HomeCelebs Update NewsInternationalSnyderVerse ကို ဆက်လက်ဖန်တီးဖို့ အစီအစဉ် မရှိသေးဘူးဆိုတဲ့ DC

SnyderVerse ကို ဆက်လက်ဖန်တီးဖို့ အစီအစဉ် မရှိသေးဘူးဆိုတဲ့ DC

DC ရဲ့ Chief Creative Officer-Publisher ဖြစ်တဲ့ Jim Lee ကတော့ လောလောဆယ်မှာ Warner Bros. နဲ့ DC တို့ဟာ SnyderVerse ကို ဆက်လက်ဖန်တီးသွားဖို့ အစီအစဉ်မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။

အောင်မြင်မှုတွေများစွာ ရရှိခဲ့တဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ Dark Knight Trilogy အပြီးမှာတော့ Warner Bros. စတူဒီယိုဟာ ဒါရိုက်တာ Zack Snyder နဲ့ လက်တွဲပြီး DC Extended Universe(DCEU) ကို စတင်ခဲ့ပါတယ်။ DCEU ကို စတင်စေခဲ့တဲ့ ရုပ်ရှင်ကတော့ Man of Steel ပဲ ဖြစ်ပြီး ဒါရိုက်တာ Zack Snyder ရိုက်ကူးထားတဲ့ မူလရုပ်ရှင် ငါးကားစာ အစီအစဉ်ကိုတော့ ပရိသတ်တွေဟာ SnyderVerse လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

photo via screenrant

ဒါပေမယ့်လည်း ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Batman vs. Superman: Dawn of Justice ကတော့ ဆိုးရွားတဲ့ ဝေဖန်ချက်တွေများစွာ ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ ဒါရိုက်တာ Zack Snyder ဟာ မိသားစုနာရေးကြောင့် Justice League ရုပ်ရှင်ကနေ ထွက်ခွာသွားပါတယ်။

ဒါကြောင့်ပဲ ပရိသတ်တွေဟာ #ReleaseTheSnyderCut ဆိုတဲ့ Campaign ကို သုံးနှစ်လောက် ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးမှာတော့ Snyder ရဲ့ Justice League ကို HBO Max ကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း Warner Bros. နဲ့ DC တို့ဟာ SnyderVerse ကို ဆက်လက် ဖန်တီးခြင်း မရှိခဲ့ပါဘူး။ ယခုအချိန်မှာတော့ Jim Lee ဟာ Comic-Con ပွဲမှာ အသစ်ထွက်ရှိလာမယ့် DCEU ရုပ်ရှင်တွေအကြောင်း ပြောနေရင်း ပရိသတ်တစ်ယောက်ကတော့ Snyder နဲ့ လက်တွဲပြီး အလုပ်လုပ်နေတာမျိူး ရှိလားလို့ မေးမြန်းခဲ့ပါတယ်။ Jim Lee ရဲ့ အဖြေကတော့ …

photo via screenrant

“Lockdown မှာ (၂)နှစ်လောက် နေခဲ့ရပြီး အခုလို တွေ့ဆုံပွဲကို ရောက်လာရတာ တကယ်ကို ကောင်းပါတယ်။ လောလောဆယ်မှာ ဖန်တီးနေဆဲ ပရောဂျက်တွေမှာ ကျွန်တော် ပါနေတယ်လေ။ Snyder Cut က Zack ရဲ့ အမြင်တွေကို ချပြထားတဲ့ တကယ့်ရုပ်ရှင်ကားကောင်းတစ်ခုလို့ ထင်ပါတယ်။

ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး ဆက်လက် ဖန်တီးနေတာမျိူးတော့ မရှိပါဘူး။ တခြားသူတွေရဲ့ အကြံတွေကို ဝိုင်းပြီး Pitch လုပ်ပေးရတာက ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက Pitch ခဲ့ရတဲ့ Snyder Cut က တကယ်ထွက်လာတော့လည်း ဝမ်းသာရပါတယ်။ သူတို့(WB)က အဲဒါ(Snyder Cut)ကို ဖျက်လိုက်ပြီလို့တောင် ထင်ထားတာဗျ။ ဒါပေမယ့် သိမ်းထားကြတယ်လေ …”

ယခုလက်ရှိမှာတော့ DCEU ရဲ့ အနာဂတ်ဟာ မရေရာ ဖြစ်နေတဲ့အချိန်ပဲ ဖြစ်ပြီး Warner Bros. နဲ့ သရုပ်ဆောင်တွေဟာလည်း ပြဿနာတွေ တက်နေကြပါတယ်။ ဥပမာ ပြောရရင် Ezra Miller ဟာ အငြင်းပွားစရာ ကိစ္စရပ်တွေများစွာမှာ ပါဝင်နေသလို Ray Fisher ဟာလည်း လူမျိူးရေးခွဲခြားတဲ့ ကိစ္စတွေကြောင့် စတူဒီယိုနဲ့ ပြဿနာတက်နေပါတယ်။ ဒါ့အပြင် ဒါရိုက်တာ Zack Snyder နဲ့ WB တို့ကလည်း အဆင်မပြေကြတာကြောင့် DCEU ပရိသတ်တွေအတွက် SnyderVerse ကို ဆက်လက်ကြည့်ရှုရမယ့် မျှော်လင့်ချက်ကတော့ မရှိသလောက် ဖြစ်နေပါပြီ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular