HomeCelebs Update NewsInternationalပတ်စပို့တ်အတုကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ထိန်းသိမ်းခံထားရတဲ့ ရော်နယ်ဒင်ဟို

ပတ်စပို့တ်အတုကိုင်ဆောင်မှုကြောင့် ပါရာဂွေးမှာ ထိန်းသိမ်းခံထားရတဲ့ ရော်နယ်ဒင်ဟို

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘရာဇီးလ်ဘောလုံးကစားသမားဟောင်း ရော်နယ်ဒင်ဟိုဟာ နိုင်ငံတွင်းကို ပတ်စပို့တ်အတုနဲ့ ဝင်ရောက်လာတယ်ဆိုပြီး ပါရာဂွေးနိုင်ငံမှာ ထိန်းသိမ်းခံထားရပါတယ်။

သတင်းဌာနများတွင် ဖော်ပြထားချက်အရ Asuncion မြို့ရှိ ဟိုတယ်တစ်ခုကို ရဲတစ်ယောက်က အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးချိန်မှာ ရော်နယ်ဒင်ဟိုတို့ညီအစ်ကိုနှစ်ယောက်ကိုပါ တွေ့ပြီး စစ်ဆေးမေးမြန်းခံရရာကနေ ပတ်စပို့တ်အတုကိစ္စ ပေါ်သွားတာလို့ သိရပါတယ်။

Photo: football tweet/ Twitter

ရော်နယ်ဒင်ဟိုဟာ ဟိုတယ်ကနေ ထွက်ခွာခွင့် ပိတ်ခံထားရပြီး စစ်ဆေးမေးမြန်းမှုတေွ ပြီးဆုံးတဲ့အထိ ဟိုတယ်မှာပဲ နေရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပါရာဂွေးနိုင်ငံသားပတ်စပို့တ်မှာ Ronaldinho de Assis Moreira လို့ နာမည်ပေးထားပြီး ယခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပေးထားတဲ့ပုံစံ တွေ့ရပါတယ်။ ဒါ့အပြင် ပတ်စပို့တ်ထဲမှာ ဘရာဇီးလ်နိုင်ငံသားဖြစ်ပေမယ့် ပါရာဂွေးနိုင်ငံသား ခံယူထားသူတစ်ဦးလို့ သူ့ကိုယ်သူ ဖော်ပြထားပါတယ်။

ဒင်ဟိုဟာ အခွန်မပေးဆောင်တဲ့အတွက် သူ့ရဲ့ဘရာဇီးလ်နိုင်ငံသား ပတ်စပို့တ်ရော၊ စပိန်နိုင်ငံသား ပတ်စပို့တ်နှစ်ခုစလုံးကိုပါ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဇူလိုင်လတုန်းက သိမ်းဆည်းခံခဲ့ရပါတယ်။

“ရော်နယ်ဒင်ဟိုဟာ ကြာသပတေးနေ့ မနက်(၈)နာရီ အစိုးရရှေ့နေရုံးမှာ ကြားနာစစ်ဆေးခံရမှာပါ” လို့ ဝန်ကြီး Euclides Acevedo က AFP သတင်းဌာနကို ပြောကြားထားပါတယ်။

Photo: football tweet/ Twitter

ပါရာဂွေးနိုင်ငံက ပြည်နယ်တရားစွဲဆိုမှုဆိုင်ရာဌာနကတော့ လက်ရှိမှာ စာရွက်စာတမ်းတွေရဲ့ စစ်မှန်မှုကို စစ်ဆေးဖော်ထုတ်နေပြီး ပတ်စပို့တ်နှစ်ခု၊ နိုင်ငံသား ID စာရွက်စာတမ်းတစ်ခုနဲ့ မိုဘိုင်းလ်ဖုန်းတွေကို သက်ဆိုင်ရာက သိမ်းဆည်းထားတယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ စာအုပ်တစ်အုပ်ကို ပရိုမိုးရှင်းဆင်းဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ပြုလုပ်ပေးထားတဲ့ လှုပ်ရှားမှုတစ်ခုမှာ ပါဝင်ကူညီပေးဖို့ ပါရာဂွေးနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒါဟာ ပါရာဂွေးအခြေစိုက် ဖောင်ဒေးရှင်းတစ်ခုက ဆက်သွယ်လာမှုကြောင့် ပါဝင်ဖြစ်ခဲ့တာဖြစ်ပြီး အချို့သော ပရဟိတပွဲအချို့မှာလည်း ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်းတွေထွက်လာပြီး နောက်ပိုင်းမှာတော့ ဒင်ဟိုတို့ညီအစ်ကိုနှစ်ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ မဟုတ်ဘဲ စစ်ဆေးမေးမြန်းခြင်းကို ခံနေရရုံသာဖြစ်ပါတယ်လို့ ပါရာဂွေးနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးက ESPN သတင်းဌာနကို ပြောကြားထားပါတယ်။

Xei

(Zawgyi Version)

နာမည္ေက်ာ္ ဘရာဇီးလ္ေဘာလုံးကစားသမားေဟာင္း ေရာ္နယ္ဒင္ဟိုဟာ ႏိုင္ငံတြင္းကို ပတ္စပို႔တ္အတုနဲ႔ ဝင္ေရာက္လာတယ္ဆိုၿပီး ပါရာေဂြးႏိုင္ငံမွာ ထိန္းသိမ္းခံထားရပါတယ္။

သတင္းဌာနမ်ားတြင္ ေဖာ္ျပထားခ်က္အရ Asuncion ၿမိဳ႕ရွိ ဟိုတယ္တစ္ခုကို ရဲတစ္ေယာက္က အလစ္အငိုက္ ဝင္ေရာက္ဖမ္းဆီးခ်ိန္မွာ ေရာ္နယ္ဒင္ဟိုတို႔ညီအစ္ကိုႏွစ္ေယာက္ကိုပါ ေတြ႕ၿပီး စစ္ေဆးေမးျမန္းခံရရာကေန ပတ္စပို႔တ္အတုကိစၥ ေပၚသြားတာလို႔ သိရပါတယ္။

Photo: football tweet/ Twitter

ေရာ္နယ္ဒင္ဟိုဟာ ဟိုတယ္ကေန ထြက္ခြာခြင့္ ပိတ္ခံထားရၿပီး စစ္ေဆးေမးျမန္းမႈေတြ ၿပီးဆုံးတဲ့အထိ ဟိုတယ္မွာပဲ ေနရမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ပါရာေဂြးႏိုင္ငံသားပတ္စပို႔တ္မွာ Ronaldinho de Assis Moreira လို႔ နာမည္ေပးထားၿပီး ယခုႏွစ္ ဇန္နဝါရီလ(၇)ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ေပးထားတဲ့ပုံစံ ေတြ႕ရပါတယ္။ ဒါ့အျပင္ ပတ္စပို႔တ္ထဲမွာ ဘရာဇီးလ္ႏိုင္ငံသားျဖစ္ေပမယ့္ ပါရာေဂြးႏိုင္ငံသား ခံယူထားသူတစ္ဦးလို႔ သူ႔ကိုယ္သူ ေဖာ္ျပထားပါတယ္။

ဒင္ဟိုဟာ အခြန္မေပးေဆာင္တဲ့အတြက္ သူ႔ရဲ႕ဘရာဇီးလ္ႏိုင္ငံသား ပတ္စပို႔တ္ေရာ၊ စပိန္ႏိုင္ငံသား ပတ္စပို႔တ္ႏွစ္ခုစလုံးကိုပါ ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္ ဇူလိုင္လတုန္းက သိမ္းဆည္းခံခဲ့ရပါတယ္။

“ေရာ္နယ္ဒင္ဟိုဟာ ၾကာသပေတးေန႔ မနက္(၈)နာရီ အစိုးရေရွ႕ေန႐ုံးမွာ ၾကားနာစစ္ေဆးခံရမွာပါ” လို႔ ဝန္ႀကီး Euclides Acevedo က AFP သတင္းဌာနကို ေျပာၾကားထားပါတယ္။

Photo: football tweet/ Twitter

ပါရာေဂြးႏိုင္ငံက ျပည္နယ္တရားစြဲဆိုမႈဆိုင္ရာဌာနကေတာ့ လက္ရွိမွာ စာ႐ြက္စာတမ္းေတြရဲ႕ စစ္မွန္မႈကို စစ္ေဆးေဖာ္ထုတ္ေနၿပီး ပတ္စပို႔တ္ႏွစ္ခု၊ ႏိုင္ငံသား ID စာ႐ြက္စာတမ္းတစ္ခုနဲ႔ မိုဘိုင္းလ္ဖုန္းေတြကို သက္ဆိုင္ရာက သိမ္းဆည္းထားတယ္လို႔ ေၾကျငာခ်က္မွာ ေဖာ္ျပထားပါတယ္။

အသက္(၃၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒင္ဟိုဟာ စာအုပ္တစ္အုပ္ကို ပ႐ိုမိုးရွင္းဆင္းဖို႔နဲ႔ ဆင္းရဲႏြမ္းပါးတဲ့ ကေလးငယ္ေတြအတြက္ ရည္႐ြယ္ျပဳလုပ္ေပးထားတဲ့ လႈပ္ရွားမႈတစ္ခုမွာ ပါဝင္ကူညီေပးဖို႔ ပါရာေဂြးႏိုင္ငံကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ဒါဟာ ပါရာေဂြးအေျခစိုက္ ေဖာင္ေဒးရွင္းတစ္ခုက ဆက္သြယ္လာမႈေၾကာင့္ ပါဝင္ျဖစ္ခဲ့တာျဖစ္ၿပီး အခ်ိဳ႕ေသာ ပရဟိတပြဲအခ်ိဳ႕မွာလည္း ပါဝင္ဖို႔ ကမ္းလွမ္းခံခဲ့ရတာ ျဖစ္ပါတယ္။

သတင္းေတြထြက္လာၿပီး ေနာက္ပိုင္းမွာေတာ့ ဒင္ဟိုတို႔ညီအစ္ကိုႏွစ္ေယာက္ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရတာ မဟုတ္ဘဲ စစ္ေဆးေမးျမန္းျခင္းကို ခံေနရ႐ုံသာျဖစ္ပါတယ္လို႔ ပါရာေဂြးႏိုင္ငံရဲ႕ ျပည္ထဲေရးဝန္ႀကီးက ESPN သတင္းဌာနကို ေျပာၾကားထားပါတယ္။

Xei

RELATED ARTICLES

Most Popular