HomeEntertainmentFilmDoc Ock ရဲ့ လက်တံတွေက Stark နည်းပညာနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ Fan Theory

Doc Ock ရဲ့ လက်တံတွေက Stark နည်းပညာနဲ့ ပြုလုပ်ထားတယ်ဆိုတဲ့ Fan Theory

Spider-Man: No Way Home ထဲမှာတော့ Doc Ock ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး သူ့ရဲ့ အထင်ကရလက်နက် ဖြစ်တဲ့ လက်တံတွေကတော့ Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲကလို မဟုတ်တော့ဘဲ ပိုပြီးအဆင့်မြင့်နေတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့်ပဲ ပရိတ်သတ်တွေကြားထဲမှာတော့ Doc Ock ရဲ့ လက်တံတွေဟာ Stark နည်းပညာနဲ့ ပြုလုပ်ထားတယ်လို့ သီအိုရီထွက်နေပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီသီအိုရီကို ဖော်ပြပေးလိုက်ပါတယ်။

Doc Ock ဟာ Tobey Maguire ရဲ့ Spider-Man 2 ထဲမှာ စတင်ပါဝင်လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ A.I နည်းပညာနဲ့ ပူးပေါင်းဖန်တီးထားတဲ့ လက်တံတွေကို သရုပ်ပြခဲ့ချိန်မှာ အလွဲအချော်တွေ ဖြစ်ကာ နောက်ပိုင်းမှာတော့ နျူကလီးယား သိပ္ပံပညာရှင်ကနေ ဗီလိန် ဖြစ်လာပါတယ်။ အဲဒီရုပ်ရှင်ထဲမှာတော့ Doc Ock ဟာ ဒီလက်တံတွေကို သူကိုယ်တိုင် ဖန်တီးထားတာ ဖြစ်ပေမယ့်လည်း ယခုထွက်ရှိလာတဲ့ No Way Home ထွေလာထဲမှာတော့ သူ့ရဲ့လက်တံတွေဟာ ပိုပြီး အဆင့်မြင့်နေတာ တွေ့ရပါတယ်။

photo via screenrant

Spider-Man 2 ထဲမှာတော့ သူ့ရဲ့ လက်တံတွေဟာ ငွေရောင်တွေပဲ ဖြစ်ပေမယ့် No Way Home ထဲမှာတော့ အနီရောင်နဲ့ ရွှေရောင်တွေ ပါဝင်နေပါတယ်။ ဒီအချက်ကိုတော့ MCU ပရိသတ်တွေ ရင်းနှီးနေမယ်လို့ ထင်ပါတယ်။ Tony Stark ကလည်း သူ့ရဲ့ ဝတ်စုံအပါအဝင် Spider-Man ဝတ်စုံကိုပါ အနီရောင်နဲ့ ရွှေရောင်တွေ ပေါင်းစပ်ပြီး ဖန်တီးပေးခဲ့တာပါ။ ဒီအချက်တွေကြောင့်လည်း Doc Ock ရဲ့ လက်တံတွေက Stark နည်းပညာနဲ့ ပြုလုပ်ထားတယ်ဆိုပြီး သီအိုရီ ထွက်ပေါ်လာတာပါ။

No Way Home ထဲက Doc Ock ရဲ့ အကြောင်းတွေကိုတော့ သေချာမသိရသေးပါဘူး။ ဥပမာပြောရရင် Doc Ock ဟာ Tobey Maguire ရဲ့ Spider-Man ရုပ်ရှင်ထဲမှာ သေဆုံးသွားပေမယ့် အခုချိန်မှာ ဘယ်လိုအသက်ရှင်နေလည်း ဆိုတာမျိူး ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘယ် Universe က ရောက်လာတယ် ဆိုတာကိုလည်း မသိရသေးပါဘူး။ What If…? ဇာတ်လမ်းတွဲထဲမှာ Infinity Ultron ပြောသွားသလိုပဲ Multiverse ထဲမှာ ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။

photo via screenrant

Tony Stark ကတော့ Endgame ထဲမှာ သေဆုံးသွားပေမယ့်လည်း Spider-Man: Far From Home အထိတောင် သူ့ရဲ့အငွေ့အသက်တွေ ကျန်ရစ်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့ ပရိသတ်တွေ သိထားတဲ့ Iron Man ဟာ သေဆုံးသွားပြီ ဖြစ်ပေမယ့်လည်း တခြား Universe တွေမှာ နောက်ထပ် Tony Stark တွေ ရှိနေပါသေးတယ်။ ဒါ့အပြင် MCU ရဲ့ Multiverse အကြောင်းကိုလည်း သေချာမသိရသေးတာကြောင့် ဒီအချက်ဟာ ဖြစ်နိုင်ချေ ရှိတယ်လို့ ယူဆနိုင်ပါတယ်။

ဒါကြောင့်ပဲ တခြား Universe တစ်ခုမှာတော့ Tony ဟာ Doc Ock နဲ့အတူ အလုပ်တွဲလုပ်ခဲ့ပြီး သူ့ရဲ့ လက်တံတွေကို ဖန်တီးတဲ့အချိန်မှာ ကူညီပေးခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ အဲ့ဒီ Universe ထဲမှာတော့ Doc Ock ဟာ ဗီလိန် မဖြစ်သွားခင်မှာ Tony နဲ့ အလုပ်တွဲလုပ်ခဲ့တာ ဖြစ်နိုင်သလို Tony ကိုယ်တိုင်ကလည်း ဗီလိန်ဖြစ်နေပြီး Doc Ock နဲ့ ပါတနာတွေလည်း ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် Doc Ock ဟာ Tony ရဲ့ နည်းပညာတွေကို ခိုးယူပြီး သူ့ရဲ့ လက်တံတွေကို အဆင့်မြှင့်တင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

photo via screenrant

Marvel ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်တစ်ကား ဖန်တီးတော့မယ်ဆိုရင် ဇာတ်ညွှန်းတွေများစွာကို အရင်ဖန်တီးလေ့ရှိပြီး နောက်ဆုံးကျမှ အကောင်းဆုံးလို့ ယူဆရတဲ့တစ်ခုကို ရွေးချယ် ရိုက်ကူးတာ ဖြစ်ပါတယ်။ Iron Man ရုပ်ရှင်ကို ဖန်တီးတုန်းကလည်း မသုံးဖြစ်လိုက်တဲ့ ဇာတ်ညွှန်းတွေ ရှိပြီး အဲ့ဒီထဲကတစ်ခုကတော့ Spider-Man 2 ထဲက Doc Ock ရဲ့ လက်တံတွေကို Tony က ဖန်တီးခဲ့တယ်ဆိုတဲ့ ဇာတ်ညွှန်းလည်း ရှိပါသေးတယ်။

အဲ့ဒီဇာတ်ညွှန်းအတိုင်း ဆိုရင်တော့ Iron Man နဲ့ Spider-Man 2 ကို တိုက်ရိုက် ချိတ်ဆက်သွားမှာ ဖြစ်ပေမယ့်လည်း အဲ့ဒီအချိန်တုန်းက Sony ဟာ Spider-Man နဲ့ ပတ်သက်သမျှ ဇာတ်ကောင်တွေရဲ့ မူပိုင်ခွင့်တွေကို ဝယ်ယူထားတာကြောင့် အသုံးမပြုခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ လောလောဆယ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သီအိုရီပဲ ဖြစ်ပြီး စာဖတ်သူတွေလည်း ဘယ်လိုမျိူး ထင်မြင်တယ်ဆိုတာကို Comment ပေးခဲ့နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular