းနည်းနည်းပဲ သရုပ်ဆောင်ခဲ့ရပေမယ့် ဒါဟာ ကျွန်တော့်အတွက် သရုပ်ဆောင်ပညာကို တင်ဆက်နိုင်ဖို့  တံခါးပေါင်းများစွာ ပွင့်စေခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ အပြင်ပန်း အမြင်ပုံစံကို ကွာကျစေပြီး သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ အခွင့်အလမ်းတွေလည်း များလာစေခဲ့ပါတယ်” လို့ Blade Runner 2049 မှာ ပါဝင်ပြီးနောက် ပြောင်းလဲမှုတွေကို ပြောကြားခဲ့ပါတယ်။

Photo Via IMDb

ဒါ့အပြင် ခန့်မှန်းရခက်တဲ့ ကာရိုက်တာတွေကို ပိုပြီး အားသန်ကြောင်းလည်း ပြောထားပါသေးတယ်။ “ကျွန်တော့်ကို တံဆိပ်မကပ်စေချင်ဘူး။ ကြိုတင်ပြီးလည်း မခန့်မှန်းစေချင်ဘူး။ Guardians of the Galaxy အတွက် အစောပိုင်း လူရွေးပွဲကို သွားခဲ့ရတုန်းက သရုပ်ဆောင်ရွေးတဲ့ ဒါရိုက်တာ Sarah Finn က “မင်းသား Lee Pace ကတော့ ဘာမဆိုလုပ်နိုင်တယ်” လို့ ပြောခဲ့တာ မှတ်မိနေသေးတယ် … ”

“ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ အဲဒီစကားကြောင့် ကျွန်တော်အရမ်းခံစားခဲ့ရတယ်။ ပြီးတော့ တစ်နေ့ကျရင် Sarah Finn ကိုယ်တိုင်က Dave Bautista ဟာ ဘာမဆိုလုပ်နိုင်တယ်လို့ ကျွန်တော့်ကိုလည်း ပြောလာရစေမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ကျွန်တော်ဟာ ဘောင်တွေထဲက ဖောက်ထွက်ပြီး အကန့်အသတ်မဲ့တဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တာပါ…” လို့ Dave က သူ့ရင်ထဲက အိပ်မက်တွေကို ဖွင့်ဟပြခဲ့ပါတယ်။

C 21
(Zawgyi Version)

WWE နပန္းသမားေဟာင္းတစ္ေယာက္ျဖစ္တဲ့ Dave Bautista ဟာ ႐ုပ္ရွင္တစ္ကားေၾကာင့္ ေပၚျပဴလာျဖစ္လာတဲ့ စတားမ်ိဳးထက္ တကယ့္ ပညာခန္းပါတဲ့ ဇာတ္ကားေတြကို သ႐ုပ္ေဆာင္ႏိုင္တဲ့ သ႐ုပ္ေဆာင္အစစ္သာ ျဖစ္ခ်င္တယ္လို႔ ဆိုလာပါတယ္။ ဒါေၾကာင့္လည္း သူဟာ နပန္းသမားတစ္ေယာက္နဲ႔ အံဝင္ခြင္က်ျဖစ္မယ့္ ဇာတ္႐ုပ္မ်ိဳးေတြကို ျငင္းဆိုခဲ့တာျဖစ္ၿပီး တကယ္ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ဖို႔ အမ်ားႀကီး ႀကိဳးစားရဦးမယ္လို႔ ဆိုထားတာပါ။

Photo Via IMDb

Dave ဟာ ၂၀၀၆ခုႏွစ္က စတင္ၿပီး သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္ခဲ့သူ ျဖစ္ပါတယ္။ သူဟာ The Man with the Iron Fists ၊ Riddick ၊ Blade Runner 2019 တို႔အျပင္ James Bond ဇာတ္ကားတစ္ကားျဖစ္တဲ့ Spectre ထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕နာမည္အႀကီးဆုံး ဇာတ္႐ုပ္ကေတာ့ Marvel Cinematic Universe ရဲ႕ Guardians of the Galaxy ထဲက Drax the Destroyer ဇာတ္႐ုပ္ပဲ ျဖစ္ပါတယ္။

Dave ဟာ WWE ႀကိဳးဝိုင္းကို စြန႔္ခြာၿပီး နပန္းသမားဘဝကို ေက်ာခိုင္းကာ သ႐ုပ္ေဆာင္ဘက္ကို ကူးေျပာင္းလာသူလည္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ သ႐ုပ္ေဆာင္အလုပ္ကို စိတ္အားထက္သန္လြန္းတာေၾကာင့္ ေဟာလိဝုဒ္မွာ အေျခခ်ဖို႔ ဆုံးျဖတ္လိုက္ၿပီး ၂၀၁၉ခုႏွစ္မွာေတာ့ နပန္းေလာက,ကေန တရားဝင္အနားယူခဲ့ပါတယ္။

Photo Via IMDb

“ကြၽန္ေတာ္က နာမည္ႀကီးခ်င္လို႔ မဟုတ္ဘဲ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ ျဖစ္ခ်င္လို႔ ႀကိဳးဝိုင္းကို စြန႔္ခြာခဲ့တာပါ။ ေခတ္ၿပိဳင္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားအားေပးမႈကို ရရွိဖို႔ ကြၽန္ေတာ္ အမ်ားႀကီး ႀကိဳးစားရဦးမွာပါ။ ဒါဟာ ၾကမ္းတမ္းတဲ့ ခရီးတစ္ခုလည္း ျဖစ္ပါတယ္။ နပန္းသမားေဟာင္းတစ္ေယာက္နဲ႔ သင့္ေတာ္တဲ့ ဇာတ္႐ုပ္ေတာ္ေတာ္မ်ားမ်ားကို ျငင္းဆိုခဲ့ၿပီးေတာ့ သ႐ုပ္ေဆာင္ပညာခန္း ျမင့္တဲ့ ဇာတ္႐ုပ္ေတြကို ပိုႀကိဳက္ပါတယ္…” လို႔ အသက္(၅၁)ႏွစ္ ရွိၿပီျဖစ္တဲ့ Dave က Sports Illustrated magazine နဲ႔ အင္တာဗ်ဴးမွာ ေျပာခဲ့ပါတယ္။

“လူအမ်ားက ကြၽန္ေတာ့္ကို သ႐ုပ္ေဆာင္ေစခ်င္တဲ့ ဇာတ္႐ုပ္ေတြရွိေပမယ့္ ကြၽန္ေတာ့္ရဲ႕ သ႐ုပ္ေဆာင္အရည္အခ်င္းကို သက္ေသျပဖို႔ မထင္မွတ္ထားတဲ့ လမ္းကိုပဲ ေ႐ြးၿပီး သ႐ုပ္ေဆာင္ခ်င္ပါတယ္။ နပန္းသမားဘဝကလာတဲ့ သ႐ုပ္ေဆာင္ဆို လူေတြက သိပ္ေမွ်ာ္လင့္မထားၾကဘူးလို႔ ကြၽန္ေတာ္ ခံစားရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က အၿမဲတမ္းပဲ သိပ္ေတာ္တဲ့ သ႐ုပ္ေဆာင္ေကာင္းတစ္ေယာက္ ျဖစ္ခ်င္တဲ့သူပါ … ” လို႔ ဆိုပါတယ္။

Photo Via IMDb

Dave ဟာ ၂၀၁၇ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Blade Runner 2049 ဇာတ္ကားထဲမွာ Sapper Morton ဆိုတဲ့ဇာတ္႐ုပ္နဲ႔ သူ႔ရဲ႕ အႏုပညာကို လူေတြက လက္ခံလာေအာင္ သက္ေသျပခဲ့သူ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Guardians of the Galaxy  ရဲ႕ စတားတစ္ေယာက္ျဖစ္ေနပါၿပီ။

” Blade Runner 2049 မွာ ဇာတ္ဝင္ခန္းနည္းနည္းပဲ သ႐ုပ္ေဆာင္ခဲ့ရေပမယ့္ ဒါဟာ ကြၽန္ေတာ့္အတြက္ သ႐ုပ္ေဆာင္ပညာကို တင္ဆက္ႏိုင္ဖို႔  တံခါးေပါင္းမ်ားစြာ ပြင့္ေစခဲ့ပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ အျပင္ပန္း အျမင္ပုံစံကို ကြာက်ေစၿပီး သ႐ုပ္ေဆာင္ပိုင္းနဲ႔ ပတ္သက္လို႔ အခြင့္အလမ္းေတြလည္း မ်ားလာေစခဲ့ပါတယ္” လို႔ Blade Runner 2049 မွာ ပါဝင္ၿပီးေနာက္ ေျပာင္းလဲမႈေတြကို ေျပာၾကားခဲ့ပါတယ္။

Photo Via IMDb

ဒါ့အျပင္ ခန္႔မွန္းရခက္တဲ့ ကာ႐ိုက္တာေတြကို ပိုၿပီး အားသန္ေၾကာင္းလည္း ေျပာထားပါေသးတယ္။ “ကြၽန္ေတာ့္ကို တံဆိပ္မကပ္ေစခ်င္ဘူး။ ႀကိဳတင္ၿပီးလည္း မခန႔္မွန္းေစခ်င္ဘူး။ Guardians of the Galaxy အတြက္ အေစာပိုင္း လူေ႐ြးပြဲကို သြားခဲ့ရတုန္းက သ႐ုပ္ေဆာင္ေ႐ြးတဲ့ ဒါ႐ိုက္တာ Sarah Finn က “မင္းသား Lee Pace ကေတာ့ ဘာမဆိုလုပ္ႏိုင္တယ္” လို႔ ေျပာခဲ့တာ မွတ္မိေနေသးတယ္ … ”

“ဘာမဆိုလုပ္ႏိုင္တယ္ဆိုတဲ့ အဲဒီစကားေၾကာင့္ ကြၽန္ေတာ္အရမ္းခံစားခဲ့ရတယ္။ ၿပီးေတာ့ တစ္ေန႔က်ရင္ Sarah Finn ကိုယ္တိုင္က Dave Bautista ဟာ ဘာမဆိုလုပ္ႏိုင္တယ္လို႔ ကြၽန္ေတာ့္ကိုလည္း ေျပာလာရေစမယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ ကြၽန္ေတာ္ဟာ ေဘာင္ေတြထဲက ေဖာက္ထြက္ၿပီး အကန႔္အသတ္မဲ့တဲ့ ဇာတ္႐ုပ္ေတြကို သ႐ုပ္ေဆာင္ႏိုင္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ခ်င္တာပါ…” လို႔ Dave က သူ႔ရင္ထဲက အိပ္မက္ေတြကို ဖြင့္ဟျပခဲ့ပါတယ္။

C 21
RELATED ARTICLES

Most Popular