HomeCharacterDC ကောမစ်ထဲက အခိုင်မြဲဆုံး ရိုမန့်တစ် Relationship (၇)ခု 

DC ကောမစ်ထဲက အခိုင်မြဲဆုံး ရိုမန့်တစ် Relationship (၇)ခု 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အများအားဖြင့် ကောမစ်စာအုပ်တွေထဲက အချစ်ရေးတွေဟာ ခိုင်မြဲလေ့ မရှိဘဲ အမြဲတမ်းလိုလို ကွဲကွာသွားတဲ့ အဆုံးသတ်ကိုသာ ရရှိလေ့ ရှိပါတယ်။ ဒါဟာ ကောမစ်တွေရဲ့ စတိုင်လ်လို့တောင် ပြောလို့ရပါတယ်။ ကာရိုက်တာများစွာဟာ ပျော်ရွှင်စွာနဲ့ မင်္ဂလာဆောင်အပြီး မျက်စိတမှိတ်အတွင်းမှာတင် နှလုံးကြေကွဲရမယ့် အဖြစ်အပျက်တွေနဲ့ ကြုံရလေ့ ရှိကြပါတယ်။ သို့သော်လည်း ဒီဖော်မြူလာ မသက်ရောက်တဲ့ ကောမစ်စုံတွဲအချို့လည်း ရှိပါသေးတယ်။ DC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲ(၁၀)တွဲကတော့ …

(1) Artemis နဲ့ Red-Hood (Jason Todd)
Photo via cbr

Red-Hood and the Outlaws (rebirth)ကောမစ်ထဲမှာဆိုရင် Jason Todd နဲ့ Artemis Grace တို့ကြားထဲက အချစ်ဇာတ်လမ်းဟာလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သိပ်မယုံကြည်ကြပေမယ့်လည်း နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သံယောဇဉ် ခိုင်မာလာကြပါတယ်။ အဲဒီနောက် ခံစားချက်တွေကို အပြန်အလှန် ဖွင့်ပြောပြီး သိပ်မကြာခင်မှာပဲ လူချင်းကွဲကွာသွားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ဆုံစည်းနိုင်ဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

(2) Animal Man (Buddy Baker) နဲ့ Ellen Frazier
Photo via cbr

Buddy Baker တဖြစ်လည်း Animal Man နဲ့ Ellen Frazier တို့ရဲ့ အချစ်ရေးကတော့ DC Universe ထဲက တခြားစုံတွဲတွေနဲ့ သိပ်မတူညီပါဘူး။ အကြောင်းကတော့ သူတို့နှစ်ယောက်ဟာ ယေဘူယျအားဖြင့် တည်ငြိမ်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားကြလို့ ဖြစ်ပါတယ်။

Buddy နဲ့ Ellen တို့ရဲ့ အချစ်ဇာတ်လမ်းဟာ အတိတ်မှာ မတူညီမှုတွေ ရှိခဲ့ကြပေမယ့် အထက်တန်းကျောင်းက ချစ်သူစုံတွဲဘဝကနေ လက်ထပ်ပြီးတဲ့ မောင်နှံတွေအဖြစ် တစိုက်မတ်မတ် ရေးသားပုံဖော်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကတော့ သာမန် မိရိုးဖလာ အိမ်ထောင်ရေးပုံစံမျိုးပါပဲ။ တစ်ဘက်က စူပါဟီးရိုးဘဝကို ပိုင်ဆိုင်ထားရင်း တစ်ဘက်မှာတော့ အိမ်ထောင်ရေးမှာလည်း မလစ်ဟင်းရအောင် အာရုံစိုက်နေရင်း သားသမီးတွေကိုပါ အတူတူ ပြုစုပျိုးထောင်ခဲ့ကြသူနှစ်ဦး ဖြစ်ပါတယ်။

(3) Bumblebee (Karen Duncan) နဲ့ Herald (Malcolm Duncan)
Photo via cbr

အပေါ်က စုံတွဲလိုပဲ Bumblebee နဲ့ Herald တို့အတွဲဟာလည်း စုံတွဲတွေအဖြစ် ရည်ရွယ်ပြီး ရေးသားပုံဖော်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ချစ်သူတွေအဖြစ်က လက်ထပ်ဖြစ်ခဲ့ကြပြီး Teen Titans အဖွဲ့ဝင်တွေအနေနဲ့ အခက်အခဲ‌တွေ ရင်ဆိုင်ခဲ့ကြရပေမယ့် ကလေးတစ်ယောက်တောင် ထွန်းကားပြီး အတူတူ ပြုစုပျိုးထောင်ခဲ့ကြပါသေးတယ်။

(4) Miss Martian နဲ့ Superboy (Conner Kent)
Photo via cbr

Young Justice ထဲမှာ မိတ်ဆက်ပေးခဲ့တဲ့ စုံတွဲအများစုဟာ နှစ်ကာလတွေ ကြာလာတာနဲ့အမျှ ကွဲကွာသွားသူတွေနဲ့ သေဆုံးသွားသူတွေ များပါတယ်။ သို့ပေမယ့် M’gann နဲ့ Conner တို့နှစ်ဦးကတော့ လမ်းခွဲရမယ့်အရေးကရော၊ သေခြင်းတရားကိုပါ ရှောင်တိမ်းနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ဘဝတလျှောက်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးရင်းကနေ ခိုင်မြဲအားကောင်းတဲ့ အချစ်ရေးတစ်ခု ဖြစ်လာခဲ့ပါတယ်။

(5) Liberty Bell (Jesse Chambers) နဲ့ Hourman (Rick Tyler)
Photo via cbr

ကောမစ်ထဲက စုံတွဲအများစုဟာ မတရားမှုတွေ၊ မှုခင်းတွေကို တိုက်ဖျက်ရတာနဲ့ ပုဂ္ဂိုလ်ရေးဘဝကို ဟန်ချက်မထိန်းနိုင်ဘဲ လမ်းခွဲပြတ်စဲကြရတာ များပါတယ်။ Jesse နဲ့ Rick တို့အတွဲကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်ယောက်စလုံး ပူးပေါင်းပြီး Justice Society of America အဖွဲ့ထဲကို ဝင်ရောက်ခဲ့ကြပါတယ်။

Jesse နဲ့ Rick တို့ကို အမြဲတမ်း တပူးတွဲတွဲ မမြင်ရပေမယ့် သူတို့ဟာ တစ်ယောက်ရဲ့ စွမ်းအားတွေအပေါ် ကျန်တစ်ယောက်က အပြည့်အဝ ယုံကြည်ထားပြီး အရေးကြုံရင် ဘေးမှာ အမြဲရှိနေကြသူတွေပါ။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ သူတို့ရဲ့အချစ်ကို ဦးစားပေးခဲ့ကြပြီး Jesse ဆီမှာ ကိုယ်ဝန်ရလာချိန်မှာတော့ စူပါဟီးရိုးအလုပ်ကနေ အနားယူခဲ့ကြပါတယ်။

(6) Flash (Wally West) နဲ့ Linda Park
Photo via cbr

အစပိုင်းမှာ နှစ်ယောက်သား သိပ်မနီးစပ်ကြပေမယ့် စူပါဟီးရိုးနဲ့ မှုခင်းသတင်းစုံထောက်အဖြစ် မကြာမကြာ တွေ့ဆုံရပြီးနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် နှစ်သက်လာကြပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ လက်ထပ်ခဲ့ကြပေမယ့် သာမန်ဘဝနဲ့ နေထိုင်ဖို့ မဖြစ်နိုင်တာကြောင့် သူတို့အိမ်ထောင်ရေး ခိုင်မြဲအောင် အားတင်းခဲ့ကြရပါတယ်။

(7) Harley Quinn နဲ့ Poison Ivy
Photo via cbr

Harley နဲ့ Poison Ivy တို့ကတော့ တခြားကောမစ်စုံတွဲတွေထက်စာရင် သူတို့ကြားမှာ အတားအဆီးတွေ သိပ်မရှိတာကို တွေ့ရမှာပါ။ သူတို့နှစ်ယောက်ဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အတူတူ ရှိနေရရင် ပျော်ရွှင်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့ ဇာတ်ကြောင်းတွေကြောင့် လူချင်းခွဲနေရတာမျိုး ရှိခဲ့ကြတာတောင် တစ်ယောက်ဆီတစ်ယောက် အမြဲတမ်း ပြန်လာကြသူတွေ ဖြစ်ပါတယ်။

ဒါကတော့ DC ကောမစ်ထဲက အခိုင်မြဲဆုံး အချစ်ရေးကို ပိုင်ဆိုင်ထားကြတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

အမ်ားအားျဖင့္ ေကာမစ္စာအုပ္ေတြထဲက အခ်စ္ေရးေတြဟာ ခိုင္ၿမဲေလ့ မရွိဘဲ အၿမဲတမ္းလိုလို ကြဲကြာသြားတဲ့ အဆုံးသတ္ကိုသာ ရရွိေလ့ ရွိပါတယ္။ ဒါဟာ ေကာမစ္ေတြရဲ႕ စတိုင္လ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ ကာ႐ိုက္တာမ်ားစြာဟာ ေပ်ာ္႐ႊင္စြာနဲ႔ မဂၤလာေဆာင္အၿပီး မ်က္စိတမွိတ္အတြင္းမွာတင္ ႏွလုံးေၾကကြဲရမယ့္ အျဖစ္အပ်က္ေတြနဲ႔ ႀကဳံရေလ့ ရွိၾကပါတယ္။ သို႔ေသာ္လည္း ဒီေဖာ္ျမဴလာ မသက္ေရာက္တဲ့ ေကာမစ္စုံတြဲအခ်ိဳ႕လည္း ရွိပါေသးတယ္။ DC ေကာမစ္ထဲက အခိုင္ၿမဲဆုံး အခ်စ္ေရးကို ပိုင္ဆိုင္ထားၾကတဲ့ စုံတြဲေတြကေတာ့ …

(1) Artemis နဲ႔ Red-Hood (Jason Todd)
Photo via cbr

Red-Hood and the Outlaws (rebirth)ေကာမစ္ထဲမွာဆိုရင္ Jason Todd နဲ႔ Artemis Grace တို႔ၾကားထဲက အခ်စ္ဇာတ္လမ္းဟာလည္း စိတ္ဝင္စားစရာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ အစပိုင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ သိပ္မယုံၾကည္ၾကေပမယ့္လည္း ေနာက္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ သံေယာဇဥ္ ခိုင္မာလာၾကပါတယ္။ အဲဒီေနာက္ ခံစားခ်က္ေတြကို အျပန္အလွန္ ဖြင့္ေျပာၿပီး သိပ္မၾကာခင္မွာပဲ လူခ်င္းကြဲကြာသြားၾကေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ ျပန္လည္ဆုံစည္းႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကသူေတြ ျဖစ္ပါတယ္။

(2) Animal Man (Buddy Baker) နဲ႔ Ellen Frazier
Photo via cbr

Buddy Baker တျဖစ္လည္း Animal Man နဲ႔ Ellen Frazier တို႔ရဲ႕ အခ်စ္ေရးကေတာ့ DC Universe ထဲက တျခားစုံတြဲေတြနဲ႔ သိပ္မတူညီပါဘူး။ အေၾကာင္းကေတာ့ သူတို႔ႏွစ္ေယာက္ဟာ ေယဘူယ်အားျဖင့္ တည္ၿငိမ္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ထားၾကလို႔ ျဖစ္ပါတယ္။

Buddy နဲ႔ Ellen တို႔ရဲ႕ အခ်စ္ဇာတ္လမ္းဟာ အတိတ္မွာ မတူညီမႈေတြ ရွိခဲ့ၾကေပမယ့္ အထက္တန္းေက်ာင္းက ခ်စ္သူစုံတြဲဘဝကေန လက္ထပ္ၿပီးတဲ့ ေမာင္ႏွံေတြအျဖစ္ တစိုက္မတ္မတ္ ေရးသားပုံေဖာ္ခံခဲ့ရတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးကေတာ့ သာမန္ မိ႐ိုးဖလာ အိမ္ေထာင္ေရးပုံစံမ်ိဳးပါပဲ။ တစ္ဘက္က စူပါဟီး႐ိုးဘဝကို ပိုင္ဆိုင္ထားရင္း တစ္ဘက္မွာေတာ့ အိမ္ေထာင္ေရးမွာလည္း မလစ္ဟင္းရေအာင္ အာ႐ုံစိုက္ေနရင္း သားသမီးေတြကိုပါ အတူတူ ျပဳစုပ်ိဳးေထာင္ခဲ့ၾကသူႏွစ္ဦး ျဖစ္ပါတယ္။

(3) Bumblebee (Karen Duncan) နဲ႔ Herald (Malcolm Duncan)
Photo via cbr

အေပၚက စုံတြဲလိုပဲ Bumblebee နဲ႔ Herald တို႔အတြဲဟာလည္း စုံတြဲေတြအျဖစ္ ရည္႐ြယ္ၿပီး ေရးသားပုံေဖာ္ခံခဲ့ရသူေတြ ျဖစ္ပါတယ္။ ခ်စ္သူေတြအျဖစ္က လက္ထပ္ျဖစ္ခဲ့ၾကၿပီး Teen Titans အဖြဲ႕ဝင္ေတြအေနနဲ႔ အခက္အခဲ‌ေတြ ရင္ဆိုင္ခဲ့ၾကရေပမယ့္ ကေလးတစ္ေယာက္ေတာင္ ထြန္းကားၿပီး အတူတူ ျပဳစုပ်ိဳးေထာင္ခဲ့ၾကပါေသးတယ္။

(4) Miss Martian နဲ႔ Superboy (Conner Kent)
Photo via cbr

Young Justice ထဲမွာ မိတ္ဆက္ေပးခဲ့တဲ့ စုံတြဲအမ်ားစုဟာ ႏွစ္ကာလေတြ ၾကာလာတာနဲ႔အမွ် ကြဲကြာသြားသူေတြနဲ႔ ေသဆုံးသြားသူေတြ မ်ားပါတယ္။ သို႔ေပမယ့္ M’gann နဲ႔ Conner တို႔ႏွစ္ဦးကေတာ့ လမ္းခြဲရမယ့္အေရးကေရာ၊ ေသျခင္းတရားကိုပါ ေရွာင္တိမ္းႏိုင္ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ဘဝတေလွ်ာက္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ စိတ္ဒဏ္ရာေတြကို ကုစားႏိုင္ဖို႔ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီေပးရင္းကေန ခိုင္ၿမဲအားေကာင္းတဲ့ အခ်စ္ေရးတစ္ခု ျဖစ္လာခဲ့ပါတယ္။

(5) Liberty Bell (Jesse Chambers) နဲ႔ Hourman (Rick Tyler)
Photo via cbr

ေကာမစ္ထဲက စုံတြဲအမ်ားစုဟာ မတရားမႈေတြ၊ မႈခင္းေတြကို တိုက္ဖ်က္ရတာနဲ႔ ပုဂၢိဳလ္ေရးဘဝကို ဟန္ခ်က္မထိန္းႏိုင္ဘဲ လမ္းခြဲျပတ္စဲၾကရတာ မ်ားပါတယ္။ Jesse နဲ႔ Rick တို႔အတြဲကေတာ့ ဒီျပႆနာကို ေျဖရွင္းဖို႔ ႏွစ္ေယာက္စလုံး ပူးေပါင္းၿပီး Justice Society of America အဖြဲ႕ထဲကို ဝင္ေရာက္ခဲ့ၾကပါတယ္။

Jesse နဲ႔ Rick တို႔ကို အၿမဲတမ္း တပူးတြဲတြဲ မျမင္ရေပမယ့္ သူတို႔ဟာ တစ္ေယာက္ရဲ႕ စြမ္းအားေတြအေပၚ က်န္တစ္ေယာက္က အျပည့္အဝ ယုံၾကည္ထားၿပီး အေရးႀကဳံရင္ ေဘးမွာ အၿမဲရွိေနၾကသူေတြပါ။ ဒီလိုနဲ႔ ေနာက္ဆုံးမွာေတာ့ သူတို႔ရဲ႕အခ်စ္ကို ဦးစားေပးခဲ့ၾကၿပီး Jesse ဆီမွာ ကိုယ္ဝန္ရလာခ်ိန္မွာေတာ့ စူပါဟီး႐ိုးအလုပ္ကေန အနားယူခဲ့ၾကပါတယ္။

(6) Flash (Wally West) နဲ႔ Linda Park
Photo via cbr

အစပိုင္းမွာ ႏွစ္ေယာက္သား သိပ္မနီးစပ္ၾကေပမယ့္ စူပါဟီး႐ိုးနဲ႔ မႈခင္းသတင္းစုံေထာက္အျဖစ္ မၾကာမၾကာ ေတြ႕ဆုံရၿပီးေနာက္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ႏွစ္သက္လာၾကပါတယ္။ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္ဟာ လက္ထပ္ခဲ့ၾကေပမယ့္ သာမန္ဘဝနဲ႔ ေနထိုင္ဖို႔ မျဖစ္ႏိုင္တာေၾကာင့္ သူတို႔အိမ္ေထာင္ေရး ခိုင္ၿမဲေအာင္ အားတင္းခဲ့ၾကရပါတယ္။

(7) Harley Quinn နဲ႔ Poison Ivy
Photo via cbr

Harley နဲ႔ Poison Ivy တို႔ကေတာ့ တျခားေကာမစ္စုံတြဲေတြထက္စာရင္ သူတို႔ၾကားမွာ အတားအဆီးေတြ သိပ္မရွိတာကို ေတြ႕ရမွာပါ။ သူတို႔ႏွစ္ေယာက္ဟာ ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ အတူတူ ရွိေနရရင္ ေပ်ာ္႐ႊင္ေနၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ မတူညီတဲ့ ဇာတ္ေၾကာင္းေတြေၾကာင့္ လူခ်င္းခြဲေနရတာမ်ိဳး ရွိခဲ့ၾကတာေတာင္ တစ္ေယာက္ဆီတစ္ေယာက္ အၿမဲတမ္း ျပန္လာၾကသူေတြ ျဖစ္ပါတယ္။

ဒါကေတာ့ DC ေကာမစ္ထဲက အခိုင္ၿမဲဆုံး အခ်စ္ေရးကို ပိုင္ဆိုင္ထားၾကတဲ့ စုံတြဲေတြပဲ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္ရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular