HomeEntertainmentFilmMaya Hawke နဲ့ Camila Mandes တို့ရဲ့ Netflix ရုပ်ရှင်သစ် Do Revenge

Maya Hawke နဲ့ Camila Mandes တို့ရဲ့ Netflix ရုပ်ရှင်သစ် Do Revenge

Do Revenge ရုပ်ရှင်ကတော့ Netflix က ထုတ်လုပ်သွားမယ့် ဟာသကားတစ်ကားပဲ ဖြစ်ပြီး တက်သစ်စ သရုပ်ဆောင်တွေ ဖြစ်တဲ့ Maya Hawke နဲ့ Camila Mendes တို့ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးကတော့ သူတို့သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာတာ ဖြစ်ပါတယ်။ Maya Hawke ကတော့ Stranger Things ထဲမှာ Robin အနေနဲ့ ပါဝင်ခဲ့ပြီး Camila Mendes ကတော့ Riverdale ထဲမှာ Veronica အနေနဲ့ ပါဝင်ထားပါတယ်။

မကြာသေးခင်ကပဲ Netflix ဟာ ဒီရုပ်ရှင်အတွက် ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Maya နဲ့ Camila တို့ရဲ့ ဇာတ်ကောင်တွေဟာ သူတို့အပေါ်မှာ မကောင်းပြုလုပ်ခဲ့သူတွေကို ပြန်လည်လက်စားချေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Camila ကတော့ Drea နေရာမှာ ပါဝင်ထားပြီး မိန်းကလေးတွေကို နှိမ့်ချဆက်ဆံတတ်တဲ့ သူမရဲ့ရည်းစားဟောင်းနဲ့ ပြန်တွဲချင်နေသူ ဖြစ်ပါတယ်။ Maya ကတော့ Eleanor နေရာမှာ ပါဝင်ထားပြီး သူမရဲ့ အတင်းကို လျှောက်ပြောထားတဲ့ Carissa Jones ဆိုတဲ့ ကျောင်းသူတစ်ယောက်ကို လက်စားချေချင်နေသူ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ထွက်ရှိလာမယ် ဆိုတာကိုတော့ ၂၀၂၀ ခုနှစ်တုန်းက ကြေညာခဲ့တာ ဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ Strangers လို့ နာမည်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Jennifer Kaytin Robinson က ရိုက်ကူးထားတာ ဖြစ်ပြီး Maya Hawke နဲ့ Camila Mendes တို့အပြင် Sophie Turner ၊ Maia Reficco နဲ့ Austin Brams တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင်ကတော့ Classic Highschool Drama ပုံစံမျိူး မြင်တွေ့ရမှာ ဖြစ်ပြီး ဟာသတွေလည်း ရောစပ်ထားတာကြောင့် ပျင်းရမှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် အဓိကသရုပ်ဆောင် နှစ်ယောက်လုံးကလည်း နာမည်ကြီးဇာတ်လမ်းတွဲ နှစ်ခုက လာတာကြောင့် ဒီရုပ်ရှင်ဟာလည်း ပရိသတ်တွေကြားမှာ ခေတ်စားမယ့် Teen Film တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် စက်တင်ဘာလ (၁၆)ရက်နေ့မှာ Netflix ကနေ ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular