HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ ထွက်လာမယ့် Disney ရဲ့ Little Mermaid Live Action

၂၀၂၃ ခုနှစ်မှာ ထွက်လာမယ့် Disney ရဲ့ Little Mermaid Live Action

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Halle Bailey အဓိက ပါဝင်ထားတဲ့ Disney ရဲ့ Little Mermaid Live Action ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ Disney ဟာ သူတို့ရဲ့ Classic Animation တွေ ဖြစ်တဲ့ Cinderella ၊ The Jungle Book ၊ Beauty and the Beast ၊ Aladdin နဲ့ Lion King တို့ကို ပြီးခဲ့တဲ့နှစ်တွေတုန်းက Live Action အဖြစ် ဖန်တီးခဲ့ပါတယ်။ အခုချိန်မှာတော့ Disney ရဲ့ တရားဝင်ကြေညာချက်အရ ဆိုရင်တော့ ဒီရုပ်ရှင်ကားကလည်း နောက်(၂)နှစ်အတွင်းမှာ ထွက်ရှိလာမှာပါ။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Rob Marshall က ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Ariel နေရာမှာ Halle Bailey ၊ Eric နေရာမှာ Jonah Hauer-King ၊ King Triton နေရာမှာ Javier Bardem ၊ Ursula နေရာမှာ Melissa McCarthy တို့ ပါဝင်လာမှာ ဖြစ်ပြီး Flounder နေရာမှာတော့ Jacob Tremblay ၊ Scuttle နေရာမှာတော့ Awkwafina နဲ့ Sebastian နေရာမှာတော့ Daveed Diggs တို့က ပါဝင်အသံသရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Little Mermaid ရုပ်ရှင်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပေမယ့်လည်း ဘယ်အချိန်မှာ ထွက်လာမလည်း ဆိုတာကိုတော့ သိရပြီ ဖြစ်ပါတယ်။ အတိအကျ ပြောရရင်တော့ ဒီရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ် မေလ (၂၆) ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့ ထုံးစံအတိုင်း ဒီရုပ်ရှင်ဟာလည်း Musical အနေနဲ့ပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၉ ခုနှစ်မှာ ထွက်ခဲ့တဲ့ Little Mermaid Animation ရဲ့ ဇာတ်လမ်းအတိုင်း ရိုက်ကူးသွားမှာလား ဒါမှမဟုတ် ဘယ်လိုမျိူး ပြောင်းလဲသွားမလည်း ဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် Disney ဟာ လောလောဆယ်မှာ Scarlett Johansson ရဲ့ တရားစွဲဆိုမှုကြောင့် အသစ်ထွက်လာမယ့် ရုပ်ရှင်တွေကို Disney+ မှာ ထွက်ထွက်ချင်းမပြဘဲ ရုံတင်ပြီး (၄၅) ရက်ကြာမှသာ ပြသမယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ကတော့ (၂) နှစ်လောက် စောင့်ရဦးမှာ ဖြစ်တာကြောင့် ကြားထဲမှာ ပြောင်းလဲမှုတွေ ဖြစ်သွားနိုင်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Halle Bailey အဓိက ပါဝင္ထားတဲ့ Disney ရဲ႕ Little Mermaid Live Action ႐ုပ္ရွင္ဟာ ၂၀၂၃ ခုႏွစ္မွာ ထြက္ရွိလာမယ္လို႔ သိရပါတယ္။ Disney ဟာ သူတို႔ရဲ႕ Classic Animation ေတြ ျဖစ္တဲ့ Cinderella ၊ The Jungle Book ၊ Beauty and the Beast ၊ Aladdin နဲ႔ Lion King တို႔ကို ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက Live Action အျဖစ္ ဖန္တီးခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ Disney ရဲ႕ တရားဝင္ေၾကညာခ်က္အရ ဆိုရင္ေတာ့ ဒီ႐ုပ္ရွင္ကားကလည္း ေနာက္(၂)ႏွစ္အတြင္းမွာ ထြက္ရွိလာမွာပါ။

photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Rob Marshall က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Ariel ေနရာမွာ Halle Bailey ၊ Eric ေနရာမွာ Jonah Hauer-King ၊ King Triton ေနရာမွာ Javier Bardem ၊ Ursula ေနရာမွာ Melissa McCarthy တို႔ ပါဝင္လာမွာ ျဖစ္ၿပီး Flounder ေနရာမွာေတာ့ Jacob Tremblay ၊ Scuttle ေနရာမွာေတာ့ Awkwafina နဲ႔ Sebastian ေနရာမွာေတာ့ Daveed Diggs တို႔က ပါဝင္အသံသ႐ုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

Little Mermaid ႐ုပ္ရွင္နဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးေပမယ့္လည္း ဘယ္အခ်ိန္မွာ ထြက္လာမလည္း ဆိုတာကိုေတာ့ သိရၿပီ ျဖစ္ပါတယ္။ အတိအက် ေျပာရရင္ေတာ့ ဒီ႐ုပ္ရွင္ဟာ ၂၀၂၃ ခုႏွစ္ ေမလ (၂၆) ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Disney ရဲ႕ ထုံးစံအတိုင္း ဒီ႐ုပ္ရွင္ဟာလည္း Musical အေနနဲ႔ပဲ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၈၉ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Little Mermaid Animation ရဲ႕ ဇာတ္လမ္းအတိုင္း ႐ိုက္ကူးသြားမွာလား ဒါမွမဟုတ္ ဘယ္လိုမ်ိဴး ေျပာင္းလဲသြားမလည္း ဆိုတာကိုေတာ့ ေသခ်ာမသိရေသးပါဘူး။ ဒါ့အျပင္ Disney ဟာ ေလာေလာဆယ္မွာ Scarlett Johansson ရဲ႕ တရားစြဲဆိုမႈေၾကာင့္ အသစ္ထြက္လာမယ့္ ႐ုပ္ရွင္ေတြကို Disney+ မွာ ထြက္ထြက္ခ်င္းမျပဘဲ ႐ုံတင္ၿပီး (၄၅) ရက္ၾကာမွသာ ျပသမယ္လို႔ ေၾကညာထားပါတယ္။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ကေတာ့ (၂) ႏွစ္ေလာက္ ေစာင့္ရဦးမွာ ျဖစ္တာေၾကာင့္ ၾကားထဲမွာ ေျပာင္းလဲမႈေတြ ျဖစ္သြားႏိုင္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular