HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ DC ကောမစ်ရဲ့ The Sandman ဇာတ်လမ်းတွဲ

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ DC ကောမစ်ရဲ့ The Sandman ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Netflix ဟာ မကြာသေးခင်က ကျင်းပခဲ့တဲ့ TUDUM Virtual Event မှာတော့ The Sandman ဇာတ်လမ်းတွဲရဲ့ ပထမဆုံး ထွေလာကို ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ DC က ထုတ်ဝေခဲ့ပြီး Neil Gaiman ဖန်တီးခဲ့တဲ့ The Sandman ကောမစ်စီးရီးကို အခြေခံပြီး ရိုက်ကူးသွားမှာပါ။ ဒီကောမစ်စီးရီးဟာ ၁၉၈၉ ခုနှစ် ဇန်နဝါရီကနေ ၁၉၉၆ ခုနှစ် မတ်လအထိ ထုတ်ဝေခဲ့ပြီး ကောမစ်ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ ထုတ်လုပ်သူ David S. Goyer ကတော့ ဒီဇာတ်လမ်းတွဲဟာ ကောမစ်ထဲက Live Action အဖြစ် ဖန်တီးဖို့ အခက်ခဲဆုံး ဇာတ်လမ်းကို ရိုက်ကူးထားတာလို့လည်း ပြောခဲ့ပါတယ်။

photo via screenrant

ဒီထွေလာထဲမှာတော့ မှော်ဆရာ Roderick Burgess ဦးဆောင်တဲ့ Order of Ancient Mysteries အဖွဲ့ဟာ Death ကို ဆင့်ခေါ်ကာ ဖမ်းချုပ်ဖို့ ကြိုးစားခဲ့ပြီး Death အစား Dream ရောက်လာတာကို မြင်တွေ့ခဲ့ပါတယ်။ ကောမစ်ထဲက ဇာတ်ကြောင်းကတော့ Dream ကို အဓိကဖော်ပြထားပြီး သူ့ရဲ့မွေးချင်းတွေဖြစ်တဲ့ Destiny ၊ Death ၊ Desire ၊ Despair ၊ Destruction နဲ့ Delirium တို့ ရှိပါသေးတယ်။ သူတို့တွေဟာ သဘာဝရဲ့ ဖြစ်တည်မှုတွေကို ကိုယ်စားပြုကြတဲ့ မသေမျိူးတွေလည်း ဖြစ်ကြပါတယ်။

Dream နေရာမှာတော့ Tom Sturridge ၊ Lucifer အနေနဲ့ Gwendoline Christie (Tom Ellis သရုပ်ဆောင်ထားတဲ့ Lucifer ဇာတ်ကောင်နဲ့ အတူတူပါပဲ) Corinthian အနေနဲ့ Boyd Holdbrook ၊ Roderick Burgess အနေနဲ့ Charles Dance ၊ Desire အနေနဲ့ Mason Alexander Park နဲ့ Death နေရာမှာတော့ Kirby Howell-Baptiste တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Season 1 ကတော့ အမှတ် (၁၆) ပါဝင်တဲ့ အတွဲနှစ်ခုကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။

ဒီဇာတ်လမ်းတွဲဟာ ဩဂုတ်လကတည်းက ရိုက်ကူးရေး ပြီးဆုံးသွားတာ ဖြစ်ပေမယ့်လည်း အခုမှ ဇာတ်ကောင်တွေရဲ့ ပိုစတာနဲ့ ထွေလာအသစ် ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကောမစ်ကို ဖန်တီးသူ Neil Gaiman ကလည်း ထုတ်ဝေသူအနေနဲ့ ပါဝင်ထားပြီး သူကိုယ်တိုင်က ဒီရုပ်ရှင်ရဲ့ ဖန်တီးမှုတွေကို ချီးကျူးထားတာကြောင့် ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို မြင်တွေ့ရမလည်း ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Legos

Source: Screenrant

(Zawgyi Version)

Netflix ဟာ မၾကာေသးခင္က က်င္းပခဲ့တဲ့ TUDUM Virtual Event မွာေတာ့ The Sandman ဇာတ္လမ္းတြဲရဲ႕ ပထမဆုံး ေထြလာကို ျပသခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ DC က ထုတ္ေဝခဲ့ၿပီး Neil Gaiman ဖန္တီးခဲ့တဲ့ The Sandman ေကာမစ္စီးရီးကို အေျခခံၿပီး ႐ိုက္ကူးသြားမွာပါ။ ဒီေကာမစ္စီးရီးဟာ ၁၉၈၉ ခုႏွစ္ ဇန္နဝါရီကေန ၁၉၉၆ ခုႏွစ္ မတ္လအထိ ထုတ္ေဝခဲ့ၿပီး ေကာမစ္ပရိသတ္ေတြၾကားမွာ နာမည္ႀကီးခဲ့တဲ့ ဇာတ္လမ္းတစ္ခု ျဖစ္ပါတယ္။ ထုတ္လုပ္သူ David S. Goyer ကေတာ့ ဒီဇာတ္လမ္းတြဲဟာ ေကာမစ္ထဲက Live Action အျဖစ္ ဖန္တီးဖို႔ အခက္ခဲဆုံး ဇာတ္လမ္းကို ႐ိုက္ကူးထားတာလို႔လည္း ေျပာခဲ့ပါတယ္။

photo via screenrant

ဒီေထြလာထဲမွာေတာ့ ေမွာ္ဆရာ Roderick Burgess ဦးေဆာင္တဲ့ Order of Ancient Mysteries အဖြဲ႕ဟာ Death ကို ဆင့္ေခၚကာ ဖမ္းခ်ဳပ္ဖို႔ ႀကိဳးစားခဲ့ၿပီး Death အစား Dream ေရာက္လာတာကို ျမင္ေတြ႕ခဲ့ပါတယ္။ ေကာမစ္ထဲက ဇာတ္ေၾကာင္းကေတာ့ Dream ကို အဓိကေဖာ္ျပထားၿပီး သူ႔ရဲ႕ေမြးခ်င္းေတြျဖစ္တဲ့ Destiny ၊ Death ၊ Desire ၊ Despair ၊ Destruction နဲ႔ Delirium တို႔ ရွိပါေသးတယ္။ သူတို႔ေတြဟာ သဘာဝရဲ႕ ျဖစ္တည္မႈေတြကို ကိုယ္စားျပဳၾကတဲ့ မေသမ်ိဴးေတြလည္း ျဖစ္ၾကပါတယ္။

Dream ေနရာမွာေတာ့ Tom Sturridge ၊ Lucifer အေနနဲ႔ Gwendoline Christie (Tom Ellis သ႐ုပ္ေဆာင္ထားတဲ့ Lucifer ဇာတ္ေကာင္နဲ႔ အတူတူပါပဲ) Corinthian အေနနဲ႔ Boyd Holdbrook ၊ Roderick Burgess အေနနဲ႔ Charles Dance ၊ Desire အေနနဲ႔ Mason Alexander Park နဲ႔ Death ေနရာမွာေတာ့ Kirby Howell-Baptiste တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ Season 1 ကေတာ့ အမွတ္ (၁၆) ပါဝင္တဲ့ အတြဲႏွစ္ခုကို ႐ိုက္ကူးထားတယ္လို႔ သိရပါတယ္။

ဒီဇာတ္လမ္းတြဲဟာ ဩဂုတ္လကတည္းက ႐ိုက္ကူးေရး ၿပီးဆုံးသြားတာ ျဖစ္ေပမယ့္လည္း အခုမွ ဇာတ္ေကာင္ေတြရဲ႕ ပိုစတာနဲ႔ ေထြလာအသစ္ ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ဒီေကာမစ္ကို ဖန္တီးသူ Neil Gaiman ကလည္း ထုတ္ေဝသူအေနနဲ႔ ပါဝင္ထားၿပီး သူကိုယ္တိုင္က ဒီ႐ုပ္ရွင္ရဲ႕ ဖန္တီးမႈေတြကို ခ်ီးက်ဴးထားတာေၾကာင့္ ဘယ္လိုစိတ္ဝင္စားစရာေကာင္းတဲ့ ဇာတ္လမ္းေတြကို ျမင္ေတြ႕ရမလည္း ဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။

Legos

Source: Screenrant

RELATED ARTICLES

Most Popular