HomeEntertainmentFilmသမိုင်းထဲက ဖြစ်ရပ်တွေနဲ့ လွဲနေတဲ့ Titanic ထဲက ဇာတ်ဝင်ခန်းများ

သမိုင်းထဲက ဖြစ်ရပ်တွေနဲ့ လွဲနေတဲ့ Titanic ထဲက ဇာတ်ဝင်ခန်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Titanic ဇာတ်ကားဟာ ရုပ်ရှင်သမိုင်းတစ်လျှောက်က အကောင်းဆုံးဇာတ်ကားတွေထဲမှာ ပါဝင်ပြီးတော့ မကြည့်ဖူးတဲ့ သူဆိုတာ မရှိသလောက်ပါပဲ။ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာကြောင့် ဒီဇာတ်ကားထဲက အကြောင်းအရာ တော်တော်များများဟာ တကယ့်အဖြစ်အပျက်အတိုင်း ရိုက်ကူးထားတာ ဖြစ်ပေမယ့်လည်း တစ်ချို့နေရာတွေမှာတော့ တကယ့်ဖြစ်ရပ်နဲ့ လွဲနေတဲ့အချက်တွေ ရှိပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ တကယ့်အဖြစ်အပျက်နဲ့ မတူညီဘဲ လွဲချော်နေတဲ့ Titanic ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။

တကယ့်လက်တွေ့မှာ Titanic သင်္ဘောအနားမှာ တစ်ခြားသင်္ဘောတွေလည်း ရှိခဲ့ပါတယ်။
photo via screenrant

James Cameron ရိုက်ကူးခဲ့တဲ့ ဇာတ်ကားထဲမှာတော့ ဒီအချက်ကို အနည်းငယ် ပြုပြင်ထားခဲ့ပါတယ်။ အဲ့ဒါကတော့ ရုပ်ရှင်ထဲမှာ သင်္ဘောကပ္ပတိန်ဟာ သူတို့ရဲ့အနီးအနားမှာ တစ်ခြားသင်္ဘောတွေမရှိဘဲ Carpathia ဆိုတဲ့သင်္ဘောတစ်စင်းပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီ့သင်္ဘောကတောင် လေးနာရီလောက် ကြာအောင် ခရီးသွားရမယ့် အကွာအဝေးမှာ ရှိတယ်လို့ ဇာတ်ဝင်ခန်းထဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ အဲ့ဒီအချက်ဟာ အမှန်မဟုတ်ဘဲ The Culture Trip သတင်းဌာနရဲ့ ဖော်ပြချက်အရဆိုရင် Titanic သင်္ဘောရဲ့ အရေးပေါ် အချက်ပြမီးရောင်ကို လှမ်းမြင်ရလောက်တဲ့ အကွာအဝေးမှာ တစ်ခြားသင်္ဘောတွေလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Californian သင်္ဘောပေါ်က အဖွဲ့သားတွေဟာ Titanic သင်္ဘောက ပစ်လွှတ်လိုက်တဲ့ အရေးပေါ်အချက်ပြမီးကို မြင်ခဲ့ကြပေမယ့်လည်း ဘာကြောင့် သွားရောက်မကူညီခဲ့ကြတာလည်း ဆိုတာကတော့ အခုချိန်ထိ အငြင်းပွားနေရတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။

တကယ့်အဖြစ်အပျက်တုန်းက တတိယတန်း ခရီးသည်တွေကို ကုန်းပတ်အောက်မှာ သော့ခတ်မထားခဲ့ပါဘူး။
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ တတိယတန်းက ခရီးသည်တွေကို ကုန်းပတ်အောက်မှာ သော့ခတ်ထားခဲ့ပြီး အသက်ကယ်လှေတွေဆီ သွားဖို့တောင် အခွင့်အရေး မပေးခဲ့တာကို ရိုက်ပြထားပါတယ်။ ဒါပေမယ့်လည်း ၁၉၁၂ခုနှစ်မှာ တင်ပြခဲ့တဲ့ British Inquiry Report အရဆိုရင်တော့ အဲ့ဒီဖြစ်ရပ်ဟာ အပြင်မှာ တကယ်ဖြစ်ခဲ့တာ မဟုတ်ပါဘူး။

အဲ့ဒီအချိန်တုန်းက အဆင့်အတန်း ခွဲခြားမှုတွေ ရှိနေသေးပေမယ့်လည်း အဲ့ဒီဂိတ်ဟာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်နိုင်ငံထဲ အဆင်ပြေပြေ ဝင်ရောက်စေနိုင်ဖို့အတွက် ထားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ report ထဲက ဖော်ပြချက်အရဆိုရင် တတိယတန်းက ခရီးသည်တော်တော်များများဟာ သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ ထွက်ခွာဖို့ မစဉ်းစားခဲ့ဘဲ သင်္ဘောပေါ်မှာပဲ နေဖို့အတွက် ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဇာတ်ကောင်တွေရဲ့ ဒီဇိုင်းအလွဲများ
photo via screenrant

ဇာတ်လမ်းထဲမှာ မြင်တွေ့ရတဲ့ ဖက်ရှင်တွေဟာ အဲ့ဒီခေတ်က ပုံစံအတိုင်း ဖြစ်နေပေမယ့်လည်း တစ်ချို့အပြင်အဆင်တွေ နေရာမှာတော့ အနည်းငယ် လွဲနေတာတွေ ရှိပါတယ်။ ဥပမာ – အဲ့ဒီခေတ်တုန်းက အမျိူးသမီးတွေဟာ Rose လိုမျိူး ထင်ပေါ်စူးရှတဲ့ မိတ်ကပ်တွေ မပြင်ကြပါဘူး။ အဲ့ဒီ့အချိန်တုန်းက လူကုံထံ အထက်တန်းလွှာက အမျိူးသမီးတွေဟာနှုတ်ခမ်းနီ၊ ပါးနီတွေကို အရောင်တောက်တောက်တွေ သုံးစွဲပြီး လိမ်းလေ့မရှိကြဘဲ မိတ်ကပ်ကို လိမ်းတယ်ဆိုရုံလောက်ပဲ လိမ်းလေ့ရှိကြပါတယ်။

အဲ့လိုမျိူး နှုတ်ခမ်းနီ၊ ပါးနီရောင် အရောင်တောက်တောက်တွေဟာ အဲ့ဒီခေတ်တုန်းက အမျိူးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေသာ လိမ်းခြယ်တတ်ကြတာဖြစ်ပြီး Rose လိုမျိူး အထက်တန်းလွှာက ဗိုင်းကောင်းကျောက်ဖိ အမျိူးသမီးတစ်ယောက်အနေနဲ့ စူးရှထင်ပေါ်တဲ့ မိတ်ကပ်မျိုးကို ဘယ်တော့မှ ပြင်ဆင်မှာ မဟုတ်ပါဘူး။

Will Murdoch ဟာ အပြင်မှာ ဗီလိန်တစ်ယောက် မဟုတ်ပါဘူး။
photo via screenrant

ရုပ်ရှင်ထဲမှာတော့ Will Murdoch ကို ဗီလန်တစ်ယောက်ပုံစံမျိူး ပုံဖော်ထားခဲ့ပါတယ်။ Will Murdoch ဟာ သူအသက်ရှင်ဖို့အတွက် လူနှစ်ယောက်ကို သေနတ်နဲ့ပစ်ပြီး အသက်ကယ်လှေကို ရယူခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာ တကယ်ဖြစ်ခဲ့လို့ မဟုတ်ဘဲ ဇာတ်လမ်းကို စိတ်ဝင်စားဖို့ကောင်းအောင် တမင်ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

တကယ့်အဖြစ်အပျက်မှာတော့ ဇာတ်ဝင်ခန်းထဲမှာ ပြထားတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူဟာ ခရီးသည်တွေကို တတ်နိုင်သလောက် ကယ်တင်ပေးခဲ့တဲ့ ဟီးရိုးတစ်ယောက် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း 20th Century Fox ဟာ Will Murdoch ရဲ့ ဆွေမျိူးတွေဆီကို ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့ Will Murdoch ကို အခုလိုမျိူး ပုံဖော်ခဲ့မိတဲ့အတွက် တောင်းပန်ခဲ့ရပါသေးတယ်။

တကယ်အပြင်မှာဆိုရင် ရေထဲမှာ အဲ့လောက်အကြာကြီး နေနိုင်မှာ မဟုတ်ပါဘူး။
photo via screenrant

ဧပြီလလိုအချိန်မျိုးမှာ အတ္တလန်တစ်သမုဒ္ဒရာရဲ့ ရေတွေဟာ ရေခဲတမျှ အေးခဲနေလေ့ ရှိပါတယ်။ မှတ်တမ်းအရဆိုရင် သင်္ဘောမှောက်သွားတဲ့အချိန်တုန်းက ပင်လယ်ရေရဲ့ အပူချိန်ဟာ (၂၈)ဒီဂရီဖာရင်ဟိုက်မှာ ရှိနေခဲ့ပါတယ်။ ဒါဟာ ဆဲလ်စီးယက်စ်နဲ့ ပြန်ပြောင်းတွက်လိုက်မယ်ဆိုရင် အနုတ်(၂)ဒီဂရီ ဆဲလ်စီးယက်စ်မှာ ရှိနေတာပါ။ ရေခဲမှတ်အောက် ရောက်နေတဲ့ ပင်လယ်ရေပြင်ထဲမှာ ဘယ်လိုလူပဲဖြစ်ဖြစ် သေချာပေါက် အချိန်တိုလေးအတွင်းမှာ အေးခဲပြီး သေဆုံးသွားနိုင်ပါတယ်။

ဒါပေမယ့်လည်း ရုပ်ရှင်ထဲမှာတော့ Jack နဲ့ Rose တို့ဟာ ရေထဲမှာ နာရီဝက်နီးပါးလောက်ကို ဘာမှသိပ်ပြီး မဖြစ်ပျက်ဘဲ နေနိုင်ခဲ့ပါတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ဘယ်လိုလူပဲဖြစ်ဖြစ် အဲ့လောက်အေးခဲနေတဲ့ ရေထဲမှာ (၁၅)မိနစ်ကနေ နာရီဝက်အတွင်းမှာ သေချာပေါက်ကို သေဆုံးသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Titanic ဇာတ္ကားဟာ ႐ုပ္ရွင္သမိုင္းတစ္ေလွ်ာက္က အေကာင္းဆုံးဇာတ္ကားေတြထဲမွာ ပါဝင္ၿပီးေတာ့ မၾကည့္ဖူးတဲ့ သူဆိုတာ မရွိသေလာက္ပါပဲ။ ျဖစ္ရပ္မွန္ကို အေျခခံ ႐ိုက္ကူးထားတာေၾကာင့္ ဒီဇာတ္ကားထဲက အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားဟာ တကယ့္အျဖစ္အပ်က္အတိုင္း ႐ိုက္ကူးထားတာ ျဖစ္ေပမယ့္လည္း တစ္ခ်ိဳ႕ေနရာေတြမွာေတာ့ တကယ့္ျဖစ္ရပ္နဲ႔ လြဲေနတဲ့အခ်က္ေတြ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ တကယ့္အျဖစ္အပ်က္နဲ႔ မတူညီဘဲ လြဲေခ်ာ္ေနတဲ့ Titanic ဇာတ္ကားထဲက ဇာတ္ဝင္ခန္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

တကယ့္လက္ေတြ႕မွာ Titanic သေဘၤာအနားမွာ တစ္ျခားသေဘၤာေတြလည္း ရွိခဲ့ပါတယ္။
photo via screenrant

James Cameron ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားထဲမွာေတာ့ ဒီအခ်က္ကို အနည္းငယ္ ျပဳျပင္ထားခဲ့ပါတယ္။ အဲ့ဒါကေတာ့ ႐ုပ္ရွင္ထဲမွာ သေဘၤာကပၸတိန္ဟာ သူတို႔ရဲ႕အနီးအနားမွာ တစ္ျခားသေဘၤာေတြမရွိဘဲ Carpathia ဆိုတဲ့သေဘၤာတစ္စင္းပဲ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။ အဲ့ဒီ့သေဘၤာကေတာင္ ေလးနာရီေလာက္ ၾကာေအာင္ ခရီးသြားရမယ့္ အကြာအေဝးမွာ ရွိတယ္လို႔ ဇာတ္ဝင္ခန္းထဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။

တကယ္ေတာ့ အဲ့ဒီအခ်က္ဟာ အမွန္မဟုတ္ဘဲ The Culture Trip သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရဆိုရင္ Titanic သေဘၤာရဲ႕ အေရးေပၚ အခ်က္ျပမီးေရာင္ကို လွမ္းျမင္ရေလာက္တဲ့ အကြာအေဝးမွာ တစ္ျခားသေဘၤာေတြလည္း ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ Californian သေဘၤာေပၚက အဖြဲ႕သားေတြဟာ Titanic သေဘၤာက ပစ္လႊတ္လိုက္တဲ့ အေရးေပၚအခ်က္ျပမီးကို ျမင္ခဲ့ၾကေပမယ့္လည္း ဘာေၾကာင့္ သြားေရာက္မကူညီခဲ့ၾကတာလည္း ဆိုတာကေတာ့ အခုခ်ိန္ထိ အျငင္းပြားေနရတဲ့ ကိစၥတစ္ခုပဲ ျဖစ္ပါတယ္။

တကယ့္အျဖစ္အပ်က္တုန္းက တတိယတန္း ခရီးသည္ေတြကို ကုန္းပတ္ေအာက္မွာ ေသာ့ခတ္မထားခဲ့ပါဘူး။
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ တတိယတန္းက ခရီးသည္ေတြကို ကုန္းပတ္ေအာက္မွာ ေသာ့ခတ္ထားခဲ့ၿပီး အသက္ကယ္ေလွေတြဆီ သြားဖို႔ေတာင္ အခြင့္အေရး မေပးခဲ့တာကို ႐ိုက္ျပထားပါတယ္။ ဒါေပမယ့္လည္း ၁၉၁၂ခုႏွစ္မွာ တင္ျပခဲ့တဲ့ British Inquiry Report အရဆိုရင္ေတာ့ အဲ့ဒီျဖစ္ရပ္ဟာ အျပင္မွာ တကယ္ျဖစ္ခဲ့တာ မဟုတ္ပါဘူး။

အဲ့ဒီအခ်ိန္တုန္းက အဆင့္အတန္း ခြဲျခားမႈေတြ ရွိေနေသးေပမယ့္လည္း အဲ့ဒီဂိတ္ဟာ အေမရိကန္ လူဝင္မႈႀကီးၾကပ္ေရး ဥပေဒအရ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို အေမရိကန္ႏိုင္ငံထဲ အဆင္ေျပေျပ ဝင္ေရာက္ေစႏိုင္ဖို႔အတြက္ ထားထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ အဲ့ဒီ report ထဲက ေဖာ္ျပခ်က္အရဆိုရင္ တတိယတန္းက ခရီးသည္ေတာ္ေတာ္မ်ားမ်ားဟာ သေဘၤာနစ္ျမဳပ္ေနတဲ့အခ်ိန္မွာ ထြက္ခြာဖို႔ မစဥ္းစားခဲ့ဘဲ သေဘၤာေပၚမွာပဲ ေနဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့ၾကတယ္လို႔ သိရပါတယ္။

ဇာတ္ေကာင္ေတြရဲ႕ ဒီဇိုင္းအလြဲမ်ား
photo via screenrant

ဇာတ္လမ္းထဲမွာ ျမင္ေတြ႕ရတဲ့ ဖက္ရွင္ေတြဟာ အဲ့ဒီေခတ္က ပုံစံအတိုင္း ျဖစ္ေနေပမယ့္လည္း တစ္ခ်ိဳ႕အျပင္အဆင္ေတြ ေနရာမွာေတာ့ အနည္းငယ္ လြဲေနတာေတြ ရွိပါတယ္။ ဥပမာ – အဲ့ဒီေခတ္တုန္းက အမ်ိဴးသမီးေတြဟာ Rose လိုမ်ိဴး ထင္ေပၚစူးရွတဲ့ မိတ္ကပ္ေတြ မျပင္ၾကပါဘူး။ အဲ့ဒီ့အခ်ိန္တုန္းက လူကုံထံ အထက္တန္းလႊာက အမ်ိဴးသမီးေတြဟာႏႈတ္ခမ္းနီ၊ ပါးနီေတြကို အေရာင္ေတာက္ေတာက္ေတြ သုံးစြဲၿပီး လိမ္းေလ့မရွိၾကဘဲ မိတ္ကပ္ကို လိမ္းတယ္ဆို႐ုံေလာက္ပဲ လိမ္းေလ့ရွိၾကပါတယ္။

အဲ့လိုမ်ိဴး ႏႈတ္ခမ္းနီ၊ ပါးနီေရာင္ အေရာင္ေတာက္ေတာက္ေတြဟာ အဲ့ဒီေခတ္တုန္းက အမ်ိဴးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြသာ လိမ္းျခယ္တတ္ၾကတာျဖစ္ၿပီး Rose လိုမ်ိဴး အထက္တန္းလႊာက ဗိုင္းေကာင္းေက်ာက္ဖိ အမ်ိဴးသမီးတစ္ေယာက္အေနနဲ႔ စူးရွထင္ေပၚတဲ့ မိတ္ကပ္မ်ိဳးကို ဘယ္ေတာ့မွ ျပင္ဆင္မွာ မဟုတ္ပါဘူး။

Will Murdoch ဟာ အျပင္မွာ ဗီလိန္တစ္ေယာက္ မဟုတ္ပါဘူး။
photo via screenrant

႐ုပ္ရွင္ထဲမွာေတာ့ Will Murdoch ကို ဗီလန္တစ္ေယာက္ပုံစံမ်ိဴး ပုံေဖာ္ထားခဲ့ပါတယ္။ Will Murdoch ဟာ သူအသက္ရွင္ဖို႔အတြက္ လူႏွစ္ေယာက္ကို ေသနတ္နဲ႔ပစ္ၿပီး အသက္ကယ္ေလွကို ရယူခဲ့သူ ျဖစ္ပါတယ္။ ဒီဇာတ္ဝင္ခန္းဟာ တကယ္ျဖစ္ခဲ့လို႔ မဟုတ္ဘဲ ဇာတ္လမ္းကို စိတ္ဝင္စားဖို႔ေကာင္းေအာင္ တမင္ထည့္သြင္းခဲ့တာ ျဖစ္ပါတယ္။

တကယ့္အျဖစ္အပ်က္မွာေတာ့ ဇာတ္ဝင္ခန္းထဲမွာ ျပထားတာနဲ႔ ဆန႔္က်င္ဘက္ပါပဲ။ သူဟာ ခရီးသည္ေတြကို တတ္ႏိုင္သေလာက္ ကယ္တင္ေပးခဲ့တဲ့ ဟီး႐ိုးတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္လည္း 20th Century Fox ဟာ Will Murdoch ရဲ႕ ေဆြမ်ိဴးေတြဆီကို ကိုယ္စားလွယ္ေတြ ေစလႊတ္ၿပီးေတာ့ Will Murdoch ကို အခုလိုမ်ိဴး ပုံေဖာ္ခဲ့မိတဲ့အတြက္ ေတာင္းပန္ခဲ့ရပါေသးတယ္။

တကယ္အျပင္မွာဆိုရင္ ေရထဲမွာ အဲ့ေလာက္အၾကာႀကီး ေနႏိုင္မွာ မဟုတ္ပါဘူး။
photo via screenrant

ဧၿပီလလိုအခ်ိန္မ်ိဳးမွာ အတၱလန္တစ္သမုဒၵရာရဲ႕ ေရေတြဟာ ေရခဲတမွ် ေအးခဲေနေလ့ ရွိပါတယ္။ မွတ္တမ္းအရဆိုရင္ သေဘၤာေမွာက္သြားတဲ့အခ်ိန္တုန္းက ပင္လယ္ေရရဲ႕ အပူခ်ိန္ဟာ (၂၈)ဒီဂရီဖာရင္ဟိုက္မွာ ရွိေနခဲ့ပါတယ္။ ဒါဟာ ဆဲလ္စီးယက္စ္နဲ႔ ျပန္ေျပာင္းတြက္လိုက္မယ္ဆိုရင္ အႏုတ္(၂)ဒီဂရီ ဆဲလ္စီးယက္စ္မွာ ရွိေနတာပါ။ ေရခဲမွတ္ေအာက္ ေရာက္ေနတဲ့ ပင္လယ္ေရျပင္ထဲမွာ ဘယ္လိုလူပဲျဖစ္ျဖစ္ ေသခ်ာေပါက္ အခ်ိန္တိုေလးအတြင္းမွာ ေအးခဲၿပီး ေသဆုံးသြားႏိုင္ပါတယ္။

ဒါေပမယ့္လည္း ႐ုပ္ရွင္ထဲမွာေတာ့ Jack နဲ႔ Rose တို႔ဟာ ေရထဲမွာ နာရီဝက္နီးပါးေလာက္ကို ဘာမွသိပ္ၿပီး မျဖစ္ပ်က္ဘဲ ေနႏိုင္ခဲ့ပါတယ္။ အေပၚမွာေျပာခဲ့သလိုပဲ ဘယ္လိုလူပဲျဖစ္ျဖစ္ အဲ့ေလာက္ေအးခဲေနတဲ့ ေရထဲမွာ (၁၅)မိနစ္ကေန နာရီဝက္အတြင္းမွာ ေသခ်ာေပါက္ကို ေသဆုံးသြားမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular