HomeEntertainmentFilmDoctor Strange 2 ထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တဲ့ စွမ်းအားကြီး Elder God

Doctor Strange 2 ထဲမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တဲ့ စွမ်းအားကြီး Elder God

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Doctor Strange in the Multiverse of Madness ထဲမှာတော့ အဓိကဗီလိန်အနေနဲ့ Elder God ဖြစ်သူ Shuma-Gorath ပါဝင်လာမယ်လို့ ကောလာဟလ ထွက်နေပါတယ်။ ဒီဇာတ်လမ်းရဲ့ နာမည်မှာကို Multiverse ပါဝင်နေတာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ Multiverse ကို သေချာပေါက် မြင်ရမှာ ဖြစ်ပါတယ်။

photo via screenrant

ကမ္ဘာကြီးဟာ အဆုံးမသတ်နိုင်တဲ့ ဖြစ်နိုင်ချေများစွာထဲမှာ တည်ရှိနေပြီး Marvel ကောမစ်ထဲက Multiverse တွေကတော့ ပုံမှန်မဟုတ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အစပိုင်းမှာ Doctor Strange 2 ရဲ့ ဗီလိန်ဟာ Nightmare ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့်လည်း ယခုအချိန်မှာတော့ Elder God Shuma-Gorath က ဗီလိန်အဖြစ် ပါဝင်လာမယ်လို့ သတင်းထွက်နေတာ ဖြစ်ပါတယ်။

တခြားဒိုင်မေးရှင်းက ဒီမကောင်းဆိုးဝါးဆန်ဆန် Elder God ဟာ အဓိကဗီလိန်အဖြစ် ပါဝင်လာမယ်လို့ The Illuminerdi သတင်းဌာနက ခန့်မှန်းထားပါတယ်။ Shuma-Gorath ကတော့ Miss America တစ်ဖြစ်လည်း America Chavez ကို ထိန်းချုပ်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ အကြောင်းကတော့ Shuma-Gorath ဟာ သူမရဲ့ စွမ်းအားတွေကို ထိန်းချုပ်နိုင်သွားရင် multiverse တစ်ခုလုံးကို သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်မှာ ဖြစ်လို့ပါပဲ။ Shuma-Gorath သာ တကယ် ပါဝင်လာမယ်ဆိုရင်တော့ ဇာတ်လမ်းက အပေါ်မှာ ဖော်ပြထားသလို ဖြစ်လာမှာပါ။ ဒါပေမယ့်လည်း America Chavez ကတော့ ဘယ်လိုပါဝင်လာမလည်း ဆိုတာကို မသိရသေးပါဘူး။

photo via screenrant

Shuma-Gorath ဟာ Doctor Strange ရဲ့ ကြောက်စရာအကောင်းဆုံး ဗီလိန်တွေထဲကတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် Shuma-Gorath ဟာ ကမ္ဘာမြေကြီး ဖြစ်ပေါ်ခါစ လွန်ခဲ့တဲ့ နှစ်ဘီလျံပေါင်းများစွာ အချိန်တုန်းက ကမ္ဘာကို အုပ်စိုးခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ သူတို့ရဲ့ လုပ်ရပ်တွေကြောင့် Shuma-Gorath အပါအဝင် တခြား Elder God တွေအားလုံး နယ်နှင်ဒဏ် ပေးခံခဲ့ရပါတယ်။ ဒါ့အပြင် ယခင်နေ့က ဖော်ပြခဲ့တဲ့ Elder God Chthon ဟာလည်း Shuma-Gorath နဲ့အတူ ယခုဇာတ်ကားမှာ ဗီလိန်အဖြစ် ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Doctor Strange in the Multiverse of Madness ထဲမွာေတာ့ အဓိကဗီလိန္အေနနဲ႔ Elder God ျဖစ္သူ Shuma-Gorath ပါဝင္လာမယ္လို႔ ေကာလာဟလ ထြက္ေနပါတယ္။ ဒီဇာတ္လမ္းရဲ႕ နာမည္မွာကို Multiverse ပါဝင္ေနတာေၾကာင့္ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Multiverse ကို ေသခ်ာေပါက္ ျမင္ရမွာ ျဖစ္ပါတယ္။

photo via screenrant

ကမာၻႀကီးဟာ အဆုံးမသတ္ႏိုင္တဲ့ ျဖစ္ႏိုင္ေခ်မ်ားစြာထဲမွာ တည္ရွိေနၿပီး Marvel ေကာမစ္ထဲက Multiverse ေတြကေတာ့ ပုံမွန္မဟုတ္တဲ့ အရာေတြနဲ႔ ျပည့္ႏွက္ေနပါတယ္။ အစပိုင္းမွာ Doctor Strange 2 ရဲ႕ ဗီလိန္ဟာ Nightmare ျဖစ္မယ္လို႔ ခန႔္မွန္းခဲ့ၾကေပမယ့္လည္း ယခုအခ်ိန္မွာေတာ့ Elder God Shuma-Gorath က ဗီလိန္အျဖစ္ ပါဝင္လာမယ္လို႔ သတင္းထြက္ေနတာ ျဖစ္ပါတယ္။

တျခားဒိုင္ေမးရွင္းက ဒီမေကာင္းဆိုးဝါးဆန္ဆန္ Elder God ဟာ အဓိကဗီလိန္အျဖစ္ ပါဝင္လာမယ္လို႔ The Illuminerdi သတင္းဌာနက ခန႔္မွန္းထားပါတယ္။ Shuma-Gorath ကေတာ့ Miss America တစ္ျဖစ္လည္း America Chavez ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနသူ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ Shuma-Gorath ဟာ သူမရဲ႕ စြမ္းအားေတြကို ထိန္းခ်ဳပ္ႏိုင္သြားရင္ multiverse တစ္ခုလုံးကို သူ႔စိတ္ႀကိဳက္ ထိန္းခ်ဳပ္ႏိုင္မွာ ျဖစ္လို႔ပါပဲ။ Shuma-Gorath သာ တကယ္ ပါဝင္လာမယ္ဆိုရင္ေတာ့ ဇာတ္လမ္းက အေပၚမွာ ေဖာ္ျပထားသလို ျဖစ္လာမွာပါ။ ဒါေပမယ့္လည္း America Chavez ကေတာ့ ဘယ္လိုပါဝင္လာမလည္း ဆိုတာကို မသိရေသးပါဘူး။

photo via screenrant

Shuma-Gorath ဟာ Doctor Strange ရဲ႕ ေၾကာက္စရာအေကာင္းဆုံး ဗီလိန္ေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ Shuma-Gorath ဟာ ကမာၻေျမႀကီး ျဖစ္ေပၚခါစ လြန္ခဲ့တဲ့ ႏွစ္ဘီလ်ံေပါင္းမ်ားစြာ အခ်ိန္တုန္းက ကမာၻကို အုပ္စိုးခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာ သူတို႔ရဲ႕ လုပ္ရပ္ေတြေၾကာင့္ Shuma-Gorath အပါအဝင္ တျခား Elder God ေတြအားလုံး နယ္ႏွင္ဒဏ္ ေပးခံခဲ့ရပါတယ္။ ဒါ့အျပင္ ယခင္ေန႔က ေဖာ္ျပခဲ့တဲ့ Elder God Chthon ဟာလည္း Shuma-Gorath နဲ႔အတူ ယခုဇာတ္ကားမွာ ဗီလိန္အျဖစ္ ပါဝင္လာႏိုင္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular