HomeEntertainmentFilmNo Way Home ထဲက Doctor Strange ဟာ Evil ဖြစ်နေတယ်ဆိုတဲ့ Fan Theory

No Way Home ထဲက Doctor Strange ဟာ Evil ဖြစ်နေတယ်ဆိုတဲ့ Fan Theory

***Spoiler Alert***

အသစ်စက်စက် ထွက်ရှိထားတဲ့ Spider-Man: No Way Home ကို ကြည့်ရှုပြီးသူ အများစုဟာ Doctor Strange ကို အရင်ကနဲ့မတူဘဲ တစ်ခုခု ပြောင်းလဲနေသလို ခံစားနေကြရပါတယ်။ ဒီအချက်ကြောင့်ပဲ အခုဖော်ပြသွားမယ့် Fan Theory ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီသီအိုရီအရ ဆိုရင်တော့ No Way Home ထဲမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတဲ့ Doctor Strange ဟာ What If…? ထဲကလို Evil ဗားရှင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Doctor Strange ဟာ မောက်မာပြီး ခေါင်းမာတတ်သူတစ်ယောက် ဖြစ်တယ်ဆိုတာ သူ့ရဲ့ ဆိုလိုရုပ်ရှင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ သူဟာ အောင်မြင်တဲ့ ခွဲစိတ်ဆရာဝန် ဖြစ်နေတဲ့ အချိန်တုန်းကလည်း မောက်မာသူတစ်ယောက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

photo via screenrant

အလားတူပဲ ကားမတော်တဆမှုကြောင့် သူ့ရဲ့လက်တွေ အကောင်းအတိုင်း မဖြစ်တော့တဲ့အချိန်မှာလည်း အဲ့ဒီလက်တွေကို အကောင်းတိုင်းဖြစ်စေဖို့ နည်းမျိူးစုံနဲ့ ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ မှော်ပညာတွေ အကြောင်းကို သိရှိသွားတဲ့အချိန်မှာလည်း သူဟာ အဲ့ဒီပညာတွေကို ကျွမ်းကျင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

What If…? ဇာတ်လမ်းတွဲထဲမှာဆိုရင်တော့ Evil Doctor Strange ရဲ့ ပုံစံကို ပြသသွားခဲ့ပြီး ဖြစ်ပါတယ်။ What If…? ထဲမှာတော့ Doctor Strange ဟာ သူ့ရဲ့ ကားမတော်တဆမှုမှာ Christine Palmer ကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူဟာ Christine ကို ကယ်တင်ဖို့အတွက် နည်းမျိူးစုံကို ရှာဖွေခဲ့ပြီး အချိန်ကို နောက်ပြန်သွားကာ နည်းမျိူးစုံသုံးပြီး ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီအချက်ကြောင့်ပဲ သူဟာ မွန်းစတားတွေဆီက စွမ်းအားတွေကို စုပ်ယူပြီး Evil ဗားရှင်း ဖြစ်လာခဲ့တာပါ။

photo via screenrant

No Way Home ထဲက Doctor Strange ကတော့ ကြည့်နေရင်းနဲ့ ပရိသတ်တွေရဲ့ စိတ်ထဲမှာ တစ်ခုခုမတူသလို ခံစားနေရတာ ဖြစ်ပါတယ်။ သူဟာ Wong သတိပေးနေတဲ့ကြားထဲက အဲ့ဒီ Spell ကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ Peter Parker ကို ကလေးပဲ ရှိသေးတယ်ဆိုတာ သိပေမယ့်လည်း Multiverse ထဲက ရောက်လာတဲ့ ဗီလိန်တွေကို တစ်ယောက်တည်း ရင်ဆိုင်စေခဲ့ပါတယ်။ ပိုပြီးသံသယဝင်ဖို့ ကောင်းတဲ့အချက်ကတော့ ဗီလိန်တွေ ဘယ်နှယောက် ရောက်လာမှန်းတောင် မသိဘဲ Peter ကို တစ်ယောက်တည်း ရင်ဆိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ အဲ့ဒီဗီလိန်တွေဟာ သူတို့ရဲ့ သက်ဆိုင်ရာ Universe ကို ပြန်ရောက်သွားရင် သေသွားမယ်ဆိုတာ သိနေတာတောင် တစ်ချက်မစဉ်းစားဘဲ ပြန်ပို့ဖို့ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ Universe ကြီး တစ်ဝက်လုံးကို ကယ်တင်ထားတဲ့ Doctor Strange အနေနဲ့ဆိုရင် ဒီလိုမျိူး ပြုလုပ်တဲ့ အချက်ဟာ အတော်လေး မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အလွယ်ပြောရရင်တော့ ဒီအချက်ဟာ တရားရင်ဆိုင်နေရတဲ့ တရားခံကို သေချာအမှုမစစ်တော့ဘဲ သေဒဏ်တန်းချလိုက်သလို ဖြစ်နေပါတယ်။

photo via screenrant

Doctor Strange နဲ့ Spider-Man တို့ တိုက်ခိုက်ကြတဲ့ အချိန်မှာလည်း သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲဟာ နားလည်မှုလွဲရုံ သက်သက် ဖြစ်နေတာလို့ မခံစားရဘဲ Doctor Strange ဟာ ရန်သူတစ်ယောက်ကို တိုက်ခိုက်နေသလိုမျိူး ဖြစ်နေပါတယ်။

ဇာတ်သိမ်းခါနီးမှာဆိုရင်လည်း Doctor Strange ဟာ မိတ်ဆွေတစ်ယောက်ကို ကယ်တင်ဖို့ တိုက်ခိုက်နေတာနဲ့ မတူဘဲ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အသည်းအသန် ဖုံးကွယ်နေသလို ဖြစ်နေပါတယ်။ Doctor Strange 2 ရဲ့ Teaser ထဲမှာဆိုရင်လည်း Evil Doctor Strange ကို အရိပ်အမြွက် ပြသသွားတာမျိူး ရှိပါတယ်။ ဒါကြောင့်ပဲ ဒီသီအိုရီက တကယ်မှန်နေမလား ဆိုတာကိုတော့ Doctor Strange in the Multiverse of Madness ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular