HomeEntertainmentFilmHarry Potter ထဲက Dementor တွေရဲ့ စိတ်ဝင်စားစရာအချက်များ 

Harry Potter ထဲက Dementor တွေရဲ့ စိတ်ဝင်စားစရာအချက်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Dementor တွေဟာ Azkaban အကျဉ်းထောင်ရဲ့ အစောင့်တွေဖြစ်ပြီး Harry Potter universe ထဲက ကြောက်စရာသတ္တဝါတွေလည်း ဖြစ်ပါတယ်။ သို့သော်လည်း ဘယ်အရာတွေကြောင့် သူတို့ဟာ ဒီလောက်ထိ ကြောက်စရာကောင်းရတာလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ပရော်ဖက်ဆာ Lupin ရဲ့ စကားအတိုင်း ဖော်ပြရမယ်ဆိုရင်တော့ dementor တွေဟာ ဒီမြေကမ္ဘာပေါ်မှာ လျှောက်လှမ်းနေကြတဲ့ သတ္တဝါတွေထဲက အဆိုးယုတ်ဆုံး သတ္တဝါတွေ ဖြစ်တယ်လို့ပဲ ဆိုရမှာပါပဲ။

သူတို့ရဲ့ သဘာဝကိုက လူသားတွေရဲ့ မချိတင်ကဲ ဝေဒနာတွေပေါ်မှာ မှီခိုနေကြသူတွေ ဖြစ်ပြီး လူတွေရဲ့ စိတ်ထဲက နာကျင်ခံစားမှု စိတ်ဝေဒနာတွေကို သူတို့ရဲ့ အစာအာဟာရအဖြစ် ရှုမြင်ကာ စားသုံး၊ ရှင်သန်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အလွန်အန္တရာယ်များသူတွေ ဖြစ်ပြီး သူတို့ကို ထိန်းချုပ်ဖို့ ကြိုးစားသူတွေကိုတောင် အန္တရာယ်ပြန်ပြုနိုင်သူတွေ ဖြစ်ပါတယ်။ ပရော်ဖက်ဆာ Dumbledore ကတော့ dementor တွေဟာ သူတို့အတွက် အမဲလိုက်ဖို့ အမိန့်ပေးထားသူနဲ့ ကံမကောင်း အကြောင်းမလှဘဲ သူတို့နဲ့ ထိပ်တိုက်လာတွေ့သူကို ခွဲခြားနိုင်ခြင်း မရှိဘူးလို့ ရှင်းပြထားပါတယ်။

သူတို့ရဲ့ဇာစ်မြစ်ဟာ ပဟေဠိဆန်ပါတယ်။
Photo via screenrant

Harry Potter ထဲမှာတော့ dementor တွေဟာ Azkaban အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ မှော်ဆရာတွေကို စောင့်ကြပ်နေသူတွေ ဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာအတွေးတွေ၊ ခံစားချက်တွေကို စုပ်ယူ၊ စားသုံးနေသူတွေလည်း ဖြစ်ပါတယ်။ သူတို့ စတင်ဖြစ်ပေါ်လာပုံကတော့ တိတိကျကျ မရှိဘဲ ပဟေဠိဆန်ပါတယ်။

dementor တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာလောက်က ကျွန်းတစ်ကျွန်းပေါ်မှာ Ekrizdis ရဲ့ စမ်းသပ်ချက်တစ်ခုကြောင့် ဖြစ်ပေါ်လာတာလို့လည်း ဆိုကြသလို မြေအောက်က ဆိုးဝါးယုတ်ညံ့လှတဲ့ နတ်ဆိုးဝိဉာဉ်တွေကနေ ပေါ်ပေါက်လာတာလို့လည်း ပြောကြတာ ရှိပါတယ်။

မှော်ဝန်ကြီးဌာနဟာ သူတို့ကို အကျဉ်းထောင်အစောင့်တွေအဖြစ် ခန့်အပ်ထားတာပါ။
Photo via screenrant

မှော်ဝန်ကြီးဌာနဟာ အဆင်အခြင်မဲ့တဲ့ အမှားများစွာကို ထပ်ခါတလဲလဲ ကျူးလွန်ခဲ့သလိုပဲ အဆိုးဝါးဆုံး အကြံအစည်တစ်ခုအနေနဲ့ dementor တွေကို Azkaban အကျဉ်းထောင်ရဲ့ အစောင့်တွေအဖြစ်ထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ ဆရာမတွေများစွာဟာ dementor တွေကြောင့် လူသားတွေမှာ ထိခိုက်နာကျင်မှုတွေ ဖြစ်နေတာကို တားဆီးဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။

Azkaban အကျဉ်းထောင်မှာ အကျဉ်းသားချင်း အတူတူကိုတောင် မညီမျှတဲ့ နည်းလမ်းတွေနဲ့ ခွဲခြားဆက်ဆံခြင်း ခံနေရတာကို မှော်ဝန်ကြီးဌာနက ဝန်ကြီးတွေ သိရှိပြီးနောက်မှာလည်း ဒါကို တားဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။ သို့သော်လည်း မှော်လောကမှာတော့ ဒီကိစ္စကို အချိန်ကာလ ကြာမြင့်စွာ ငြင်းပယ်ခဲ့ကြပါတယ်။ dementor တွေကိုသာ ဒီနေရာမှာ မထားဘူးဆိုရင် အပြစ်မဲ့တဲ့ လူသားတွေကို လိုက်လံခြောက်လှန့်နေမယ်လို့ အများစုက ယုံကြည်ထားကြတာကြောင့် Azkaban ဟာ သူတို့ရဲ့ ကိုယ်ပိုင်နေရာလို ဖြစ်လာပါတော့တယ်။

dementor တွေကို တားဆီးပိတ်ပင်ဖို့ နှစ်တွေ ရာနဲ့ချီပြီး ကြာမြင့်ခဲ့ပါတယ်။
Photo via screenrant

၁၉၀၀ ပြည့်လွန်နှစ်တွေမှာ ဆိုးဝါးတဲ့ မှော်ဝန်ကြီးတွေပဲ ဆက်တိုက် တက်လာခဲ့ပြီးနောက် Hogwarts တိုက်ပွဲအပြီး Voldemort ရဲ့ ကျဆုံးမှုနောက်မှာတော့ Kingsley Shacklebolt ဟာ တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။ သူ ဦးဆောင်တဲ့ မှော်အစိုးရလက်ထက်မှာ ပထမဆုံး လုပ်ဆောင်တဲ့ ကိစ္စတစ်ခုကတော့ Azkaban အကျဉ်းထောင်က dementor တွေကို ဖယ်ရှားလိုက်တာပါပဲ။ ယခင် အကျဉ်းထောင်အစောင့်ဖြစ်တဲ့ dementor တွေရဲ့နေရာမှာတော့ ကောင်းမွန်စွာ လေ့ကျင့်ပေးထားတဲ့ Aurors တွေကို အစားထိုး တာဝန်ယူစေခဲ့ပါတယ်။

သူတို့ဟာ အသိစိတ်တစ်မျိုး ပိုင်ဆိုင်ထားပါတယ်။
Photo via screenrant

dementor တွေမှာ ကွဲပြားထင်ရှားတဲ့ ဝိသေသဆိုတာမျိုး မရှိပေမယ့် အသိစိတ်တစ်မျိုးတော့ ပိုင်ဆိုင်ထားကြောင်း အနည်းငယ် ဖော်ပြတတ်ကြပါတယ်။ သူတို့ဟာ မှော်ဝန်ကြီးဌာနက သူတို့အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို နှစ်ပေါင်း ရာနဲ့ချီပြီး လက်ခံခဲ့ကြပါတယ်။ သို့သော်လည်း အမှောင်သခင်ကြီး Voldemort အာဏာကြီးထွားလာချိန်မှာတော့ သူတို့အတွက် အစာရေစာ ပေါများလာတော့မယ်ဆိုတဲ့ အချက်ကို သိနေကြတဲ့အတွက် ဘက်ပြောင်းသွားခဲ့ကြပါတယ်။

ထူးခြားမှုတစ်ခုကတော့ သူတို့ထဲမှာ ခေါင်းဆောင်ဆိုတာမျိုး မရှိပေမယ့် အားလုံးဟာ အစီအစဉ်တကျ အတူတူ ပူးပေါင်းပြီး လုပ်ဆောင်တတ်ကြတာပါပဲ။ ဒါ့အပြင် သူတို့ရည်မှန်းထားတဲ့ အရာကို အာရုံစူးစိုက်ပြီး လုပ်ဆောင်တတ်တာကိုလည်း တွေ့ရပါတယ်။

ဆက်သွယ်ပြောဆိုနိုင်မှု
Photo via screenrant

dementor တွေဟာ သူတို့အချင်းချင်းတော့ ဆက်သွယ်ပြောဆိုနိုင်တာ တွေ့ရပါတယ်။ ဒါဟာ သူတို့ချည်းပဲ သီးသန့် နားလည်နိုင်တဲ့ ဘာသာစကားလား၊ သူတို့မှာ ကိုယ်ပိုင်ဘာသာစကား ရှိတာလားဆိုတာတော့ မသဲကွဲပေမယ့် လူသားတွေအနေနဲ့တော့ လုံးဝနားမလည်နိုင်ပါဘူး။

သို့သော်လည်း သူတို့ဟာ အချို့သော အရေးကြီးတဲ့ သတင်းအချက်အလက်တွေကိုတော့ လူနားလည်အောင် ဖော်ပြနိုင်စွမ်းရှိတယ်လို့ ယူဆနိုင်ပါတယ်။ ဥပမာ Azkaban က Sirius Black ရဲ့ အပြုအမူတွေကို မှော်ဝန်ကြီးဌာနက တာဝန်ရှိသူတွေဆီ ဖော်ပြတာမျိုး ဖြစ်ပါတယ်။

သူတို့ဟာ ပုပ်သိုးဆွေးမြည့်နေတဲ့ အလောင်းကောင်တွေ ဖြစ်ပါတယ်။
Photo via screenrant

dementor တွေကို အဝေးက ကြည့်မယ်ဆိုရင်တော့ လူသားရဲ့ ပုံသဏ္ဍာန်နဲ့ ဆင်တူပြီး လူသားမျိုးနွယ်ကတဆင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့ သတ္တဝါလေများလားလို့ ထင်စရာ ရှိပါလိမ့်မယ်။ သို့သော်လည်း သူတို့ကို အနီးကပ် ကြည့်လိုက်မယ်ဆိုရင်တော့ လူသားမျိုးနွယ်အပေါ် စော်ကားမိသလိုတောင် ဖြစ်သွားနိုင်ပါတယ်။

သူတို့ရဲ့ ခန္ဓာဖွဲ့စည်းပုံဟာ အခြေခံအားဖြင့် အလောင်းကောင်ပုံစံမျိုး ဖြစ်ပြီး မီးခိုးရောင် ညိုညစ်ညစ် အသားအရောင်နဲ့ စိုထိုင်းနေတတ်ပြီး ရိရွဲနေတဲ့ အသားစတွေက ခြေထောက်ကနေ ခေါင်းအထိ တွဲလဲခိုနေကြတာပါ။ ဒါတင်မက သူတို့ရဲ့ မျက်နှာကို ကြည့်လိုက်မယ်ဆိုရင်တော့ ပိုလို့တောင် ဆိုးဝါးပါသေးတယ်။ မျက်လုံးခေါင်းပေါက်ကြီးတွေနဲ့ နတ်ဆိုးတစ်ကောင်ရဲ့ ပါးစပ်ကြီးတွေလိုပဲ ကြက်သီးထစရာ ရုပ်သွင်ကို မြင်တွေ့ရမယ့်အပြင် သူတို့ရဲ့ လှုပ်ရှားမှုတိုင်းဟာ လုံးဝအသံမထွက်တာကြောင့် လေပေါ်ဝဲနေမယ့် dementor တစ်ကောင်ကို ပုံဖော်ကြည့်လိုက်ရုံနဲ့တင် ကျောချမ်းစရာ ဖြစ်ပါတယ်။

dementor တွေကို တားဆီးနိုင်မယ့်နည်းလမ်း
Photo via screenrant

dementor တွေကို တားဆီးနိုင်မယ့် နာမည်အကြီးဆုံး နည်းလမ်းကတော့ Patronus မန္တာန်ပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒီမန္တာန်ဟာ အဆင့်ဆင့်နဲ့ လုပ်ဆောင်ရ ရှုပ်ထွေးတာကြောင့် အလွယ်တကူနဲ့တော့ အသုံးမပြုနိုင်ကြပါဘူး။ တခြားသော မန္တာန်တွေကတော့ dementor တွေအပေါ် သက်ရောက်မှု လုံးဝမရှိပါဘူး။ ဒါကြောင့်ပဲ သူတို့ကို တားဆီးဖို့ဆိုတာ လွယ်ကူရိုးရှင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်တာ သိသာစေပါတယ်။

နောက်တစ်နည်းကတော့ ချောကလက်ပါပဲ။ ချောကလက်ကို အသုံးပြုမယ်ဆိုရင်တော့ dementor တွေရဲ့ အမဲဖြတ်ခံရမှုကနေ အတိုင်းအတာတစ်ခုအထိ လျှော့ချ၊ ကာကွယ်ပေးနိုင်ပါတယ်။ သို့သော်လည်း ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်း အစစ်အမှန်ကိုတော့ မှော်ပညာအရရော၊ သိပ္ပံပညာအရရော ရှင်းပြနိုင်ခြင်း မရှိနိုင်ပါဘူး။

သီအိုရီအရ dementor တွေရဲ့ ရန်က ကာကွယ်နိုင်မယ့် နည်းတစ်ခုကတော့ ရင်ဆိုင်ရမယ့်လူရဲ့ စိတ်ကို အတွေး၊ ခံစားမှု တစုံတရာမှ မရှိအောင် Occlumency နည်းနဲ့ ထိန်းချုပ်တာပါပဲ။ ဒါဆိုရင်တော့ dementor တွေ အသုံးချဖို့ရာ စိတ်ခံစားချက်၊ အတွေး တစုံတခုမှ မရှိတာကြောင့် လွတ်မြောက်နိုင်မယ်လို့ သီအိုရီအရ ဆိုထားကြပါတယ်။

သူတို့ဟာ သက်ရှိတွေလား ?
Photo via screenrant

ဒီအမှောင်လောကသား သတ္တဝါတွေဟာ ကမ္ဘာပေါ်မှာ တည်ရှိလာခဲ့တာ နှစ်ပေါင်း ရာနဲ့ချီခဲ့ပြီ ဖြစ်ပေမယ့် သူတို့နဲ့ ပတ်သက်လို့ လူတွေ သိရှိထားတာ များများစားစား မရှိလှပါဘူး။ dementor တွေဟာ အစာအာဟာရကို အမြဲတမ်း လိုအပ်နေသူတွေ ဖြစ်တာကြောင့် သက်ရှိနဲ့တူတယ်လို့ ယူဆနိုင်ပေမယ့် တကယ်တော့ သူတို့ဟာ သေလည်းမသေနိုင်ပါဘူး။ သူတို့ရဲ့ တကယ့်ဖြစ်တည်မှုဟာ amortal လို့ သတ်မှတ်ခံထားရတာ ဖြစ်ပြီး သူတို့ဟာ မူလအစတည်းက အသက်ရှိနေကြတာ မဟုတ်သလို သေလည်း မသေသွားနိုင်သူတွေ ဖြစ်ပါတယ်။

ဒါကတော့ Harry Potter ဇာတ်လမ်းထဲက ကြောက်စရာ သတ္တဝါတွေဖြစ်တဲ့ Dementor တွေအကြောင်း စိတ်ဝင်စားစရာအချို့ကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ နှစ်သက်တယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Glasgow

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Dementor ေတြဟာ Azkaban အက်ဥ္းေထာင္ရဲ႕ အေစာင့္ေတြျဖစ္ၿပီး Harry Potter universe ထဲက ေၾကာက္စရာသတၱဝါေတြလည္း ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဘယ္အရာေတြေၾကာင့္ သူတို႔ဟာ ဒီေလာက္ထိ ေၾကာက္စရာေကာင္းရတာလည္းဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။ ပေရာ္ဖက္ဆာ Lupin ရဲ႕ စကားအတိုင္း ေဖာ္ျပရမယ္ဆိုရင္ေတာ့ dementor ေတြဟာ ဒီေျမကမာၻေပၚမွာ ေလွ်ာက္လွမ္းေနၾကတဲ့ သတၱဝါေတြထဲက အဆိုးယုတ္ဆုံး သတၱဝါေတြ ျဖစ္တယ္လို႔ပဲ ဆိုရမွာပါပဲ။

သူတို႔ရဲ႕ သဘာဝကိုက လူသားေတြရဲ႕ မခ်ိတင္ကဲ ေဝဒနာေတြေပၚမွာ မွီခိုေနၾကသူေတြ ျဖစ္ၿပီး လူေတြရဲ႕ စိတ္ထဲက နာက်င္ခံစားမႈ စိတ္ေဝဒနာေတြကို သူတို႔ရဲ႕ အစာအာဟာရအျဖစ္ ရႈျမင္ကာ စားသုံး၊ ရွင္သန္ေနၾကသူေတြ ျဖစ္ပါတယ္။ သူတို႔ဟာ အလြန္အႏၲရာယ္မ်ားသူေတြ ျဖစ္ၿပီး သူတို႔ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားသူေတြကိုေတာင္ အႏၲရာယ္ျပန္ျပဳႏိုင္သူေတြ ျဖစ္ပါတယ္။ ပေရာ္ဖက္ဆာ Dumbledore ကေတာ့ dementor ေတြဟာ သူတို႔အတြက္ အမဲလိုက္ဖို႔ အမိန႔္ေပးထားသူနဲ႔ ကံမေကာင္း အေၾကာင္းမလွဘဲ သူတို႔နဲ႔ ထိပ္တိုက္လာေတြ႕သူကို ခြဲျခားႏိုင္ျခင္း မရွိဘူးလို႔ ရွင္းျပထားပါတယ္။

သူတို႔ရဲ႕ဇာစ္ျမစ္ဟာ ပေဟဠိဆန္ပါတယ္။
Photo via screenrant

Harry Potter ထဲမွာေတာ့ dementor ေတြဟာ Azkaban အက်ဥ္းေထာင္မွာ အက်ဥ္းက်ခံေနရတဲ့ ေမွာ္ဆရာေတြကို ေစာင့္ၾကပ္ေနသူေတြ ျဖစ္ၿပီး သူတို႔ရဲ႕ ေပ်ာ္႐ႊင္စရာအေတြးေတြ၊ ခံစားခ်က္ေတြကို စုပ္ယူ၊ စားသုံးေနသူေတြလည္း ျဖစ္ပါတယ္။ သူတို႔ စတင္ျဖစ္ေပၚလာပုံကေတာ့ တိတိက်က် မရွိဘဲ ပေဟဠိဆန္ပါတယ္။

dementor ေတြဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္းငါးရာေလာက္က ကြၽန္းတစ္ကြၽန္းေပၚမွာ Ekrizdis ရဲ႕ စမ္းသပ္ခ်က္တစ္ခုေၾကာင့္ ျဖစ္ေပၚလာတာလို႔လည္း ဆိုၾကသလို ေျမေအာက္က ဆိုးဝါးယုတ္ညံ့လွတဲ့ နတ္ဆိုးဝိဉာဥ္ေတြကေန ေပၚေပါက္လာတာလို႔လည္း ေျပာၾကတာ ရွိပါတယ္။

ေမွာ္ဝန္ႀကီးဌာနဟာ သူတို႔ကို အက်ဥ္းေထာင္အေစာင့္ေတြအျဖစ္ ခန႔္အပ္ထားတာပါ။
Photo via screenrant

ေမွာ္ဝန္ႀကီးဌာနဟာ အဆင္အျခင္မဲ့တဲ့ အမွားမ်ားစြာကို ထပ္ခါတလဲလဲ က်ဴးလြန္ခဲ့သလိုပဲ အဆိုးဝါးဆုံး အႀကံအစည္တစ္ခုအေနနဲ႔ dementor ေတြကို Azkaban အက်ဥ္းေထာင္ရဲ႕ အေစာင့္ေတြအျဖစ္ထားဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေမွာ္ဆရာ၊ ဆရာမေတြမ်ားစြာဟာ dementor ေတြေၾကာင့္ လူသားေတြမွာ ထိခိုက္နာက်င္မႈေတြ ျဖစ္ေနတာကို တားဆီးဖို႔ ႀကိဳးစားခဲ့ၾကဖူးပါတယ္။

Azkaban အက်ဥ္းေထာင္မွာ အက်ဥ္းသားခ်င္း အတူတူကိုေတာင္ မညီမွ်တဲ့ နည္းလမ္းေတြနဲ႔ ခြဲျခားဆက္ဆံျခင္း ခံေနရတာကို ေမွာ္ဝန္ႀကီးဌာနက ဝန္ႀကီးေတြ သိရွိၿပီးေနာက္မွာလည္း ဒါကို တားဆီးဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ သို႔ေသာ္လည္း ေမွာ္ေလာကမွာေတာ့ ဒီကိစၥကို အခ်ိန္ကာလ ၾကာျမင့္စြာ ျငင္းပယ္ခဲ့ၾကပါတယ္။ dementor ေတြကိုသာ ဒီေနရာမွာ မထားဘူးဆိုရင္ အျပစ္မဲ့တဲ့ လူသားေတြကို လိုက္လံေျခာက္လွန႔္ေနမယ္လို႔ အမ်ားစုက ယုံၾကည္ထားၾကတာေၾကာင့္ Azkaban ဟာ သူတို႔ရဲ႕ ကိုယ္ပိုင္ေနရာလို ျဖစ္လာပါေတာ့တယ္။

dementor ေတြကို တားဆီးပိတ္ပင္ဖို႔ ႏွစ္ေတြ ရာနဲ႔ခ်ီၿပီး ၾကာျမင့္ခဲ့ပါတယ္။
Photo via screenrant

၁၉၀၀ ျပည့္လြန္ႏွစ္ေတြမွာ ဆိုးဝါးတဲ့ ေမွာ္ဝန္ႀကီးေတြပဲ ဆက္တိုက္ တက္လာခဲ့ၿပီးေနာက္ Hogwarts တိုက္ပြဲအၿပီး Voldemort ရဲ႕ က်ဆုံးမႈေနာက္မွာေတာ့ Kingsley Shacklebolt ဟာ တာဝန္လႊဲေျပာင္းယူခဲ့ပါတယ္။ သူ ဦးေဆာင္တဲ့ ေမွာ္အစိုးရလက္ထက္မွာ ပထမဆုံး လုပ္ေဆာင္တဲ့ ကိစၥတစ္ခုကေတာ့ Azkaban အက်ဥ္းေထာင္က dementor ေတြကို ဖယ္ရွားလိုက္တာပါပဲ။ ယခင္ အက်ဥ္းေထာင္အေစာင့္ျဖစ္တဲ့ dementor ေတြရဲ႕ေနရာမွာေတာ့ ေကာင္းမြန္စြာ ေလ့က်င့္ေပးထားတဲ့ Aurors ေတြကို အစားထိုး တာဝန္ယူေစခဲ့ပါတယ္။

သူတို႔ဟာ အသိစိတ္တစ္မ်ိဳး ပိုင္ဆိုင္ထားပါတယ္။
Photo via screenrant

dementor ေတြမွာ ကြဲျပားထင္ရွားတဲ့ ဝိေသသဆိုတာမ်ိဳး မရွိေပမယ့္ အသိစိတ္တစ္မ်ိဳးေတာ့ ပိုင္ဆိုင္ထားေၾကာင္း အနည္းငယ္ ေဖာ္ျပတတ္ၾကပါတယ္။ သူတို႔ဟာ ေမွာ္ဝန္ႀကီးဌာနက သူတို႔အတြက္ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ႏွစ္ေပါင္း ရာနဲ႔ခ်ီၿပီး လက္ခံခဲ့ၾကပါတယ္။ သို႔ေသာ္လည္း အေမွာင္သခင္ႀကီး Voldemort အာဏာႀကီးထြားလာခ်ိန္မွာေတာ့ သူတို႔အတြက္ အစာေရစာ ေပါမ်ားလာေတာ့မယ္ဆိုတဲ့ အခ်က္ကို သိေနၾကတဲ့အတြက္ ဘက္ေျပာင္းသြားခဲ့ၾကပါတယ္။

ထူးျခားမႈတစ္ခုကေတာ့ သူတို႔ထဲမွာ ေခါင္းေဆာင္ဆိုတာမ်ိဳး မရွိေပမယ့္ အားလုံးဟာ အစီအစဥ္တက် အတူတူ ပူးေပါင္းၿပီး လုပ္ေဆာင္တတ္ၾကတာပါပဲ။ ဒါ့အျပင္ သူတို႔ရည္မွန္းထားတဲ့ အရာကို အာ႐ုံစူးစိုက္ၿပီး လုပ္ေဆာင္တတ္တာကိုလည္း ေတြ႕ရပါတယ္။

ဆက္သြယ္ေျပာဆိုႏိုင္မႈ
Photo via screenrant

dementor ေတြဟာ သူတို႔အခ်င္းခ်င္းေတာ့ ဆက္သြယ္ေျပာဆိုႏိုင္တာ ေတြ႕ရပါတယ္။ ဒါဟာ သူတို႔ခ်ည္းပဲ သီးသန႔္ နားလည္ႏိုင္တဲ့ ဘာသာစကားလား၊ သူတို႔မွာ ကိုယ္ပိုင္ဘာသာစကား ရွိတာလားဆိုတာေတာ့ မသဲကြဲေပမယ့္ လူသားေတြအေနနဲ႔ေတာ့ လုံးဝနားမလည္ႏိုင္ပါဘူး။

သို႔ေသာ္လည္း သူတို႔ဟာ အခ်ိဳ႕ေသာ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကိုေတာ့ လူနားလည္ေအာင္ ေဖာ္ျပႏိုင္စြမ္းရွိတယ္လို႔ ယူဆႏိုင္ပါတယ္။ ဥပမာ Azkaban က Sirius Black ရဲ႕ အျပဳအမူေတြကို ေမွာ္ဝန္ႀကီးဌာနက တာဝန္ရွိသူေတြဆီ ေဖာ္ျပတာမ်ိဳး ျဖစ္ပါတယ္။

သူတို႔ဟာ ပုပ္သိုးေဆြးျမည့္ေနတဲ့ အေလာင္းေကာင္ေတြ ျဖစ္ပါတယ္။
Photo via screenrant

dementor ေတြကို အေဝးက ၾကည့္မယ္ဆိုရင္ေတာ့ လူသားရဲ႕ ပုံသ႑ာန္နဲ႔ ဆင္တူၿပီး လူသားမ်ိဳးႏြယ္ကတဆင့္ ဆင့္ကဲျဖစ္ေပၚလာတဲ့ သတၱဝါေလမ်ားလားလို႔ ထင္စရာ ရွိပါလိမ့္မယ္။ သို႔ေသာ္လည္း သူတို႔ကို အနီးကပ္ ၾကည့္လိုက္မယ္ဆိုရင္ေတာ့ လူသားမ်ိဳးႏြယ္အေပၚ ေစာ္ကားမိသလိုေတာင္ ျဖစ္သြားႏိုင္ပါတယ္။

သူတို႔ရဲ႕ ခႏၶာဖြဲ႕စည္းပုံဟာ အေျခခံအားျဖင့္ အေလာင္းေကာင္ပုံစံမ်ိဳး ျဖစ္ၿပီး မီးခိုးေရာင္ ညိဳညစ္ညစ္ အသားအေရာင္နဲ႔ စိုထိုင္းေနတတ္ၿပီး ရိ႐ြဲေနတဲ့ အသားစေတြက ေျခေထာက္ကေန ေခါင္းအထိ တြဲလဲခိုေနၾကတာပါ။ ဒါတင္မက သူတို႔ရဲ႕ မ်က္ႏွာကို ၾကည့္လိုက္မယ္ဆိုရင္ေတာ့ ပိုလို႔ေတာင္ ဆိုးဝါးပါေသးတယ္။ မ်က္လုံးေခါင္းေပါက္ႀကီးေတြနဲ႔ နတ္ဆိုးတစ္ေကာင္ရဲ႕ ပါးစပ္ႀကီးေတြလိုပဲ ၾကက္သီးထစရာ ႐ုပ္သြင္ကို ျမင္ေတြ႕ရမယ့္အျပင္ သူတို႔ရဲ႕ လႈပ္ရွားမႈတိုင္းဟာ လုံးဝအသံမထြက္တာေၾကာင့္ ေလေပၚဝဲေနမယ့္ dementor တစ္ေကာင္ကို ပုံေဖာ္ၾကည့္လိုက္႐ုံနဲ႔တင္ ေက်ာခ်မ္းစရာ ျဖစ္ပါတယ္။

dementor ေတြကို တားဆီးႏိုင္မယ့္နည္းလမ္း
Photo via screenrant

dementor ေတြကို တားဆီးႏိုင္မယ့္ နာမည္အႀကီးဆုံး နည္းလမ္းကေတာ့ Patronus မႏၲာန္ပဲ ျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီမႏၲာန္ဟာ အဆင့္ဆင့္နဲ႔ လုပ္ေဆာင္ရ ရႈပ္ေထြးတာေၾကာင့္ အလြယ္တကူနဲ႔ေတာ့ အသုံးမျပဳႏိုင္ၾကပါဘူး။ တျခားေသာ မႏၲာန္ေတြကေတာ့ dementor ေတြအေပၚ သက္ေရာက္မႈ လုံးဝမရွိပါဘူး။ ဒါေၾကာင့္ပဲ သူတို႔ကို တားဆီးဖို႔ဆိုတာ လြယ္ကူ႐ိုးရွင္းတဲ့ ကိစၥတစ္ခုေတာ့ မဟုတ္တာ သိသာေစပါတယ္။

ေနာက္တစ္နည္းကေတာ့ ေခ်ာကလက္ပါပဲ။ ေခ်ာကလက္ကို အသုံးျပဳမယ္ဆိုရင္ေတာ့ dementor ေတြရဲ႕ အမဲျဖတ္ခံရမႈကေန အတိုင္းအတာတစ္ခုအထိ ေလွ်ာ့ခ်၊ ကာကြယ္ေပးႏိုင္ပါတယ္။ သို႔ေသာ္လည္း ဒီျဖစ္စဥ္ရဲ႕ ေနာက္ကြယ္က တကယ့္အေၾကာင္းရင္း အစစ္အမွန္ကိုေတာ့ ေမွာ္ပညာအရေရာ၊ သိပၸံပညာအရေရာ ရွင္းျပႏိုင္ျခင္း မရွိႏိုင္ပါဘူး။

သီအိုရီအရ dementor ေတြရဲ႕ ရန္က ကာကြယ္ႏိုင္မယ့္ နည္းတစ္ခုကေတာ့ ရင္ဆိုင္ရမယ့္လူရဲ႕ စိတ္ကို အေတြး၊ ခံစားမႈ တစုံတရာမွ မရွိေအာင္ Occlumency နည္းနဲ႔ ထိန္းခ်ဳပ္တာပါပဲ။ ဒါဆိုရင္ေတာ့ dementor ေတြ အသုံးခ်ဖို႔ရာ စိတ္ခံစားခ်က္၊ အေတြး တစုံတခုမွ မရွိတာေၾကာင့္ လြတ္ေျမာက္ႏိုင္မယ္လို႔ သီအိုရီအရ ဆိုထားၾကပါတယ္။

သူတို႔ဟာ သက္ရွိေတြလား ?
Photo via screenrant

ဒီအေမွာင္ေလာကသား သတၱဝါေတြဟာ ကမာၻေပၚမွာ တည္ရွိလာခဲ့တာ ႏွစ္ေပါင္း ရာနဲ႔ခ်ီခဲ့ၿပီ ျဖစ္ေပမယ့္ သူတို႔နဲ႔ ပတ္သက္လို႔ လူေတြ သိရွိထားတာ မ်ားမ်ားစားစား မရွိလွပါဘူး။ dementor ေတြဟာ အစာအာဟာရကို အၿမဲတမ္း လိုအပ္ေနသူေတြ ျဖစ္တာေၾကာင့္ သက္ရွိနဲ႔တူတယ္လို႔ ယူဆႏိုင္ေပမယ့္ တကယ္ေတာ့ သူတို႔ဟာ ေသလည္းမေသႏိုင္ပါဘူး။ သူတို႔ရဲ႕ တကယ့္ျဖစ္တည္မႈဟာ amortal လို႔ သတ္မွတ္ခံထားရတာ ျဖစ္ၿပီး သူတို႔ဟာ မူလအစတည္းက အသက္ရွိေနၾကတာ မဟုတ္သလို ေသလည္း မေသသြားႏိုင္သူေတြ ျဖစ္ပါတယ္။

ဒါကေတာ့ Harry Potter ဇာတ္လမ္းထဲက ေၾကာက္စရာ သတၱဝါေတြျဖစ္တဲ့ Dementor ေတြအေၾကာင္း စိတ္ဝင္စားစရာအခ်ိဳ႕ကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ ႏွစ္သက္တယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Glasgow

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular