HomeCelebs Update NewsInternationalDiana ရဲ့သက်တော်စောင့် ပြောပြတဲ့ မင်းသမီးရဲ့ တကယ့်ဘဝနဲ့ Spencer ရုပ်ရှင် ကွာခြားချက်

Diana ရဲ့သက်တော်စောင့် ပြောပြတဲ့ မင်းသမီးရဲ့ တကယ့်ဘဝနဲ့ Spencer ရုပ်ရှင် ကွာခြားချက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Spencer ရုပ်ရှင်ဟာ မင်းသမီး Kristen Stewart သရုပ်ဆောင်ထားတဲ့ Diana မင်းသမီးရဲ့ ဘဝဇာတ်ကြောင်း ရုပ်ရှင် ဖြစ်ပြီး ယခုလက်ရှိမှာ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ပြသထားတဲ့ Diana ရဲ့ ဘဝအကြောင်းနဲ့ အပြင်လက်တွေ့ဘဝ Sandringham နေအိမ်က Diana ရဲ့ ဘဝအကြောင်းကိုတော့ မင်းသမီးရဲ့ သက်တော်စောင့်တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ Ken Wharfe က နှိုင်းယှဉ် ပြောပြထားပါတယ်။

Ken Wharfe ဟာ Princess Diana ရဲ့ သက်တော်စောင့်ဟောင်းတစ်ယောက် ဖြစ်ပြီး ၁၉၈၀ နှောင်းပိုင်းနဲ့ ၁၉၉၀ အစောပိုင်းတွေမှာ မင်းသမီးရဲ့ သက်တော်စောင့်အဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ သူဟာ တော်ဝင်မိသားစုရဲ့ ခရစ်စမတ် အားလပ်ရက်ကာလအတွင်း Sandringham နေအိမ်မှာ ပွဲကျင်းပခဲ့စဉ်မှာ သက်တော်စောင့်အဖြစ် ဝင်ရောက်လာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Neon/ Shutterstock

ယခုရုံတင်ပြသနေတဲ့ Spencer ရုပ်ရှင်ကတော့ အဆိုပါ Sandringham နေအိမ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို အခြေခံပြီး ရိုက်ကူးထားတာလို့လည်း သိရပါတယ်။ Ken Wharfe ကတော့ Sandringham နေအိမ်က အဆိုပါ အားလပ်ရက်ကာလဟာ မင်းသမီး Diana အတွက်တော့ “ကာလငရဲတစ်ခုပါပဲ” လို့ People မဂ္ဂဇင်းကို ပြောပြထားပါတယ်။

“Wales မင်းသမီးဟာ မီးဖိုဆောင်ထဲမှာ စားဖိုမှူးနဲ့ အချိန်ဖြုန်းရင်ဖြုန်း၊ မဟုတ်ရင်လည်း ကျွန်တော့်လို လူမျိုးတွေနားမှာပဲ နေပြီး အချိန်မြန်မြန် ကုန်သွားအောင် စောင့်ဆိုင်းပြီး သူ့ကိုယ်သူ အဆင်ပြေအောင် နေခဲ့ရပါတယ်။ သူ မျှော်လင့်တာကတော့ အချိန်မြန်မြန် ကုန်ပြီး လန်ဒန်ကို ပြန်ရဖို့ပါပဲ … ” လို့ Ken Wharfe က ဆိုပါတယ်။

Photo: Neon/ Getty

မင်းသမီး Diana နဲ့လည်း ရင်းနှီးခင်မင်ခဲ့တဲ့ တော်ဝင်မိသားစုရဲ့ အတ္ထုပ္ပတ္တိရေးသားသူ Ingrid Seward ကတော့ တော်ဝင်မိသားစုတွေ လူစုံပြီး ပျော်ပွဲရွှင်ပွဲ ကျင်းပတိုင်းမှာ Diana ကတော့ သူမရဲ့ ရုန်းကန်ရမှု၊ အဆင်မပြေမှုတွေကို အမြဲတမ်း သိုဝှက်ဖုံးကွယ်ထားခဲ့ရတယ်လို့ ပြောပြထားပါတယ်။

“ဘုရင်မကြီးအတွက်ရော၊ ကျန်တဲ့မိသားစုတွေအတွက်ပါ ကြည့်ကောင်းနေစေဖို့ သူမဟာ အမြဲတမ်း အဆင်ပြေ၊ ပျော်ရွှင်နေသလို နေထိုင်ခဲ့ရပါတယ်။ သူမဟာ ကောင်းကောင်းကြီး ပုံစံသွင်းခံခဲ့ရတဲ့ ကောင်မလေးပါ။ အဲဒါကြောင့် သူမအနေနဲ့ တစ်ခုခု လုပ်လိုက်မိတာနဲ့ ရိုင်းပျတယ်လို့ အထင်ခံရမှာ၊ ကလေးဆန်တယ်လို့ အထင်ခံရမှာ စိုးရှာတာလေ … ” လို့ Ingrid က ပြောပြဖူးပါတယ်။

Photo: Neon/ Getty

Spencer ရုပ်ရှင်ထဲမှာတော့ အပြင်က တကယ့်ဖြစ်ရပ်တွေနဲ့ သွေဖီပြီး ရုပ်ရှင်ဆန်အောင် ဒရာမာချိုးထားတဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဲဒီထဲက ဇာတ်ဝင်ခန်းတစ်ခုကတော့ Sally Hawkins သရုပ်ဆောင်ထားတဲ့ တော်ဝင်မိသားစုရဲ့ အဝတ်အစား တာဝန်ခံကို မင်းသမီး Diana က ရင်ဖွင့်တဲ့အခန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး သက်တော်စောင့်ဟောင်း Ken Wharfe ကတော့ “ကျွန်တော့်အတွေ့အကြုံအရတော့ မင်းသမီး Diana ဟာ သူ့ရဲ့ အဝတ်အစား ဆင်ယင်ပေးသူတွေနဲ့ တစ်ခါမှ ရင်ဖွင့်တာမျိုး မတွေ့ဖူးပါဘူး … ” လို့ ပြောပြထားပါတယ်။

Photo Credit: Neon/Getty

မင်းသမီး Diana နေရာမှာ သရုပ်ဆောင်ထားတဲ့ Kristen Stewart ရဲ့ သရုပ်ဆောင်မှုကိုတော့ Ken Wharfe က အခုလို မှတ်ချက်ပေးထားပါတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မင်းသမီး Diana နေရာက သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်အားလုံးထဲမှာ သူကတော့ အနီးစပ်ဆုံးပါပဲ။ မင်းသမီးရဲ့ တကယ့် အပြုအမူလေးတွေကအစ ပြည့်စုံအောင် သူ လုပ်ထားတာ တွေ့ရပါတယ် … ” လို့ ပြောထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

Spencer ႐ုပ္ရွင္ဟာ မင္းသမီး Kristen Stewart သ႐ုပ္ေဆာင္ထားတဲ့ Diana မင္းသမီးရဲ့ ဘဝဇာတ္ေၾကာင္း ႐ုပ္ရွင္ ျဖစ္ၿပီး ယခုလက္ရွိမွာ ႐ုံတင္ျပသေနၿပီ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာ ျပသထားတဲ့ Diana ရဲ့ ဘဝအေၾကာင္းနဲ႔ အျပင္လက္ေတြ႕ဘဝ Sandringham ေနအိမ္က Diana ရဲ့ ဘဝအေၾကာင္းကိုေတာ့ မင္းသမီးရဲ့ သက္ေတာ္ေစာင့္တစ္ေယာက္ ျဖစ္ခဲ့ဖူးတဲ့ Ken Wharfe က ႏွိုင္းယွဥ္ ေျပာျပထားပါတယ္။

Ken Wharfe ဟာ Princess Diana ရဲ့ သက္ေတာ္ေစာင့္ေဟာင္းတစ္ေယာက္ ျဖစ္ၿပီး ၁၉၈၀ ေႏွာင္းပိုင္းနဲ႔ ၁၉၉၀ အေစာပိုင္းေတြမွာ မင္းသမီးရဲ့ သက္ေတာ္ေစာင့္အျဖစ္ အမွုထမ္းခဲ့သူ ျဖစ္ပါတယ္။ သူဟာ ေတာ္ဝင္မိသားစုရဲ့ ခရစ္စမတ္ အားလပ္ရက္ကာလအတြင္း Sandringham ေနအိမ္မွာ ပြဲက်င္းပခဲ့စဥ္မွာ သက္ေတာ္ေစာင့္အျဖစ္ ဝင္ေရာက္လာခဲ့သူလည္း ျဖစ္ပါတယ္။

Photo Credit: Neon/ Shutterstock

ယခု႐ုံတင္ျပသေနတဲ့ Spencer ႐ုပ္ရွင္ကေတာ့ အဆိုပါ Sandringham ေနအိမ္မွာ ျဖစ္ပ်က္ခဲ့တဲ့ အရာေတြကို အေျခခံၿပီး ရိုက္ကူးထားတာလို႔လည္း သိရပါတယ္။ Ken Wharfe ကေတာ့ Sandringham ေနအိမ္က အဆိုပါ အားလပ္ရက္ကာလဟာ မင္းသမီး Diana အတြက္ေတာ့ “ကာလငရဲတစ္ခုပါပဲ” လို႔ People မဂၢဇင္းကို ေျပာျပထားပါတယ္။

“Wales မင္းသမီးဟာ မီးဖိုေဆာင္ထဲမွာ စားဖိုမွူးနဲ႔ အခ်ိန္ျဖဳန္းရင္ျဖဳန္း၊ မဟုတ္ရင္လည္း ကၽြန္ေတာ့္လို လူမ်ိဳးေတြနားမွာပဲ ေနၿပီး အခ်ိန္ျမန္ျမန္ ကုန္သြားေအာင္ ေစာင့္ဆိုင္းၿပီး သူ႔ကိုယ္သူ အဆင္ေျပေအာင္ ေနခဲ့ရပါတယ္။ သူ ေမၽွာ္လင့္တာကေတာ့ အခ်ိန္ျမန္ျမန္ ကုန္ၿပီး လန္ဒန္ကို ျပန္ရဖို႔ပါပဲ … ” လို႔ Ken Wharfe က ဆိုပါတယ္။

Photo: Neon/ Getty

မင္းသမီး Diana နဲ႔လည္း ရင္းႏွီးခင္မင္ခဲ့တဲ့ ေတာ္ဝင္မိသားစုရဲ့ အတၳဳပၸတၱိေရးသားသူ Ingrid Seward ကေတာ့ ေတာ္ဝင္မိသားစုေတြ လူစုံၿပီး ေပ်ာ္ပြဲရႊင္ပြဲ က်င္းပတိုင္းမွာ Diana ကေတာ့ သူမရဲ့ ႐ုန္းကန္ရမွု၊ အဆင္မေျပမွုေတြကို အျမဲတမ္း သိုဝွက္ဖုံးကြယ္ထားခဲ့ရတယ္လို႔ ေျပာျပထားပါတယ္။

“ဘုရင္မႀကီးအတြက္ေရာ၊ က်န္တဲ့မိသားစုေတြအတြက္ပါ ၾကည့္ေကာင္းေနေစဖို႔ သူမဟာ အျမဲတမ္း အဆင္ေျပ၊ ေပ်ာ္ရႊင္ေနသလို ေနထိုင္ခဲ့ရပါတယ္။ သူမဟာ ေကာင္းေကာင္းႀကီး ပုံစံသြင္းခံခဲ့ရတဲ့ ေကာင္မေလးပါ။ အဲဒါေၾကာင့္ သူမအေနနဲ႔ တစ္ခုခု လုပ္လိုက္မိတာနဲ႔ ရိုင္းပ်တယ္လို႔ အထင္ခံရမွာ၊ ကေလးဆန္တယ္လို႔ အထင္ခံရမွာ စိုးရွာတာေလ … ” လို႔ Ingrid က ေျပာျပဖူးပါတယ္။

Photo: Neon/ Getty

Spencer ႐ုပ္ရွင္ထဲမွာေတာ့ အျပင္က တကယ့္ျဖစ္ရပ္ေတြနဲ႔ ေသြဖီၿပီး ႐ုပ္ရွင္ဆန္ေအာင္ ဒရာမာခ်ိဳးထားတဲ့ ဇာတ္ဝင္ခန္းေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။ အဲဒီထဲက ဇာတ္ဝင္ခန္းတစ္ခုကေတာ့ Sally Hawkins သ႐ုပ္ေဆာင္ထားတဲ့ ေတာ္ဝင္မိသားစုရဲ့ အဝတ္အစား တာဝန္ခံကို မင္းသမီး Diana က ရင္ဖြင့္တဲ့အခန္းလည္း ပါဝင္တယ္လို႔ သိရပါတယ္။

အဆိုပါ ဇာတ္ဝင္ခန္းနဲ႔ ပတ္သက္ၿပီး သက္ေတာ္ေစာင့္ေဟာင္း Ken Wharfe ကေတာ့ “ကၽြန္ေတာ့္အေတြ႕အၾကဳံအရေတာ့ မင္းသမီး Diana ဟာ သူ႔ရဲ့ အဝတ္အစား ဆင္ယင္ေပးသူေတြနဲ႔ တစ္ခါမွ ရင္ဖြင့္တာမ်ိဳး မေတြ႕ဖူးပါဘူး … ” လို႔ ေျပာျပထားပါတယ္။

Photo Credit: Neon/Getty

မင္းသမီး Diana ေနရာမွာ သ႐ုပ္ေဆာင္ထားတဲ့ Kristen Stewart ရဲ့ သ႐ုပ္ေဆာင္မွုကိုေတာ့ Ken Wharfe က အခုလို မွတ္ခ်က္ေပးထားပါတယ္။

“လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္းမွာ မင္းသမီး Diana ေနရာက သ႐ုပ္ေဆာင္ခဲ့တဲ့ သ႐ုပ္ေဆာင္အားလုံးထဲမွာ သူကေတာ့ အနီးစပ္ဆုံးပါပဲ။ မင္းသမီးရဲ့ တကယ့္ အျပဳအမူေလးေတြကအစ ျပည့္စုံေအာင္ သူ လုပ္ထားတာ ေတြ႕ရပါတယ္ … ” လို႔ ေျပာထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular