HomeEntertainmentFilmကြည့်ရှုသူတွေကို ဝမ်းနည်းသွားစေမယ့် Disney ရဲ့ နာမည်ကြီး Animation (၆)ကား

ကြည့်ရှုသူတွေကို ဝမ်းနည်းသွားစေမယ့် Disney ရဲ့ နာမည်ကြီး Animation (၆)ကား

Disney စတူဒီယိုကတော့ Animation လောကမှာ နာမည်ကြီးပဲ ဖြစ်ပြီး ၁၉၃၀ ကျော်လောက်ကတည်းက Animation တွေကို စတင်ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ Disney ရဲ့ Animation အများစုဟာလည်း ပရိသတ်တွေအကြိုက်ပဲ ဖြစ်ပြီး တချို့ Animation ကတော့ ကြည့်ရှုသူတွေကို မျက်ရည်ကျစေတဲ့အထိတောင် ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို ဝမ်းနည်းသွားစေမယ့် Disney Animation တွေကို ဖော်ပြပေးချင်ပါတယ်။

(6) The Little Mermaid: Ariel’s Beginning

photo via screenrant

ဒီ Animation ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.1) ရရှိထားကာ The Little Mermaid ရဲ့အဖြစ်အပျက်တွေ မတိုင်ခင်ကာလကို ပုံဖော်ထားတဲ့ Prequel ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ King Triton ဟာ Atlantica မြို့တော်ကြီးမှာ ဂီတကို ပိတ်ပင်တားမြစ်ထားပေမယ့် Ariel လေး မွေးဖွားလာတဲ့အချိန်မှာတော့ သူမဟာ ဂီတကို ချစ်မြတ်နိုးတဲ့စိတ် ပါလာပါတယ်။ ဒါကြောင့်ပဲ သူမဟာ Atlantica မြို့တော်ကြီးမှာ ဂီတတွေ တဖန်ပြန်လည်မွေးဖွားလာဖို့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Jodi Benson ၊ Samuel E. Wright နဲ့ Parker Goris တို့ အဓိကပါဝင်ထားကြပါတယ်။

(5) Brother Bear

photo via screenrant

ဒီ Animation ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မုဆိုးငယ်တစ်ယောက်ဟာ မလိုအပ်ဘဲ ဝက်ဝံတစ်ကောင်ကို သတ်လိုက်ပြီး နောက်မှာတော့ သူကိုယ်တိုင် ဝက်ဝံအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီနောက်မှာတော့ အဲဒီမုဆိုးငယ်လေးဟာ လူသားအဖြစ် ပြန်လည် ပြောင်းလဲနိုင်မှာလားဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Jeremy Suarez ၊ Rick Moranis နဲ့ Joaquin Phoenix တို့ ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ရရှိထားပါတယ်။

(4) Bambi

photo via screenrant

ဒီ Animation ကတော့ ၁၉၄၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Prince of the Forest ဖြစ်ဖို့ ရွေးချယ်ခံထားရတဲ့ သမင်ပေါက်လေးတစ်ကောင်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီသမင်ပေါက်လေးဟာ တောအုပ်ထဲမှာ နေထိုင်ရင်း မိတ်ဆွေသူငယ်ချင်းတွေကြားက သံယောဇဉ်အကြောင်းနဲ့ ချစ်ခြင်းမေတ္တာရဲ့အကြောင်းတွေကို သိလာရပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Donnie Dunagan ၊ Peter Behn နဲ့ Paula Winslowe တို့ ပါဝင်ကာ အော်စကာဆုသုံးဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Frozen

photo via screenrant

ဒီ Animation ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Anna ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ရေခဲစွမ်းအား ပိုင်ဆိုင်ထားတဲ့ သူမရဲ့အစ်မကို ရှာဖွေဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ Anna တစ်ယောက် အစ်မဖြစ်သူကို ရှာဖွေရင်းနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Idina Menzel ၊ Kristen Bell နဲ့ Josh Gad တို့ ပါဝင်ထားပြီး အော်စကာနှစ်ဆု ရရှိထားပါတယ်။

(2) Finding Nemo

photo via screenrant

ဒီ Animation ကတော့ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Merlin ဆိုတဲ့ ငါးတစ်ကောင်ရဲ့ သားလေးဟာ ဩစတျေးလျတိုက်က သန္တာကျောက်တန်းတစ်ခုကနေ အဖမ်းခံလိုက်ရပြီး Sydney မြို့ကို ရောက်သွားပါတယ်။ အဲဒီနောက်မှာတော့ Merlin ဟာ အလွန်မေ့လျော့တတ်တဲ့ ငါးတစ်ကောင်ရဲ့ အကူအညီနဲ့ သူ့ရဲ့သားလေး Nemo ကို ရှာဖွေဖို့ စွန့်စားခန်း ထွက်လာပါတော့တယ်။ အသံသရုပ်ဆောင်တွေကတော့ Ellen DeGeneres ၊ Albert Brooks နဲ့ Willem Dafoe တို့ ပါဝင်ထားပြီး အော်စကာဆုတစ်ခု ရရှိထားပါတယ်။

(1) Up

photo via screenrant

ဒီ Animation ကလည်း ၂၀၀၉ ခုနှစ်မှာပဲ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အဘိုးကြီး Carl ဟာ ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူရဲ့ စိတ်ကူးအိပ်မက်ဖြစ်တဲ့ Paradise ရေတံခွန်ကို ရှာဖွေဖို့ စွန့်စားခန်းခရီးထွက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Ed Asner ၊ Jordan Nagai နဲ့ Pete Docter တို့ ပါဝင်ထားပြီး အော်စကာဆု နှစ်ခု ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular