HomeNewsကြယ္လြန္သြားတဲ့ခင္ပြန္းသည္နဲ႔ ကေလးရယူခဲ့တဲ့ အမ်ိဳးသမီးေလးရဲ႕စိတ္၀င္စားဖြယ္ျဖစ္ရပ္

ကြယ္လြန္သြားတဲ့ခင္ပြန္းသည္နဲ႔ ကေလးရယူခဲ့တဲ့ အမ်ိဳးသမီးေလးရဲ႕စိတ္၀င္စားဖြယ္ျဖစ္ရပ္

အောက်တွင် Unicode ဖြင့်ဖတ်ပါ။

အေမရိကန္ႏိုင္ငံက အသက္(၂၅)ႏွစ္အရြယ္ မာစီဒီးဆိုတဲ့ အမ်ိဳးသမီးေလးဟာ ခင္ပြန္းျဖစ္သူ ေသဆုံးသြားၿပီးမွ postmoterm sperm retrieval လို႔ေခၚတဲ့ သုတ္ပိုးရယူတဲ့နည္းနဲ႔ ကိုယ္၀န္ေဆာင္ၿပီး ကေလးမီးဖြားခဲ့တာ ျဖစ္ပါတယ္။

သူမဟာ အေမရိကန္ႏိုင္ငံက ဒီနည္းလမ္းနဲ႔ ကိုယ္၀န္ေဆာင္ခဲ့တဲ့ (၂၀)ေယာက္ေျမာက္ အမ်ိဳးသမီးလည္း ျဖစ္ပါတယ္။

ျဖစ္စဥ္ကေတာ့ မာစီဒီးနဲ႔သူမရဲ႕ခင္ပြန္းသည္တို႔ဟာ သိပ္ကိုခ်စ္ၾကတဲ့ ဇနီးေမာင္ႏွံစုံတြဲျဖစ္ၿပီး ေပ်ာ္ရႊင္တဲ့ မိသားစုဘ၀ေလး ထူေထာင္ဖို႔ အတူတူဆႏၵျပဳထားၾကသူေတြ ျဖစ္ပါတယ္။ ဒီလိုနဲ႔ စစ္သားတစ္ေယာက္ျဖစ္တဲ့ ခင္ပြန္းသည္ဟာ သူ႔ရဲ႕အလုပ္ေၾကာင့္ အခ်ိန္မေရြး အသက္ဆုံးပါးသြားႏိုင္တာကို ေတြးမိခဲ့ပါတယ္။ ဒါေၾကာင့္လည္း သူ႔ရဲ႕တစ္သွ်ဴးကို အထူးေအးခဲၿပီး သိမ္းဆည္းတဲ့ နည္းလမ္းေတြနဲ႔ ထိန္းသိမ္းထားၿပီး တကယ္လို႔မ်ား သူေသသြားခဲ့ရင္ သူတို႔ရဲ႕ မိသားစုထူေထာင္မယ္ဆိုတဲ့ အိပ္မက္ေလးကို ဇနီးသည္က ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ စိတ္ကူးကို ဇနီးျဖစ္သူကို ေျပာခဲ့ဖူးပါတယ္။

Credit: buzzfeed

 

အဲ့ဒီ့အခ်ိန္ကေတာ့ သူတို႔ႏွစ္ေယာက္စလုံးရဲ႕အသက္ဟာ (၂၃)ႏွစ္ခန္႔ပဲ ရိွေသးတာေၾကာင့္ ေသျခင္းတရားကို ေတြးပူေနဖို႔ မလိုပါဘူးလို႔ ဇနီးျဖစ္သူက ေဖးမခဲ့ေပမယ့္ ခင္ပြန္းျဖစ္သူ စိုးရိမ္ေနတဲ့တစ္ေန႔ကို ေရာက္လာခဲ့ပါေတာ့တယ္။ မာစီဒီးရဲ႕ခင္ပြန္းျဖစ္သူဟာ ကားအက္ဆီးဒင့္နဲ႔ပဲ မၾကာခင္မွာ ဆုံးပါးသြားတဲ့အခါ သူေျပာဖူးသမွ် စိတ္ကူးအိပ္မက္ေတြကို စာရြက္ထဲမွာ ခ်ေရးထားတဲ့ ခင္ပြန္းသည္ရဲ႕စာကို ဇနီးျဖစ္သူက သြားေတြ႕ပါေတာ့တယ္။

ဒါေၾကာင့္ပဲ ေသလြန္သြားၿပီးမွ ေသဆုံးသူရုပ္အေလာင္းဆီက သုတ္ပိုးကိုရယူၿပီး ကိုယ္၀န္ေဆာင္ႏိုင္ဖို႔ကို မာစီဒီးဆိုတဲ့ ေကာင္မေလးက အသည္းအသန္ ႀကိဳးစားပါေတာ့တယ္။ အေမရိကန္ႏိုင္ငံမွာ ဒီနည္းလမ္းဟာ တရား၀င္လုပ္ခြင့္ရိွေပမယ့္ တရားဥပေဒအရ အျခားၿငိစြန္းႏိုင္တဲ့ အေနအထားေတြ ရိွတာေၾကာင့္ လက္ခံလုပ္ေဆာင္ေပးမယ့္ သမားေတာ္ကို ရွာေဖြရ ခက္ခဲပါတယ္။

Credit: buzzfeed

ကံေကာင္းစြာပဲ ေဒါက္တာ ကပ္ပီေရာ႔သ္မန္းဆိုတဲ့ ဆရာ၀န္က ဒီနည္းလမ္းနဲ႔ ကိုယ္၀န္ေဆာင္ႏိုင္ဖို႔ကို ကူညီေပးဖို႔ သေဘာတူညီခဲ့ပါတယ္။ ေဒါက္တာေရာ႔သ္မန္းဟာ ၁၉၇၀ခုႏွစ္၀န္းက်င္တည္းက ဒီ postmoterm sperm retrieval နည္းလမ္းကို စတင္သုံးစြဲခဲ့သူလည္း ျဖစ္ပါတယ္။ ေဒါက္တာေရာ႔သ္မန္းရဲ႕ နည္းလမ္းကေတာ့ သုံးမ်ိဳးရိွပါတယ္။ ေက်ာရိုးမႀကီးထဲကို neostigmine ဆိုတဲ့ထိုးေဆး ထိုးသြင္းၿပီး သုတ္ပိုးလႊတ္ေအာင္လုပ္တဲ့နည္း၊ သုတ္ပိုးရိွတဲ့ေနရာကို ဖယ္ထုတ္ၿပီး ရယူတဲ့နည္းနဲ႔ သဘာ၀နည္းအတိုင္း သုတ္ပိုးထြက္လာေအာင္ လုပ္တဲ့နည္းတို႔ ျဖစ္ပါတယ္။

Credit: buzzfeed

ဒီလိုနဲ႔ မာစီဒီးဟာ သူ႔ခင္ပြန္းေသဆုံးၿပီးေနာက္မွ ကုိယ္၀န္ေဆာင္ႏိုင္ခဲ့ၿပီး ခင္ပြန္းကြယ္လြန္ၿပီး တစ္ႏွစ္အၾကာမွာ ေယာက္်ားေလးတစ္ေယာက္ကို ေအာင္ျမင္စြာ ေမြးဖြားႏိုင္ခဲ့ပါတယ္။ အမူအယာကအစ ခင္ပြန္းသည္နဲ႔ တစ္ထပ္တည္းတူတဲ့ သားေလးကို ၾကည့္ၿပီး ခင္ပြန္းျဖစ္သူကိုလည္း သတိရမိပါတယ္လို႔ ဆိုၿပီး ခ်စ္ရသူရဲ႕ ကိုယ္ပြားေလးကို ပိုင္ဆိုင္ခြင့္ရလို႔ ၀မ္းသာပီတိျဖစ္ေနရွာပါတယ္။

Source: buzzfeed

အမေရိကန်နိုင်ငံက အသက်(၂၅)နှစ်အရွယ် မာစီဒီးဆိုတဲ့ အမျိုးသမီးလေးဟာ ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီးမှ postmoterm sperm retrieval လို့ခေါ်တဲ့ သုတ်ပိုးရယူတဲ့နည်းနဲ့ ကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားခဲ့တာ ဖြစ်ပါတယ်။

သူမဟာ အမေရိကန်နိုင်ငံက ဒီနည်းလမ်းနဲ့ ကိုယ်ဝန်ဆောင်ခဲ့တဲ့ (၂၀)ယောက်မြောက် အမျိုးသမီးလည်း ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ မာစီဒီးနဲ့သူမရဲ့ခင်ပွန်းသည်တို့ဟာ သိပ်ကိုချစ်ကြတဲ့ ဇနီးမောင်နှံစုံတွဲဖြစ်ပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေး ထူထောင်ဖို့ အတူတူဆန္ဒပြုထားကြသူတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ စစ်သားတစ်ယောက်ဖြစ်တဲ့ ခင်ပွန်းသည်ဟာ သူ့ရဲ့အလုပ်ကြောင့် အချိန်မရွေး အသက်ဆုံးပါးသွားနိုင်တာကို တွေးမိခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့တစ်သျှူးကို အထူးအေးခဲပြီး သိမ်းဆည်းတဲ့ နည်းလမ်းတွေနဲ့ ထိန်းသိမ်းထားပြီး တကယ်လို့များ သူသေသွားခဲ့ရင် သူတို့ရဲ့ မိသားစုထူထောင်မယ်ဆိုတဲ့ အိပ်မက်လေးကို ဇနီးသည်က ဆက်လက်လုပ်ဆောင်နိုင်ဖို့ စိတ်ကူးကို ဇနီးဖြစ်သူကို ပြောခဲ့ဖူးပါတယ်။

Credit: buzzfeed

အဲ့ဒီ့အချိန်ကတော့ သူတို့နှစ်ယောက်စလုံးရဲ့အသက်ဟာ (၂၃)နှစ်ခန့်ပဲ ရှိသေးတာကြောင့် သေခြင်းတရားကို တွေးပူနေဖို့ မလိုပါဘူးလို့ ဇနီးဖြစ်သူက ဖေးမခဲ့ပေမယ့် ခင်ပွန်းဖြစ်သူ စိုးရိမ်နေတဲ့တစ်နေ့ကို ရောက်လာခဲ့ပါတော့တယ်။ မာစီဒီးရဲ့ခင်ပွန်းဖြစ်သူဟာ ကားအက်ဆီးဒင့်နဲ့ပဲ မကြာခင်မှာ ဆုံးပါးသွားတဲ့အခါ သူပြောဖူးသမျှ စိတ်ကူးအိပ်မက်တွေကို စာရွက်ထဲမှာ ချရေးထားတဲ့ ခင်ပွန်းသည်ရဲ့စာကို ဇနီးဖြစ်သူက သွားတွေ့ပါတော့တယ်။

ဒါကြောင့်ပဲ သေလွန်သွားပြီးမှ သေဆုံးသူရုပ်အလောင်းဆီက သုတ်ပိုးကိုရယူပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ကို မာစီဒီးဆိုတဲ့ ကောင်မလေးက အသည်းအသန် ကြိုးစားပါတော့တယ်။ အမေရိကန်နိုင်ငံမှာ ဒီနည်းလမ်းဟာ တရားဝင်လုပ်ခွင့်ရှိပေမယ့် တရားဥပဒေအရ အခြားငြိစွန်းနိုင်တဲ့ အနေအထားတွေ ရှိတာကြောင့် လက်ခံလုပ်ဆောင်ပေးမယ့် သမားတော်ကို ရှာဖွေရ ခက်ခဲပါတယ်။

Credit: buzzfeed

ကံကောင်းစွာပဲ ဒေါက်တာ ကပ်ပီရော့သ်မန်းဆိုတဲ့ ဆရာဝန်က ဒီနည်းလမ်းနဲ့ ကိုယ်ဝန်ဆောင်နိုင်ဖို့ကို ကူညီပေးဖို့ သဘောတူညီခဲ့ပါတယ်။ ဒေါက်တာရော့သ်မန်းဟာ ၁၉၇၀ခုနှစ်ဝန်းကျင်တည်းက ဒီ postmoterm sperm retrieval နည်းလမ်းကို စတင်သုံးစွဲခဲ့သူလည်း ဖြစ်ပါတယ်။ ဒေါက်တာရော့သ်မန်းရဲ့ နည်းလမ်းကတော့ သုံးမျိုးရှိပါတယ်။ ကျောရိုးမကြီးထဲကို neostigmine ဆိုတဲ့ထိုးဆေး ထိုးသွင်းပြီး သုတ်ပိုးလွှတ်အောင်လုပ်တဲ့နည်း၊ သုတ်ပိုးရှိတဲ့နေရာကို ဖယ်ထုတ်ပြီး ရယူတဲ့နည်းနဲ့ သဘာဝနည်းအတိုင်း သုတ်ပိုးထွက်လာအောင် လုပ်တဲ့နည်းတို့ ဖြစ်ပါတယ်။

Credit: buzzfeed

ဒီလိုနဲ့ မာစီဒီးဟာ သူ့ခင်ပွန်းသေဆုံးပြီးနောက်မှ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး ခင်ပွန်းကွယ်လွန်ပြီး တစ်နှစ်အကြာမှာ ယောက်ျားလေးတစ်ယောက်ကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ အမူအယာကအစ ခင်ပွန်းသည်နဲ့ တစ်ထပ်တည်းတူတဲ့ သားလေးကို ကြည့်ပြီး ခင်ပွန်းဖြစ်သူကိုလည်း သတိရမိပါတယ်လို့ ဆိုပြီး ချစ်ရသူရဲ့ ကိုယ်ပွားလေးကို ပိုင်ဆိုင်ခွင့်ရလို့ ဝမ်းသာပီတိဖြစ်နေရှာပါတယ်။

Source: buzzfeed

RELATED ARTICLES

Most Popular