HomeEntertainmentFilmDisney က ထွက်ရှိလာမယ့် animated movie အသစ်များ

Disney က ထွက်ရှိလာမယ့် animated movie အသစ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Disney ဟာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေနဲ့ animation movie တွေကို နှစ်ပေါင်းများစွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Disney ဟာ 20th Century Fox နဲ့ Lucasfilm တို့လို စတူဒီယိုတွေကိုပါ ဝယ်ယူထားနိုင်တဲ့အပြင် Sony နဲ့ ရေးထိုးထားတဲ့ သဘောတူညီမှုတွေကြောင့် Disney ရဲ့ အောင်မြင်မှုတွေဟာ ရပ်တန့်လို့ မရနိုင်တော့ပါဘူး။

သူ့ရဲ့အောင်မြင်တဲ့ ခြေလှမ်းတွေကြောင့်လည်း ရုပ်ရှင်သမိုင်းမှာ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေ ဖြစ်ကြတဲ့ Star Wars ၊ Marvel Cinematic Universe နဲ့ Avatar တို့ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Pixar ရဲ့ နာမည်ကြီး franchise တွေ ဖြစ်တဲ့ Toy Story နဲ့ Frozen တို့လို ရုပ်ရှင်တွေဟာလည်း Disney အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ဖြစ်ခဲ့သလို Coco နဲ့ Soul တို့လို original animation ရုပ်ရှင်တွေကိုလည်း ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ  ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Disney ရဲ့ animation ရုပ်ရှင်အသစ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

(1) Luca (၂၀၂၁ ၊ ဇွန်လ ၁၈ ရက်)
photo via screenrant

Pixar က ထွက်ရှိလာမယ့် Luca ကတော့ လျှို့ဝှက်ရေအောက်ကမ္ဘာထဲက ရေနေသတ္တဝါနှစ်ကောင်အကြောင်းကို စိတ်ကူးယဉ် ပုံဖော်ထားတာ မြင်တွေ့ရမှာပါ။ အဲ့ဒီရေနေသတ္တဝါနှစ်ကောင်ကတော့ ရေထဲကနေ ထွက်လာရင် လူအဖြစ်ပုံစံ ပြောင်းလဲသွားပါတယ်။ အစကတည်းက ဒီရုပ်ရှင်ရဲ့ ရုံတင်ရက်ဟာ ၂၀၂၁ ခုနှစ် ဇွန်လ (၁၈)ရက် ဖြစ်ပြီး ထွက်ရှိလာမယ့်ရက်ကို အခုချိန်ထိ မပြောင်းလဲခဲ့ပါဘူး။ ဒါပေမယ့်လည်း လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါပိုးကြောင့် Disney ဟာ ဒီဇာတ်ကားကို ရုံမတင်တော့ဘဲ Disney+ မှာပဲ ပြသသွားဖို့ ဆုံးဖြတ်ထားပါတယ်။

(2) Ron’s Gone Wrong (၂၀၂၁ ၊ အောက်တိုဘာ ၂၂ ရက်)
photo via screenrant

ဒီ animation ရုပ်ရှင်ကတော့ Locksmith Animation ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ နဂိုကတော့ Locksmith Animation ဟာ ဖြန့်ချိရေးအတွက် 20th Century Fox နဲ့ နှစ်ရှည်စာချုပ် ချုပ်ဆိုခဲ့တာပါ။ သို့ပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ Disney က 20th Century Fox ကို ဝယ်ယူလိုက်တာကြောင့် Ron’s Gone Wrong ဟာ Disney လက်အောက်ကို ရောက်သွားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ Barney လို့ခေါ်တဲ့ ရှက်ကြောက်တတ်တဲ့ အလယ်တန်းကျောင်းသားလေးနဲ့ Ron လို့ခေါ်တဲ့ စက်ရုပ်လေးတစ်ရုပ်အကြောင်းကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆိုရှယ်မီဒီယာခေတ်ကို ပြသသွားမှာ ဖြစ်ပြီး လူမှုဆက်ဆံရေးတွေအပေါ်မှာ ဆိုရှယ်မီဒီယာတွေက ဘယ်လိုသက်ရောက်မှု ရှိနေလည်း ဆိုတာကိုပါ မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ရဲ့ မူလရုံတင်ရက်ကတော့ ဖေဖော်ဝါရီလ (၂၆)ရက် ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် အောက်တိုဘာလ (၂၂)ရက်ကို ပြောင်းရွှေ့သွားပါတယ်။

(3) Encanto (၂၀၂၁ ၊ နိုဝင်ဘာ ၂၄ ရက်)
photo via screenrant

ဒီဇာတ်ကားကတော့ မယုံနိုင်စရာ ကောင်းလောက်အောင် လှပတဲ့ Colombia တောင်တန်းတွေမှာ ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Mirabel Madrigal လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့ မိသားစုထဲမှာ သူတစ်ယောက်တည်း မှော်စွမ်းအား မရှိတာကြောင့် စိတ်ပျက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Colombia ရဲ့ ယဉ်ကျေးမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရုံတင်ရက်ကတော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၄)ရက် ဖြစ်ပါတယ်။

(4) Turning Red (၂၀၂၂ ၊ မတ်လ ၁၁ ရက်)
photo via screenrant

ဒီဇာတ်ကားကလည်း Pixar က ဖန်တီးထားတာ ဖြစ်ပြီး Mei Lee လို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Mei Lee ကတော့ ထူးခြားစွာပဲ စိတ်လှုပ်ရှားလာတဲ့ အချိန်တိုင်းမှာ ကြီးမားတဲ့ အနီရောင်ပန်ဒါအဖြစ်သို့ ပြောင်းလဲသွားနိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီဇာတ်ကားဟာ Pixar ရဲ့ (၂၅)နှစ်ပြည့်မှာ ထွက်ရှိလာမှာဖြစ်ပြီး ရက်အတိအကျဆိုရင်တော့ ၂၀၂၂ ခုနှစ် မတ်လ (၁၁)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(5) Lightyear (၂၀၂၂ ၊ ဇွန်လ ၁၇ ရက်)
photo via screenrant

Toy Story franchise ဟာ လက်ရှိအချိန်အထိ လေးကား ထွက်ရှိထားပြီး ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Woody ဟာ သူ့ရဲ့ ကိုယ်ပိုင်စွန့်စားခန်းကို ရှာဖွေဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့ ခွဲခွာသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် အသစ်ထွက်ရှိလာမယ့် ဇာတ်လမ်းထဲမှာတော့ Woody ရဲ့ တကိုယ်တော် စွန့်စားခန်းတွေ၊ Buzz အပါအဝင် တခြားအရုပ်တွေက Woody မရှိဘဲ ဘယ်လိုနေထိုင်ကြမလည်းဆိုတာတွေကို ပြသမှာ မဟုတ်ဘဲ ဇာတ်ကားရဲ့ နာမည်အတိုင်း တကယ့် အာကာသယာဉ်မှူးဖြစ်တဲ့ Buzz အကြောင်းကိုပဲ ပြသသွားမှာ ဖြစ်ပါတယ်။ Lightyear ထဲမှာတော့ Buzz နေရာမှာ Chris Evans က အသံသရုပ်ဆောင်သွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ(၁၇)ရက်မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(6) Night At The Museum: Kahmunrah Rises Again
photo via screenrant

20th Century Fox ရဲ့ Night At The Museum ဟာ ဒီတစ်ခါမှာတော့ live action မဟုတ်တော့ဘဲ CGI-animated movie အဖြစ်နဲ့ ဆက်လက် ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Larry Daley ရဲ့ သားဖြစ်သူဟာ သူ့အဖေလိုပဲ ပြတိုက်မှာ ညစောင့်အနေနဲ့ အလုပ်လုပ်နေတာကို မြင်တွေ့ရမှာပါ။ ဒီကားကိုတော့ ၂၀၂၁ နှစ်ကုန်ပိုင်း သို့မဟုတ်၊ ၂၀၂၂ နှစ်ဦးပိုင်းလောက်မှာ Disney+ က ပြသသွားမယ်လို့ ယူဆထားပါတယ်။ ထွက်ရှိလာမယ့် ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။

(7) Diary of a Wimpy Kid
photo via screenrant

ဒီဇာတ်လမ်းဟာ စာအုပ်တုန်းက အောင်မြင်ခဲ့ပေမယ့်လည်း ယခင်က ထွက်ရှိခဲ့ပြီးတဲ့ Live Action လေးကားထဲမှာတော့ မူလဇာတ်လမ်းကို သေချာစွာ ပုံမဖော်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ 20th Century Fox ဟာ ဒီဇာတ်လမ်းကို animation အနေနဲ့ ဖန်တီးချင်ခဲ့တာ ဖြစ်ပါတယ်။ Disney က 20th Century Fox ကို ဝယ်လိုက်တဲ့အချိန်မှာတော့ ဒီပရောဂျက်ဟာ အတည်ပြုသွားပြီး မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ရုံတင်ရက် အတိအကျကိုတော့ မသိရသေးပါဘူး။

(8) တခြား animated movie များ
photo via screenrant

Fox ဟာ Bob’s Burgers: The Movie ကို ထုတ်လုပ်ဖို့အတွက် ၂၀၁၇ခုနှစ်ကတည်းက ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ မူလတုန်းကတော့ ဒီကားအတွက် ရုံတင်ရက်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ(၁၇)ရက်လို့ သတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ၂၀၂၁ ခုနှစ် ဧပြီလ(၉)ရက်ကို ပြောင်းလဲသွားပါတယ်။ သို့ပေမယ့်လည်း ထုတ်လုပ်ရေးအပိုင်းမှာ ကိုဗစ်ကြောင့် အသံသရုပ်ဆောင်တွေ မပြီးစီးသေးတာကြောင့် လောလောဆယ်မှာတော့ ဒီဇာတ်ကားကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားပါတယ်။

ဒါ့အပြင် Disney ဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၂၃)ရက် ၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နဲ့ ၂၀၂၃ ခုနှစ် ဇွန်လ(၁၆)ရက်တွေမှာလည်း တခြားရုပ်ရှင်တွေ ထွက်ရှိလာဖို့ ရှိပါသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီနေ့ရက်တွေမှာ ထွက်ရှိလာမယ့် ရုပ်ရှင်တွေဟာ ဘယ်ဇာတ်ကားတွေလည်းဆိုတာကိုတော့ မကြေညာသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Disney ဟာ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ေတြနဲ႔ animation movie ေတြကို ႏွစ္ေပါင္းမ်ားစြာ ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ Disney ဟာ 20th Century Fox နဲ႔ Lucasfilm တို႔လို စတူဒီယိုေတြကိုပါ ဝယ္ယူထားႏိုင္တဲ့အျပင္ Sony နဲ႔ ေရးထိုးထားတဲ့ သေဘာတူညီမႈေတြေၾကာင့္ Disney ရဲ႕ ေအာင္ျမင္မႈေတြဟာ ရပ္တန႔္လို႔ မရႏိုင္ေတာ့ပါဘူး။

သူ႔ရဲ႕ေအာင္ျမင္တဲ့ ေျခလွမ္းေတြေၾကာင့္လည္း ႐ုပ္ရွင္သမိုင္းမွာ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ေတြ ျဖစ္ၾကတဲ့ Star Wars ၊ Marvel Cinematic Universe နဲ႔ Avatar တို႔ကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ Pixar ရဲ႕ နာမည္ႀကီး franchise ေတြ ျဖစ္တဲ့ Toy Story နဲ႔ Frozen တို႔လို ႐ုပ္ရွင္ေတြဟာလည္း Disney အတြက္ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ျဖစ္ခဲ့သလို Coco နဲ႔ Soul တို႔လို original animation ႐ုပ္ရွင္ေတြကိုလည္း ထုတ္လုပ္ႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ  ၂၀၂၁ ခုႏွစ္နဲ႔ ၂၀၂၂ ခုႏွစ္အတြင္းမွာ ထြက္ရွိလာမယ့္ Disney ရဲ႕ animation ႐ုပ္ရွင္အသစ္ေတြကို ေဖာ္ျပေပးလိုက္ရပါတယ္။

(1) Luca (၂၀၂၁ ၊ ဇြန္လ ၁၈ ရက္)
photo via screenrant

Pixar က ထြက္ရွိလာမယ့္ Luca ကေတာ့ လွ်ိဳ႕ဝွက္ေရေအာက္ကမာၻထဲက ေရေနသတၱဝါႏွစ္ေကာင္အေၾကာင္းကို စိတ္ကူးယဥ္ ပုံေဖာ္ထားတာ ျမင္ေတြ႕ရမွာပါ။ အဲ့ဒီေရေနသတၱဝါႏွစ္ေကာင္ကေတာ့ ေရထဲကေန ထြက္လာရင္ လူအျဖစ္ပုံစံ ေျပာင္းလဲသြားပါတယ္။ အစကတည္းက ဒီ႐ုပ္ရွင္ရဲ႕ ႐ုံတင္ရက္ဟာ ၂၀၂၁ ခုႏွစ္ ဇြန္လ (၁၈)ရက္ ျဖစ္ၿပီး ထြက္ရွိလာမယ့္ရက္ကို အခုခ်ိန္ထိ မေျပာင္းလဲခဲ့ပါဘူး။ ဒါေပမယ့္လည္း လက္ရွိမွာ ျဖစ္ေပၚေနတဲ့ ကိုဗစ္ေရာဂါပိုးေၾကာင့္ Disney ဟာ ဒီဇာတ္ကားကို ႐ုံမတင္ေတာ့ဘဲ Disney+ မွာပဲ ျပသသြားဖို႔ ဆုံးျဖတ္ထားပါတယ္။

(2) Ron’s Gone Wrong (၂၀၂၁ ၊ ေအာက္တိုဘာ ၂၂ ရက္)
photo via screenrant

ဒီ animation ႐ုပ္ရွင္ကေတာ့ Locksmith Animation ကေန ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ နဂိုကေတာ့ Locksmith Animation ဟာ ျဖန႔္ခ်ိေရးအတြက္ 20th Century Fox နဲ႔ ႏွစ္ရွည္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။ သို႔ေပမယ့္ ၂၀၁၉ ခုႏွစ္မွာေတာ့ Disney က 20th Century Fox ကို ဝယ္ယူလိုက္တာေၾကာင့္ Ron’s Gone Wrong ဟာ Disney လက္ေအာက္ကို ေရာက္သြားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားထဲမွာေတာ့ Barney လို႔ေခၚတဲ့ ရွက္ေၾကာက္တတ္တဲ့ အလယ္တန္းေက်ာင္းသားေလးနဲ႔ Ron လို႔ေခၚတဲ့ စက္႐ုပ္ေလးတစ္႐ုပ္အေၾကာင္းကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဆိုရွယ္မီဒီယာေခတ္ကို ျပသသြားမွာ ျဖစ္ၿပီး လူမႈဆက္ဆံေရးေတြအေပၚမွာ ဆိုရွယ္မီဒီယာေတြက ဘယ္လိုသက္ေရာက္မႈ ရွိေနလည္း ဆိုတာကိုပါ ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ရဲ႕ မူလ႐ုံတင္ရက္ကေတာ့ ေဖေဖာ္ဝါရီလ (၂၆)ရက္ ျဖစ္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ေအာက္တိုဘာလ (၂၂)ရက္ကို ေျပာင္းေ႐ႊ႕သြားပါတယ္။

(3) Encanto (၂၀၂၁ ၊ ႏိုဝင္ဘာ ၂၄ ရက္)
photo via screenrant

ဒီဇာတ္ကားကေတာ့ မယုံႏိုင္စရာ ေကာင္းေလာက္ေအာင္ လွပတဲ့ Colombia ေတာင္တန္းေတြမွာ ဇာတ္အိမ္တည္ထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Mirabel Madrigal လို႔ေခၚတဲ့ ေကာင္မေလးဟာ သူမရဲ႕ မိသားစုထဲမွာ သူတစ္ေယာက္တည္း ေမွာ္စြမ္းအား မရွိတာေၾကာင့္ စိတ္ပ်က္မႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Colombia ရဲ႕ ယဥ္ေက်းမႈေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ႐ုံတင္ရက္ကေတာ့ ၂၀၂၁ ခုႏွစ္ ႏိုဝင္ဘာလ (၂၄)ရက္ ျဖစ္ပါတယ္။

(4) Turning Red (၂၀၂၂ ၊ မတ္လ ၁၁ ရက္)
photo via screenrant

ဒီဇာတ္ကားကလည္း Pixar က ဖန္တီးထားတာ ျဖစ္ၿပီး Mei Lee လို႔ေခၚတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Mei Lee ကေတာ့ ထူးျခားစြာပဲ စိတ္လႈပ္ရွားလာတဲ့ အခ်ိန္တိုင္းမွာ ႀကီးမားတဲ့ အနီေရာင္ပန္ဒါအျဖစ္သို႔ ေျပာင္းလဲသြားႏိုင္စြမ္းကို ပိုင္ဆိုင္ထားပါတယ္။ ဒီဇာတ္ကားဟာ Pixar ရဲ႕ (၂၅)ႏွစ္ျပည့္မွာ ထြက္ရွိလာမွာျဖစ္ၿပီး ရက္အတိအက်ဆိုရင္ေတာ့ ၂၀၂၂ ခုႏွစ္ မတ္လ (၁%

RELATED ARTICLES

Most Popular