HomeCelebs Update NewsDoctor Strange ထဲမှာ ပါဝင်ခဲ့မိတာ နောင်တရတယ်လို့ ဆိုလာတဲ့ Boyka သရုပ်ဆောင် Scott Adkins 

Doctor Strange ထဲမှာ ပါဝင်ခဲ့မိတာ နောင်တရတယ်လို့ ဆိုလာတဲ့ Boyka သရုပ်ဆောင် Scott Adkins 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Doctor Strange ရုပ်ရှင်ထဲမှာ ဗီလိန်တစ်ယောက်နေရာက သရုပ်ဆောင်ခဲ့သူ Scott Adkins ဟာ အဲ့ဒီဇာတ်ကားထဲမှာ ပါဝင်ဖို့ ဆုံးဖြတ်မိခဲ့တာကို နောင်တရတယ်လို့ ပြောလိုက်ပါတယ်။ အကြောင်းကတော့ MCU ထဲက သူ့ရဲ့အနာဂတ်ကြောင့်ပဲ ဖြစ်ပါတယ်။

Scott Adkins ကိုတော့ Boyka လက်ဝှေ့ဇာတ်ကားတွေထဲက ဇာတ်လိုက်မင်းသားအဖြစ် သိကြမှာပါ။ သူဟာ Doctor Strange ရုပ်ရှင်ထဲမှာ Lucian လို့ ခေါ်တဲ့ ဒုတိယဗီလိန်နေရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ Lucian ဟာ အဓိကဗီလိန်ဖြစ်တဲ့ Kaecilius ရဲ့ နောက်လိုက်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဒီဇာတ်လမ်းထဲမှာတော့ ဒိုင်ယာလော့ခ်တွေလည်း အများကြီး မပြောခဲ့ရဘဲ Doctor Strange နဲ့ တိုက်ခိုက်တဲ့အခန်းပဲ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ယောက် ဝိဉာဉ်တွေအဖြစ်နဲ့ ခွဲစိတ်ခန်းထဲမှာ တိုက်ခိုက်ခဲ့ကြတာကိုလည်း မှတ်မိကြဦးမယ် ထင်ပါတယ်။

photo via screenrant

The Illuminerdi သတင်းဌာနဲ့ အင်တာဗျူးထဲမှာတော့ သူဟာ အဲ့ဒီဗီလိန်နေရာမှာ သရုပ်ဆောင်ခဲ့တာကို နောင်တရကြောင်းနဲ့ X-Men Origins: Wolverine ထဲမှာ Weapon XI နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ဘာကြောင့် အခုလိုမျိူး နောင်တရခဲ့တာလည်း ဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။ သူ နောင်တရရတဲ့အကြောင်းရင်းဟာ ဇာတ်ကောင်နဲ့လည်း မဆိုင်သလို၊ ဇာတ်လမ်းနဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး။

Scott ကို တကယ်နောင်တရစေတဲ့ အကြောင်းကတော့ MCU ထဲက သူ့ရဲ့အနာဂတ်ကြောင့်ပဲ ဖြစ်ပါတယ်။ Scott ကတော့ “ဒါဟာ ကျွန်တော်နောင်တရခဲ့တဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ကျွန်တော် အဲ့ဒီဇာတ်ကောင်နေရာကို လက်မခံခဲ့မိရင် ကောင်းမယ်လို့ ဆုတောင်းမိပါတယ်။ အကြောင်းကတော့ အခုချိန်မှာ Marvel Cinematic Universe ထဲမှာ ပါဝင်နိုင်မယ့် ကျွန်တော့်ရဲ့ အခွင့်အရေးကို ဖြုန်းတီးမိလိုက်တယ်လို့ ခံစားနေရပါတယ် …. ” လို့ ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Scott ရဲ့ ဇာတ်ကောင်ဟာ သေဆုံးသွားပြီ ဖြစ်တာကြောင့် သူဟာ Multiverse of Madness ထဲမှာ ပြန်လည်ပါဝင်လာတော့မှာ မဟုတ်ပါဘူး။ အဲ့ဒီအချက်ကြောင့်လည်း MCU ထဲမှာ သူ့အတွက် အနာဂတ်မရှိတော့ဘူးလို့ ယူဆခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း MCU ထဲမှာတော့ ဇာတ်ကောင်တွေ တစ်ယောက်ထက် ပိုပြီးတော့ သရုပ်ဆောင်ဖူးသူတွေလည်း ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ အနာဂတ်ကာလတစ်ခုမှာတော့ Scott ကို နောက်ထပ်ဇာတ်ကောင် တစ်နေရာမှာ သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းလာနိုင်ပါသေးတယ်။ ဒါ့ကြောင့် Scott အနေနဲ့တော့ စိတ်ရှည်ရှည်ထားပြီး နောက်ထပ်အခွင့်အရေးတစ်ခုကို စောင့်စားနေရဦးမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Doctor Strange ႐ုပ္ရွင္ထဲမွာ ဗီလိန္တစ္ေယာက္ေနရာက သ႐ုပ္ေဆာင္ခဲ့သူ Scott Adkins ဟာ အဲ့ဒီဇာတ္ကားထဲမွာ ပါဝင္ဖို႔ ဆုံးျဖတ္မိခဲ့တာကို ေနာင္တရတယ္လို႔ ေျပာလိုက္ပါတယ္။ အေၾကာင္းကေတာ့ MCU ထဲက သူ႔ရဲ႕အနာဂတ္ေၾကာင့္ပဲ ျဖစ္ပါတယ္။

Scott Adkins ကိုေတာ့ Boyka လက္ေဝွ႔ဇာတ္ကားေတြထဲက ဇာတ္လိုက္မင္းသားအျဖစ္ သိၾကမွာပါ။ သူဟာ Doctor Strange ႐ုပ္ရွင္ထဲမွာ Lucian လို႔ ေခၚတဲ့ ဒုတိယဗီလိန္ေနရာမွာ ပါဝင္ခဲ့တာ ျဖစ္ပါတယ္။ Lucian ဟာ အဓိကဗီလိန္ျဖစ္တဲ့ Kaecilius ရဲ႕ ေနာက္လိုက္တစ္ေယာက္လည္း ျဖစ္ပါတယ္။ သူဟာ ဒီဇာတ္လမ္းထဲမွာေတာ့ ဒိုင္ယာေလာ့ခ္ေတြလည္း အမ်ားႀကီး မေျပာခဲ့ရဘဲ Doctor Strange နဲ႔ တိုက္ခိုက္တဲ့အခန္းပဲ ပါဝင္ခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ႏွစ္ေယာက္ ဝိဉာဥ္ေတြအျဖစ္နဲ႔ ခြဲစိတ္ခန္းထဲမွာ တိုက္ခိုက္ခဲ့ၾကတာကိုလည္း မွတ္မိၾကဦးမယ္ ထင္ပါတယ္။

photo via screenrant

The Illuminerdi သတင္းဌာနဲ႔ အင္တာဗ်ဴးထဲမွာေတာ့ သူဟာ အဲ့ဒီဗီလိန္ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တာကို ေနာင္တရေၾကာင္းနဲ႔ X-Men Origins: Wolverine ထဲမွာ Weapon XI ေနရာမွာ သ႐ုပ္ေဆာင္ခဲ့တဲ့ အေတြ႕အႀကဳံေတြကိုလည္း ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ဘာေၾကာင့္ အခုလိုမ်ိဴး ေနာင္တရခဲ့တာလည္း ဆိုတာကိုလည္း ရွင္းျပခဲ့ပါတယ္။ သူ ေနာင္တရရတဲ့အေၾကာင္းရင္းဟာ ဇာတ္ေကာင္နဲ႔လည္း မဆိုင္သလို၊ ဇာတ္လမ္းနဲ႔လည္း လုံးဝမသက္ဆိုင္ပါဘူး။

Scott ကို တကယ္ေနာင္တရေစတဲ့ အေၾကာင္းကေတာ့ MCU ထဲက သူ႔ရဲ႕အနာဂတ္ေၾကာင့္ပဲ ျဖစ္ပါတယ္။ Scott ကေတာ့ “ဒါဟာ ကြၽန္ေတာ္ေနာင္တရခဲ့တဲ့ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ ကြၽန္ေတာ္ အဲ့ဒီဇာတ္ေကာင္ေနရာကို လက္မခံခဲ့မိရင္ ေကာင္းမယ္လို႔ ဆုေတာင္းမိပါတယ္။ အေၾကာင္းကေတာ့ အခုခ်ိန္မွာ Marvel Cinematic Universe ထဲမွာ ပါဝင္ႏိုင္မယ့္ ကြၽန္ေတာ့္ရဲ႕ အခြင့္အေရးကို ျဖဳန္းတီးမိလိုက္တယ္လို႔ ခံစားေနရပါတယ္ …. ” လို႔ ရင္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ Scott ရဲ႕ ဇာတ္ေကာင္ဟာ ေသဆုံးသြားၿပီ ျဖစ္တာေၾကာင့္ သူဟာ Multiverse of Madness ထဲမွာ ျပန္လည္ပါဝင္လာေတာ့မွာ မဟုတ္ပါဘူး။ အဲ့ဒီအခ်က္ေၾကာင့္လည္း MCU ထဲမွာ သူ႔အတြက္ အနာဂတ္မရွိေတာ့ဘူးလို႔ ယူဆခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း MCU ထဲမွာေတာ့ ဇာတ္ေကာင္ေတြ တစ္ေယာက္ထက္ ပိုၿပီးေတာ့ သ႐ုပ္ေဆာင္ဖူးသူေတြလည္း ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ အနာဂတ္ကာလတစ္ခုမွာေတာ့ Scott ကို ေနာက္ထပ္ဇာတ္ေကာင္ တစ္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ ကမ္းလွမ္းလာႏိုင္ပါေသးတယ္။ ဒါ့ေၾကာင့္ Scott အေနနဲ႔ေတာ့ စိတ္ရွည္ရွည္ထားၿပီး ေနာက္ထပ္အခြင့္အေရးတစ္ခုကို ေစာင့္စားေနရဦးမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular