HomeEntertainmentFilmIron Man ရုပ်ရှင်ထဲက လူအများစု သတိမထားမိလိုက်တဲ့ အသေးစိတ်အချက်များ

Iron Man ရုပ်ရှင်ထဲက လူအများစု သတိမထားမိလိုက်တဲ့ အသေးစိတ်အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU ဟာ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ စူပါဟီးရိုးရုပ်ရှင်တွေဟာ အခုလောက်ထိ မအောင်မြင်သေးပါဘူး။ နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် ကြာမြင့်လာတဲ့အချိန်မှသာ စူပါဟီးရိုးရုပ်ရှင်တွေဟာ အလွန်အောင်မြင်လာတာ ဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ ဒီရုပ်ရှင်ကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ Iron Man ရုပ်ရှင်ထဲမှာလည်း easter egg တွေနဲ့ လူအများစု သတိမထားမိလိုက်တဲ့ အသေးစိတ် အချက်လေးတွေ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Iron Man ရုပ်ရှင်ထဲမှာ လူအများစု သတိမထားမိလိုက်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Captain America ဒိုင်းရဲ့ ရှေ့ပြေးပုံစံ
photo via cbr

Tony Stark က သူ့ရဲ့ထိခိုက်ထားတဲ့ ဝတ်စုံကို ချွတ်နေတဲ့ ဇာတ်ဝင်ခန်းမှာတော့ Pepper Potts ဟာ အခန်းထဲကို ဝင်လာတာ တွေ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ကင်မရာ angle ပြောင်းသွားပြီး သေချာဂရုစိုက်ကြည့်လိုက်ရင် Tony ရဲ့ အနောက်မှာရှိနေတဲ့ Captain America ဒိုင်းရဲ့ ရှေ့ပြေးပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိလာမယ့် Captain America: The First Avenger ကို အရိပ်အယောင် ပြထားတာ ဖြစ်ပါတယ်။

(2) MIT လက်စွပ်
photo via cbr

Tony Stark နဲ့ James Rhodes တို့ဟာ Massachusetts Institute of Technology ကနေ ကျောင်းပြီးခဲ့တာ ဖြစ်ပါတယ်။ ဒါကို သိသာစေမယ့် အချက်တစ်ခုလည်း ဒီရုပ်ရှင်ထဲမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကတော့ ဇာတ်ဝင်ခန်းတစ်ခုမှာ James Rhodes ဖုန်းပြောနေတဲ့အခန်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းထဲမှာ ဖုန်းကိုကိုင်ထားတဲ့ James ရဲ့လက်မှာ MIT လက်စွပ်ကို ဝတ်ထားတာ မြင်တွေ့ခဲ့ရပါတယ်။ ဒါကလည်း Iron Man ထဲမှာ ပါဝင်ခဲ့တဲ့ အသေးစိတ်အချက်လေး တစ်ခု ဖြစ်ပါတယ်။

(3) ရိုက်ကွင်းပေါ်က ဓာတ်ပုံ
photo via cbr

ဒီရုပ်ရှင်ရဲ့ အဆုံးနားလေးမှာတော့ Tony ဟာ သတင်းစာ ဖတ်နေရင်းနဲ့ Pepper ကို စကားပြောနေတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပါတယ်။ သတင်းစာရဲ့ ရှေ့ဆုံးစာမျက်နှာမှာတော့ Iron Man က ဘယ်သူလည်းဆိုတဲ့ ခေါင်းစဉ်နဲ့ Iron Man ပုံကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်တော့ ဒီဓာတ်ပုံကို ရုပ်ရှင်အဖွဲ့သားထဲက တစ်ယောက်ဟာ ရိုက်ကွင်းပေါ်မှာ အပျော်တမ်းအနေနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ သတင်းဓာတ်ပုံအနေနဲ့ ထည့်သွင်းဖို့ အဆင်ပြေလို့ ယူသုံးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် ရုပ်ရှင် ထွက်မလာခင်မှာပဲ ဒီဓာတ်ပုံကို အွန်လိုင်းပေါ်မှာ တင်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

(4) S.H.I.E.L.D.
photo via cbr

ဒီရုပ်ရှင်ထဲမှာတော့ Phil Coulson ဟာ S.H.I.E.L.D. ရဲ့ အရှည်ကောက်ကို ” Strategic Homeland Intervention, Enforcement and Logistics Division” လို့ ပြောသွားခဲ့ပါတယ်။ တကယ်တော့ S.H.I.E.L.D. ရဲ့ အရှည်ကောက်ဟာ MCU ထဲမှာ ပြောင်းလဲသွားခဲ့တာဖြစ်ပြီး ကောမစ်ထဲက အရှည်ကောက်နဲ့ မတူညီပါဘူး။ ဒါ့အပြင် S.H.I.E.L.D. ရဲ့ အရှည်ကောက်ဟာလည်း အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ပြောင်းလဲနေခဲ့ပါတယ်။

(5) Spoiler
photo via cbr

ဒီရုပ်ရှင်ရဲ့ အစမှာတော့ Tony ဟာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲမှုကို ခံလိုက်ရပါတယ်။ Tony ကို ဖမ်းထားတဲ့ အချိန်မှာတော့ ဒီအကြမ်းသမားတွေဟာ သူတို့ရဲ့ အစီအစဉ်တွေကို ဆွေးနွေးနေကြပါတယ်။ ဒီအချက်ကတော့ ဒီရုပ်ရှင်အတွက် Spoiler အကြီးကြီးလို့တောင် သတ်မှတ်လို့ ရပါတယ်။ သူတို့တွေဟာ Urdu ဘာသာစကားကို သုံးပြီး ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ ဒီဘာသာစကားကို နားမလည်တဲ့သူတွေ အတွက်ကတော့ ဘာမှမဖြစ်ပေမယ့်လည်း ဒီဘာသာစကားတွေကို နားလည်သူတွေကတော့ ဇာတ်လမ်းမှာ ရှေ့ဆက်ဖြစ်လာမယ့် Spoiler အကြီးကြီး မိသွားမှာ ဖြစ်ပါတယ်။

(6) Ringtone
photo via cbr

အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ဒီရုပ်ရှင်ထဲမှာတော့ James Rhodes ဟာ ဖုန်းပြောနေတဲ့ ဇာတ်ဝင်ခန်း ပါဝင်ခဲ့ပါတယ်။ James ကို ဖုန်းခေါ်တာကတော့ Tony ဖြစ်ပြီး James ရဲ့ ဖုန်း ringtone ကတော့ အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အကြောင်းကတော့ အဲ့ဒီ ringtone ဟာ ၁၉၆၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Invincible Iron Man ဆိုတဲ့ animation ဇာတ်လမ်းတွဲရဲ့ theme song ဖြစ်နေလို့ပါပဲ။ Marvel ဟာ ဒီလိုမျိူး အသေးစိတ် အချက်လေးတွေကြောင့် နာမည်ကြီးနေတာလို့တောင် ဆိုနိုင်ပါတယ်။

(7) Roxxon Corporation
photo via cbr

ကောမစ်ထဲမှာတော့ Roxxon ဟာ တရားမဝင်တဲ့ အရာတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Roxxon ကတော့ အပြင်မှာ တကယ်ရှိတဲ့ Exxon ကုမ္ပဏီကို အခြေခံပြီး ပြန််လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ Roxxon အမှတ်တံဆိပ်ကိုတော့ Iron Man နဲ့ Stane တို့ တိုက်ခိုက်နေတဲ့အချိန်မှာ အနောက်က အဆောက်အဦးတစ်ခုမှာ မြင်ခဲ့ရတာ ဖြစ်ပါတယ်။ မြင်ခဲ့ရတဲ့အချိန်ကလည်း ခဏလေးပဲ ဖြစ်တာကြောင့် လူအများစုကတော့ သတိမထားမိခဲ့ကြပါဘူး။

(8) Cheeseburger
photo via cbr

ရုပ်ရှင်အများစုမှာတော့ တချို့အဖြစ်အပျက်တွေကို တကယ့်အပြင်ဘဝက ဖြစ်ရပ်တွေအတိုင်း ဖန်တီးခဲ့တာမျိူးတွေ ရှိကြပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Tony ဟာ အဖမ်းခံနေရာကနေ လွတ်လာတဲ့အချိန်မှာ ပထမဆုံး တောင်းဆိုခဲ့တဲ့ အရာကတော့ cheeseburger ပဲ ဖြစ်ပါတယ်။ Iron Man သရုပ်ဆောင် Robert Downey Jr. ကလည်း တကယ့်အပြင်ဘဝမှာ မူးယစ်ဆေးတွေနဲ့ ဝေးဝေးနေနိုင်ဖို့အတွက် Burger King ကို အားကိုးခဲ့ရပါတယ်။ ဒီအချက်ကတော့ လူအများစု မသိကြသေးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။

ဒါကတော့ Iron Man ဇာတ်ကားထဲက လူတွေသတိမထားမိလောက်မယ့် အသေးစိတ် အချက်လေးတွေ ဖြစ်ပါတယ်။ ဒီလိုဆောင်းပါးတွေ ဖတ်ရတာ စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ထားပေးပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

MCU ဟာ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Iron Man ႐ုပ္ရွင္နဲ႔ စတင္ခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ အခုေလာက္ထိ မေအာင္ျမင္ေသးပါဘူး။ ေနာက္ထပ္ ဆယ္စုႏွစ္တစ္ခုေလာက္ ၾကာျမင့္လာတဲ့အခ်ိန္မွသာ စူပါဟီး႐ိုး႐ုပ္ရွင္ေတြဟာ အလြန္ေအာင္ျမင္လာတာ ျဖစ္ပါတယ္။ ဒါေတြအားလုံးဟာ ဒီ႐ုပ္ရွင္ကေန အစျပဳခဲ့တာ ျဖစ္ပါတယ္။ Iron Man ႐ုပ္ရွင္ထဲမွာလည္း easter egg ေတြနဲ႔ လူအမ်ားစု သတိမထားမိလိုက္တဲ့ အေသးစိတ္ အခ်က္ေလးေတြ ပါဝင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Iron Man ႐ုပ္ရွင္ထဲမွာ လူအမ်ားစု သတိမထားမိလိုက္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Captain America ဒိုင္းရဲ႕ ေရွ႕ေျပးပုံစံ
photo via cbr

Tony Stark က သူ႔ရဲ႕ထိခိုက္ထားတဲ့ ဝတ္စုံကို ခြၽတ္ေနတဲ့ ဇာတ္ဝင္ခန္းမွာေတာ့ Pepper Potts ဟာ အခန္းထဲကို ဝင္လာတာ ေတြ႕ရပါတယ္။ အဲ့ဒီအခ်ိန္မွာပဲ ကင္မရာ angle ေျပာင္းသြားၿပီး ေသခ်ာဂ႐ုစိုက္ၾကည့္လိုက္ရင္ Tony ရဲ႕ အေနာက္မွာရွိေနတဲ့ Captain America ဒိုင္းရဲ႕ ေရွ႕ေျပးပုံစံကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိလာမယ့္ Captain America: The First Avenger ကို အရိပ္အေယာင္ ျပထားတာ ျဖစ္ပါတယ္။

(2) MIT လက္စြပ္
photo via cbr

Tony Stark နဲ႔ James Rhodes တို႔ဟာ Massachusetts Institute of Technology ကေန ေက်ာင္းၿပီးခဲ့တာ ျဖစ္ပါတယ္။ ဒါကို သိသာေစမယ့္ အခ်က္တစ္ခုလည္း ဒီ႐ုပ္ရွင္ထဲမွာ ပါဝင္ခဲ့ပါတယ္။ အဲ့ဒါကေတာ့ ဇာတ္ဝင္ခန္းတစ္ခုမွာ James Rhodes ဖုန္းေျပာေနတဲ့အခန္း ပါဝင္ခဲ့ပါတယ္။ အဲ့ဒီဇာတ္ဝင္ခန္းထဲမွာ ဖုန္းကိုကိုင္ထားတဲ့ James ရဲ႕လက္မွာ MIT လက္စြပ္ကို ဝတ္ထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါကလည္း Iron Man ထဲမွာ ပါဝင္ခဲ့တဲ့ အေသးစိတ္အခ်က္ေလး တစ္ခု ျဖစ္ပါတယ္။

(3) ႐ိုက္ကြင္းေပၚက ဓာတ္ပုံ
photo via cbr

ဒီ႐ုပ္ရွင္ရဲ႕ အဆုံးနားေလးမွာေတာ့ Tony ဟာ သတင္းစာ ဖတ္ေနရင္းနဲ႔ Pepper ကို စကားေျပာေနတဲ့ ဇာတ္ဝင္ခန္း ပါဝင္ခဲ့ပါတယ္။ သတင္းစာရဲ႕ ေရွ႕ဆုံးစာမ်က္ႏွာမွာေတာ့ Iron Man က ဘယ္သူလည္းဆိုတဲ့ ေခါင္းစဥ္နဲ႔ Iron Man ပုံကို ျမင္ေတြ႕ခဲ့ရပါတယ္။ တကယ္ေတာ့ ဒီဓာတ္ပုံကို ႐ုပ္ရွင္အဖြဲ႕သားထဲက တစ္ေယာက္ဟာ ႐ိုက္ကြင္းေပၚမွာ အေပ်ာ္တမ္းအေနနဲ႔ ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ႐ုပ္ရွင္ထဲမွာ သတင္းဓာတ္ပုံအေနနဲ႔ ထည့္သြင္းဖို႔ အဆင္ေျပလို႔ ယူသုံးခဲ့တာလို႔ သိရပါတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ ထြက္မလာခင္မွာပဲ ဒီဓာတ္ပုံကို အြန္လိုင္းေပၚမွာ တင္ခဲ့ေသးတယ္လို႔လည္း သိရပါတယ္။

(4) S.H.I.E.L.D.
photo via cbr

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Phil Coulson ဟာ S.H.I.E.L.D. ရဲ႕ အရွည္ေကာက္ကို ” Strategic Homeland Intervention, Enforcement and Logistics Division” လို႔ ေျပာသြားခဲ့ပါတယ္။ တကယ္ေတာ့ S.H.I.E.L.D. ရဲ႕ အရွည္ေကာက္ဟာ MCU ထဲမွာ ေျပာင္းလဲသြားခဲ့တာျဖစ္ၿပီး ေကာမစ္ထဲက အရွည္ေကာက္နဲ႔ မတူညီပါဘူး။ ဒါ့အျပင္ S.H.I.E.L.D. ရဲ႕ အရွည္ေကာက္ဟာလည္း အခ်ိန္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် ေျပာင္းလဲေနခဲ့ပါတယ္။

(5) Spoiler
photo via cbr

ဒီ႐ုပ္ရွင္ရဲ႕ အစမွာေတာ့ Tony ဟာ အၾကမ္းဖက္သမားေတြရဲ႕ ျပန္ေပးဆြဲမႈကို ခံလိုက္ရပါတယ္။ Tony ကို ဖမ္းထားတဲ့ အခ်ိန္မွာေတာ့ ဒီအၾကမ္းသမားေတြဟာ သူတို႔ရဲ႕ အစီအစဥ္ေတြကို ေဆြးေႏြးေနၾကပါတယ္။ ဒီအခ်က္ကေတာ့ ဒီ႐ုပ္ရွင္အတြက္ Spoiler အႀကီးႀကီးလို႔ေတာင္ သတ္မွတ္လို႔ ရပါတယ္။ သူတို႔ေတြဟာ Urdu ဘာသာစကားကို သုံးၿပီး ေဆြးေႏြးေနၾကတာ ျဖစ္ပါတယ္။ ဒီဘာသာစကားကို နားမလည္တဲ့သူေတြ အတြက္ကေတာ့ ဘာမွမျဖစ္ေပမယ့္လည္း ဒီဘာသာစကားေတြကို နားလည္သူေတြကေတာ့ ဇာတ္လမ္းမွာ ေရွ႕ဆက္ျဖစ္လာမယ့္ Spoiler အႀကီးႀကီး မိသြားမွာ ျဖစ္ပါတယ္။

(6) Ringtone
photo via cbr

အေပၚမွာ ေဖာ္ျပခဲ့သလိုပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ James Rhodes ဟာ ဖုန္းေျပာေနတဲ့ ဇာတ္ဝင္ခန္း ပါဝင္ခဲ့ပါတယ္။ James ကို ဖုန္းေခၚတာကေတာ့ Tony ျဖစ္ၿပီး James ရဲ႕ ဖုန္း ringtone ကေတာ့ အေတာ္ေလးကို စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ အေၾကာင္းကေတာ့ အဲ့ဒီ ringtone ဟာ ၁၉၆၆ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Invincible Iron Man ဆိုတဲ့ animation ဇာတ္လမ္းတြဲရဲ႕ theme song ျဖစ္ေနလို႔ပါပဲ။ Marvel ဟာ ဒီလိုမ်ိဴး အေသးစိတ္ အခ်က္ေလးေတြေၾကာင့္ နာမည္ႀကီးေနတာလို႔ေတာင္ ဆိုႏိုင္ပါတယ္။

(7) Roxxon Corporation
photo via cbr

ေကာမစ္ထဲမွာေတာ့ Roxxon ဟာ တရားမဝင္တဲ့ အရာေတြကို လုပ္ကိုင္ေနတဲ့ ကုမၸဏီတစ္ခု ျဖစ္ပါတယ္။ Roxxon ကေတာ့ အျပင္မွာ တကယ္ရွိတဲ့ Exxon ကုမၸဏီကို အေျခခံၿပီး ျပန္္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ Roxxon အမွတ္တံဆိပ္ကိုေတာ့ Iron Man နဲ႔ Stane တို႔ တိုက္ခိုက္ေနတဲ့အခ်ိန္မွာ အေနာက္က အေဆာက္အဦးတစ္ခုမွာ ျမင္ခဲ့ရတာ ျဖစ္ပါတယ္။ ျမင္ခဲ့ရတဲ့အခ်ိန္ကလည္း ခဏေလးပဲ ျဖစ္တာေၾကာင့္ လူအမ်ားစုကေတာ့ သတိမထားမိခဲ့ၾကပါဘူး။

(8) Cheeseburger
photo via cbr

႐ုပ္ရွင္အမ်ားစုမွာေတာ့ တခ်ိဳ႕အျဖစ္အပ်က္ေတြကို တကယ့္အျပင္ဘဝက ျဖစ္ရပ္ေတြအတိုင္း ဖန္တီးခဲ့တာမ်ိဴးေတြ ရွိၾကပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Tony ဟာ အဖမ္းခံေနရာကေန လြတ္လာတဲ့အခ်ိန္မွာ ပထမဆုံး ေတာင္းဆိုခဲ့တဲ့ အရာကေတာ့ cheeseburger ပဲ ျဖစ္ပါတယ္။ Iron Man သ႐ုပ္ေဆာင္ Robert Downey Jr. ကလည္း တကယ့္အျပင္ဘဝမွာ မူးယစ္ေဆးေတြနဲ႔ ေဝးေဝးေနႏိုင္ဖို႔အတြက္ Burger King ကို အားကိုးခဲ့ရပါတယ္။ ဒီအခ်က္ကေတာ့ လူအမ်ားစု မသိၾကေသးတဲ့ အခ်က္တစ္ခု ျဖစ္ပါတယ္။

ဒါကေတာ့ Iron Man ဇာတ္ကားထဲက လူေတြသတိမထားမိေလာက္မယ့္ အေသးစိတ္ အခ်က္ေလးေတြ ျဖစ္ပါတယ္။ ဒီလိုေဆာင္းပါးေတြ ဖတ္ရတာ စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ထားေပးပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular