HomeCharacterDoctor Doom နဲ့ Red Skull တို့ကြောင့် အကြမ်းဖက်ခြင်းကို လက်လျှော့လိုက်တဲ့ Deadpool

Doctor Doom နဲ့ Red Skull တို့ကြောင့် အကြမ်းဖက်ခြင်းကို လက်လျှော့လိုက်တဲ့ Deadpool

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Deadpool ဟာ သူ့ရဲ့ ရန်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်တဲ့ သူတစ်ယောက် ဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ပဲ လူကြိုက်များနေပေမယ့်လည်း Deadpool: The Complete Collection Vol 4 မှာတော့ သူဟာ အကြမ်းဖက်တွေက လုံးဝမကောင်းပါဘူးလို့ ခံယူထားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ လူတိုင်းသိကြတဲ့ Deadpool ဆိုတာဟာ သူ့ရဲ့ ရိုင်းတဲ့ ဟာသဆန်ဆန် စကားတွေနဲ့ Marvel universe ထဲက ဟီးရိုးတွေနဲ့ ဗီလိန်တွေကို ဘာမှသိပ်တွေဝေမနေဘဲ သတ်ဖြတ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Deadpool ကို အဲ့လိုအရာတွေ လုံးဝမပါတော့ဘဲ ငြိမ်းချမ်းရေးကိုပဲ လိုချင်တဲ့သူတစ်ယောက်အဖြစ် မြင်တွေ့ရမှာကတော့ တော်တော်လေးကို ကြောင်တောင်တောင်နိုင်သလို မဖြစ်နိုင်တော့သလို ခံစားရပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြခဲ့သလို Deadpool: The Complete Collection Vol 4 မှာတော့ သူဟာ အကြမ်းဖက်မှုတွေကို မပြုလုပ်တော့ဘဲ ငြိမ်းချမ်းရေးကိုပဲ လိုချင်တဲ့ သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းရဲ့အစကတော့ X-Men တွေနဲ့ Red Skull တို့ဟာ Genosha လို့ခေါ်တဲ့ ကျွန်းပေါ်မှာ တိုက်ပွဲတွေ ဖြစ်နေကြပြီး X-Men တွေဟာ ရှုံးလုနီးနီး ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ X-Mansion ရဲ့ပိုင်ရှင်ဟာ Processor X မဟုတ်တော့ဘဲ Jean Grey ဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်းပေါ်က တိုက်ခိုက်နေတဲ့ သူတစ်ယောက် ဖြစ်တဲ့ Evan ဟာ အချက်ပြပြီးတော့ အဲ့ဒီကျွန်းမှာ ဖြစ်နေတဲ့ တိုက်ပွဲထဲမှာ Deadpool ကို ပါဝင်ကူညီဖို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း Deadpool ဟာ အကူအညီပေးဖို့ကို ငြင်းဆိုခဲ့ပြီး X-Mansion ကနေ ထွက်ခွာလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ သူ့ရဲ့အမျိူးသမီးဖြစ်တဲ့ Shiklah နဲ့ အဲ့ဒီအခြေအနေကို ဆွေးနွေးခဲ့ပြီး သူ့ရဲ့သမီးဖြစ်သူ Ellie Camacho ကိုစိတ်ပူတာကြောင့် သူမနေထိုင်နေတဲ့ လျှို့ဝှက်အိမ်ကို သွားခဲ့ပါတယ်။

သူဟာ အဲ့ဒီအိမ်ကို ရောက်ရောက်ချင်းမှာပဲ ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိမရှိ လိုက်လံကြည့်ရှုနေပြီးတော့ သိပ်မကြာခင်မှာပဲ Magneto ရောက်လာပြီး Genosha ကျွန်းပေါ်မှာ ဖြစ်နေတဲ့ တိုက်ပွဲမှာ ပါဝင်ကူညီဖို့အတွက် တောင်းတောင်းပန်ပန် ပြောဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ X-Men ကိုကူညီသင့်တယ်လို့ ယူဆပြီးတော့ အဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေတဲ့ သန္ဓေပြောင်းလူသားတွေကို ကယ်ဆယ်ဖို့အတွက် သဘောတူခဲ့ပါတယ်။ အဲ့ဒီကျွန်းပေါ်ကို သူတို့ရောက်သွားတဲ့ အချိန်မှာတော့ တိုက်ပွဲဟာ ပြီးဆုံးသွားပြီ ဖြစ်ပြီး X-Men တွေဟာ အရေးနိမ့်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အခုမှ စစ်ကူအနေနဲ့ ရောက်လာတဲ့ X-Men တွေ ၊ Avengers တွေဟာ ဒေါသထွက်သွားပြီး နောက်ထပ် စစ်ပွဲတစ်ခုကို အစပြုဖို့အတွက် လုပ်နေတဲ့အချိန်မှာတော့ Red Skull ဟာ Doctor Doom ရဲ့အကူအညီနဲ့ ရောက်လာတဲ့သူတွေအကုန်လုံးရဲ့ စိတ်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ Deadpool ရဲ့သွေးဆာနေပြီး သတ်ဖြတ်ချင်နေတဲ့စိတ်ဟာ ပျောက်ကွယ်သွားပြီး အကြမ်းဖက်မှုကို မကြိုက်ဘဲ ငြိမ်းချမ်းရေးကိုပဲ လိုချင်တဲ့လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအချက်ကြောင့်ပဲ သူဟာ လူတစ်ကိုယ်စိတ်နှစ်မျိူးလို ပုံစံမျိူးဖြစ်သွားပြီး အရင်လို ရက်ရက်စက်စက် သတ်ဖြတ်ပစ်တဲ့ Deadpool နဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့ Zenpool ဆိုပြီး ဖြစ်လာတဲ့အပြင် ရက်စက်တတ်တဲ့ Deadpool ဟာ သူ့ရဲ့စိတ်အတွင်းပိုင်းထဲမှာ အိပ်ပျော်သွားခဲ့ပါတယ်။

photo via screenrant

အဲ့ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာတော့ Deadpool ပြောင်းလဲသွားတာကို လူတိုင်းက သတိထားမိသွားပါတယ်။ ဒါ့အပြင် သူ့ရဲ့အမျိူးသမီးဖြစ်သူ Shiklah ကတော့ တော်တော်လေးကို အံ့ဩပြီး အထင်ကြီးသွားခဲ့ပါတယ်။ အဲ့လိုနဲ့နောက်ပိုင်းမှာတော့ ကျေးဇူးတော်နေ့မှာ ကြက်ဆင်သားကို စားဖို့အတွက် ဓားနဲ့လှီးရတာကိုတောင် Zenpool ဟာ တော်တော်လေး ဝမ်းနည်းနေခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Shiklah နဲ့အတူ သူတို့ရဲ့အိမ်ကို ပြန်ဖို့အတွက် ရထားစီးလာခဲ့ပါတယ်။ အဲ့ဒီလမ်းမှာပဲ သူတို့ဟာ အရင် Deadpool ကို ပိုပြီးသဘောကျတဲ့ ကုန်သည်နှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး အဲ့ဒီကုန်သည်တွေဟာ Zenpool ကို ဒေါသထွက်လာအောင် သွားဆွခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ အိပ်ပျော်နေတဲ့ Deadpool ဟာ နိုးထလာပြီး သူတို့ကို သတ်ဖို့အတွက် Zenpool ကိုပြောခဲ့ပေမယ့်လည်း Zenpool ကတော့ အဲ့ဒီကုန်သည်တွေနဲ့ အေးအေးဆေးဆေး စကားပြောဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့်ပဲ ကုန်သည်နှစ်ယောက်ဟာ အံ့ဩသွားတဲ့အပြင် Zenpool ကိုယ်တိုင်ကလည်း သူ့ဘာသာ တစ်ခုခုမှားနေမှန်း သတိထားမိသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Jean ဆီကို သွားခဲ့တဲ့အချိန်ကျမှ ထူးဆန်းနေတာဟာ သူတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကို သိခဲ့ရပါတယ်။ အဲ့ဒီမှာပဲ သူတို့ဟာ တစ်ချို့ X-Men တွေကို ဖမ်းချုပ်ထားတာကို တွေ့လိုက်ရပါတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့ အဲ့ဒီလိုဖမ်းချုပ်ခံထားရတဲ့ X-Men တွေကို သူဟာ လွှတ်ပေးခဲ့ပြီး Iceman နဲ့အတူတူ ထွက်ပြေးလာခဲ့ပါတယ်။ အဲ့လိုပြေးနေတဲ့အချိန်မှာပဲ Deadpool ဟာ လမ်းရှင်းဖို့အတွက် အိတ်ကပ်ထဲမှာရှိတဲ့ ဗုံးကိုအသုံးပြုဖို့အတွက် ပြောခဲ့ပေမယ့်လည်း Zenpool ကတော့ “အဲ့လိုမျိူးအန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို မယူလာခဲ့ဘူး” ဆိုပြီး ပြန်ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ Iceman ရဲ့ပါးကို နမ်းခဲ့ပြီး “I Love You” လို့ ပြောခဲ့ပါသေးတယ်။

သူလွှတ်ပေးခဲ့တဲ့ X-Men တွေအကုန်လုံးကို သူ့ရဲ့လျှို့ဝှက်အိမ်ထဲမှာ ဖွက်ထားပြီး နောက်ပိုင်းမှာတော့ အရမ်းကို စွမ်းအားကြီးတဲ့ Apocalypse ကိုအနိုင်ယူခဲ့တဲ့အပြင် နောက်ဆုံးမှာတော့ Red Skull ဟာ အကုန်လုံးရဲ့ စိတ်တွေကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ငြိမ်းချမ်းရေးကိုပဲ လိုချင်တဲ့ Zenpool ဟာ အိပ်ပျော်သွားပြီး အရင်လို လူတိုင်းကြိုက်တဲ့ Deadpool အဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ပါတယ်။ အခုလိုမျိူး မြင်နေကျပုံစံမဟုတ်တဲ့ Deadpool ကို မြင်တွေ့ရတာဟာ စိတ်ဝင်စားဖို့ကောင်းပေမယ့်လည်း သူ့ရဲ့ 18+ ဆန်ဆန် ဟာသတွေနဲ့ လက်မတွန့်ဘဲ သတ်ဖြတ်တာတွေ မပါဝင်တဲ့ Deadpool ကိုတော့ လုံးဝ လက်ခံပေးလို့မရတာတော့ အမှန်ပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Deadpool ဟာ သူ႔ရဲ႕ ရန္သူေတြကို ရက္ရက္စက္စက္ သတ္ျဖတ္ပစ္တဲ့ သူတစ္ေယာက္ ျဖစ္ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ လူႀကိဳက္မ်ားေနေပမယ့္လည္း Deadpool: The Complete Collection Vol 4 မွာေတာ့ သူဟာ အၾကမ္းဖက္ေတြက လုံးဝမေကာင္းပါဘူးလို႔ ခံယူထားတဲ့ လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ လူတိုင္းသိၾကတဲ့ Deadpool ဆိုတာဟာ သူ႔ရဲ႕ ႐ိုင္းတဲ့ ဟာသဆန္ဆန္ စကားေတြနဲ႔ Marvel universe ထဲက ဟီး႐ိုးေတြနဲ႔ ဗီလိန္ေတြကို ဘာမွသိပ္ေတြေဝမေနဘဲ သတ္ျဖတ္ခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း Deadpool ကို အဲ့လိုအရာေတြ လုံးဝမပါေတာ့ဘဲ ၿငိမ္းခ်မ္းေရးကိုပဲ လိုခ်င္တဲ့သူတစ္ေယာက္အျဖစ္ ျမင္ေတြ႕ရမွာကေတာ့ ေတာ္ေတာ္ေလးကို ေၾကာင္ေတာင္ေတာင္ႏိုင္သလို မျဖစ္ႏိုင္ေတာ့သလို ခံစားရပါတယ္။ ဒါေပမယ့္လည္း အေပၚမွာ ေဖာ္ျပခဲ့သလို Deadpool: The Complete Collection Vol 4 မွာေတာ့ သူဟာ အၾကမ္းဖက္မႈေတြကို မျပဳလုပ္ေတာ့ဘဲ ၿငိမ္းခ်မ္းေရးကိုပဲ လိုခ်င္တဲ့ သူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။

ဒီဇာတ္လမ္းရဲ႕အစကေတာ့ X-Men ေတြနဲ႔ Red Skull တို႔ဟာ Genosha လို႔ေခၚတဲ့ ကြၽန္းေပၚမွာ တိုက္ပြဲေတြ ျဖစ္ေနၾကၿပီး X-Men ေတြဟာ ရႈံးလုနီးနီး ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ X-Mansion ရဲ႕ပိုင္ရွင္ဟာ Processor X မဟုတ္ေတာ့ဘဲ Jean Grey ျဖစ္ေနခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ကြၽန္းေပၚက တိုက္ခိုက္ေနတဲ့ သူတစ္ေယာက္ ျဖစ္တဲ့ Evan ဟာ အခ်က္ျပၿပီးေတာ့ အဲ့ဒီကြၽန္းမွာ ျဖစ္ေနတဲ့ တိုက္ပြဲထဲမွာ Deadpool ကို ပါဝင္ကူညီဖို႔ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း Deadpool ဟာ အကူအညီေပးဖို႔ကို ျငင္းဆိုခဲ့ၿပီး X-Mansion ကေန ထြက္ခြာလာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ သူ႔ရဲ႕အမ်ိဴးသမီးျဖစ္တဲ့ Shiklah နဲ႔ အဲ့ဒီအေျခအေနကို ေဆြးေႏြးခဲ့ၿပီး သူ႔ရဲ႕သမီးျဖစ္သူ Ellie Camacho ကိုစိတ္ပူတာေၾကာင့္ သူမေနထိုင္ေနတဲ့ လွ်ိဳ႕ဝွက္အိမ္ကို သြားခဲ့ပါတယ္။

သူဟာ အဲ့ဒီအိမ္ကို ေရာက္ေရာက္ခ်င္းမွာပဲ ပတ္ဝန္းက်င္မွာ အႏၲရာယ္ရွိမရွိ လိုက္လံၾကည့္ရႈေနၿပီးေတာ့ သိပ္မၾကာခင္မွာပဲ Magneto ေရာက္လာၿပီး Genosha ကြၽန္းေပၚမွာ ျဖစ္ေနတဲ့ တိုက္ပြဲမွာ ပါဝင္ကူညီဖို႔အတြက္ ေတာင္းေတာင္းပန္ပန္ ေျပာဆိုခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ X-Men ကိုကူညီသင့္တယ္လို႔ ယူဆၿပီးေတာ့ အဲ့ဒီကြၽန္းေပၚမွာ ပိတ္မိေနတဲ့ သေႏၶေျပာင္းလူသားေတြကို ကယ္ဆယ္ဖို႔အတြက္ သေဘာတူခဲ့ပါတယ္။ အဲ့ဒီကြၽန္းေပၚကို သူတို႔ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ တိုက္ပြဲဟာ ၿပီးဆုံးသြားၿပီ ျဖစ္ၿပီး X-Men ေတြဟာ အေရးနိမ့္သြားခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အခုမွ စစ္ကူအေနနဲ႔ ေရာက္လာတဲ့ X-Men ေတြ ၊ Avengers ေတြဟာ ေဒါသထြက္သြားၿပီး ေနာက္ထပ္ စစ္ပြဲတစ္ခုကို အစျပဳဖို႔အတြက္ လုပ္ေနတဲ့အခ်ိန္မွာေတာ့ Red Skull ဟာ Doctor Doom ရဲ႕အကူအညီနဲ႔ ေရာက္လာတဲ့သူေတြအကုန္လုံးရဲ႕ စိတ္ကို ေျပာင္းလဲပစ္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ Deadpool ရဲ႕ေသြးဆာေနၿပီး သတ္ျဖတ္ခ်င္ေနတဲ့စိတ္ဟာ ေပ်ာက္ကြယ္သြားၿပီး အၾကမ္းဖက္မႈကို မႀကိဳက္ဘဲ ၿငိမ္းခ်မ္းေရးကိုပဲ လိုခ်င္တဲ့လူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါ့အျပင္ အဲ့ဒီအခ်က္ေၾကာင့္ပဲ သူဟာ လူတစ္ကိုယ္စိတ္ႏွစ္မ်ိဴးလို ပုံစံမ်ိဴးျဖစ္သြားၿပီး အရင္လို ရက္ရက္စက္စက္ သတ္ျဖတ္ပစ္တဲ့ Deadpool နဲ႔ ၿငိမ္းခ်မ္းေရးကို လိုခ်င္တဲ့ Zenpool ဆိုၿပီး ျဖစ္လာတဲ့အျပင္ ရက္စက္တတ္တဲ့ Deadpool ဟာ သူ႔ရဲ႕စိတ္အတြင္းပိုင္းထဲမွာ အိပ္ေပ်ာ္သြားခဲ့ပါတယ္။

photo via screenrant

အဲ့ဒီအျဖစ္အပ်က္ၿပီးတဲ့ေနာက္မွာေတာ့ Deadpool ေျပာင္းလဲသြားတာကို လူတိုင္းက သတိထားမိသြားပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အမ်ိဴးသမီးျဖစ္သူ Shiklah ကေတာ့ ေတာ္ေတာ္ေလးကို အံ့ဩၿပီး အထင္ႀကီးသြားခဲ့ပါတယ္။ အဲ့လိုနဲ႔ေနာက္ပိုင္းမွာေတာ့ ေက်းဇူးေတာ္ေန႔မွာ ၾကက္ဆင္သားကို စားဖို႔အတြက္ ဓားနဲ႔လွီးရတာကိုေတာင္ Zenpool ဟာ ေတာ္ေတာ္ေလး ဝမ္းနည္းေနခဲ့ပါတယ္။ ဒါ့အျပင္ သူဟာ Shiklah နဲ႔အတူ သူတို႔ရဲ႕အိမ္ကို ျပန္ဖို႔အတြက္ ရထားစီးလာခဲ့ပါတယ္။ အဲ့ဒီလမ္းမွာပဲ သူတို႔ဟာ အရင္ Deadpool ကို ပိုၿပီးသေဘာက်တဲ့ ကုန္သည္ႏွစ္ေယာက္နဲ႔ ေတြ႕ဆုံခဲ့ၿပီး အဲ့ဒီကုန္သည္ေတြဟာ Zenpool ကို ေဒါသထြက္လာေအာင္ သြားဆြခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ အိပ္ေပ်ာ္ေနတဲ့ Deadpool ဟာ ႏိုးထလာၿပီး သူတို႔ကို သတ္ဖို႔အတြက္ Zenpool ကိုေျပာခဲ့ေပမယ့္လည္း Zenpool ကေတာ့ အဲ့ဒီကုန္သည္ေတြနဲ႔ ေအးေအးေဆးေဆး စကားေျပာဖို႔ပဲ ဆုံးျဖတ္ခဲ့ပါတယ္။ အဲ့ဒီျဖစ္ရပ္ေၾကာင့္ပဲ ကုန္သည္ႏွစ္ေယာက္ဟာ အံ့ဩသြားတဲ့အျပင္ Zenpool ကိုယ္တိုင္ကလည္း သူ႔ဘာသာ တစ္ခုခုမွားေနမွန္း သတိထားမိသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Jean ဆီကို သြားခဲ့တဲ့အခ်ိန္က်မွ ထူးဆန္းေနတာဟာ သူတစ္ေယာက္တည္း မဟုတ္ဘူး ဆိုတာကို သိခဲ့ရပါတယ္။ အဲ့ဒီမွာပဲ သူတို႔ဟာ တစ္ခ်ိဳ႕ X-Men ေတြကို ဖမ္းခ်ဳပ္ထားတာကို ေတြ႕လိုက္ရပါတယ္။

ပိုၿပီးစိတ္ဝင္စားဖို႔ေကာင္းတာကေတာ့ အဲ့ဒီလိုဖမ္းခ်ဳပ္ခံထားရတဲ့ X-Men ေတြကို သူဟာ လႊတ္ေပးခဲ့ၿပီး Iceman နဲ႔အတူတူ ထြက္ေျပးလာခဲ့ပါတယ္။ အဲ့လိုေျပးေနတဲ့အခ်ိန္မွာပဲ Deadpool ဟာ လမ္းရွင္းဖို႔အတြက္ အိတ္ကပ္ထဲမွာရွိတဲ့ ဗုံးကိုအသုံးျပဳဖို႔အတြက္ ေျပာခဲ့ေပမယ့္လည္း Zenpool ကေတာ့ “အဲ့လိုမ်ိဴးအႏၲရာယ္ရွိတဲ့ ပစၥည္းေတြကို မယူလာခဲ့ဘူး” ဆိုၿပီး ျပန္ေျပာခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ Iceman ရဲ႕ပါးကို နမ္းခဲ့ၿပီး “I Love You” လို႔ ေျပာခဲ့ပါေသးတယ္။

သူလႊတ္ေပးခဲ့တဲ့ X-Men ေတြအကုန္လုံးကို သူ႔ရဲ႕လွ်ိဳ႕ဝွက္အိမ္ထဲမွာ ဖြက္ထားၿပီး ေနာက္ပိုင္းမွာေတာ့ အရမ္းကို စြမ္းအားႀကီးတဲ့ Apocalypse ကိုအႏိုင္ယူခဲ့တဲ့အျပင္ ေနာက္ဆုံးမွာေတာ့ Red Skull ဟာ အကုန္လုံးရဲ႕ စိတ္ေတြကို ပုံမွန္အတိုင္းျပန္ျဖစ္ေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ၿငိမ္းခ်မ္းေရးကိုပဲ လိုခ်င္တဲ့ Zenpool ဟာ အိပ္ေပ်ာ္သြားၿပီး အရင္လို လူတိုင္းႀကိဳက္တဲ့ Deadpool အျဖစ္ ျပန္လည္ေျပာင္းလဲသြားခဲ့ပါတယ္။ အခုလိုမ်ိဴး ျမင္ေနက်ပုံစံမဟုတ္တဲ့ Deadpool ကို ျမင္ေတြ႕ရတာဟာ စိတ္ဝင္စားဖို႔ေကာင္းေပမယ့္လည္း သူ႔ရဲ႕ 18+ ဆန္ဆန္ ဟာသေတြနဲ႔ လက္မတြန႔္ဘဲ သတ္ျဖတ္တာေတြ မပါဝင္တဲ့ Deadpool ကိုေတာ့ လုံးဝ လက္ခံေပးလို႔မရတာေတာ့ အမွန္ပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular