HomeCharacterDC ကောမစ်က မိတ်ဆက်လိုက်တဲ့ စွမ်းအားကြီး စူပါဟီးရိုးအသစ်

DC ကောမစ်က မိတ်ဆက်လိုက်တဲ့ စွမ်းအားကြီး စူပါဟီးရိုးအသစ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

DC universe ထဲမှာ စွမ်းအားကြီးမားတဲ့ ဇာတ်ကောင်တွေအများကြီးရှိကြပြီးတော့ ဟီးရိုးတွေထဲမှာဆိုရင်လည်း Justice League အဖွဲ့ဟာ တော်တော်လေးကို စွမ်းအားကြီးတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် DC ကောမစ်ဟာ ၂၀၂၀ ခုနှစ်မှာ Primer: A Superhero Graphic Novel ဆိုတဲ့ ကောမစ်စာအုပ်အသစ်ကို ထုတ်လုပ်ခဲ့ပြီးတော့ စူပါဟီးရိုးအသစ်တစ်ယောက်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီစူပါဟီးရိုးဟာ Justice League တစ်ဖွဲ့လုံးရဲ့စွမ်းအားတွေကို အသုံးပြုလို့ရတဲ့အပြင် နောက်ထပ်စွမ်းအားတွေအများကြီးကိုလည်း အသုံးပြုလို့ရပါသေးတယ်။  ဒီကောမစ်စာအုပ်ကို Thomas Krajewski ၊ Jennifer Muro နဲ့ Gretel Lusky တို့က ဖန်တီးခဲ့တာဖြစ်ပြီးတော့ အဲ့ဒီစူပါဟီးရိုးရဲ့နာမည်ကတော့ Ashley Rayburn လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။

Ashley ကတော့ တက်တက်ကြွကြွနဲ့ စိတ်ကောင်းရှိသူဖြစ်ပြီးတော့ လမ်းမတွေပေါ်မှာ ဂရက်ဖစ်တီတွေလိုက်ဆွဲရတာကို ဝါသနာပါသူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ မတော်တဆအဖြစ်နဲ့ သူ့ရဲ့မွေးစားအမေတီထွင်ထားတဲ့ ရောင်စုံမှုတ်ဆေးတွေကို ထိတွေ့မိရကာနေ သဘာဝလွန်စွမ်းအားတွေ ရလာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူဟာ သာမန်ကောင်မလေး တစ်ယောက်မလုပ်နိုင်တဲ့အရာတွေတော်တော်များများ လုပ်နိုင်ကြောင်း သိသွားခဲ့ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ သူမဟာ ဂရက်ဖစ်တီတွေကို ဆွဲရတာ ဝါသနာပါတာကြောင့် သူနေထိုင်တဲ့ စောင့်ရှောက်ရေးဂေဟာလိုမျိုး နေရာကနေ အမြဲတမ်းခိုးပြီးတော့ အပြင်ထွက်ကာ ပုံတွေကိုဆွဲလေ့ရှိပါတယ်။ အဲ့ဒီဝါသနာကြောင့်ပဲ သူမဟာ ဉပဒေအရ ပြဿာနာတွေတက်ခဲ့တဲ့အပြင် သူနေထိုင်တဲ့ စောင့်ရှောက်ရေးဂေဟာရဲ့ အကြီးအကဲနဲ့ပါ ပြဿာနာတက်ခဲ့ပါတယ်။

photo via screenrant

ကံကောင်းစွာနဲ့ပဲ နောက်ပိုင်းမှာတော့ သူမအတွက် မွေးစားမိဘတွေရှိလာခဲ့ပြီးတော့ သူတို့ဟာ သူ့ရဲ့အနုပညာကိုပါ အားပေးခဲ့တဲ့အပြင် သူ့ရဲ့မွေးစားအဖေဖြစ်သူ Kitch ဟာ သူ့ရဲ့ပန်းချီစတူဒီယိုထဲကိုပါ ဝင်ခွင့်ပေးခဲ့ပြီး သူမကို တရားဝင် အနုပညာတွေကို ဖန်တီးစေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့မွေးစားအမေဖြစ်သူ Yuka ဟာ စစ်တပ်အတွက် သူမတီထွင်ထားတဲ့ Project Warpaint လို့ခေါ်တဲ့ ရောင်စုံမှုတ်ဆေးတွေကို သာမန်ရောင်စုံမှုတ်ဆေးအထင်နဲ့ မှားပြီးတော့ ပေးလိုက်မိပါတယ်။

အဲ့ဒီမှုတ်ဆေးတွေက စူပါဟီးရိုးတွေရဲ့ သွေး ၊ ချွေးနဲ့ နှာရည်တွေမှာရှိတဲ့ သူတို့ရဲ့ DNA ကနေတစ်ဆင့် ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး အဲ့ဒီမှုတ်ဆေးတွေကို ကိုယ့်ကိုယ်ကို မှုတ်လိုက်တဲ့ ဘယ်သူမဆိုကို စွမ်းအားတွေ ရရှိစေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီဆေးတွေကို ပထမဆုံး သုံးဖူးတဲ့လူကပဲ အစွမ်းရနိုင်ပြီးတော့ သုံးပြီးသားဆေးတွေကို တစ်ခြားသူက ယူသုံးလည်း အစွမ်းမရနိုင်ပါဘူး။

အဲ့ဒီဆေးတွေကို ဖန်တီးခဲ့တဲ့ Yuka ဟာ ဒီလိုစွမ်းအားတွေနဲ့ စစ်တပ်ဟာ ဘာတွေလုပ်မလည်းဆိုတာကို ကြောက်ရွံ့သွားတာကြောင့် သူမဟာ မှတ်တမ်းအကုန်လုံးကို ဖျက်စီးပြီးတော့ အဲ့ဒီဆေးတေွကို သူတို့ရဲ့အိမ်မှာ သိမ်းထားခဲ့ပါတယ်။ သူမဟာ အဲ့ဒီဆေးတွေကို ပုံမှန်ရောင်စုံမှုတ်ဆေးနဲ့ မှားပြီးတော့ Ashley ကိုပေးလိုက်မိတာ ဖြစ်ပါတယ်။ Ashley ဟာပုံဆွဲနေရင်းနဲ့ အဲ့ဒီဆေးတွေဟာ သူမရဲ့ကိုယ်ပေါ်မှာပါ ပေသွားတဲ့အခါမှာတော့ သဘာဝလွန်စွမ်းအားတွေကို ရရှိလာခဲ့ပါတယ်။

အဲ့ဒီဆေးတွေမှာတော့ အားလုံးပေါင်း အရောင် (၃၃) မျိုး ရှိတာကြောင့် သူမဟာ စွမ်းအားအမျိုးအစားတွေ တော်တော်များများကို အသုံးပြုလို့ရသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဆေးရောင်သုံးရောင်လောက်ကိုသာ တစ်ချိန်တည်းမှာ သုံးနိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီဆေးတွေဟာ ကုန်သွားတယ်လို့လည်းမရှိဘဲ အသုံးပြုလိုက်တဲ့ ပမာဏအတိုင်း ပြန်လည်ပွားများနိုင်တာကြောင့် သူမအတွက် လုံးဝကို သုံးမကုန်တဲ့ စွမ်းအားအရင်းအမြစ်တစ်ခု ဖြစ်လာပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကို အဲ့ဒီဆေးတွေကို မှုတ်ထားရင် စွမ်းအားရှိလာပြီး ခန္ဓာကိုယ်ပေနေတဲ့ အဲ့ဒီဆေးတွေဟာ ပျက်သွားဖို့အတွက်လည်း အချိန်တော်တော်ကြာကြာ လိုအပ်ပါတယ်။

photo via screenrant

သူမဟာ ဆေးမှုတ်လိုက်တာနဲ့ စွမ်းအားတွေကို အသုံးပြုလို့ရမှန်း သိသွားတဲ့အချိန်မှာတော့ တစ်ခြားဆေးတွေကိုပါ လိုက်လံစမ်းသပ်ရင်းနဲ့ သူအသုံးပြုနိုင်တဲ့ စွမ်းအားတွေအကုန်လုံးကို သိလိုက်ရပါတယ်။ အဲ့ဒါတွေကတော့ ခွန်အားအရမ်းကြီးမားခြင်း ၊ လေပေါ်ပျံနိုင်ခြင်း ၊ အလွန်လျင်မြန်တဲ့ အရှိန်နဲ့ သွားလာနိုင်ခြင်း ၊ မီးနဲ့ရေခဲတွေကို ဆန္ဒရှိသလို အသုံးပြုနိုင်ခြင်း ၊ အရာဝတ္ထုတွေကို စိတ်စွမ်းအားနဲ့ ရွေ့လျားနိုင်ခြင်း ၊ အရမ်းကို မြန်ဆန်တဲ့အရှိန်နဲ့ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်ခြင်းတို့ ပါဝင်ပါတယ်။

ဒါ့အပြင် တယ်လီပို့ လုပ်နိုင်ခြင်း ၊ အသံလှိုင်းတွေကို ထုတ်လွှတ်နိုင်ခြင်း ၊ သူမရဲ့ ပုံစံကို တစ်ခြားသူတစ်ယောက်နဲ့တူသွားအောင် ပြောင်းလဲနိုင်ခြင်း ၊ သူ့ရဲ့ခန္ဓာကိုယ်ကို ရာဘာလိုမျိုး ဆွဲဆန့်နိုင်ခြင်း ၊ သူ့ကိုယ်သူ သေးသေးလေးဖြစ်အောင် လုပ်လို့ရသလို အကြီးကြီးဖြစ်အောင်လည်း လုပ်နိုင်ခြင်း ၊ သူမရဲ့ဉာဏ်ရည်ကို မြင့်မားသွားအောင် ပြုလုပ်နိုင်ခြင်း ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ခြင်း ၊ ကိုယ်ပွားနိုင်ခြင်း ၊ အပင်တွေကို ထိန်းချုပ်နိုင်ခြင်း ၊ အရာဝတ္ထုတွေကို သူရဲ့ခန္ဓာကိုယ်ထဲကို စုပ်ယူကာ နည်းအမျိုးမျိုးနဲ့ ပြန်လည်အသုံးချနိုင်ခြင်းတို့ လုပ်နိုင်တဲ့အစွမ်းတွေလည်း ရှိပါသေးတယ်။

သူ့အစွမ်းတွေဟာ ဒီလောက်နဲ့တင် မပြီးသေးပါဘူး။ ပတ်ဝန်းကျင်ဟာ ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ သူ့ရဲ့ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြုလုပ်နိုင်ခြင်း ၊ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း ၊ အရွေ့စွမ်းအင်ကို စုပ်ယူနိုင်ခြင်း ၊ လျှပ်စစ်စွမ်းအားကို အသုံးပြုနိုင်ခြင်း ၊ လျှပ်စစ်ပစ္စည်းတွေကို စိတ်စွမ်းအားနဲ့ ထိန်းချုပ်နိုင်ခြင်း ၊ စွမ်းအင်တွေကို အသုံးပြုပြီးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်တာရော တိုက်ခိုက်တာရော အသုံးပြုနိုင်ခြင်းတို့ကိုလည်း လုပ်နိုင်ပါတယ်။

ကျန်ရှိနေသေးတဲ့ သူမရဲ့အစွမ်းတေွကတော့ တစ်ခြားသူတွေရဲ့ စိတ်ကို ထိန်းချုပ်နိုင်ခြင်း ၊ သူ့ရဲ့ခန္ဓာကိုယ်ကို ဝိဉာဉ်တွေလိုပဲ ကိုင်တွယ်ထိတွေ့လို့မရအောင် ပြုလုပ်နိုင်ခြင်း ၊ တစ်ခြားသူတွေရဲ့ စွမ်းအားကို သူ့အပေါ်မှာ အကျိုးသက်ရောက်မှုမရှိအောင် ပြုလုပ်နိုင်ခြင်း ၊ အာရုံခံစားမှုတွေကို တိုးတက်လာအောင် ပြုလုပ်နိုင်ခြင်း ၊ Doctor Strange ရဲ့ mirror dimension လိုမျိုး သူ့ရဲ့ကိုယ်ပိုင် pocket dimension တစ်ခုကို ဖန်တီးနိုင်ခြင်း တို့အပြင် တစ်ခြားသူတွေရဲ့စွမ်းအားတွေကို ပုံတူကူးယူပြီး ပြန်လည် အသုံးပြုနိုင်တဲ့ စွမ်းအားလည်း ရှိပါတယ်။

သူမဟာ နောက်ပိုင်းမှာတော့ အဲ့ဒီစွမ်းအားတွေကို အသုံးပြုပြီးတော့ တစ်ခြားသူတွေကို ကူညီပေးတဲ့ ဟီးရိုးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့အဖေအရင်းကတော့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး သူမကို အမြဲတမ်းစိတ်ဒုက္ခရောက်အောင် ပြုလုပ်လေ့ရှိပါတယ်။ အခုချိန်မှာတော့ သူဟာ ထောင်ကျနေတဲ့ အကျဉ်းသားတစ်ယောက် ဖြစ်နေပေမယ့်လည်း သူမကိုပုံမှန်ဖုန်းဆက်ပြီးတော့ စိတ်ဒုက္ခရောက်အောင် ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်ပဲ သူရဲ့စိတ်ခံစားချက်တွေကြောင့် အမှားတစ်ခုလုပ်မိသွားပြီး အစိုးရနဲ့ အဲ့ဒီဆေးတွေကို အသုံးပြုဖို့အတွက် ရွေးချယ်ခံထားခဲ့ရတဲ့ အေးဂျင့်တို့ဟာ သတိထားမိသွားပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ အဲ့ဒီဆေးတွေဟာ ပထမဆုံးအသုံးပြုသူပဲ စွမ်းအားရမှာဖြစ်ပြီးတော့ သူမဟာ အဲ့ဒီဆေးတွေကို အသုံးပြုခဲ့တာကြောင့် အဲ့ဒီအေးဂျင့်ဟာ ဒေါသထွက်ကာ သူမရဲ့ ရန်သူဖြစ်လာခဲ့ပါတယ်။ သူမဟာ DC ရဲ့အဓိက universe နဲ့ဆက်စပ်နေလား တစ်ခြား universe တစ်ခုမှာလား ဆိုတာကတော့ မသိရသေးပေမယ့်လည်း ဒီအကြောင်းကို Live Action အနေနဲ့ ပြန်လည်ရိုက်ကူးရင်တော့ တော်တော်လေးကို ကြည့်လို့ကောင်းမှာ ဖြစ်ပါတယ်။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

DC universe ထဲမွာ စြမ္းအားႀကီးမားတဲ့ ဇာတ္ေကာင္ေတြအမ်ားႀကီးရွိၾကၿပီးေတာ့ ဟီး႐ိုးေတြထဲမွာဆိုရင္လည္း Justice League အဖြဲ႕ဟာ ေတာ္ေတာ္ေလးကို စြမ္းအားႀကီးတဲ့အဖြဲ႕တစ္ဖြဲ႕ ျဖစ္ပါတယ္။ ဒါ့အျပင္ DC ေကာမစ္ဟာ ၂၀၂၀ ခုႏွစ္မွာ Primer: A Superhero Graphic Novel ဆိုတဲ့ ေကာမစ္စာအုပ္အသစ္ကို ထုတ္လုပ္ခဲ့ၿပီးေတာ့ စူပါဟီး႐ိုးအသစ္တစ္ေယာက္ကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီစူပါဟီး႐ိုးဟာ Justice League တစ္ဖြဲ႕လုံးရဲ႕စြမ္းအားေတြကို အသုံးျပဳလို႔ရတဲ့အျပင္ ေနာက္ထပ္စြမ္းအားေတြအမ်ားႀကီးကိုလည္း အသုံးျပဳလို႔ရပါေသးတယ္။  ဒီေကာမစ္စာအုပ္ကို Thomas Krajewski ၊ Jennifer Muro နဲ႔ Gretel Lusky တို႔က ဖန္တီးခဲ့တာျဖစ္ၿပီးေတာ့ အဲ့ဒီစူပါဟီး႐ိုးရဲ႕နာမည္ကေတာ့ Ashley Rayburn လို႔ေခၚတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္ပါတယ္။

Ashley ကေတာ့ တက္တက္ႂကြႂကြနဲ႔ စိတ္ေကာင္းရွိသူျဖစ္ၿပီးေတာ့ လမ္းမေတြေပၚမွာ ဂရက္ဖစ္တီေတြလိုက္ဆြဲရတာကို ဝါသနာပါသူတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ မေတာ္တဆအျဖစ္နဲ႔ သူ႔ရဲ႕ေမြးစားအေမတီထြင္ထားတဲ့ ေရာင္စုံမႈတ္ေဆးေတြကို ထိေတြ႕မိရကာေန သဘာဝလြန္စြမ္းအားေတြ ရလာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူဟာ သာမန္ေကာင္မေလး တစ္ေယာက္မလုပ္ႏိုင္တဲ့အရာေတြေတာ္ေတာ္မ်ားမ်ား လုပ္ႏိုင္ေၾကာင္း သိသြားခဲ့ပါတယ္။ အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ သူမဟာ ဂရက္ဖစ္တီေတြကို ဆြဲရတာ ဝါသနာပါတာေၾကာင့္ သူေနထိုင္တဲ့ ေစာင့္ေရွာက္ေရးေဂဟာလိုမ်ိဳး ေနရာကေန အၿမဲတမ္းခိုးၿပီးေတာ့ အျပင္ထြက္ကာ ပုံေတြကိုဆြဲေလ့ရွိပါတယ္။ အဲ့ဒီဝါသနာေၾကာင့္ပဲ သူမဟာ ဉပေဒအရ ျပႆာနာေတြတက္ခဲ့တဲ့အျပင္ သူေနထိုင္တဲ့ ေစာင့္ေရွာက္ေရးေဂဟာရဲ႕ အႀကီးအကဲနဲ႔ပါ ျပႆာနာတက္ခဲ့ပါတယ္။

photo via screenrant

ကံေကာင္းစြာနဲ႔ပဲ ေနာက္ပိုင္းမွာေတာ့ သူမအတြက္ ေမြးစားမိဘေတြရွိလာခဲ့ၿပီးေတာ့ သူတို႔ဟာ သူ႔ရဲ႕အႏုပညာကိုပါ အားေပးခဲ့တဲ့အျပင္ သူ႔ရဲ႕ေမြးစားအေဖျဖစ္သူ Kitch ဟာ သူ႔ရဲ႕ပန္းခ်ီစတူဒီယိုထဲကိုပါ ဝင္ခြင့္ေပးခဲ့ၿပီး သူမကို တရားဝင္ အႏုပညာေတြကို ဖန္တီးေစခဲ့ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕ေမြးစားအေမျဖစ္သူ Yuka ဟာ စစ္တပ္အတြက္ သူမတီထြင္ထားတဲ့ Project Warpaint လို႔ေခၚတဲ့ ေရာင္စုံမႈတ္ေဆးေတြကို သာမန္ေရာင္စုံမႈတ္ေဆးအထင္နဲ႔ မွားၿပီးေတာ့ ေပးလိုက္မိပါတယ္။

အဲ့ဒီမႈတ္ေဆးေတြက စူပါဟီး႐ိုးေတြရဲ႕ ေသြး ၊ ေခြၽးနဲ႔ ႏွာရည္ေတြမွာရွိတဲ့ သူတို႔ရဲ႕ DNA ကေနတစ္ဆင့္ ျပဳလုပ္ထားခဲ့တာ ျဖစ္ပါတယ္။ ပထမဦးဆုံး အဲ့ဒီမႈတ္ေဆးေတြကို ကိုယ့္ကိုယ္ကို မႈတ္လိုက္တဲ့ ဘယ္သူမဆိုကို စြမ္းအားေတြ ရရွိေစေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေဆးေတြကို ပထမဆုံး သုံးဖူးတဲ့လူကပဲ အစြမ္းရႏိုင္ၿပီးေတာ့ သုံးၿပီးသားေဆးေတြကို တစ္ျခားသူက ယူသုံးလည္း အစြမ္းမရႏိုင္ပါဘူး။

အဲ့ဒီေဆးေတြကို ဖန္တီးခဲ့တဲ့ Yuka ဟာ ဒီလိုစြမ္းအားေတြနဲ႔ စစ္တပ္ဟာ ဘာေတြလုပ္မလည္းဆိုတာကို ေၾကာက္႐ြံ႕သြားတာေၾကာင့္ သူမဟာ မွတ္တမ္းအကုန္လုံးကို ဖ်က္စီးၿပီးေတာ့ အဲ့ဒီေဆးေတြကို သူတို႔ရဲ႕အိမ္မွာ သိမ္းထားခဲ့ပါတယ္။ သူမဟာ အဲ့ဒီေဆးေတြကို ပုံမွန္ေရာင္စုံမႈတ္ေဆးနဲ႔ မွားၿပီးေတာ့ Ashley ကိုေပးလိုက္မိတာ ျဖစ္ပါတယ္။ Ashley ဟာပုံဆြဲေနရင္းနဲ႔ အဲ့ဒီေဆးေတြဟာ သူမရဲ႕ကိုယ္ေပၚမွာပါ ေပသြားတဲ့အခါမွာေတာ့ သဘာဝလြန္စြမ္းအားေတြကို ရရွိလာခဲ့ပါတယ္။

အဲ့ဒီေဆးေတြမွာေတာ့ အားလုံးေပါင္း အေရာင္ (၃၃) မ်ိဳး ရွိတာေၾကာင့္ သူမဟာ စြမ္းအားအမ်ိဳးအစားေတြ ေတာ္ေတာ္မ်ားမ်ားကို အသုံးျပဳလို႔ရသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ေဆးေရာင္သုံးေရာင္ေလာက္ကိုသာ တစ္ခ်ိန္တည္းမွာ သုံးႏိုင္တာ ျဖစ္ပါတယ္။ အဲ့ဒီေဆးေတြဟာ ကုန္သြားတယ္လို႔လည္းမရွိဘဲ အသုံးျပဳလိုက္တဲ့ ပမာဏအတိုင္း ျပန္လည္ပြားမ်ားႏိုင္တာေၾကာင့္ သူမအတြက္ လုံးဝကို သုံးမကုန္တဲ့ စြမ္းအားအရင္းအျမစ္တစ္ခု ျဖစ္လာပါတယ္။ ဒါ့အျပင္ ကိုယ့္ကိုယ္ကို အဲ့ဒီေဆးေတြကို မႈတ္ထားရင္ စြမ္းအားရွိလာၿပီး ခႏၶာကိုယ္ေပေနတဲ့ အဲ့ဒီေဆးေတြဟာ ပ်က္သြားဖို႔အတြက္လည္း အခ်ိန္ေတာ္ေတာ္ၾကာၾကာ လိုအပ္ပါတယ္။

photo via screenrant

သူမဟာ ေဆးမႈတ္လိုက္တာနဲ႔ စြမ္းအားေတြကို အသုံးျပဳလို႔ရမွန္း သိသြားတဲ့အခ်ိန္မွာေတာ့ တစ္ျခားေဆးေတြကိုပါ လိုက္လံစမ္းသပ္ရင္းနဲ႔ သူအသုံးျပဳႏိုင္တဲ့ စြမ္းအားေတြအကုန္လုံးကို သိလိုက္ရပါတယ္။ အဲ့ဒါေတြကေတာ့ ခြန္အားအရမ္းႀကီးမားျခင္း ၊ ေလေပၚပ်ံႏိုင္ျခင္း ၊ အလြန္လ်င္ျမန္တဲ့ အရွိန္နဲ႔ သြားလာႏိုင္ျခင္း ၊ မီးနဲ႔ေရခဲေတြကို ဆႏၵရွိသလို အသုံးျပဳႏိုင္ျခင္း ၊ အရာဝတၳဳေတြကို စိတ္စြမ္းအားနဲ႔ ေ႐ြ႕လ်ားႏိုင္ျခင္း ၊ အရမ္းကို ျမန္ဆန္တဲ့အရွိန္နဲ႔ ဒဏ္ရာေတြကို ျပန္လည္ကုသႏိုင္ျခင္းတို႔ ပါဝင္ပါတယ္။

ဒါ့အျပင္ တယ္လီပို႔ လုပ္ႏိုင္ျခင္း ၊ အသံလႈိင္းေတြကို ထုတ္လႊတ္ႏိုင္ျခင္း ၊ သူမရဲ႕ ပုံစံကို တစ္ျခားသူတစ္ေယာက္နဲ႔တူသြားေအာင္ ေျပာင္းလဲႏိုင္ျခင္း ၊ သူ႔ရဲ႕ခႏၶာကိုယ္ကို ရာဘာလိုမ်ိဳး ဆြဲဆန႔္ႏိုင္ျခင္း ၊ သူ႔ကိုယ္သူ ေသးေသးေလးျဖစ္ေအာင္ လုပ္လို႔ရသလို အႀကီးႀကီးျဖစ္ေအာင္လည္း လုပ္ႏိုင္ျခင္း ၊ သူမရဲ႕ဉာဏ္ရည္ကို ျမင့္မားသြားေအာင္ ျပဳလုပ္ႏိုင္ျခင္း ၊ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္း ၊ ကိုယ္ပြားႏိုင္ျခင္း ၊ အပင္ေတြကို ထိန္းခ်ဳပ္ႏိုင္ျခင္း ၊ အရာဝတၳဳေတြကို သူရဲ႕ခႏၶာကိုယ္ထဲကို စုပ္ယူကာ နည္းအမ်ိဳးမ်ိဳးနဲ႔ ျပန္လည္အသုံးခ်ႏိုင္ျခင္းတို႔ လုပ္ႏိုင္တဲ့အစြမ္းေတြလည္း ရွိပါေသးတယ္။

သူ႔အစြမ္းေတြဟာ ဒီေလာက္နဲ႔တင္ မၿပီးေသးပါဘူး။ ပတ္ဝန္းက်င္ဟာ ဘယ္လိုအေျခအေနပဲျဖစ္ေနပါေစ သူ႔ရဲ႕ခႏၶာကိုယ္ကို ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြေအာင္ ျပဳလုပ္ႏိုင္ျခင္း ၊ အနာဂတ္ကို ႀကိဳတင္ခန႔္မွန္းႏိုင္ျခင္း ၊ အေ႐ြ႕စြမ္းအင္ကို စုပ္ယူႏိုင္ျခင္း ၊ လွ်ပ္စစ္စြမ္းအားကို အသုံးျပဳႏိုင္ျခင္း ၊ လွ်ပ္စစ္ပစၥည္းေတြကို စိတ္စြမ္းအားနဲ႔ ထိန္းခ်ဳပ္ႏိုင္ျခင္း ၊ စြမ္းအင္ေတြကို အသုံးျပဳၿပီးေတာ့ သူ႔ကိုယ္သူ ကာကြယ္ႏိုင္တာေရာ တိုက္ခိုက္တာေရာ အသုံးျပဳႏိုင္ျခင္းတို႔ကိုလည္း လုပ္ႏိုင္ပါတယ္။

က်န္ရွိေနေသးတဲ့ သူမရဲ႕အစြမ္းေတြကေတာ့ တစ္ျခားသူေတြရဲ႕ စိတ္ကို ထိန္းခ်ဳပ္ႏိုင္ျခင္း ၊ သူ႔ရဲ႕ခႏၶာကိုယ္ကို ဝိဉာဥ္ေတြလိုပဲ ကိုင္တြယ္ထိေတြ႕လို႔မရေအာင္ ျပဳလုပ္ႏိုင္ျခင္း ၊ တစ္ျခားသူေတြရဲ႕ စြမ္းအားကို သူ႔အေပၚမွာ အက်ိဳးသက္ေရာက္မႈမရွိေအာင္ ျပဳလုပ္ႏိုင္ျခင္း ၊ အာ႐ုံခံစားမႈေတြကို တိုးတက္လာေအာင္ ျပဳလုပ္ႏိုင္ျခင္း ၊ Doctor Strange ရဲ႕ mirror dimension လိုမ်ိဳး သူ႔ရဲ႕ကိုယ္ပိုင္ pocket dimension တစ္ခုကို ဖန္တီးႏိုင္ျခင္း တို႔အျပင္ တစ္ျခားသူေတြရဲ႕စြမ္းအားေတြကို ပုံတူကူးယူၿပီး ျပန္လည္ အသုံးျပဳႏိုင္တဲ့ စြမ္းအားလည္း ရွိပါတယ္။

သူမဟာ ေနာက္ပိုင္းမွာေတာ့ အဲ့ဒီစြမ္းအားေတြကို အသုံးျပဳၿပီးေတာ့ တစ္ျခားသူေတြကို ကူညီေပးတဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ႕အေဖအရင္းကေတာ့ ရာဇဝတ္သားတစ္ေယာက္ျဖစ္ၿပီး သူမကို အၿမဲတမ္းစိတ္ဒုကၡေရာက္ေအာင္ ျပဳလုပ္ေလ့ရွိပါတယ္။ အခုခ်ိန္မွာေတာ့ သူဟာ ေထာင္က်ေနတဲ့ အက်ဥ္းသားတစ္ေယာက္ ျဖစ္ေနေပမယ့္လည္း သူမကိုပုံမွန္ဖုန္းဆက္ၿပီးေတာ့ စိတ္ဒုကၡေရာက္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။

အဲ့ဒါေၾကာင့္ပဲ သူရဲ႕စိတ္ခံစားခ်က္ေတြေၾကာင့္ အမွားတစ္ခုလုပ္မိသြားၿပီး အစိုးရနဲ႔ အဲ့ဒီေဆးေတြကို အသုံးျပဳဖို႔အတြက္ ေ႐ြးခ်ယ္ခံထားခဲ့ရတဲ့ ေအးဂ်င့္တို႔ဟာ သတိထားမိသြားပါတယ္။ အေပၚမွာ ေျပာခဲ့သလိုပဲ အဲ့ဒီေဆးေတြဟာ ပထမဆုံးအသုံးျပဳသူပဲ စြမ္းအားရမွာျဖစ္ၿပီးေတာ့ သူမဟာ အဲ့ဒီေဆးေတြကို အသုံးျပဳခဲ့တာေၾကာင့္ အဲ့ဒီေအးဂ်င့္ဟာ ေဒါသထြက္ကာ သူမရဲ႕ ရန္သူျဖစ္လာခဲ့ပါတယ္။ သူမဟာ DC ရဲ႕အဓိက universe နဲ႔ဆက္စပ္ေနလား တစ္ျခား universe တစ္ခုမွာလား ဆိုတာကေတာ့ မသိရေသးေပမယ့္လည္း ဒီအေၾကာင္းကို Live Action အေနနဲ႔ ျပန္လည္႐ိုက္ကူးရင္ေတာ့ ေတာ္ေတာ္ေလးကို ၾကည့္လို႔ေကာင္းမွာ ျဖစ္ပါတယ္။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular