HomeEntertainmentFilmDoctor Strange 2 ထဲမှာ Multiverse ဘယ်လိုပွင့်သွားမလဲ? (Fan Theory)

Doctor Strange 2 ထဲမှာ Multiverse ဘယ်လိုပွင့်သွားမလဲ? (Fan Theory)

Doctor Strange in the Multiverse of Madness ကတော့ မေလ (၆)ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ Cameo တွေများစွာ ပါဝင်လာမယ်လို့ ကောလာဟလ ထွက်နေပြီး Kevin Feige ကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ဟာ No Way Home ထက်တောင်ပိုပြီး အံ့ဩစရာတွေ ပါဝင်လာမယ်လို့ ပြောထားပါသေးတယ်။

photo via screenrant

လောလောဆယ်မှာတော့ ပေါ်ပြူလာဖြစ်နေတဲ့ သီအိုရီသုံးခု ရှိနေပါတယ်။ ပထမဆုံးတစ်ခုကတော့ Wanda ကြောင့် Multiverse ပွင့်သွားမယ်လို့ ဆိုပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ Wanda ဟာ ကောမစ်ထဲကလိုမျိူး Reality ကို လိုသလို ပြုပြင်ပြောင်းလဲနိုင်စွမ်းကို ကျွမ်းကျင်သွားပြီး Multiverse ပွင့်လာမှာလို့ ဆိုပါတယ်။ ဒီအချက်ကိုတော့ WandaVision ထဲမှာ မြင်တွေ့ခဲ့ရပြီးဖြစ်ကာ Wanda ဟာ Chaos Magic ကို စတင်အသုံးပြုလာနိုင်သလို သူမဟာ ကမ္ဘာကြီးကို ဖျက်ဆီးမယ့်သူဆိုတဲ့ ရှေ့ဖြစ်ဟောကိုလည်း သိခဲ့ရပါတယ်။

ဒုတိယမြောက်သီအိုရီကတော့ Loki Variant တစ်ယောက်ဟာ မရည်ရွယ်ဘဲ Multiverse ကြီးကို ဖွင့်မိသွားပြီး Multiverse နဲ့ချီမယ့် စစ်ပွဲကို စတင်မိသွားမယ်လို့ ဆိုပါတယ်။ နောက်ဆုံးသီအိုရီကတော့ Doctor Strange ကိုယ်တိုင်ကပဲ Multiverse ကို ဖွင့်မိသွားမယ်လို့ ဆိုပါတယ်။ No Way Home ထဲမှာတော့ သူ့ရဲ့ Spell ကြောင့် Multiverse ကြီး ပွင့်တော့မလို ဖြစ်သွားတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ယခုဖော်ပြပေးသွားမှာကတော့ Doctor Strange ကိုယ်တိုင်က Multiverse ကို ပွင့်စေခဲ့တယ်ဆိုတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။

photo via screenrant

WandaVision ဇာတ်လမ်းတွဲထဲမှာတော့ Darkhold စာအုပ် စတင်ပါဝင်လာပြီး ယခုလက်ရှိမှာတော့ Scarlet Witch က ဒီစာအုပ်ကို ပိုင်ဆိုင်ထားပါတယ်။ ကောမစ်ထဲမှာတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာတုန်းက ကမ္ဘာပေါ်မှာ ကြီးစိုးခဲ့တဲ့ Elder God တွေထဲကတစ်ယောက် ဖြစ်တဲ့ Chthon က Darkhold စာအုပ်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာတော့ သူ့ရဲ့ Dark Magic တွေ ပါဝင်နေပါတယ်။ Chthon ကတော့ အကြောင်းတစ်ခုကြောင့် ကမ္ဘာပေါ်က နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး Darkhold စာအုပ်ကတော့ ကမ္ဘာပေါ်မှာ ကျန်နေခဲ့ပါတယ်။

Darkhold စာအုပ်ထဲက Spell တွေအားလုံးကတော့ Reality ကို ပျက်စီးသွားစေမှာ ဖြစ်ပြီး အဲ့ဒီလိုဖြစ်မှသာ Chthon ဟာ ကမ္ဘာပေါ်ကို ပြန်ရောက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူဟာ ကမ္ဘာပေါ်ကို ပြန်လာနိုင်ဖို့အတွက် ဒီစာအုပ်ကို တမင်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ ဒီစာအုပ်ကို ဖတ်လိုက်တဲ့ မှော်ဆရာတိုင်းဟာ Chthon ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်ရှိသွားပါတယ်။ Doctor Strange 2 ထွေလာထဲမှာတော့ Doctor Strange ဟာ အဲ့ဒီစာအုပ်ကို ဖတ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ Doctor Strange ဟာ Chthon ရဲ့ လွှမ်းမိုးမှုကြောင့် Multiverse ကြီးကို ဖွင့်မိသွားလိမ့်မယ်လို့ ဒီသီအိုရီက ဆိုထားတာ ဖြစ်ပါတယ်။ ပထမ ထွက်ရှိထားတဲ့ Doctor Strange ရုပ်ရှင်မှာဆိုရင်လည်း Doctor Strange ဟာ Time Stone အကြောင်းကို ဘာမှမသိတာတောင်မှ စမ်းသပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ Doctor Strange ရဲ့ အကြီးမားဆုံး အားနည်းချက်ကို ပြောပါဆိုရင်တော့ သူ့ကိုယ်သူ ယုံကြည်မှုလွန်ကဲနေတာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီအချက်တွေကြောင့်ပဲ Multiverse ကြီး ပွင့်သွားပြီး Shuma-Gorath နဲ့ Evil Doctor Strange တို့လို ဇာတ်ကောင်တွေ ပါဝင်လာမယ်လို့လည်း ဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Doctor Strange in the Multiverse of Madness ကတော့ စိတ်ဝင်စားစရာတွေ များစွာကို မြင်တွေ့ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်လာမယ် ဆိုတာတော့ သေချာပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular