HomeKnowledgeသင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ ေလ့လာလို႔အေကာင္းဆုံး နာမည္ႀကီးအဂၤလိပ္စာသင္တန္းမ်ား

သင့္တင့္တဲ့ေစ်းႏႈန္းနဲ႔ ေလ့လာလို႔အေကာင္းဆုံး နာမည္ႀကီးအဂၤလိပ္စာသင္တန္းမ်ား

အောက်တွင် Unicode ဖြင့်ဖတ်ပါ။

မၾကာေသးခင္ကမွ တကၠသိုလ္၀င္တန္းစာေမးပြဲကို ပူပူေႏြးေႏြး ေျဖထားၿပီးတဲ့ ေက်ာင္းသူ၊ေက်ာင္းသားမ်ား အပါအ၀င္ အဂၤလိပ္စာကို အေျခခံကစလို႔ စနစ္တက် ေလ့လာလိုသူအားလုံးအတြက္ ရန္ကုန္ၿမိဳ႕တြင္းက ေစ်းႏႈန္းသင့္တင့္ၿပီး သင္ၾကားေရးစနစ္ ေကာင္းမြန္တဲ့ အဂၤလိပ္စာသင္တန္းေကာင္းမ်ားကို ေဖာ္ျပေပးခ်င္ပါတယ္။ ဒီသင္တန္းမ်ားဟာ သင္ၾကားေရးဘက္မွာ နာမည္ႀကီးတဲ့ ဆရာေတြ ဦးစီးဖြင့္လွစ္ထားတာျဖစ္လို႔ အဂၤလိပ္စာတစ္ခုတည္းတင္မဟုတ္ဘဲ လူငယ္ေတြရဲ႕ စိတ္ဓာတ္၊ ခံယူခ်က္ေတြကိုပါ ေကာင္းမြန္လာေအာင္ သင္ၾကားလမ္းျပေပးႏိုင္တဲ့ သင္တန္းမ်ားပဲ ျဖစ္ပါတယ္။

ဆရာေဒြး Grammar သင္တန္းေက်ာင္း

ဆရာေဒြးအဂၤလိပ္စာသင္တန္းေက်ာင္းဟာ ရန္ကုန္ၿမိဳ႕ထဲမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ေနခဲ့တာ ႏွစ္ေပါင္းဆယ္ခ်ီေနပါၿပီ။ ဒီသင္တန္းက ဘာေတြကို အဓိကသင္ၾကားေပးလည္းဆိုရင္ လူအမ်ားစု ေၾကာက္ၾကတဲ့ အဂၤလိပ္စာ အေရးအသားပိုင္းကို ပိုၿပီးပိုင္ႏိုင္လာေအာင္၊ စိတ္ထဲက ေတြးတဲ့အတိုင္း ထိထိမိမိ ေရးသားတတ္လာေအာင္ စနစ္တက် သင္ၾကားေပးတဲ့ေနရာတစ္ခုပါ။ ၈တန္းအရြယ္ကစလို႔ အရြယ္သုံးပါးမေရြး၊ လူမ်ိဳးဘာသာမေရြး လာေရာက္ ပညာရည္ႏို႔ေသာက္စို႔ႏိုင္တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။ အေျခခံကစၿပီး စနစ္တက် ေရးတတ္၊ေတြးတတ္ေအာင္ သင္ၾကားေပးတာျဖစ္လို႔ လိုက္မမီမွာကိုလည္း ပူစရာမလိုပါဘူး။ ဆရာ႔သင္တန္းမွာ ေသေသခ်ာခ်ာ ေက်ေက်ညက္ညက္ တတ္ၿပီးတဲ့အခါ စာေမးပြဲမွာေျဖရမယ့္ အက္ေဆးေလာက္ကို လက္တန္းခ်ေရးလာႏိုင္ပါတယ္။ အသက္ပိုႀကီးလာလို႔ လုပ္ငန္းခြင္၀င္တဲ့အခါ သူမ်ားထက္ပိုေကာင္းတဲ့ presentation နဲ႔ အေရးအသားေတြကို ပိုင္ႏိုင္လာပါတယ္။ ဒါ့အျပင္ ဘာသာျပန္အလုပ္လုပ္ခ်င္သူေတြအတြက္လည္း အေထာက္အပ့ံႀကီးတစ္ခုလို႔ ေျပာလို႔ရပါတယ္။ (စာေရးသူကိုယ္တိုင္လည္း ဆရာ႔ဆီက ပညာအေမြနဲ႔ အမ်ားႀကီး ပညာရဲရင့္ပြဲလယ္တင့္ခဲ့ရပါတယ္။ ဤကား စကားခ်ပ္။)

သင္တန္းေၾကး – ၆ေသာင္း၊ ၇ေသာင္း၀န္းက်င္မွာ ရိွပါတယ္။

သင္တန္းေနရာ – အမွတ္ (၂၂၄)၊ ပထမထပ္၊ ပန္းဆုိးတန္းလမ္း(အထက္) ေက်ာက္တံတားျမိဳ႔နယ္ (ဂုန္းတံတားအဆင္း မီးပြိဳင္႔အနီး)။
ဆက္သြယ္ရန္ဖုန္း – 01-375970 ၊  09-5172096 ၊ 09-5196014။

ဆရာ Richard ရဲ႕ RELT အဂၤလိပ္စာသင္တန္းေက်ာင္း

ဆရာ Richard ရဲ႕ အဂၤလိပ္စာသင္တန္းေက်ာင္းကေတာ့ 4 skills ကို သင္ၾကားတာ ျဖစ္ၿပီး အဂၤလိပ္စာကို အေမရိကန္ essence နဲ႔ ရႊတ္ရွတ္ဒြတ္ဒတ္ ေျပာတတ္ခ်င္တဲ့သူမ်ား တက္ကိုတက္သင့္တဲ့ သင္တန္းျဖစ္ပါတယ္။ မူႀကိဳအရြယ္မွစၿပီး ဆယ္တန္းေျဖၿပီးတဲ့ ေက်ာင္းသားမ်ားအပါအ၀င္ လုပ္ငန္းခြင္၀င္ၿပီးသား လူေတြအားလုံးအတြက္ စနစ္တက် သင္ၾကားနည္းစနစ္မ်ားနဲ႔ သင္ၾကားေပးေနတဲ့ ေနရာတစ္ခုပါ။ ဒီသင္တန္းကေတာ့ အဂၤလိပ္စာကို သာမန္ကာလွ်ံကာ တတ္ရုံေလာက္တင္မဟုတ္ဘဲ IELTS လို စာေမးပြဲေတြ ၀င္ေျဖႏိုင္ၿပီး ႏိုင္ငံတကာအဆင့္ရိွတဲ့ အဂၤလိပ္စာကၽြမ္းက်င္မႈမ်ိဳးထိ လိုခ်င္သူမ်ားအတြက္ ကြက္တိပါပဲ။ ဆရာ႔ေက်ာင္းကေန IELTS အမွတ္ေကာင္းေကာင္းနဲ႔ ေအာင္သြားသူေတြလည္း အမ်ားႀကီးပါ။ အင္းစိန္နဲ႔ တာေမြဆိုၿပီး သင္တန္းေနရာႏွစ္ခု ရိွပါတယ္။

သင္တန္းေၾကး – Beginner level ကေန Pre-Intermediate ေလာက္ထိကို ၄ေသာင္းနဲ႔ ၅ေသာင္းၾကား၀န္းက်င္မွာ ရိွပါတယ္။

တာေမြသင္တန္းလိပ္စာ – အမွတ္(၁၈)၊ ေရႊျပည္စိုးကြန္ဒို ေျမညီထပ္၊ ဓမၼဒါနလမ္း၊ ေက်ာက္ေျမာင္း။ ဖုန္း – 09253228218

အင္းစိန္သင္တန္းလိပ္စာ – အမွတ္ (၇) ၊ ၃လႊာ၊ လမ္းသစ္လမ္းႏွင့္ သာယာကုန္းလမ္းေထာင့္။ အင္းစိန္။ ဖုန္း – 09400866275

ဆရာဦးျမႀကိဳင္ အဂၤလိပ္စာသင္တန္းေက်ာင္း

ဆရာႀကီးရဲ႕သင္တန္းေက်ာင္းကေတာ့ ဘ၀တက္လမ္းကို သမၼာအာဇီ၀နဲ႔ ရိုးသားႀကိဳးစားလိုၾကတဲ့ လူငယ္တိုင္းအတြက္ တက္ကိုတက္သင့္တဲ့ သင္တန္းပါ။ ဆရာႀကီးက အဂၤလိပ္စာတစ္ခုတည္းကို သင္တာမဟုတ္ဘဲ ေတြးေခၚႏိုင္စြမ္း၊ စာရိတၱ၊ စိတ္ဓာတ္၊ ခံယူခ်က္ေတြကိုပါ သင္ၾကားေပးေနတဲ့ ဆရာႀကီးတစ္ဦးပါ။ အျခားသင္တန္းေတြထက္ ပိုထူးျခားတဲ့အခ်က္တစ္ခုကေတာ့ 4 skills ကို အတန္းေတြခဲြၿပီး သင္ေပးတာပါ။ ၿပီးေတာ့ Reading အခ်ိန္ဆိုရင္ ေတာ္ရုံလူဖတ္ျဖစ္မွာမဟုတ္တဲ့ ကမာၻေက်ာ္စာေရးဆရာႀကီး လီယိုေတာ္စတိြဳင္းတို႔လို နာမည္ႀကီးေတြရဲ႕ တန္ဖိုးရိွတဲ့စာအုပ္ေတြနဲ႔ သင္ၾကားေပးတာမ်ိဳး ျဖစ္ပါတယ္။ ဆရာႀကီးရဲ႕သင္တန္းမွာ ပညာရည္ႏို႔ေသာက္စို႔ၿပီး ေနရာဌာနအသီးသီးမွာ ေအာင္ျမင္ေနသူေတြ အေျမာက္အမ်ား ရိွပါတယ္။ သင္တန္းေၾကးမွာလည္း လူတိုင္းတတ္ႏိုင္တဲ့ေစ်းျဖစ္လို႔ အနည္းငယ္ လူမ်ားၿပီး တိုးတိုးေ၀ွ႕ေ၀ွ႕ သင္ရတာမ်ိဳးေတာ့ ရိွတတ္ပါတယ္။ ဒါေပမယ့္ ဒီသင္တန္းတက္ၿပီး ရလာမယ့္ အက်ိဳးေက်းဇူးေတြနဲ႔ ယွဥ္ရင္ေတာ့ မေျပာပေလာက္ဘူးလို႔ ဆိုရမွာပါ။ သင္တန္းေၾကးနည္းနည္းေလးနဲ႔ ကိုယ္တတ္ႏိုင္ရင္ တတ္ႏိုင္သေလာက္ အခ်ိန္ေတြကို အကန္႔အသတ္မရိွ တတ္လို႔ရတာကလည္း ေတာ္ေတာ္ေလး ေကာင္းတဲ့အခ်က္တစ္ခုပါ။

သင္တန္းေၾကး – တစ္လခ်င္းေပးရပါတယ္။ ေထာင္ဂဏန္းပဲ ရိွပါတယ္။

သင္တန္းေနရာမ်ား

ပင္မေက်ာင္း – ၿခံအမွတ္ 4/A1, ျမကန္သာလမ္း၊ (၂) ရပ္ကြက္၊ ကမာရြတ္ၿမိဳ႕နယ္၊ ဦးတက္ယဥ္ စတိုးဆိုင္ေဘးခ်င္းကပ္လမ္း၊ အ.ထ.က (၄) ကမာရြတ္ေက်ာင္းႏွင့္ ေဘးျခံခ်င္းကပ္ရပ္။ (အင္းစိန္လမ္းမေပၚရိွ ဆင္ေရတြင္းကားမွတ္တိုင္အနီးမွာ တည္ရိွပါတယ္။)  ဖုန္း – ၀၉ ၇၆၁၃၆၁၇၁၇

တာေမြေက်ာင္းခြဲ – (၁၅၃)လမ္းထိပ္၊ ပထမထပ္၊ က်ိဳကၠဆံလမ္းမႀကီးေပၚမွာတည္ရိွပါတယ္။ ဖုန္း – 09898722892 ၊ 09898722895

သင္တန္းေနရာေတြဟာ မၾကာခဏ အေျပာင္းအလဲရိွတတ္တာေၾကာင့္ သင္တန္းေက်ာင္းရဲ႕ Facebook Page ကို https://www.facebook.com/umyakyaingenglish/ Like လုပ္ထားသင့္ပါတယ္။

ဆရာအာသာရဲ႕ Success Language Academy

ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာတဲ့ အဂၤလိပ္စာသင္တန္းေက်ာင္းတစ္ခု ျဖစ္ပါတယ္။ အေျခခံကစလို႔ အေရး၊အေျပာ၊အဖတ္စတာေတြကို တစ္တန္းခ်င္းခြဲၿပီး အထူးျပဳေလ့လာလို႔ရပါတယ္။ စာသင္ခန္းတြင္း Activity ေလးေတြနဲ႔ စနစ္တက် သင္ၾကားေပးတာေၾကာင့္ လူငယ္ေတြ ေရြးခ်ယ္သင့္တဲ့ သင္တန္းတစ္ခုပါပဲ။ သင္တန္းမတက္ခင္ အရည္အခ်င္းစစ္ စာေမးပြဲေျဖၿပီး ကိုယ္နဲ႔ကိုက္ညီတဲ့ သင္တန္းကို တက္ေရာက္ႏိုင္ပါတယ္။ Basic level ကစလို႔ IELTS အထိ တက္ေရာက္ႏိုင္ပါတယ္။ ကေလးငယ္ေတြအတြက္ သင္တန္းေတြလည္း သီးသန္႔ရိွပါတယ္။ အဂၤလိပ္စာကုိ အဆက္ျပတ္ၿပီး ေမ့သြားတာမ်ိဳးေတြ မျဖစ္ေစဖို႔ လစဥ္ေၾကး ေထာင္ဂဏန္းေလာက္နဲ႔ တက္ေရာက္လို႔ရတဲ့ Conversation Class ေတြလည္း ရိွပါတယ္။

သင္တန္းေၾကး – Basic ကေန Intermediate ေလာက္အထိကို ေလးေသာင္းေက်ာ္ ငါးေသာင္း၀န္းက်င္မွာရိွၿပီး IELTS ကိုေတာ့ တစ္သိန္း၀န္းက်င္ေလာက္ က်သင့္ပါလိမ့္မယ္။

သင္တန္းေနရာမ်ား

ဘိုကေလးေစ်းသင္တန္း(ပင္မ) – အမွတ္(၁၁၉)၊ Y.W.C.A အေဆာက္အအုံ၊ ပထမထပ္၊ ဘိုကေလးေစ်းလမ္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္။ ဖုန္း – 01392048 ၊ 01202046 ၊ 01256954

လွည္းတန္းေက်ာင္းခြဲ – နံပါတ္(၅)၊ B3 ၊ ဦးထြန္းလင္းၿခံလမ္း၊ လွည္းတန္း၊ ကမာရြတ္ၿမိဳ႕နယ္။ ဖုန္း – 09443001453 ၊ 01503472 ၊ 0930775232

မကြာသေးခင်ကမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပူပူနွေးနွေး ဖြေထားပြီးတဲ့ ကျောင်းသူ၊ကျောင်းသားများ အပါအဝင် အင်္ဂလိပ်စာကို အခြေခံကစလို့ စနစ်တကျ လေ့လာလိုသူအားလုံးအတွက် ရန်ကုန်မြို့တွင်းက ဈေးနှုန်းသင့်တင့်ပြီး သင်ကြားရေးစနစ် ကောင်းမွန်တဲ့ အင်္ဂလိပ်စာသင်တန်းကောင်းများကို ဖော်ပြပေးချင်ပါတယ်။ ဒီသင်တန်းများဟာ သင်ကြားရေးဘက်မှာ နာမည်ကြီးတဲ့ ဆရာတွေ ဦးစီးဖွင့်လှစ်ထားတာဖြစ်လို့ အင်္ဂလိပ်စာတစ်ခုတည်းတင်မဟုတ်ဘဲ လူငယ်တွေရဲ့ စိတ်ဓာတ်၊ ခံယူချက်တွေကိုပါ ကောင်းမွန်လာအောင် သင်ကြားလမ်းပြပေးနိုင်တဲ့ သင်တန်းများပဲ ဖြစ်ပါတယ်။

ဆရာဒွေး Grammar သင်တန်းကျောင်း

ဆရာဒွေးအင်္ဂလိပ်စာသင်တန်းကျောင်းဟာ ရန်ကုန်မြို့ထဲမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေခဲ့တာ နှစ်ပေါင်းဆယ်ချီနေပါပြီ။ ဒီသင်တန်းက ဘာတွေကို အဓိကသင်ကြားပေးလည်းဆိုရင် လူအများစု ကြောက်ကြတဲ့ အင်္ဂလိပ်စာ အရေးအသားပိုင်းကို ပိုပြီးပိုင်နိုင်လာအောင်၊ စိတ်ထဲက တွေးတဲ့အတိုင်း ထိထိမိမိ ရေးသားတတ်လာအောင် စနစ်တကျ သင်ကြားပေးတဲ့နေရာတစ်ခုပါ။ ၈တန်းအရွယ်ကစလို့ အရွယ်သုံးပါးမရွေး၊ လူမျိုးဘာသာမရွေး လာရောက် ပညာရည်နို့သောက်စို့နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အခြေခံကစပြီး စနစ်တကျ ရေးတတ်၊တွေးတတ်အောင် သင်ကြားပေးတာဖြစ်လို့ လိုက်မမီမှာကိုလည်း ပူစရာမလိုပါဘူး။ ဆရာ့သင်တန်းမှာ သေသေချာချာ ကျေကျေညက်ညက် တတ်ပြီးတဲ့အခါ စာမေးပွဲမှာဖြေရမယ့် အက်ဆေးလောက်ကို လက်တန်းချရေးလာနိုင်ပါတယ်။ အသက်ပိုကြီးလာလို့ လုပ်ငန်းခွင်ဝင်တဲ့အခါ သူများထက်ပိုကောင်းတဲ့ presentation နဲ့ အရေးအသားတွေကို ပိုင်နိုင်လာပါတယ်။ ဒါ့အပြင် ဘာသာပြန်အလုပ်လုပ်ချင်သူတွေအတွက်လည်း အထောက်အပံ့ကြီးတစ်ခုလို့ ပြောလို့ရပါတယ်။ (စာရေးသူကိုယ်တိုင်လည်း ဆရာ့ဆီက ပညာအမွေနဲ့ အများကြီး ပညာရဲရင့်ပွဲလယ်တင့်ခဲ့ရပါတယ်။ ဤကား စကားချပ်။)

သင်တန်းကြေး – ၆သောင်း၊ ၇သောင်းဝန်းကျင်မှာ ရှိပါတယ်။

သင်တန်းနေရာ – အမှတ် (၂၂၄)၊ ပထမထပ်၊ ပန်းဆိုးတန်းလမ်း(အထက်) ကျောက်တံတားမြို့နယ် (ဂုန်းတံတားအဆင်း မီးပွိုင့်အနီး)။

ဆက်သွယ်ရန်ဖုန်း – 01-375970 ၊ 09-5172096 ၊ 09-5196014။

ဆရာ Richard ရဲ့ RELT အင်္ဂလိပ်စာသင်တန်းကျောင်း

ဆရာ Richard ရဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းကတော့ 4 skills ကို သင်ကြားတာ ဖြစ်ပြီး အင်္ဂလိပ်စာကို အမေရိကန် essence နဲ့ ရွှတ်ရှတ်ဒွတ်ဒတ် ပြောတတ်ချင်တဲ့သူများ တက်ကိုတက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။ မူကြိုအရွယ်မှစပြီး ဆယ်တန်းဖြေပြီးတဲ့ ကျောင်းသားများအပါအဝင် လုပ်ငန်းခွင်ဝင်ပြီးသား လူတွေအားလုံးအတွက် စနစ်တကျ သင်ကြားနည်းစနစ်များနဲ့ သင်ကြားပေးနေတဲ့ နေရာတစ်ခုပါ။ ဒီသင်တန်းကတော့ အင်္ဂလိပ်စာကို သာမန်ကာလျှံကာ တတ်ရုံလောက်တင်မဟုတ်ဘဲ IELTS လို စာမေးပွဲတွေ ဝင်ဖြေနိုင်ပြီး နိုင်ငံတကာအဆင့်ရှိတဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုမျိုးထိ လိုချင်သူများအတွက် ကွက်တိပါပဲ။ ဆရာ့ကျောင်းကနေ IELTS အမှတ်ကောင်းကောင်းနဲ့ အောင်သွားသူတွေလည်း အများကြီးပါ။ အင်းစိန်နဲ့ တာမွေဆိုပြီး သင်တန်းနေရာနှစ်ခု ရှိပါတယ်။

သင်တန်းကြေး – Beginner level ကနေ Pre-Intermediate လောက်ထိကို ၄သောင်းနဲ့ ၅သောင်းကြားဝန်းကျင်မှာ ရှိပါတယ်။

တာမွေသင်တန်းလိပ်စာ – အမှတ်(၁၈)၊ ရွှေပြည်စိုးကွန်ဒို မြေညီထပ်၊ ဓမ္မဒါနလမ်း၊ ကျောက်မြောင်း။ ဖုန်း – 09253228218

အင်းစိန်သင်တန်းလိပ်စာ – အမှတ် (၇) ၊ ၃လွှာ၊ လမ်းသစ်လမ်းနှင့် သာယာကုန်းလမ်းထောင့်။ အင်းစိန်။ ဖုန်း – 09400866275

ဆရာဦးမြကြိုင် အင်္ဂလိပ်စာသင်တန်းကျောင်း

ဆရာကြီးရဲ့သင်တန်းကျောင်းကတော့ ဘဝတက်လမ်းကို သမ္မာအာဇီဝနဲ့ ရိုးသားကြိုးစားလိုကြတဲ့ လူငယ်တိုင်းအတွက် တက်ကိုတက်သင့်တဲ့ သင်တန်းပါ။ ဆရာကြီးက အင်္ဂလိပ်စာတစ်ခုတည်းကို သင်တာမဟုတ်ဘဲ တွေးခေါ်နိုင်စွမ်း၊ စာရိတ္တ၊ စိတ်ဓာတ်၊ ခံယူချက်တွေကိုပါ သင်ကြားပေးနေတဲ့ ဆရာကြီးတစ်ဦးပါ။ အခြားသင်တန်းတွေထက် ပိုထူးခြားတဲ့အချက်တစ်ခုကတော့ 4 skills ကို အတန်းတွေခွဲပြီး သင်ပေးတာပါ။ ပြီးတော့ Reading အချိန်ဆိုရင် တော်ရုံလူဖတ်ဖြစ်မှာမဟုတ်တဲ့ ကမ္ဘာကျော်စာရေးဆရာကြီး လီယိုတော်စတွိုင်းတို့လို နာမည်ကြီးတွေရဲ့ တန်ဖိုးရှိတဲ့စာအုပ်တွေနဲ့ သင်ကြားပေးတာမျိုး ဖြစ်ပါတယ်။ ဆရာကြီးရဲ့သင်တန်းမှာ ပညာရည်နို့သောက်စို့ပြီး နေရာဌာနအသီးသီးမှာ အောင်မြင်နေသူတွေ အမြောက်အများ ရှိပါတယ်။ သင်တန်းကြေးမှာလည်း လူတိုင်းတတ်နိုင်တဲ့ဈေးဖြစ်လို့ အနည်းငယ် လူများပြီး တိုးတိုးဝှေ့ဝှေ့ သင်ရတာမျိုးတော့ ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီသင်တန်းတက်ပြီး ရလာမယ့် အကျိုးကျေးဇူးတွေနဲ့ ယှဉ်ရင်တော့ မပြောပလောက်ဘူးလို့ ဆိုရမှာပါ။ သင်တန်းကြေးနည်းနည်းလေးနဲ့ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် အချိန်တွေကို အကန့်အသတ်မရှိ တတ်လို့ရတာကလည်း တော်တော်လေး ကောင်းတဲ့အချက်တစ်ခုပါ။

သင်တန်းကြေး – တစ်လချင်းပေးရပါတယ်။ ထောင်ဂဏန်းပဲ ရှိပါတယ်။

သင်တန်းနေရာများ ပင်မကျောင်း – ခြံအမှတ် 4/A1, မြကန်သာလမ်း၊ (၂) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ဦးတက်ယဉ် စတိုးဆိုင်ဘေးချင်းကပ်လမ်း၊ အ.ထ.က (၄) ကမာရွတ်ကျောင်းနှင့် ဘေးခြံချင်းကပ်ရပ်။ (အင်းစိန်လမ်းမပေါ်ရှိ ဆင်ရေတွင်းကားမှတ်တိုင်အနီးမှာ တည်ရှိပါတယ်။) ဖုန်း – ၀၉ ၇၆၁၃၆၁၇၁၇

တာမွေကျောင်းခွဲ – (၁၅၃)လမ်းထိပ်၊ ပထမထပ်၊ ကျိုက္ကဆံလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။ ဖုန်း – 09898722892 ၊ 09898722895

(သင်တန်းနေရာတွေဟာ မကြာခဏ အပြောင်းအလဲရှိတတ်တာကြောင့် သင်တန်းကျောင်းရဲ့ Facebook Page ကို https://www.facebook.com/umyakyaingenglish/ Like လုပ်ထားသင့်ပါတယ်။)

ဆရာအာသာရဲ့ Success Language Academy

နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ အင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခု ဖြစ်ပါတယ်။ အခြေခံကစလို့ အရေး၊အပြော၊အဖတ်စတာတွေကို တစ်တန်းချင်းခွဲပြီး အထူးပြုလေ့လာလို့ရပါတယ်။ စာသင်ခန်းတွင်း Activity လေးတွေနဲ့ စနစ်တကျ သင်ကြားပေးတာကြောင့် လူငယ်တွေ ရွေးချယ်သင့်တဲ့ သင်တန်းတစ်ခုပါပဲ။ သင်တန်းမတက်ခင် အရည်အချင်းစစ် စာမေးပွဲဖြေပြီး ကိုယ်နဲ့ကိုက်ညီတဲ့ သင်တန်းကို တက်ရောက်နိုင်ပါတယ်။ Basic level ကစလို့ IELTS အထိ တက်ရောက်နိုင်ပါတယ်။ ကလေးငယ်တွေအတွက် သင်တန်းတွေလည်း သီးသန့်ရှိပါတယ်။ အင်္ဂလိပ်စာကို အဆက်ပြတ်ပြီး မေ့သွားတာမျိုးတွေ မဖြစ်စေဖို့ လစဉ်ကြေး ထောင်ဂဏန်းလောက်နဲ့ တက်ရောက်လို့ရတဲ့ Conversation Class တွေလည်း ရှိပါတယ်။

သင်တန်းကြေး – Basic ကနေ Intermediate လောက်အထိကို လေးသောင်းကျော် ငါးသောင်းဝန်းကျင်မှာရှိပြီး IELTS ကိုတော့ တစ်သိန်းဝန်းကျင်လောက် ကျသင့်ပါလိမ့်မယ်။

သင်တန်းနေရာများဘိုကလေးဈေးသင်တန်း(ပင်မ) – အမှတ်(၁၁၉)၊ Y.W.C.A အဆောက်အအုံ၊ ပထမထပ်၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်။ ဖုန်း – 01392048 ၊ 01202046 ၊ 01256954

လှည်းတန်းကျောင်းခွဲ – နံပါတ်(၅)၊ B3 ၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်။ ဖုန်း – 09443001453 ၊ 01503472 ၊ 0930775232

 

 

 

RELATED ARTICLES

Most Popular