HomeCharacterDeadpool နဲ့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ

Deadpool နဲ့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Deadpool ဟာ ၁၉၉၁ ခုနှစ်မှာထွက်ခဲ့တဲ့ The New Mutants #98 ထဲမှာ စတင်ပြီး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် Live Aaction အဖြစ် ရိုက်ကူးတဲ့အချိန်မှာလည်း အခုလောက်ထိအောင်မြင်မယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ပရိသတ်ရဲ့အားပေးမှုကို တစ်ခဲနက် ရရှိပြီး ထိပ်တန်း လူကြိုက်များတဲ့ စူပါဟီးရိုးတွေစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် Deadpool နဲ့ ပတ်သက်ပြီး လူသိပ်မသိလောက်သေးတဲ့ ကောမစ်ထဲက အချို့သော စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သူ့ရဲ့ ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ဟာ တကယ့်သိပ္ပံပညာကို အခြေခံထားတာပါ။
photo via screenrant

Wade Wilson ဟာ ဘယ်လိုဒဏ်ရာတွေပဲဖြစ်ဖြစ် ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ရှိသူ ဖြစ်ပြီးတော့ လက်တွေခြေတွေ ပြတ်သွားခဲ့ရင်တောင်မှ အသစ်ပြန်ပြီးတော့ ပေါက်လာနိုင်ပါတယ်။ အဲ့ဒီလိုမျိုး စွမ်းရည်ဟာ ကမ္ဘာပေါ်က တစ်ချို့မျိုးစိတ်တွေမှာလည်း ရှိပါတယ်။ ဥပမာ – မက္ကဆီကို ရေပုတ်သင်လို့ခေါ်တဲ့ axolotl လိုမျိုးစိတ်တွေဟာ သူတို့ရဲ့ဦးနှောက်နဲ့ နှလုံးတို့လို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတောင် ပြန်ပြီးတော့ ကုစားနိုင်စွမ်းရှိတဲ့အပြင် ပြတ်တောက်သွားရင်တောင် အသစ်ပြန်ပြီး ပေါက်စေနိုင်ပါတယ်။

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ oncogenes နဲ့ tumor suppressor genes ဆိုတဲ့ မျိုးဗီဇတွေ ရှိပါတယ်။ oncogenes ဟာ ဆဲလ်တွေကိုပွားစေတဲ့ မျိုးဗီဇ ဖြစ်ပြီးတော့ လိုအပ်တာထက် များသွားရင်တော့ ကင်ဆာရောဂါ ဖြစ်စေပါတယ်။ tumor suppressor genes ကတော့ အဲ့လိုပွားနေတဲ့ ဆဲလ်တွေကို လိုအပ်တာထက် မများသွားအောင် ထိန်းပေးတဲ့ မျိုးရိုးဗီဇ ဖြစ်ပါတယ်။

Wade Wilson ရဲ့ခန္ဓာကိုယ်ဟာ အဲ့ဒီမျိုးဗီဇနှစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်တာကြောင့် ပြန်လည်ကုသနိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူဟာ ပြန်လည်ကုသဖို့အတွက် လိုအပ်လာရင် ဆဲလ်တွေကို ပုံမှန်ထက် မြန်တဲ့အမြန်နှုန်းနဲ့ ပွားများနိုင်ပြီးတော့ လုံလောက်တဲ့ အနေအထားကို ရောက်လာရင်တော့ tumor suppressor genes နဲ့ဆဲလ်တွေပွားများနေတာကို ထိန်းချုပ်နိုင်ပါတယ်။

Deadpool ရဲ့ ပြတ်ထွက်သွားတဲ့ ခြေလက်တွေနဲ့ ပြန်ဖန်တီးထားတဲ့ Evil Deadpool
photo via screenrant

Deadpool ဟာ လှည့်ကွက်တွေများတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပုံမှန်မဟုတ်တဲ့ လူတစ်ယောက်ပါ။ အဲ့ဒါတွေကပဲ သူ့ကို ဟီးရိုးတစ်ယောက်မဖြစ်စေဘဲနဲ့ anti-hero ဖြစ်သွားစေခဲ့ပါတယ်။ သူဟာ ခြေတွေလက်တွေပေါင်းများစွာ ဆုံးရှုံးဖူးသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ကို အရူးအမူးစွဲလမ်းနေတဲ့ Ella Whitby ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်မတစ်ယောက်ဟာ Wilson ရဲ့ဆုံးရှုံးသွားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လိုက်စုထားပြီး အအေးခန်းထဲမှာ ထည့်ထားခဲ့ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကုန်စုံသွားတဲ့အခါမှာတော့ သူမဟာ ဖရန်ကင်စတိန်းဗားရှင်းနဲ့ နောက်ထပ် Deadpool တစ်ယောက်ကို ဖန်တီးခဲ့ပါတယ်။ အဲ့လိုမျိုး ဖန်တီးအောင်မြင်သွားရတဲ့ အကြောင်းအရင်းကတော့ Deadpool ရဲ့ ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ကြောင့်ဖြစ်ပြီး Evil Deadpool ဆိုတာ ဖြစ်လာပါတယ်။ အဲ့ဒီ Evil Deadpool ဟာ တကယ့် Deadpool အစစ်ထက်တောင် ပိုပြီးရူးမိုက်ပါသေးတယ်။

Deadpool နဲ့ Spider-Man မှာ ကလေးတစ်ယောက် ရှိပါတယ်။
photo via screenrant

Spider-Man နဲ့ Deadpool တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ နည်းနည်း ရှုပ်ထွေးပါတယ်။ သူတို့ဟာ တစ်ခါတစ်ရံမှာ သူငယ်ချင်း၊ တစ်ခါတစ်ရံမှာ ရန်သူ၊ တစ်ခါတစ်ရံမှာဆိုရင် အီစီကလီတောင် လုပ်ကြပါသေးတယ်။ ဒီ့ထက်ဆန်းတာကတော့ သူတို့နှစ်ယောက်ဟာ တစ်ခါတုန်းက ကလေးတစ်ယောက်ရခဲ့ဖူးပါတယ်။

ဖြစ်ပုံကတော့ ဗီလိန်တစ်ယောက်ဟာ လက်စားချေတဲ့အနေနဲ့ Spider-Man နဲ့ Deadpool တို့ရဲ့မျိုးရိုးဗီဇကို ပေါင်းစပ်လိုက်ရာက စပါတယ်။ ဒီမှာတင် Itsy Bitsy ဆိုတဲ့ ကောင်မလေးတစ်ယောက် ဖြစ်လာပါတယ်။ အဲ့ဒီ့ကောင်မလေးဟာ ပင့်ကူနဲ့ လူသားစပ်ထားတဲ့ အသွင်ရှိပြီး သူတို့နှစ်ယောက်ကို Spider-Daddy နဲ့ Dead-Daddy ဆိုပြီး ခေါ်လေ့ရှိပါတယ်။

နောက်ပိုင်းမှာတော့ Spider-Man နဲ့ Deadpool နှစ်ယောက်လုံးကို ရန်သူအဖြစ်မြင်ပြီးတော့ ဗီလိန်တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ Deadpool ဟာ အဲ့ဒီကောင်မလေးရဲ့ မကောင်းတဲ့လုပ်ရပ်တွေိကို တားဖို့အတွက် သူကိုယ်တိုင်ပဲ သတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အဖေတူ သမီးတစ်ယောက်ဖြစ်တာကြောင့် မသေဘဲနဲ့ အရင်ထက်သေးတဲ့ ပင့်ကူပုံစံအဖြစ်နဲ့ အသက်ပြန်ရှင်လာခဲ့ပါတယ်။

သူဟာ သန္ဓေပြောင်းလူသားတစ်ယောက် မဟုတ်ပါဘူး။
photo via screenrant

Deadpool ရုပ်ရှင်ဟာ အလွန်အောင်မြင်ခဲ့ပေမယ့် ကောမစ်ထဲမှာတော့ ရုပ်ရှင်နဲ့မတူတဲ့ ကွာခြားချက်လေးတွေ ရှိပါတယ်။ Deadpool ကို ရုပ်ရှင်ရိုက်တဲ့အခါမှာ 21st Century Fox ဟာ သူ့ကို X-Men တွေနဲ့ ပေါင်းချင်တာကြောင့် သန္ဓေပြောင်းလူသားဆိုပြီး ခေါင်းစဉ်တပ်လိုက်တာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ အဲ့လိုမဟုတ်ဘဲနဲ့ Weapon X ပရောဂျက်နဲ့အပြိုင်ဖြစ်တဲ့ Department K မှာ Wolverine ရဲ့ DNA ကိုထိုးသွင်းပေးမယ့် သိပ္ပံစမ်းသပ်မှုတစ်ခုကနေ စွမ်းအားတွေ ရလာတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူဟာ သန္ဓေပြောင်းလူသားတစ်ယောက် ဖြစ်သွားပေမယ့်လည်း တကယ့်သန္ဓေပြောင်းလူသားဆိုတာဟာ မွေးလာကတည်းက အစွမ်းရှိနေပြီးသား ဖြစ်ပါတယ်။

သူ့ရဲ့ပြန်လည်ကုသနိုင်တဲ့ စွမ်းရည်ဟာ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပါတယ်။
photo via screenrant

လူတော်တော်များများဟာ သူ့ရဲ့ ပြန်လည်ကုသနိုင်တဲ့အစွမ်းကို လိုချင်ကြမှာပါ။ ဒါ့အပြင် ပြန်လည်ကုသနိုင်တာ တစ်ခုတည်းမဟုတ်ဘဲနဲ့ သာမန်လူတွေထက် အချိန်တွေအကြာကြီး နေနိုင်တဲ့အစွမ်းပါ ရှိနေတော့ မလိုချင်တဲ့လူဆိုတာ ခပ်ရှားရှားပဲ ဖြစ်နေမှာပါ။ ဒါပေမဲ့လည်း အဲ့ဒီအစွမ်းဟာ ကောင်းချီးပေးမှုလား၊ ကျိန်စာလား ဆိုတာကိုတော့ Deadpool ဟာ ဖော်ပြသွားခဲ့ပါတယ်။ သူ့ရဲ့အစွမ်းတွေဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိခိုက်စေရုံသာမကဘဲ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။

Wade Wilson ရဲ့ မြင့်မားတဲ့ ကုသနိုင်စွမ်းဟာ သူ့ရဲ့ခန္ဓာကိုယ်ကို အန္တရာယ်တွေကနေ ကာကွယ်ပေးပေမယ့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုတော့ ကြီးကြီးမားမား ထိခိုက်စေပါတယ်။ အဲ့ဒါကတော့ လက်ရှိပစ္စုပ္ပန်ကနေ စိတ်ဟာ ကွဲထွက်သွားတတ်တဲ့ ဆိုးကျိုးပါ။ ဒါ့အပြင် ကိုယ်လက်အင်္ဂါတွေကို ပြန်လည်ကုစားဖို့အတွက် regeneration တစ်သျှူးတွေကို ဦးနှောက်က ဆက်တိုက်ထုတ်ပေးနေရတာကြောင့် သူ့ရဲ့အာရုံကြောတွေကိုလည်း ထိခိုက်မှု ဖြစ်စေပါတယ်။ အကျိုးဆက်အနေနဲ့ သူဟာ ဆိုက်ကိုတစ်ယောက်လိုပဲ ရူးမိုက်တဲ့လုပ်ရပ်တွေ လုပ်တတ်ပြီးတော့ အကြမ်းဖက်တာမျိုးတွေ လုပ်မိစေပါတယ်။ သို့ပေမယ့်လည်း Wade Wilson ဟာ သူ့ရဲ့ပြဿနာကို အားသာချက်တစ်ခုအဖြစ် သုံးစွဲလေ့ရှိပြီး တစ်ဖက်က ရန်သူအနေနဲ့ ခန့်မှန်းလို့ မရနိုင်တဲ့သူတစ်ယောက်အဖြစ် နေထိုင်လေ့ ရှိပါတယ်။

သူဟာ နှလုံးမရှိဘဲနဲ့တောင် အသက်ရှင်နိုင်ပါတယ်။
photo via screenrant

Wade Wilson ဟာ Deadpool ဆိုပြီး နာမည်ခံယူကာ ဝတ်စုံပြည့်နဲ့ ဟီးရိုးတစ်ယောက် မဖြစ်သေးခင်အချိန်တုန်းက စူပါဗီလိန် Ajax ရဲ့လက်အောက်မှာ အစမ်းသပ်ခံအဖြစ် နေထိုင်ခဲ့ရပါတယ်။ Ajax ဟာ Wade ရဲ့ ပြန်လည်ကုသနိုင်စွမ်းကို စမ်းသပ်ဖို့အတွက် နှလုံးကို ထုတ်ပစ်ခဲ့ဖူးပါတယ်။ တကယ်ဆိုရင် စမ်းသပ်တယ်ဆိုတာထက် Wade ကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း Wade ဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းကို ဆုံးရှုံးသွားတဲ့အချိန်မှာတောင် အသက်ရှင်နေဆဲဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ပြန်လည်ကုသနိုင်စွမ်းဟာ ကြောက်ခမန်းလိလိပဲ နှလုံးအသစ်တစ်ခု ပြန်လည်မွေးဖွားပေးလိုက်တာကြောင့် ဖြစ်ပါတယ်။

Loki ဟာ သူ့ကို Tom Cruise မျက်နှာနဲ့တူအောင် လုပ်ခဲ့ဖူးပါတယ်။
photo via screenrant

Deadpool #37 ဆိုတဲ့ ကောမစ်မှာ Loki ဟာ Wade ကို Tom Cruise ရဲ့ မျက်နှာနဲ့တူအောင် ကျိန်စာတိုက်ခဲ့ဖူးပါတယ်။ သူ့လိုမျိုး မျက်နှာပျက်စီးနေတဲ့ လူတစ်ယောက်ဟာ Tom Cruise နဲ့တူတဲ့ မျက်နှာကို ရသွားတဲ့အခါ ပျော်လိမ့်မယ်လို့ ထင်ကြမှာပါ။

ဒါပေမဲ့လည်း Wade ဟာ သူ့မျက်နှာ အဲ့လိုဖြစ်သွားတာကို မကြိုက်ဘဲနဲ့ အရင်လို ပြန်ဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်ခဲ့ပါတယ်။ မျက်နှာကို အရင်ပုံစံပြန်ဖြစ်အောင် လုပ်တဲ့နည်းတွေကတော့ ဆီကြော်အိုးထဲကို မျက်နှာကို ထည့်နှစ်တာမျိုး၊ သွေးရူးသွေးတန်းနဲ့ မျက်နှာကို ကုတ်ခြစ်ဆွဲဖြဲတာမျိုးတို့ကို ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ Loki ရဲ့ ကျိန်စာဟာ ပြေသွားပြီးတော့ သူ့ရဲ့နဂိုမျက်နှာကို ပြန်ရခဲ့ပါတယ်။

ဒါကတော့ Deadpool နဲ့ ပတ်သက်လို့ စိတ်ဝင်စားစရာများစွာထဲက အချို့သော အကြောင်းအရာလေးတွေကို ထုတ်နုတ်ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဖတ်ပြီးလို့ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ဖတ်ရှုနိုင်အောင် ရှဲပေးသွားပါဦး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi version)

Deadpool ဟာ ၁၉၉၁ ခုႏွစ္မွာထြက္ခဲ့တဲ့ The New Mutants #98 ထဲမွာ စတင္ၿပီး ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Live Aaction အျဖစ္ ႐ိုက္ကူးတဲ့အခ်ိန္မွာလည္း အခုေလာက္ထိေအာင္ျမင္မယ္လို႔ မထင္ခဲ့ၾကပါဘူး။ ဒါေပမယ့္လည္း ပရိသတ္ရဲ႕အားေပးမႈကို တစ္ခဲနက္ ရရွိၿပီး ထိပ္တန္း လူႀကိဳက္မ်ားတဲ့ စူပါဟီး႐ိုးေတြစာရင္းမွာ ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ Deadpool နဲ႔ ပတ္သက္ၿပီး လူသိပ္မသိေလာက္ေသးတဲ့ ေကာမစ္ထဲက အခ်ိဳ႕ေသာ စိတ္ဝင္စားစရာ အေၾကာင္းအရာေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

သူ႔ရဲ႕ ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ဟာ တကယ့္သိပၸံပညာကို အေျခခံထားတာပါ။
photo via screenrant

Wade Wilson ဟာ ဘယ္လိုဒဏ္ရာေတြပဲျဖစ္ျဖစ္ ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ရွိသူ ျဖစ္ၿပီးေတာ့ လက္ေတြေျခေတြ ျပတ္သြားခဲ့ရင္ေတာင္မွ အသစ္ျပန္ၿပီးေတာ့ ေပါက္လာႏိုင္ပါတယ္။ အဲ့ဒီလိုမ်ိဳး စြမ္းရည္ဟာ ကမာၻေပၚက တစ္ခ်ိဳ႕မ်ိဳးစိတ္ေတြမွာလည္း ရွိပါတယ္။ ဥပမာ – မကၠဆီကို ေရပုတ္သင္လို႔ေခၚတဲ့ axolotl လိုမ်ိဳးစိတ္ေတြဟာ သူတို႔ရဲ႕ဦးေႏွာက္နဲ႔ ႏွလုံးတို႔လို ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုေတာင္ ျပန္ၿပီးေတာ့ ကုစားႏိုင္စြမ္းရွိတဲ့အျပင္ ျပတ္ေတာက္သြားရင္ေတာင္ အသစ္ျပန္ၿပီး ေပါက္ေစႏိုင္ပါတယ္။

လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္မွာ oncogenes နဲ႔ tumor suppressor genes ဆိုတဲ့ မ်ိဳးဗီဇေတြ ရွိပါတယ္။ oncogenes ဟာ ဆဲလ္ေတြကိုပြားေစတဲ့ မ်ိဳးဗီဇ ျဖစ္ၿပီးေတာ့ လိုအပ္တာထက္ မ်ားသြားရင္ေတာ့ ကင္ဆာေရာဂါ ျဖစ္ေစပါတယ္။ tumor suppressor genes ကေတာ့ အဲ့လိုပြားေနတဲ့ ဆဲလ္ေတြကို လိုအပ္တာထက္ မမ်ားသြားေအာင္ ထိန္းေပးတဲ့ မ်ိဳး႐ိုးဗီဇ ျဖစ္ပါတယ္။

Wade Wilson ရဲ႕ခႏၶာကိုယ္ဟာ အဲ့ဒီမ်ိဳးဗီဇႏွစ္ခုလုံးကို ေကာင္းေကာင္းထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ျပန္လည္ကုသႏိုင္တဲ့စြမ္းရည္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ သူဟာ ျပန္လည္ကုသဖို႔အတြက္ လိုအပ္လာရင္ ဆဲလ္ေတြကို ပုံမွန္ထက္ ျမန္တဲ့အျမန္ႏႈန္းနဲ႔ ပြားမ်ားႏိုင္ၿပီးေတာ့ လုံေလာက္တဲ့ အေနအထားကို ေရာက္လာရင္ေတာ့ tumor suppressor genes နဲ႔ဆဲလ္ေတြပြားမ်ားေနတာကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

Deadpool ရဲ႕ ျပတ္ထြက္သြားတဲ့ ေျခလက္ေတြနဲ႔ ျပန္ဖန္တီးထားတဲ့ Evil Deadpool
photo via screenrant

Deadpool ဟာ လွည့္ကြက္ေတြမ်ားတဲ့ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး ပုံမွန္မဟုတ္တဲ့ လူတစ္ေယာက္ပါ။ အဲ့ဒါေတြကပဲ သူ႔ကို ဟီး႐ိုးတစ္ေယာက္မျဖစ္ေစဘဲနဲ႔ anti-hero ျဖစ္သြားေစခဲ့ပါတယ္။ သူဟာ ေျခေတြလက္ေတြေပါင္းမ်ားစြာ ဆုံးရႈံးဖူးသူတစ္ေယာက္ျဖစ္ပါတယ္။ သူ႔ကို အ႐ူးအမူးစြဲလမ္းေနတဲ့ Ella Whitby ဆိုတဲ့ စိတ္ေရာဂါကု ဆရာဝန္မတစ္ေယာက္ဟာ Wilson ရဲ႕ဆုံးရႈံးသြားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြကို လိုက္စုထားၿပီး အေအးခန္းထဲမွာ ထည့္ထားခဲ့ပါတယ္။

ခႏၶာကိုယ္အစိတ္အပိုင္းေတြ အကုန္စုံသြားတဲ့အခါမွာေတာ့ သူမဟာ ဖရန္ကင္စတိန္းဗားရွင္းနဲ႔ ေနာက္ထပ္ Deadpool တစ္ေယာက္ကို ဖန္တီးခဲ့ပါတယ္။ အဲ့လိုမ်ိဳး ဖန္တီးေအာင္ျမင္သြားရတဲ့ အေၾကာင္းအရင္းကေတာ့ Deadpool ရဲ႕ ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ေၾကာင့္ျဖစ္ၿပီး Evil Deadpool ဆိုတာ ျဖစ္လာပါတယ္။ အဲ့ဒီ Evil Deadpool ဟာ တကယ့္ Deadpool အစစ္ထက္ေတာင္ ပိုၿပီး႐ူးမိုက္ပါေသးတယ္။

Deadpool နဲ႔ Spider-Man မွာ ကေလးတစ္ေယာက္ ရွိပါတယ္။
photo via screenrant

Spider-Man နဲ႔ Deadpool တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးဟာ နည္းနည္း ရႈပ္ေထြးပါတယ္။ သူတို႔ဟာ တစ္ခါတစ္ရံမွာ သူငယ္ခ်င္း၊ တစ္ခါတစ္ရံမွာ ရန္သူ၊ တစ္ခါတစ္ရံမွာဆိုရင္ အီစီကလီေတာင္ လုပ္ၾကပါေသးတယ္။ ဒီ့ထက္ဆန္းတာကေတာ့ သူတို႔ႏွစ္ေယာက္ဟာ တစ္ခါတုန္းက ကေလးတစ္ေယာက္ရခဲ့ဖူးပါတယ္။

ျဖစ္ပုံကေတာ့ ဗီလိန္တစ္ေယာက္ဟာ လက္စားေခ်တဲ့အေနနဲ႔ Spider-Man နဲ႔ Deadpool တို႔ရဲ႕မ်ိဳး႐ိုးဗီဇကို ေပါင္းစပ္လိုက္ရာက စပါတယ္။ ဒီမွာတင္ Itsy Bitsy ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ ျဖစ္လာပါတယ္။ အဲ့ဒီ့ေကာင္မေလးဟာ ပင့္ကူနဲ႔ လူသားစပ္ထားတဲ့ အသြင္ရွိၿပီး သူတို႔ႏွစ္ေယာက္ကို Spider-Daddy နဲ႔ Dead-Daddy ဆိုၿပီး ေခၚေလ့ရွိပါတယ္။

ေနာက္ပိုင္းမွာေတာ့ Spider-Man နဲ႔ Deadpool ႏွစ္ေယာက္လုံးကို ရန္သူအျဖစ္ျမင္ၿပီးေတာ့ ဗီလိန္တစ္ေယာက္ျဖစ္သြားခဲ့ပါတယ္။ Deadpool ဟာ အဲ့ဒီေကာင္မေလးရဲ႕ မေကာင္းတဲ့လုပ္ရပ္ေတြိကို တားဖို႔အတြက္ သူကိုယ္တိုင္ပဲ သတ္ပစ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း အေဖတူ သမီးတစ္ေယာက္ျဖစ္တာေၾကာင့္ မေသဘဲနဲ႔ အရင္ထက္ေသးတဲ့ ပင့္ကူပုံစံအျဖစ္နဲ႔ အသက္ျပန္ရွင္လာခဲ့ပါတယ္။

သူဟာ သေႏၶေျပာင္းလူသားတစ္ေယာက္ မဟုတ္ပါဘူး။
photo via screenrant

Deadpool ႐ုပ္ရွင္ဟာ အလြန္ေအာင္ျမင္ခဲ့ေပမယ့္ ေကာမစ္ထဲမွာေတာ့ ႐ုပ္ရွင္နဲ႔မတူတဲ့ ကြာျခားခ်က္ေလးေတြ ရွိပါတယ္။ Deadpool ကို ႐ုပ္ရွင္႐ိုက္တဲ့အခါမွာ 21st Century Fox ဟာ သူ႔ကို X-Men ေတြနဲ႔ ေပါင္းခ်င္တာေၾကာင့္ သေႏၶေျပာင္းလူသားဆိုၿပီး ေခါင္းစဥ္တပ္လိုက္တာ ျဖစ္ပါတယ္။ ေကာမစ္ထဲမွာေတာ့ အဲ့လိုမဟုတ္ဘဲနဲ႔ Weapon X ပေရာဂ်က္နဲ႔အၿပိဳင္ျဖစ္တဲ့ Department K မွာ Wolverine ရဲ႕ DNA ကိုထိုးသြင္းေပးမယ့္ သိပၸံစမ္းသပ္မႈတစ္ခုကေန စြမ္းအားေတြ ရလာတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူဟာ သေႏၶေျပာင္းလူသားတစ္ေယာက္ ျဖစ္သြားေပမယ့္လည္း တကယ့္သေႏၶေျပာင္းလူသားဆိုတာဟာ ေမြးလာကတည္းက အစြမ္းရွိေနၿပီးသား ျဖစ္ပါတယ္။

သူ႔ရဲ႕ျပန္လည္ကုသႏိုင္တဲ့ စြမ္းရည္ဟာ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာကို ထိခိုက္ေစပါတယ္။
photo via screenrant

လူေတာ္ေတာ္မ်ားမ်ားဟာ သူ႔ရဲ႕ ျပန္လည္ကုသႏိုင္တဲ့အစြမ္းကို လိုခ်င္ၾကမွာပါ။ ဒါ့အျပင္ ျပန္လည္ကုသႏိုင္တာ တစ္ခုတည္းမဟုတ္ဘဲနဲ႔ သာမန္လူေတြထက္ အခ်ိန္ေတြအၾကာႀကီး ေနႏိုင္တဲ့အစြမ္းပါ ရွိေနေတာ့ မလိုခ်င္တဲ့လူဆိုတာ ခပ္ရွားရွားပဲ ျဖစ္ေနမွာပါ။ ဒါေပမဲ့လည္း အဲ့ဒီအစြမ္းဟာ ေကာင္းခ်ီးေပးမႈလား၊ က်ိန္စာလား ဆိုတာကိုေတာ့ Deadpool ဟာ ေဖာ္ျပသြားခဲ့ပါတယ္။ သူ႔ရဲ႕အစြမ္းေတြဟာ သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာ အသြင္အျပင္ကို ထိခိုက္ေစ႐ုံသာမကဘဲ စိတ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ေစပါတယ္။

Wade Wilson ရဲ႕ ျမင့္မားတဲ့ ကုသႏိုင္စြမ္းဟာ သူ႔ရဲ႕ခႏၶာကိုယ္ကို အႏၲရာယ္ေတြကေန ကာကြယ္ေပးေပမယ့္ သူ႔ရဲ႕စိတ္ပိုင္းဆိုင္ရာကိုေတာ့ ႀကီးႀကီးမားမား ထိခိုက္ေစပါတယ္။ အဲ့ဒါကေတာ့ လက္ရွိပစၥဳပၸန္ကေန စိတ္ဟာ ကြဲထြက္သြားတတ္တဲ့ ဆိုးက်ိဳးပါ။ ဒါ့အျပင္ ကိုယ္လက္အဂၤါေတြကို ျပန္လည္ကုစားဖို႔အတြက္ regeneration တစ္သွ်ဴးေတြကို ဦးေႏွာက္က ဆက္တိုက္ထုတ္ေပးေနရတာေၾကာင့္ သူ႔ရဲ႕အာ႐ုံေၾကာေတြကိုလည္း ထိခိုက္မႈ ျဖစ္ေစပါတယ္။ အက်ိဳးဆက္အေနနဲ႔ သူဟာ ဆိုက္ကိုတစ္ေယာက္လိုပဲ ႐ူးမိုက္တဲ့လုပ္ရပ္ေတြ လုပ္တတ္ၿပီးေတာ့ အၾကမ္းဖက္တာမ်ိဳးေတြ လုပ္မိေစပါတယ္။ သို႔ေပမယ့္လည္း Wade Wilson ဟာ သူ႔ရဲ႕ျပႆနာကို အားသာခ်က္တစ္ခုအျဖစ္ သုံးစြဲေလ့ရွိၿပီး တစ္ဖက္က ရန္သူအေနနဲ႔ ခန႔္မွန္းလို႔ မရႏိုင္တဲ့သူတစ္ေယာက္အျဖစ္ ေနထိုင္ေလ့ ရွိပါတယ္။

သူဟာ ႏွလုံးမရွိဘဲနဲ႔ေတာင္ အသက္ရွင္ႏိုင္ပါတယ္။
photo via screenrant

Wade Wilson ဟာ Deadpool ဆိုၿပီး နာမည္ခံယူကာ ဝတ္စုံျပည့္နဲ႔ ဟီး႐ိုးတစ္ေယာက္ မျဖစ္ေသးခင္အခ်ိန္တုန္းက စူပါဗီလိန္ Ajax ရဲ႕လက္ေအာက္မွာ အစမ္းသပ္ခံအျဖစ္ ေနထိုင္ခဲ့ရပါတယ္။ Ajax ဟာ Wade ရဲ႕ ျပန္လည္ကုသႏိုင္စြမ္းကို စမ္းသပ္ဖို႔အတြက္ ႏွလုံးကို ထုတ္ပစ္ခဲ့ဖူးပါတယ္။ တကယ္ဆိုရင္ စမ္းသပ္တယ္ဆိုတာထက္ Wade ကို ဖ်က္ဆီးပစ္ဖို႔ ရည္႐ြယ္ခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း Wade ဟာ ခႏၶာကိုယ္ရဲ႕ အေရးႀကီးဆုံးအစိတ္အပိုင္းကို ဆုံးရႈံးသြားတဲ့အခ်ိန္မွာေတာင္ အသက္ရွင္ေနဆဲျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ျပန္လည္ကုသႏိုင္စြမ္းဟာ ေၾကာက္ခမန္းလိလိပဲ ႏွလုံးအသစ္တစ္ခု ျပန္လည္ေမြးဖြားေပးလိုက္တာေၾကာင့္ ျဖစ္ပါတယ္။

Loki ဟာ သူ႔ကို Tom Cruise မ်က္ႏွာနဲ႔တူေအာင္ လုပ္ခဲ့ဖူးပါတယ္။
photo via screenrant

Deadpool #37 ဆိုတဲ့ ေကာမစ္မွာ Loki ဟာ Wade ကို Tom Cruise ရဲ႕ မ်က္ႏွာနဲ႔တူေအာင္ က်ိန္စာတိုက္ခဲ့ဖူးပါတယ္။ သူ႔လိုမ်ိဳး မ်က္ႏွာပ်က္စီးေနတဲ့ လူတစ္ေယာက္ဟာ Tom Cruise နဲ႔တူတဲ့ မ်က္ႏွာကို ရသြားတဲ့အခါ ေပ်ာ္လိမ့္မယ္လို႔ ထင္ၾကမွာပါ။

ဒါေပမဲ့လည္း Wade ဟာ သူ႔မ်က္ႏွာ အဲ့လိုျဖစ္သြားတာကို မႀကိဳက္ဘဲနဲ႔ အရင္လို ျပန္ျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔ လုပ္ခဲ့ပါတယ္။ မ်က္ႏွာကို အရင္ပုံစံျပန္ျဖစ္ေအာင္ လုပ္တဲ့နည္းေတြကေတာ့ ဆီေၾကာ္အိုးထဲကို မ်က္ႏွာကို ထည့္ႏွစ္တာမ်ိဳး၊ ေသြး႐ူးေသြးတန္းနဲ႔ မ်က္ႏွာကို ကုတ္ျခစ္ဆြဲၿဖဲတာမ်ိဳးတို႔ကို ျပဳလုပ္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ တျဖည္းျဖည္းနဲ႔ Loki ရဲ႕ က်ိန္စာဟာ ေျပသြားၿပီးေတာ့ သူ႔ရဲ႕နဂိုမ်က္ႏွာကို ျပန္ရခဲ့ပါတယ္။

ဒါကေတာ့ Deadpool နဲ႔ ပတ္သက္လို႔ စိတ္ဝင္စားစရာမ်ားစြာထဲက အခ်ိဳ႕ေသာ အေၾကာင္းအရာေလးေတြကို ထုတ္ႏုတ္ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ ဖတ္ၿပီးလို႔ ႏွစ္သက္တယ္ဆိုရင္ မိတ္ေဆြေတြလည္း ဖတ္ရႈႏိုင္ေအာင္ ရွဲေပးသြားပါဦး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular