HomeCelebs Update NewsInternationalကလေးအဖေ ဖြစ်ချင်တယ်လို့ ပြောလာတဲ့ Tom Holland

ကလေးအဖေ ဖြစ်ချင်တယ်လို့ ပြောလာတဲ့ Tom Holland

Tom Holland ကတော့ Zendaya နဲ့ အချစ်ရေးက ဇာတ်ရှိန်မြင့်လာတဲ့အချိန်မှာပဲ နောက်ငါးနှစ်လောက်မှာ ကလေးအဖေဖြစ်ချင်တယ်လို့ ပြောလာပါတယ်။

အသက်(၂၅)နှစ်အရွယ် Tom Holland ကတော့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ The Hollywood Reporter သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

“အသက် (၁၁)နှစ်သားလောက်တည်းက ကျွန်တော်က သရုပ်ဆောင် ဖြစ်နေတာလေ။ အဲဒါကလွဲပြီး တခြားဟာ ဘာမှမလုပ်ရသေးဘူး။ ကျွန်တော်က သရုပ်ဆောင်တစ်ယောက် မဖြစ်ချင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် လက်သမားဆိုင်တစ်ဆိုင်လောက် ဖွင့်ပြီး ကလေးအဖေလည်း ဖြစ်ရင်ဖြစ်နေမယ်ဗျာ။ မသိတော့ဘူး … ”

Photo: tomholland2013/ Instagram

“ရှေ့လာမယ့် ငါးနှစ်လောက်ကိုတော့ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းထက် ကျွန်တော့်ရဲ့ အနာဂတ်အကြောင်းကို ပိုတွေးပြီး ဖြတ်သန်းချင်တယ်ဗျာ … ” လို့ Tom က သူ့ရဲ့ ရှေ့လာမယ့် အနာဂတ်မှာ နေထိုင်ချင်တဲ့ ဘဝပုံစံကို ပြောထားပါတယ်။

ဆက်လက်ပြီး Tom ဟာ သူ့အနေနဲ့ သရုပ်ဆောင်လောကမှာ အခုလိုနေရာကို ရောက်ရှိနေတဲ့အတွက်လည်း သူ့ကိုယ်သူ ကံကောင်းတယ်လို့ ယူဆပြီး နားချင်တဲ့အချိန်မှာ နားလို့ရတဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားတာကိုလည်း ကံထူးတယ်လို့ မှတ်ယူထားကြောင်း ဆိုပါတယ်။

“အဲဒါကြောင့် လာမယ့် ငါးနှစ်လောက်ဆိုရင်တော့ ကျွန်တော့ရဲ့ career က ဘယ်လိုဖြစ်နေရမယ်ဆိုတာထက် ကျွန်တော့်ရဲ့ အနာဂတ်ဘဝမှာ ဘာလိုချင်တယ်ဆိုတာကို အဓိကထားမှာပါ … ” လို့ Tom က သူ့ရဲ့အနာဂတ်ဘဝအကြောင်းကို ပြောထားပါတယ်။

Photo: tomholland2013/ Instagram

ဒါ့အပြင် Spider-Man universe နဲ့ ပတ်သက်ပြီး သူ့ရဲ့ ရှေ့အနာဂတ်အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

“ထုံးစံအတိုင်းပဲ သူတို့ဘက်က ဘာတွေနဲ့လာမယ်ဆိုတာကို ကျွန်တော်ကတော့ အမြဲတမ်း စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ကိုတော့ အဝေးကြီးထိ မှန်းလို့မရတာမျိုးလည်း ဖြစ်နိုင်တယ်ဗျ။ ဒီရုပ်ရှင်က Spider-Man ရဲ့ လက်ရှိအခန်းကဏ္ဍအတွက် ပြီးပြည့်စုံတဲ့ ဇာတ်လမ်းအဆုံးသတ်လည်း ဖြစ်ရင်ဖြစ်နေနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့်အနေနဲ့ ဒီနေရာက ဖယ်ပေးဖို့ အချိန်တန်လာပြီး အခြားတစ်ယောက် ဝင်ရောက်လာဖို့ ဖြစ်လာရင်လည်း ကျွန်တော့်ဘက်က ဂုဏ်ယူစွာနဲ့ ဖယ်ပေးသွားမှာပါ … ” လို့ ဆိုထားပါတယ်။

Photo: tomholland2013/ Instagram

Tom ဟာ အချစ်ရေးမှာတော့ Zendaya နဲ့ လူသိရှင်ကြား တွဲလာတာ လေးလခန့် ကြာမြင့်ပြီးနောက်မှာတော့ GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ သူတို့ရဲ့ အချစ်ရေးအကြောင်းကို ဖွင့်ဟထားပါသေးတယ်။

“ကျွန်တော်တို့ရဲ့ ကျော်ကြားမှုနဲ့ ပတ်သက်တဲ့ ဆိုးကျိုးတစ်ခုကတော့ privacy ဆိုတာ ကျွန်တော်တို့ရဲ့ လက်ထဲမှာ လုံးဝမရှိတော့တာပါပဲ။ လူနှစ်ယောက်က သူတို့ကြားမှာ ဘယ်လောက် ချစ်မြတ်နိုးကြတယ်ဆိုတဲ့ အခိုက်အတန့်လေးတောင် သူတို့နှစ်ယောက်တည်းအတွက် မဟုတ်တော့ဘူး။ တစ်ကမ္ဘာလုံးနဲ့ ဝေမျှနေရတာမျိုးပေါ့ဗျာ … ” လို့ ဆိုထားပါတယ်။

Photo: tomholland2013/ Instagram

Tom နဲ့ Zendaya ဟာ သူတို့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး သိုသိုသိပ်သိပ် နေထိုင်ကြပေမယ့် ဇူလိုင်လဆန်းပိုင်းမှာ နှစ်ယောက်သား အကြင်နာပေးနေတာကို တွေ့ရပြီးတည်းက သူတို့အကြောင်းကို ပိုပြီးတော့ ပြောပြလာကြပါတယ်။ ကော်ဇောနီအခမ်းအနားတွေမှာလည်း အတူတူ တွဲပြီး ပွဲတက်လာတာ တွေ့ရကာ ဟောလိဝုဒ်ရဲ့ အသစ်စက်စက်  power couple အဖြစ် ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက် ရရှိနေပါတယ်။

Glasgow

Source: hollywoodlife

 

RELATED ARTICLES

Most Popular