HomeEntertainmentFilmတကယ့်သမိုင်းဖြစ်ရပ်အတိုင်း ရိုက်ကူးထားတဲ့ Titanic ဇာတ်ကားထဲက ဇာတ်ဝင်ခန်းများ

တကယ့်သမိုင်းဖြစ်ရပ်အတိုင်း ရိုက်ကူးထားတဲ့ Titanic ဇာတ်ကားထဲက ဇာတ်ဝင်ခန်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Titanic ဇာတ်ကားဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်က အကောင်းဆုံးဇာတ်ကားတွေထဲမှာ ပါဝင်ပြီးတော့ မကြည့်ဖူးတဲ့ သူဆိုတာ မရှိသလောက်ပါပဲ။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်လို့ အကြောင်းအရာ တော်တော်များများဟာ တကယ့်အဖြစ်အပျက်အတိုင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ Titanic ဇာတ်ကားထဲက တကယ့်သမိုင်း ဖြစ်ရပ်အတိုင်း ရိုက်ကူးထားတဲ့ ဇာတ်ဝင်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။

Captain Smith ဟာ တကယ်ပဲ သင်္ဘောနဲ့အတူ နစ်မြုပ်သွားခဲ့ပါတယ်။
photo via screenrant

ရုပ်ရှင်ရဲ့ အဆုံးသတ်နားလောက်မှာတော့ Captain Edward Smith ဟာ ပဲ့ထိန်းခန်းထဲမှာ သင်္ဘောရေမြုပ်တဲ့အထိ နေနေခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ တကယ့်လက်တွေ့မှာလည်း Captain Smith ဟာ သင်္ဘောနဲ့အတူ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Captain Smith ဟာ သင်္ဘောမတိုက်မိခင် အခြေအနေမှာ အရှိန်တင်ဖို့အတွက် နောက်ဆုံးကျန်တဲ့ ဘွိုင်လာအိုး လေးခုကို ဖွင့်ခိုင်းခဲ့ပါတယ်။

ဒါကြောင့်လည်း သူရဲ့ဆုံးဖြတ်ချက်တွေကို နောင်တရသွားတဲ့ ပုံစံမျိူး ပြသခဲ့တာကို တွေ့ရမှာပါ။ အပြင်က တကယ့် အဖြစ်အပျက်မှာတော့ ဒီ့ထက်ပိုပြီး ဝမ်းနည်းဖို့ကောင်းပါတယ်။ အကြောင်းကတော့ Captain Smith ဟာ အဲ့ဒီခရီးကို သင်္ဘောကပ္ပတိန်အဖြစ်နဲ့ နောက်ဆုံးလိုက်ပါခဲ့တဲ့ခရီး ဖြစ်ပြီး အဲ့ဒီ့ခရီးပြီးရင် အလုပ်ကနေ ပင်စင်ယူတော့မှာ ဖြစ်ပါတယ်။

လူတွေဟာ အသက်ကယ်လှေတွေကို နေရာအပြည့်မစီးခဲ့ကြပါဘူး။
photo via screenrant

သင်္ဘော စတင်ပြီး နစ်မြုပ်နေတဲ့အချိန်မှာ သင်္ဘောသားတွေဟာ ခရီးသည်တွေကို အသက်ကယ်လှေတွေပေါ်မှာ စီးနင်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအသက်ကယ်လှေတွေဟာ လူအပြည့်မပါတာကို ရုပ်ရှင်ထဲမှာ တွေ့မြင်ရမှာပါ။ ဒါဟာ တကယ့်ဖြစ်ရပ်မှာလည်း အဲ့ဒီ့အတိုင်းပဲ‌ ဖြစ်ခဲ့တာမို့ပါ။ လူတွေဟာ အသက်ဘေးနဲ့ နီးလာပြီဆိုရင် အကျိူးသင့်၊ အကြောင်းသင့် မစဉ်းစားနိုင်တော့ဘဲ ကိုယ့်အသက်ရှင်သန်ရေးအတွက်ကိုသာ ဦးစားပေးတတ်တဲ့ သဘာဝတစ်ခုကို ဒါရိုက်တာ James Cameron က အံဝင်ခွင်ကျ ထည့်သွင်းထားခဲ့တာလည်း ဖြစ်ပါတယ်။

တကယ့်လက်တွေ့မှာတော့ လူ(၁၂)ယောက်ပဲ ပါဝင်တဲ့ အသက်ကယ်လှေတစ်စီးကိုတောင် တွေ့ခဲ့ရပါတယ် ဆိုပြီးတော့ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ သင်္ဘောအရာရှိ Mr. Andrews က ပြောပြခဲ့ဖူးပါတယ်။ တကယ်တမ်းမှာ အဲ့ဒီအသက်ကယ်လှေတွေဟာ လူ(၆၅)ယောက်အထိ အန္တရာယ်မရှိဘဲ စီးလို့ရတယ်ဆိုတာကို Belfast မှာ စမ်းသပ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီအချက်ကတော့ ရုပ်ရှင်ထဲမှာလည်း မှန်ကန်ခဲ့တဲ့အချက်တစ်ချက် ဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ပဲ မလိုအပ်ဘဲနဲ့ လူတွေအများကြီး ပိုပြီးတော့ သေကြေပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။

Molly Brown ဟာ ရေနစ်နေတဲ့လူတွေကို ကယ်တင်ဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။
photo via screenrant

Molly Brown ဟာ Titanic ဖြစ်ရပ်ကနေ အသက်ရှင်ကျန်ခဲ့တဲ့သူတွေထဲက နာမည်ကြီးတစ်ယောက် ဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ အဲ့ဒီ့နေရာကို Kathy Bates က သရုပ်ဆောင်ခဲ့ပါတယ်။ သူမဟာ သင်္ဘောနစ်မြုပ်သွားတဲ့နေရာမှာ ရေနစ်နေကြတဲ့ လူတွေကို ကယ်တင်ဖို့အတွက် သင်္ဘောအရာရှိတွေကို အကူအညီတောင်းခဲ့ပါတယ်။

တကယ့်အဖြစ်အပျက်က Molly ဟာ အသက်ကယ်လှေ နံပါတ်(၆)မှာ စီးနင်းခဲ့ပြီးတော့ ရုပ်ရှင်ထဲကလိုပဲ သင်္ဘောအရာရှိတွေကို အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း တကယ့်အဖြစ်အပျက်နဲ့ အကြီးကြီး ကွာခြားသွားတဲ့ အချက်ကတော့ တကယ့်လက်တွေ့မှာ သင်္ဘောအရာရှိတွေဟာ သက်ကယ်လှေကို ပြန်လှည့်ပြီး ရေထဲကလူတွေကို ကူညီခဲ့ကြပေမယ့်လည်း ရုပ်ရှင်ထဲမှာတော့ ရေထဲကလူတွေ သေသွားတဲ့အထိ သင်္ဘောအရာရှိတွေက ကူညီပေးဖို့ ငြင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

သင်္ဘောနစ်မြုပ်သွားတဲ့အချိန်မှာတောင် တီးဝိုင်းဟာ ဆက်လက်ပြီး‌တော့ တီးခတ်နေခဲ့ပါတယ်။
photo via screenrant

သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ တီးဝိုင်းဟာ ဆက်ပြီးတော့ တီးခတ်နေခဲ့တာမျိူး မရှိပါဘူးလို့ တစ်ချို့လူတွေက ပြောခဲ့ကြပေမယ့်လည်း တကယ့်အပြင်မှာတော့ အဲ့ဒီတီးဝိုင်းဟာ တကယ့်ကို နောက်ဆုံးအချိန်ထိ တီးခတ်နေခဲ့ပါတယ်။ တယောတီးခတ်သူ Wallace Henry Hartley ဟာ ခရီးသည်တွေကို သူတို့တတ်နိုင်တဲ့ဘက်ကနေ စိတ်ကိုအေးအေးထားနိုင်ဖို့အတွက် အခုလိုမျိူး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တီးဝိုင်းအဖွဲ့သား ရှစ်ယောက်လုံးဟာ သင်္ဘောနဲ့အတူ နစ်မြုပ်သွားခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ သူတို့တွေဟာ Nearer my God to Thee ဆိုတဲ့ ဘာသာရေးသီချင်းကို တီးခတ်ခဲ့ကြပေမယ့်လည်း တကယ့်ဖြစ်ရပ်မှာတော့ သူတို့ဟာ ပိုပြီးတော့ နာမည်ကြီးတဲ့ ခေတ်ပေါ်သီချင်းမျိုးကို တီးခဲ့ကြလောက်ပါတယ်။

Straus ဇနီးမောင်နှံ
photo via screenrant

အဘိုးကြီး၊ အဘွားကြီး စုံတွဲနှစ်ယောက်ဟာ အိပ်ယာပေါ်မှာ တူတူလှဲနေရင်းနဲ့ သင်္ဘောပေါ်မှာပဲ သေဆုံးသွားဖို့ ရွေးချယ်လိုက်တဲ့ ဇာတ်ဝင်ခန်းလေးကိုတော့ တော်တော်များများ မှတ်မိမယ်လို့ ထင်ပါတယ်။ ဒီအခန်းလေးဟာ ဝမ်းနည်းစရာ ဇာတ်ဝင်ခန်းတွေထဲက မမေ့နိုင်စရာ ဇာတ်ဝင်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ဟာ သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ အသက်ရှင်ဖို့ မပြေးကြတော့ဘဲ နှစ်ယောက်လုံးအတူတူ အသေခံခဲ့တဲ့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

တကယ့်အဖြစ်အပျက်မှာတော့ သူတို့နှစ်ယောက်ဟာ Ida Straus နဲ့ Isidor Straus ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ‌ Ida ဟာ သူ့ရဲ့အမျိူးသားဖြစ်သူကို ” ငါတို့နှစ်ယောက်လုံးက နှစ်တွေအကြာကြီး အတူတူနေခဲ့ကြပြီးပြီ။ ရှင်ဘယ်ကိုပဲ သွားသွား ကျွန်မလိုက်ခဲ့မှာပါ …” ဆိုပြီးတော့ ပြောခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်မှာတော့ သူတို့နှစ်ယောက်ဟာ အိပ်ယာပေါ်မှာ အသက်ဆုံးရှုံးခဲ့ကြတာ မဟုတ်ဘဲ ကုန်းပတ်ပေါ်က ခုံပေါ်မှာ ထိုင်နေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Titanic ဇာတ္ကားဟာ ႐ုပ္ရွင္သမိုင္းတစ္ေလွ်ာက္က အေကာင္းဆုံးဇာတ္ကားေတြထဲမွာ ပါဝင္ၿပီးေတာ့ မၾကည့္ဖူးတဲ့ သူဆိုတာ မရွိသေလာက္ပါပဲ။ ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတဲ့ ဇာတ္ကားျဖစ္လို႔ အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားဟာ တကယ့္အျဖစ္အပ်က္အတိုင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ Titanic ဇာတ္ကားထဲက တကယ့္သမိုင္း ျဖစ္ရပ္အတိုင္း ႐ိုက္ကူးထားတဲ့ ဇာတ္ဝင္ခန္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

Captain Smith ဟာ တကယ္ပဲ သေဘၤာနဲ႔အတူ နစ္ျမဳပ္သြားခဲ့ပါတယ္။
photo via screenrant

႐ုပ္ရွင္ရဲ႕ အဆုံးသတ္နားေလာက္မွာေတာ့ Captain Edward Smith ဟာ ပဲ့ထိန္းခန္းထဲမွာ သေဘၤာေရျမဳပ္တဲ့အထိ ေနေနခဲ့ပါတယ္။ စိတ္မေကာင္းစရာကေတာ့ တကယ့္လက္ေတြ႕မွာလည္း Captain Smith ဟာ သေဘၤာနဲ႔အတူ နစ္ျမဳပ္သြားခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ Captain Smith ဟာ သေဘၤာမတိုက္မိခင္ အေျခအေနမွာ အရွိန္တင္ဖို႔အတြက္ ေနာက္ဆုံးက်န္တဲ့ ဘြိဳင္လာအိုး ေလးခုကို ဖြင့္ခိုင္းခဲ့ပါတယ္။

ဒါေၾကာင့္လည္း သူရဲ႕ဆုံးျဖတ္ခ်က္ေတြကို ေနာင္တရသြားတဲ့ ပုံစံမ်ိဴး ျပသခဲ့တာကို ေတြ႕ရမွာပါ။ အျပင္က တကယ့္ အျဖစ္အပ်က္မွာေတာ့ ဒီ့ထက္ပိုၿပီး ဝမ္းနည္းဖို႔ေကာင္းပါတယ္။ အေၾကာင္းကေတာ့ Captain Smith ဟာ အဲ့ဒီခရီးကို သေဘၤာကပၸတိန္အျဖစ္နဲ႔ ေနာက္ဆုံးလိုက္ပါခဲ့တဲ့ခရီး ျဖစ္ၿပီး အဲ့ဒီ့ခရီးၿပီးရင္ အလုပ္ကေန ပင္စင္ယူေတာ့မွာ ျဖစ္ပါတယ္။

လူေတြဟာ အသက္ကယ္ေလွေတြကို ေနရာအျပည့္မစီးခဲ့ၾကပါဘူး။
photo via screenrant

သေဘၤာ စတင္ၿပီး နစ္ျမဳပ္ေနတဲ့အခ်ိန္မွာ သေဘၤာသားေတြဟာ ခရီးသည္ေတြကို အသက္ကယ္ေလွေတြေပၚမွာ စီးနင္းေစခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအသက္ကယ္ေလွေတြဟာ လူအျပည့္မပါတာကို ႐ုပ္ရွင္ထဲမွာ ေတြ႕ျမင္ရမွာပါ။ ဒါဟာ တကယ့္ျဖစ္ရပ္မွာလည္း အဲ့ဒီ့အတိုင္းပဲ‌ ျဖစ္ခဲ့တာမို႔ပါ။ လူေတြဟာ အသက္ေဘးနဲ႔ နီးလာၿပီဆိုရင္ အက်ိဴးသင့္၊ အေၾကာင္းသင့္ မစဥ္းစားႏိုင္ေတာ့ဘဲ ကိုယ့္အသက္ရွင္သန္ေရးအတြက္ကိုသာ ဦးစားေပးတတ္တဲ့ သဘာဝတစ္ခုကို ဒါ႐ိုက္တာ James Cameron က အံဝင္ခြင္က် ထည့္သြင္းထားခဲ့တာလည္း ျဖစ္ပါတယ္။

တကယ့္လက္ေတြ႕မွာေတာ့ လူ(၁၂)ေယာက္ပဲ ပါဝင္တဲ့ အသက္ကယ္ေလွတစ္စီးကိုေတာင္ ေတြ႕ခဲ့ရပါတယ္ ဆိုၿပီးေတာ့ တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္မႈက အသက္ရွင္က်န္ရစ္ခဲ့တဲ့ သေဘၤာအရာရွိ Mr. Andrews က ေျပာျပခဲ့ဖူးပါတယ္။ တကယ္တမ္းမွာ အဲ့ဒီအသက္ကယ္ေလွေတြဟာ လူ(၆၅)ေယာက္အထိ အႏၲရာယ္မရွိဘဲ စီးလို႔ရတယ္ဆိုတာကို Belfast မွာ စမ္းသပ္ခဲ့ၿပီးသား ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ ႐ုပ္ရွင္ထဲမွာလည္း မွန္ကန္ခဲ့တဲ့အခ်က္တစ္ခ်က္ ျဖစ္ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ မလိုအပ္ဘဲနဲ႔ လူေတြအမ်ားႀကီး ပိုၿပီးေတာ့ ေသေၾကပ်က္စီးခဲ့ရတာလည္း ျဖစ္ပါတယ္။

Molly Brown ဟာ ေရနစ္ေနတဲ့လူေတြကို ကယ္တင္ဖို႔အတြက္ အကူအညီေတာင္းခဲ့ပါတယ္။
photo via screenrant

Molly Brown ဟာ Titanic ျဖစ္ရပ္ကေန အသက္ရွင္က်န္ခဲ့တဲ့သူေတြထဲက နာမည္ႀကီးတစ္ေယာက္ ျဖစ္ၿပီး ႐ုပ္ရွင္ထဲမွာေတာ့ အဲ့ဒီ့ေနရာကို Kathy Bates က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူမဟာ သေဘၤာနစ္ျမဳပ္သြားတဲ့ေနရာမွာ ေရနစ္ေနၾကတဲ့ လူေတြကို ကယ္တင္ဖို႔အတြက္ သေဘၤာအရာရွိေတြကို အကူအညီေတာင္းခဲ့ပါတယ္။

တကယ့္အျဖစ္အပ်က္က Molly ဟာ အသက္ကယ္ေလွ နံပါတ္(၆)မွာ စီးနင္းခဲ့ၿပီးေတာ့ ႐ုပ္ရွင္ထဲကလိုပဲ သေဘၤာအရာရွိေတြကို အကူအညီေတာင္းခဲ့ပါတယ္။ ဒါေပမယ့္လည္း တကယ့္အျဖစ္အပ်က္နဲ႔ အႀကီးႀကီး ကြာျခားသြားတဲ့ အခ်က္ကေတာ့ တကယ့္လက္ေတြ႕မွာ သေဘၤာအရာရွိေတြဟာ သက္ကယ္ေလွကို ျပန္လွည့္ၿပီး ေရထဲကလူေတြကို ကူညီခဲ့ၾကေပမယ့္လည္း ႐ုပ္ရွင္ထဲမွာေတာ့ ေရထဲကလူေတြ ေသသြားတဲ့အထိ သေဘၤာအရာရွိေတြက ကူညီေပးဖို႔ ျငင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္။

သေဘၤာနစ္ျမဳပ္သြားတဲ့အခ်ိန္မွာေတာင္ တီးဝိုင္းဟာ ဆက္လက္ၿပီး‌ေတာ့ တီးခတ္ေနခဲ့ပါတယ္။
photo via screenrant

သေဘၤာနစ္ျမဳပ္ေနတဲ့အခ်ိန္မွာ တီးဝိုင္းဟာ ဆက္ၿပီးေတာ့ တီးခတ္ေနခဲ့တာမ်ိဴး မရွိပါဘူးလို႔ တစ္ခ်ိဳ႕လူေတြက ေျပာခဲ့ၾကေပမယ့္လည္း တကယ့္အျပင္မွာေတာ့ အဲ့ဒီတီးဝိုင္းဟာ တကယ့္ကို ေနာက္ဆုံးအခ်ိန္ထိ တီးခတ္ေနခဲ့ပါတယ္။ တေယာတီးခတ္သူ Wallace Henry Hartley ဟာ ခရီးသည္ေတြကို သူတို႔တတ္ႏိုင္တဲ့ဘက္ကေန စိတ္ကိုေအးေအးထားႏိုင္ဖို႔အတြက္ အခုလိုမ်ိဴး ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ တီးဝိုင္းအဖြဲ႕သား ရွစ္ေယာက္လုံးဟာ သေဘၤာနဲ႔အတူ နစ္ျမဳပ္သြားခဲ့ပါတယ္။ ႐ုပ္ရွင္ထဲမွာေတာ့ သူတို႔ေတြဟာ Nearer my God to Thee ဆိုတဲ့ ဘာသာေရးသီခ်င္းကို တီးခတ္ခဲ့ၾကေပမယ့္လည္း တကယ့္ျဖစ္ရပ္မွာေတာ့ သူတို႔ဟာ ပိုၿပီးေတာ့ နာမည္ႀကီးတဲ့ ေခတ္ေပၚသီခ်င္းမ်ိဳးကို တီးခဲ့ၾကေလာက္ပါတယ္။

Straus ဇနီးေမာင္ႏွံ
photo via screenrant

အဘိုးႀကီး၊ အဘြားႀကီး စုံတြဲႏွစ္ေယာက္ဟာ အိပ္ယာေပၚမွာ တူတူလွဲေနရင္းနဲ႔ သေဘၤာေပၚမွာပဲ ေသဆုံးသြားဖို႔ ေ႐ြးခ်ယ္လိုက္တဲ့ ဇာတ္ဝင္ခန္းေလးကိုေတာ့ ေတာ္ေတာ္မ်ားမ်ား မွတ္မိမယ္လို႔ ထင္ပါတယ္။ ဒီအခန္းေလးဟာ ဝမ္းနည္းစရာ ဇာတ္ဝင္ခန္းေတြထဲက မေမ့ႏိုင္စရာ ဇာတ္ဝင္ခန္းတစ္ခုလည္း ျဖစ္ပါတယ္။ သူတို႔ဟာ သေဘၤာနစ္ျမဳပ္ေနတဲ့အခ်ိန္မွာ အသက္ရွင္ဖို႔ မေျပးၾကေတာ့ဘဲ ႏွစ္ေယာက္လုံးအတူတူ အေသခံခဲ့တဲ့ ဇနီးေမာင္ႏွံပဲ ျဖစ္ပါတယ္။

တကယ့္အျဖစ္အပ်က္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ Ida Straus နဲ႔ Isidor Straus ဆိုတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ပဲ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္မွာ‌ Ida ဟာ သူ႔ရဲ႕အမ်ိဴးသားျဖစ္သူကို ” ငါတို႔ႏွစ္ေယာက္လုံးက ႏွစ္ေတြအၾကာႀကီး အတူတူေနခဲ့ၾကၿပီးၿပီ။ ရွင္ဘယ္ကိုပဲ သြားသြား ကြၽန္မလိုက္ခဲ့မွာပါ …” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။ တကယ့္အျဖစ္အပ်က္မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အိပ္ယာေပၚမွာ အသက္ဆုံးရႈံးခဲ့ၾကတာ မဟုတ္ဘဲ ကုန္းပတ္ေပၚက ခုံေပၚမွာ ထိုင္ေနရင္း ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular