HomeEntertainmentFilmမကြာခင် ကြည့်ရှုရတော့မယ့် Dwayne Johnson ရဲ့ဇာတ်ကားသစ် Jungle Cruise 

မကြာခင် ကြည့်ရှုရတော့မယ့် Dwayne Johnson ရဲ့ဇာတ်ကားသစ် Jungle Cruise 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ရဲ့ ပရောဂျက်အကြီးစားဖြစ်တဲ့ Jungle Cruise ဇာတ်ကားကိုတော့ မကြာခင်မှာပဲ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ theme-park အမျိုးအစား ဖြစ်တဲ့ ဒီဇာတ်ကားကိုတော့ ကနဦးတုန်းက ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ရုံတင်ပြသဖို့ လျာထားခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် အစီအစဉ်တွေ ပျက်ယွင်းခဲ့ရပါတယ်။

Dwayne Johnson နဲ့ Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ဒီဇာတ်ကားကိုတော့ မူလတုန်းက Indiana Jones ရုပ်ရှင်နဲ့ စတိုင်လ်ချင်း ဆင်တူတယ်လို့ ဝေဖန်ခဲ့ကြပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ထပ်မံထွက်ရှိလာတဲ့ ထွေလာအသစ်အရ ပရိသတ်တွေရဲ့ ထင်ကြေးကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ဒီထွေလာအသစ်ကို ကြည့်ရှုပြီးနောက်မှာတော့ ပရိသတ်တွေရဲ့ တုံ့ပြန်မှုကို အတော်လေး ကောင်းမွန်နေပြီး ရုံတင်ရက်ကိုလည်း ရင်ခုန်နေကြပြီ ဖြစ်ပါတယ်။

Photo: therock/ Instagram

ဇာတ်လမ်းအကျဉ်းကတော့ ပျော်ပျော်နေတတ်တဲ့ ကပ္ပတိန် Frank Wolff ရဲ့ စွန့်စားခန်းမှာ ပါဝင်ဖို့ ဒေါက်တာ Lily Houghton က ဆုံးဖြတ်လိုက်ပါတယ်။ ကပ္ပတိန် Frank ရဲ့ လှေကို အသုံးပြုပြီး သူတို့ဟာ အမေဇုန်တောနက်ကြီးထဲကို စွန့်စားခန်း ထွက်ကြမှာပါ။ အကြောင်းကတော့ အရာအားလုံးကို ကုသပေးနိုင်စွမ်းရှိတဲ့ ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို ရှာဖွေကြဖို့ ဖြစ်ပါတယ်။ ဒါဟာ ဆေးပညာရဲ့ အနာဂတ်ကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်တာကြောင့် သူတို့ဟာ အန္တရာယ်တောထဲကို သွားဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

ဒါရိုက်တာ Jaume Collett-Serra က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Dwayne Johnson ၊ Emily Blunt ၊ Jack Whitehall နဲ့ Edgar Ramirez တို့က အဓိက ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဇူလိုင်လ(၃၀)ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး Disney+ မှာလည်း တပြိုင်တည်း ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow
(Zawgyi Version)

Disney ရဲ႕ ပေရာဂ်က္အႀကီးစားျဖစ္တဲ့ Jungle Cruise ဇာတ္ကားကိုေတာ့ မၾကာခင္မွာပဲ ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။ theme-park အမ်ိဳးအစား ျဖစ္တဲ့ ဒီဇာတ္ကားကိုေတာ့ ကနဦးတုန္းက ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ႐ုံတင္ျပသဖို႔ လ်ာထားခဲ့ေပမယ့္ ကိုဗစ္ကပ္ေရာဂါေၾကာင့္ အစီအစဥ္ေတြ ပ်က္ယြင္းခဲ့ရပါတယ္။

Dwayne Johnson နဲ႔ Emily Blunt တို႔ ဦးေဆာင္ပါဝင္တဲ့ ဒီဇာတ္ကားကိုေတာ့ မူလတုန္းက Indiana Jones ႐ုပ္ရွင္နဲ႔ စတိုင္လ္ခ်င္း ဆင္တူတယ္လို႔ ေဝဖန္ခဲ့ၾကေပမယ့္ လြန္ခဲ့တဲ့ ရက္ပိုင္းကမွ ထပ္မံထြက္ရွိလာတဲ့ ေထြလာအသစ္အရ ပရိသတ္ေတြရဲ႕ ထင္ေၾကးကို ေျပာင္းျပန္လွန္ပစ္လိုက္ပါတယ္။ ဒီေထြလာအသစ္ကို ၾကည့္ရႈၿပီးေနာက္မွာေတာ့ ပရိသတ္ေတြရဲ႕ တုံ႔ျပန္မႈကို အေတာ္ေလး ေကာင္းမြန္ေနၿပီး ႐ုံတင္ရက္ကိုလည္း ရင္ခုန္ေနၾကၿပီ ျဖစ္ပါတယ္။

Photo: therock/ Instagram

ဇာတ္လမ္းအက်ဥ္းကေတာ့ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ကပၸတိန္ Frank Wolff ရဲ႕ စြန႔္စားခန္းမွာ ပါဝင္ဖို႔ ေဒါက္တာ Lily Houghton က ဆုံးျဖတ္လိုက္ပါတယ္။ ကပၸတိန္ Frank ရဲ႕ ေလွကို အသုံးျပဳၿပီး သူတို႔ဟာ အေမဇုန္ေတာနက္ႀကီးထဲကို စြန႔္စားခန္း ထြက္ၾကမွာပါ။ အေၾကာင္းကေတာ့ အရာအားလုံးကို ကုသေပးႏိုင္စြမ္းရွိတဲ့ ေရွးေဟာင္းသစ္ပင္ႀကီးတစ္ပင္ကို ရွာေဖြၾကဖို႔ ျဖစ္ပါတယ္။ ဒါဟာ ေဆးပညာရဲ႕ အနာဂတ္ႀကီးတစ္ခုလုံးကို ေျပာင္းလဲႏိုင္မယ့္ အခြင့္အေရးတစ္ရပ္လည္း ျဖစ္တာေၾကာင့္ သူတို႔ဟာ အႏၲရာယ္ေတာထဲကို သြားဖို႔ ဆုံးျဖတ္လိုက္ၾကတာပါ။

ဒါ႐ိုက္တာ Jaume Collett-Serra က ႐ိုက္ကူးေပးထားၿပီး သ႐ုပ္ေဆာင္ေတြအေနနဲ႔ Dwayne Johnson ၊ Emily Blunt ၊ Jack Whitehall နဲ႔ Edgar Ramirez တို႔က အဓိက ပါဝင္ထားပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ လာမယ့္ ဇူလိုင္လ(၃၀)ရက္ေန႔မွာ ႐ုံတင္ျပသမွာျဖစ္ၿပီး Disney+ မွာလည္း တၿပိဳင္တည္း ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

 

RELATED ARTICLES

Most Popular