HomeEntertainmentFilmDavid Harbour ကို Santa Claus အနေနဲ့ မြင်တွေ့ရမယ့် Violent Night

David Harbour ကို Santa Claus အနေနဲ့ မြင်တွေ့ရမယ့် Violent Night

Black Widow ရုပ်ရှင်၊ Stranger Things ဇာတ်လမ်းတွဲတွေနဲ့ လူသိများကြတဲ့ သရုပ်ဆောင် David Harbour ကတော့ Violent Night ဆိုတဲ့ ဟာသအက်ရှင်ရုပ်ရှင်ထဲမှာ Santa Claus အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ David Harbour ကတော့ သူ့ရဲ့သရုပ်ဆောင် သက်တမ်းတလျှောက်မှာ The Equalizer ၊ Suicide Squad ၊ Brokeback Mountain နဲ့ Extraction တို့လို နာမည်ကြီးရုပ်ရှင်တွေမှာလည်း ဇာတ်ရန်နေရာကနေ ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hellboy ရုပ်ရှင်ထဲမှာတော့ Hellboy နေရာက ပါဝင်ထားပါသေးတယ်။

Violent Night ရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ချမ်းသာတဲ့ မိသားစုတစ်စုရဲ့အိမ်ကို ကျူးကျော်ထားကြတဲ့ ကြေးစားအုပ်စုတစ်စုရဲ့ လက်ထဲကနေ ခရစ်စမတ်ကို ကယ်တင်ဖို့အတွက် Santa Claus ကိုယ်တိုင်က ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ David Harbour အပြင် John Leguizamo ၊ Beverly D’Angelo ၊ Alex Hassell ၊ Alexis Louder ၊ Edi Patterson ၊ Cam Gigandet နဲ့ Andre Eriksen တို့လည်း ပါဝင်ထားပါတယ်။

photo via screenrants

မကြာသေးခင်ကပဲ Violent Night ရဲ့ Official Twitter ကနေ ဒီရုပ်ရှင်ရဲ့ ပိုစတာကို တင်ပေးခဲ့ပါတယ်။ ဒီပိုစတာထဲမှာတော့ David Harbour ကို Santa ဝတ်စုံအပြည့်နဲ့ မြင်တွေ့ရပြီး မီးတောက်လောင်နေတဲ့ Candy ချောင်းလေးကိုလည်း ဆေးလိပ်လိုမျိူး ပါးစပ်မှာ ခဲထားတာကို တွေ့ရပါတယ်။

Santa Claus ကိုတော့ လူသတ်သမားတစ်ယောက်အနေနဲ့ Horror ရုပ်ရှင်တွေက ဖန်တီးခဲ့ကြဖူးပေမယ့်လည်း ဒီရုပ်ရှင်ထဲမှာတော့ Santa ဟာ ဗီလိန်မဟုတ်ဘဲ ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မယ့် အက်ရှင်ဟီးရိုးပုံစံမျိူးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ Santa Claus ကို ကျွန်တော်တို့ မြင်ဖူးနေကျ ပုံစံအတိုင်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒီရုပ်ရှင်ကတော့ လာမယ့် ဒီဇင်လာလ (၂)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular