HomeEntertainmentFilmခြောက်နှစ်အတွင်း MCU ရဲ့ ပြသချိန်အနည်းဆုံး ဖြစ်လာနိုင်တဲ့ Thor: Love and Thunder

ခြောက်နှစ်အတွင်း MCU ရဲ့ ပြသချိန်အနည်းဆုံး ဖြစ်လာနိုင်တဲ့ Thor: Love and Thunder

ယခုဆိုရင်တော့ Thor: Love and Thunder ရုပ်ရှင်ရဲ့ ပြသချိန်ကို သိရှိလိုက်ရပြီး ဒီရုပ်ရှင်ဟာ ခြောက်နှစ်အတွင်းမှာ MCU ရဲ့ ပြသချိန်အနည်းဆုံးရုပ်ရှင် ဖြစ်လာနေပါတယ်။ Thor: Love and Thunder ကတော့ Endgame အပြီးမှာ Thor ဟာ Guardians of the Galaxy အဖွဲ့နဲ့ လိုက်သွားပြီး အဲဒီအဖြစ်အပျက်တွေကနေ ဘာတွေ ဆက်ဖြစ်ကြလည်းဆိုတာကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

photo via screenrant

ယခင်က ထွက်ရှိထားတဲ့ ထွေလာအရ ဆိုရင်တော့ Thor ဟာ စူပါဟီးရိုးဘဝကို စွန့်လွှတ်လိုက်ပြီး ငြိမ်းငြိမ်းချမ်းချမ်းပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း Gorr the God Butcher ဟာ နတ်ဘုရားတွေ တစ်ယောက်ပြီးတစ်ယောက်ကို လိုက်လံသတ်ဖြတ်နေတဲ့ အချိန်မှာတော့ Thor ဟာ ရွေးချယ်စရာ မရှိတော့ဘဲ ပြန်လည် တိုက်ခိုက်ရပါတော့တယ်။

Australian Theater Chain Event Cinema ရဲ့ စာရင်းဇယားတွေအရ Thor: Love and Thunder ရုပ်ရှင်ဟာ ပြသချိန် (၁၁၅)မိနစ်၊ တစ်နည်းအားဖြင့် (၁)နာရီနဲ့ (၅၅)မိနစ် ကြာမြင့်မယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ CBR သတင်းဌာနက အရင်ဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Marvel ကရော Disney ကပါ ဒီသတင်းနဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်တာမျိူး မရှိသေးပါဘူး။

photo via screenrant

အကယ်၍ ဒီသတင်းသာ အမှန်ဖြစ်နေမယ် ဆိုရင်‌တော့ ဒီရုပ်ရှင်ဟာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရဦးမှာပါ။ မကြာခင်သေးကမှ ထွက်ရှိထားတဲ့ Doctor Strange in the Multiverse of Madness ရုပ်ရှင်ဟာလည်း မျှော်လင့်ထားသလောက် မဟုတ်ဘဲ ပြသချိန် (၂)နာရီနဲ့ (၆)မိနစ်သာ ကြာမြင့်တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်း မှန်မမှန် ဆိုတာကိုတော့ မကြာခင်မှာ Marvel နဲ့ Disney တို့က အတည်ပြုပေးသွားမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular