HomeEntertainmentFilmDoctor Strange 2 ထဲမှာ Deadpool မပါဝင်ပါဘူးလို့ ပြောလာတဲ့ Ryan Reynolds

Doctor Strange 2 ထဲမှာ Deadpool မပါဝင်ပါဘူးလို့ ပြောလာတဲ့ Ryan Reynolds

အသစ်ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ထဲမှာတော့ Deadpool လည်း ပါဝင်လာမယ်ဆိုပြီး ကောလာဟလတွေ ထွက်နေပါတယ်။

ဒါပေမယ့်လည်း Ryan Reynolds ကတော့ ဒီရုပ်ရှင်ထဲမှာ Deadpool မပါဝင်ပါဘူးလို့ ပြောထားပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် မေလ (၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိနေတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

photo via screenrant

မကြာခင်က ထွက်ရှိခဲ့တဲ့ Doctor Strange ထွေလာအသစ်ကြောင့်ပဲ တစ်ကမ္ဘာလုံးပေါ်က ပရိသတ်တွေဟာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်ပြီး သီအိုရီတွေများစွာလည်း ထွက်ရှိလာပါတယ်။ ပရိသတ်တွေဟာ No Way Home မထွက်လာခင် အချိန်တုန်းကတော့ ဘယ်သူတွေ Cameo ပါဝင်လာမလည်းဆိုတာနဲ့ Spider-Man သုံးယောက် ပါဝင်လာမယ်လို့ ခန့်မှန်းခဲ့ကြသလို ယခု Doctor Strange 2 ကိုလည်း အလားတူပဲ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ပရိသတ်အများစုကတော့ ဒီရုပ်ရှင်ထဲမှာ Deadpool ပါဝင်နေတယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့်လည်း Ryan Reynolds ဟာ Variety သတင်းဌာနနဲ့ အင်တာဗျူးမှာ The Adam Project ရုပ်ရှင်အကြောင်း ပြောနေရင်း “ဒီရုပ်ရှင်(Doctor Strange 2)ထဲမှာ ကျွန်တော် မပါပါဘူး … ” လို့ ပြောသွားပါတယ်။

အင်တာဗျူးသူက လိမ်နေတာလားလို့ ထပ်မေးတဲ့အချိန်မှာတော့ “ဒီရုပ်ရှင်ထဲမှာ ကျွန်‌တော် တကယ်မပါပါဘူး။ ကတိပေးပါတယ်ဗျာ … ” လို့ Ryan က ပြောသွားပါတယ်။

photo via screenrant

No Way Home တုန်းကလည်း Andrew Garfield ဟာ သူ မပါဝင်ပါဘူးလို့ အင်တာဗျူးတိုင်းမှာ ဖြေဆိုခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒီလိုအကြိမ်ကြိမ် ငြင်းဆိုပြီးမှ တကယ် ထွက်ရှိလာတဲ့အချိန်မှာတော့ Andrew ကို Tobey ၊ Tom တို့နဲ့အတူ မြင်တွေ့လိုက်ရတာကြောင့် Ryan Reynolds ဟာလည်း အလားတူပဲ ညာနေတာ ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Doctor Strange in the Multiverse of Madness ထဲမှာ ပါဝင်လာမယ်လို့ သတင်းထွက်နေတဲ့ ဇာတ်ကောင်တွေများစွာ ရှိနေတာကြောင့် တကယ်ဖြစ်လာမလား ဆိုတာတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular