HomeCelebs Update NewsInternationalလေလံတင်သွားမယ့် Spider-Man 3 ထဲက Tobey Maguire ရဲ့ ဝတ်စုံ

လေလံတင်သွားမယ့် Spider-Man 3 ထဲက Tobey Maguire ရဲ့ ဝတ်စုံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spider-Man 3 ထဲမှာ Tobey Maguire ဝတ်ဆင်ခဲ့တဲ့ Spider-Man ဝတ်စုံကို နိုဝင်ဘာလမှာ လေလံတင်သွားမယ်လို့ သိရပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထွက်ထားတဲ့ Spider-Man 3 ထဲမှာတော့ Peter Parker ဟာ Sandman ၊ Harry Osborn နဲ့ Venom တို့လို ဗီလိန်သုံးယောက်နဲ့ တိုက်ခိုက်နေရင်း Mary Jane Watson နဲ့ အချစ်ရေးကိုလည်း အဆင်ပြေအောင် ကြိုးစားနေတာ မြင်တွေ့ခဲ့ရပါတယ်။

photo via screenrant

အစတုန်းကတော့ Spider-Man 4 ထပ်မံထွက်ရှိလာဖို့ အစီအစဉ်ရှိပေမယ့်လည်း အကြောင်းအမျိူးမျိူးကြောင့် နှောင့်နှေးမှုတွေ ကြုံတွေ့ရကာ ဒါရိုက်တာ Sam Raimi ကလည်း ထွက်ခွာသွားပါတယ်။ ဒါကြောင့်ပဲ Andrew Garfield နဲ့ Amazing Spider-Man ဆိုပြီး Reboot ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Tobey Maguire ရဲ့ Spider-Man ကို မတွေ့ခဲ့ရတာ (၁၄) နှစ်လောက် ရှိပြီ ဖြစ်ပြီး ပရိသတ်များစွာကတော့ Spider-Man: No Way Home ထဲမှာ သူ့ကို ပြန်လည်မြင်တွေ့ချင်နေကြပါတယ်။

TMZ သတင်းဌာနရဲ့ ဖော်ပြမှုအရ ဆိုရင်တော့ Prop Store Website ဟာ ရုပ်ရှင်ပေါင်း တစ်ထောင်လောက်မှာ အသုံးပြုခဲ့တဲ့ ရိုက်ကွင်းပေါ်က ပစ္စည်းတွေကို လေလံတင်သွားမယ်လို့ သိရပါတယ်။ Spider-Man 3 ထဲမှာ Tobey ဝတ်ဆင်ခဲ့တဲ့ အနီနဲ့အပြာရောစပ်ထားတဲ့ ဝတ်စုံကလည်း အဲ့ဒီပစ္စည်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီဝတ်စုံကို ဒေါ်လာ (၇) သောင်းလောက် ရရှိဖို့ မျှော်လင့်ထားပြီး လေလံပွဲကတော့ နိုဝင်ဘာ (၉) ရက်ကနေ (၁၁) ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီဝတ်စုံကိုတော့ James Acheson နဲ့ Katina Le Kerr တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ်စုံဟာ ကောမစ်ထဲက ဝတ်စုံနဲ့ အနည်းငယ်ကွာခြားပေမယ့်လည်း ပရိသတ်တွေအတွက်တော့ ဒီဝတ်စုံဟာ အမှတ်တရအဖြစ်ဆုံး ဝတ်စုံတစ်ခုပဲ ဖြစ်ပါတယ်။ PS4 Spider-Man ဂိမ်းထဲမှာလည်း ဒီဝတ်စုံကို ထည့်သွင်းပေးဖို့ ပရိသတ်များစွာက တောင်းဆိုခဲ့ကြပါတယ်။ ဒီလေလံပွဲမှာ ဝတ်စုံကို ရရှိသွားတဲ့သူကတော့ ကိုယ်ပိုင် Collection အနေနဲ့ပဲ ထားမလား ဒါမှမဟုတ် ပြတိုက်တွေကို လှူမလား ဆိုတာတော့ မသိရသေးပါဘူး။

Legos

Source: Screenrant

(Zawgyi Version)

Spider-Man 3 ထဲမွာ Tobey Maguire ဝတ္ဆင္ခဲ့တဲ့ Spider-Man ဝတ္စုံကို ႏိုဝင္ဘာလမွာ ေလလံတင္သြားမယ္လို႔ သိရပါတယ္။ ၂၀၀၇ ခုႏွစ္မွာ ထြက္ထားတဲ့ Spider-Man 3 ထဲမွာေတာ့ Peter Parker ဟာ Sandman ၊ Harry Osborn နဲ႔ Venom တို႔လို ဗီလိန္သုံးေယာက္နဲ႔ တိုက္ခိုက္ေနရင္း Mary Jane Watson နဲ႔ အခ်စ္ေရးကိုလည္း အဆင္ေျပေအာင္ ႀကိဳးစားေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။

photo via screenrant

အစတုန္းကေတာ့ Spider-Man 4 ထပ္မံထြက္ရွိလာဖို႔ အစီအစဥ္ရွိေပမယ့္လည္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေႏွာင့္ေႏွးမႈေတြ ႀကဳံေတြ႕ရကာ ဒါ႐ိုက္တာ Sam Raimi ကလည္း ထြက္ခြာသြားပါတယ္။ ဒါေၾကာင့္ပဲ Andrew Garfield နဲ႔ Amazing Spider-Man ဆိုၿပီး Reboot ျပန္လည္႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ Tobey Maguire ရဲ႕ Spider-Man ကို မေတြ႕ခဲ့ရတာ (၁၄) ႏွစ္ေလာက္ ရွိၿပီ ျဖစ္ၿပီး ပရိသတ္မ်ားစြာကေတာ့ Spider-Man: No Way Home ထဲမွာ သူ႔ကို ျပန္လည္ျမင္ေတြ႕ခ်င္ေနၾကပါတယ္။

TMZ သတင္းဌာနရဲ႕ ေဖာ္ျပမႈအရ ဆိုရင္ေတာ့ Prop Store Website ဟာ ႐ုပ္ရွင္ေပါင္း တစ္ေထာင္ေလာက္မွာ အသုံးျပဳခဲ့တဲ့ ႐ိုက္ကြင္းေပၚက ပစၥည္းေတြကို ေလလံတင္သြားမယ္လို႔ သိရပါတယ္။ Spider-Man 3 ထဲမွာ Tobey ဝတ္ဆင္ခဲ့တဲ့ အနီနဲ႔အျပာေရာစပ္ထားတဲ့ ဝတ္စုံကလည္း အဲ့ဒီပစၥည္းေတြထဲက တစ္ခုပဲ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ဒီဝတ္စုံကို ေဒၚလာ (၇) ေသာင္းေလာက္ ရရွိဖို႔ ေမွ်ာ္လင့္ထားၿပီး ေလလံပြဲကေတာ့ ႏိုဝင္ဘာ (၉) ရက္ကေန (၁၁) ရက္ေန႔အထိ က်င္းပသြားမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီဝတ္စုံကိုေတာ့ James Acheson နဲ႔ Katina Le Kerr တို႔က ပူးေပါင္းဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီဝတ္စုံဟာ ေကာမစ္ထဲက ဝတ္စုံနဲ႔ အနည္းငယ္ကြာျခားေပမယ့္လည္း ပရိသတ္ေတြအတြက္ေတာ့ ဒီဝတ္စုံဟာ အမွတ္တရအျဖစ္ဆုံး ဝတ္စုံတစ္ခုပဲ ျဖစ္ပါတယ္။ PS4 Spider-Man ဂိမ္းထဲမွာလည္း ဒီဝတ္စုံကို ထည့္သြင္းေပးဖို႔ ပရိသတ္မ်ားစြာက ေတာင္းဆိုခဲ့ၾကပါတယ္။ ဒီေလလံပြဲမွာ ဝတ္စုံကို ရရွိသြားတဲ့သူကေတာ့ ကိုယ္ပိုင္ Collection အေနနဲ႔ပဲ ထားမလား ဒါမွမဟုတ္ ျပတိုက္ေတြကို လႉမလား ဆိုတာေတာ့ မသိရေသးပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular