HomeEntertainmentFilmDoctor Strange 2 ထဲမှာ Illuminati ပါဝင်လာမယ်လို့ အတည်ပြုပေးလိုက်တဲ့ Marvel

Doctor Strange 2 ထဲမှာ Illuminati ပါဝင်လာမယ်လို့ အတည်ပြုပေးလိုက်တဲ့ Marvel

Doctor Strange in the Multiverse of Madness ရုပ်ရှင်ထဲမှာ Illuminati အဖွဲ့ ပါဝင်လာမယ့်အကြောင်းကိုတော့ ဗွီဒီယို Footage အသစ်တစ်ခုက အတည်ပြုပေးလိုက်ပါတယ်။ Doctor Strange ရဲ့ ပထမဆုံး ဆိုလိုရုပ်ရှင်အပြီး ခြောက်နှစ်နီးပါး ကြာမြင့်တဲ့အချိန်မှာတော့ ဒုတိယမြောက် ရုပ်ရှင် ထွက်ရှိလာမှာ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ Multiverse တွေကို မြင်တွေ့ရမှာ ဖြစ်တဲ့အပြင် ဇာတ်ကောင်တွေရဲ့ Variant တွေကိုလည်း မြင်တွေ့ရဦးမှာပါ။

photo via screenrant

ဒီရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းနေတဲ့ အချိန်မှာတော့ Doctor Strange နဲ့ Wanda တို့ရဲ့ Variant တွေကို ပြသခဲ့သလို Super Bowl ထွေလာထဲမှာဆိုရင်တော့ Patrick Stewart ရဲ့ Professor X အသံလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာတော့ Doctor Strange ဟာ အဖမ်းခံထားရပြီး လူတွေဝိုင်းထိုင်နေတဲ့ ခန်းမတစ်ခုထဲကို ခေါ်ဆောင်ခံခဲ့ရပါတယ်။ ပရိသတ်တွေ အများစုကတော့ အဲ့ဒီလူတွေဟာ Illuminati အဖွဲ့ ဖြစ်လိမ့်မယ်လို့ သီအိုရီ ထုတ်ခဲ့ကြပြီး ယခုအချိန်မှာတော့ အဲ့ဒီသီအိုရီက မှန်ကန်သွားပြီ ဖြစ်ပါတယ်။

ယခုဆိုရင်တော့ Doctor Strange in the Multiverse of Madness ဟာ ရုံတင်ဖို့အတွက် ဆယ်ရက်သာ လိုပါတော့တယ်။ ဒါကြောင့်ပဲ Marvel စတူဒီယိုဟာ Footage အသစ်တစ်ခုနဲ့ ဒီရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းခဲ့တာ ဖြစ်ပြီး အဲဒီ Footage ထဲမှာတော့ Illuminati အဖွဲ့ ပါဝင်နေကြောင်း အတည်ပြုသွားပါတယ်။ အတည်ပြုသွားတယ်လို့ ပြောနိုင်တဲ့ အချက်ကတော့ Mordo ဟာ “အခုမင်းကို Illuminati အဖွဲ့က တွေ့လိမ့်မယ် Doctor Strange …” လို့ ပြောလိုက်တဲ့ စကားကြောင့်ပဲ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ Illuminati အဖွဲ့ဟာ စွမ်းအားအကြီးဆုံးအဖွဲ့တွေထဲက တစ်ခုဖြစ်ပြီး မူလအဖွဲ့ဝင်တွေကတော့ Iron Man ၊ Professor X ၊ Reed Richard ၊ Namor ၊ Black Blot နဲ့ Doctor Strange တို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Illuminati အဖွဲ့ထဲမှာ ဘယ်ဇာတ်ကောင်တွေကို မြင်တွေ့ရမယ်ဆိုတာနဲ့ ဘယ်လိုနေရာမှာ ပါဝင်လာမယ် ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular