HomeEntertainmentFilmHarry Potter ဒုတိယကားအပြီးမှာ သရုပ်ဆောင်တွေအကုန် ပြောင်းမယ်လို့ ထင်ခဲ့တဲ့ Tom Felton

Harry Potter ဒုတိယကားအပြီးမှာ သရုပ်ဆောင်တွေအကုန် ပြောင်းမယ်လို့ ထင်ခဲ့တဲ့ Tom Felton

Harry Potter Franchise ထဲမှာ Draco Malfoy အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Tom Felton ဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်တဲ့ Harry Potter and the Chamber of Secrets အပြီးမှာ သရုပ်ဆောင်တွေအကုန် ပြောင်းသွားလိမ့်မယ်လို့ ထင်ခဲ့မိကြောင်း ဆိုပါတယ်။ Harry Potter Franchise ကတော့ လူအကြိုက်အများဆုံး Franchise တွေထဲကတစ်ခု ဖြစ်ပြီး မသိသူမရှိလောက်အောင် အောင်မြင်ခဲ့တဲ့ Franchise တစ်ခုလည်း ဖြစ်ပါတယ်။

photo via screenrant

ဒီ Franchise ကတော့ ရုပ်ရှင်(၈)ကား ထွက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ စတင်ကာ ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီ Franchise ဟာ Daniel Radcliffe ၊ Emma Watson ၊ Rupert Grint နဲ့ Tom Felton တို့ကို ဟောလိဝုဒ်လောကမှာ နာမည်ကြီးလာစေခဲ့တဲ့ Franchise တစ်ခုဆိုလည်း မမှားပါဘူး။ သူတို့ကတော့ ဒီဇာတ်ကောင်တွေနေရာမှာ ဆယ်နှစ်ကြာအောင် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပေမယ့် မူလတုန်းကတော့ သူတို့ကိုယ်တိုင်က ဒီ Franchise ရဲ့အဆုံးထိ ပါဝင်ရမယ်လို့ မထင်ခဲ့ကြပါဘူး။

မကြာသေးခင်က The Guardian သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Tom Felton ဟာ Chamber of Secrets အပြီးမှာ ကလေးသရုပ်ဆောင်တွေအားလုံး လူစားထိုးခံရမယ်လို့ ထင်ခဲ့တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

“ဒုတိယကား ပြီးသွားတော့ ကလေးသရုပ်ဆောင်တွေက သိပ်ပြီးအသက်မကြီးသေးရင် Warner Bros. က တတိယကား ထပ်ရိုက်နိုင်တယ်လို့ ပြောတယ်ဗျ။ လေးကားမြောက်မှာလည်း အဲဒီအတိုင်းပါပဲ။ ဒီလိုနဲ့ပဲ ဆက်ရိုက်သွားတာပါ။ ကျွန်တော်တို့က ဘယ်တုန်းကမှ ရုပ်ရှင်(၈)ကားစာ စာချုပ်မချုပ်ခဲ့ပါဘူး။ တစ်ချိန်ချိန်မှာတော့ သူတို့က ကျွန်တော်တို့ကို တခြားသရုပ်ဆောင်တွေနဲ့ အစားထိုးပစ်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် သူတို့က အဆုံးသတ်ထိ အစားမထိုးခဲ့ပါဘူး …”

photo via screenrant

ဒီ Franchise ထဲက သရုပ်ဆောင်တွေကတော့ နာမည်ကြီးတဲ့ တခြားရုပ်ရှင်ကားတွေမှာလည်း ပါဝင်ခဲ့ဖူးကြပြီး Emma Watson ဆိုရင် Beauty and the Beast နဲ့ Little Woman တို့အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ပါတယ်။ Tom Felton ကတော့ Rise of the Planet Apes မှာ ပါဝင်ခဲ့ပြီး Daniel Radcliffe ကတော့ တခြားသော နာမည်ကြီးရုပ်ရှင်တွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular